ပန်းပုဆရာနှင့် နတ်ငှက်ရုပ်

677 129 1
                                    



တစ်ခါက ကောင်စု အမည်ရှိ ပန်းပုဆရာတစ်ယောက် ရှိသည်။ တစ်နေ့တွင် ပန်းပုဆရာသည် နတ်ငှက်ရုပ်တစ်ခုကို စတင်ထုထွင်းလေသည်။ ဦးစွာ သူသည် သစ်သားတုံးပေါ်တွင် နတ်ငှက်ရုပ်ပုံကို ပုံကြမ်းရေးဆွဲသည်။

လူတစ်ယောက်သည် ထိုပုံကြမ်းကိုကြည့်၍

"ဒီပုံဟာ နတ်ငှက်ရုပ်ထက် ဇီးကွက်ရုပ်နဲ့ ပိုတူတယ်…"

ဟု ဝေဖန်ပြောဆိုသည်။ တခြားတစ်ယောက်ကမူ ပုံကြမ်းကိုကြည့်၍

"ဗျိုင်းဖြူတစ်ကောင် ထုမလို့ မဟုတ်လား…" ဟု ဆိုပြန်သည်။

သူတို့နှစ်ယောက်သည် ကုန်းကုန်းကွကွဖြင့် ငှက်ရုပ်ကိုထုလုပ်နေသော ပန်းပုဆရာကို ကြည့်ကာ လှောင်ပြောင်ရယ်မောကြသည်။

ပန်းပုဆရာသည် မည်သူ့စကားကိုမျှ ဂရုမစိုက်ပေ။ ပန်းပုရုပ်လုံးကိုသာ အာရုံစူးစိုက်ပြီး ထုလုပ်မေသည်။ မကြာမီ နတ်ငှက်ရုပ်သည် ရုပ်လုံးပေါ်လာကာ ပြီးစီးသွားသည်။

နီလာကဲ့သို့အမောက်၊ ဟင်္သာပြဒါးရောင် ခြေသည်းလက်သည်းနှင့် တဖိတ်ဖိတ်တလက်လက် တောက်ပနေသော အမွေးအတောင်တို့ဖြင့် နတ်ငှက်ရုပ်သည် တင့်တယ်လှပ၍ ကျက်သရေ ရှိလှပေသည်။ နတ်ငှက်ရုပ်တွင် ခလုတ်တစ်ခုကို တပ်ဆင်ထားသည်။ ထိုခလုတ်ကို နှိပ်လိုက်လျှင် နတ်ငှက်ရုပ်သည် ကောင်းကင်ယံတွင် အတောင်ပံကို လှုပ်ခတ်ကာ သုံးရက်နှင့် သုံးညတိုင် ပျံဝဲနိုင်သည်။

ထို့ကြောင့် ကဲ့ရဲ့ဝေဖန်သူ နှစ်ဦးအပါအဝင် နတ်ငှက်ရုပ်ကို ရှုမြင်သူတိုင်းက ချီးမွမ်းထောပနာ ပြုကြလေသည်။





Craving a Phoenix.

Ancient Chinese FablesNơi câu chuyện tồn tại. Hãy khám phá bây giờ