ပြိုကျသွားတဲ့ အုတ်တံတိုင်း

1.1K 177 10
                                    

တရုတ်နိုင်ငံ ဆန်ပြည်နယ်မှာ ပိုက်ဆံချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် နေပါသတဲ့။ တစ်ညမှာ မိုးတွေ တအားရွာတော့ သူ့ခြံကို ကာထားတဲ့ တံတိုင်းကြီး ပြိုကျသွားပါသတဲ့။

တံတိုင်းကြီးလည်း ပြိုကျရော သားဖြစ်သူက

"အဖေ… အဖေ… ဒီတံတိုင်းကြီးကို ပြန်မကာနိုင်ရင် အိမ်ကို သူခိုးဝင်လိမ့်မယ်နော်"
လို့ သတိပေးသတဲ့။ အိမ်နီးချင်း တစ်ယောက်ကလည်း အဲဒီလိုပဲ သတိပေးပါသတဲ့။

အဲဒီညမှာပဲ သူဌေးကြီးရဲ့အိမ်ကို သူခိုးဝင်ပြီး ရွှေတွေ ငွေတွေ ခိုးသွားပါသတဲ့။

မနက်လင်းလို့ ရွှေငွေတွေ အခိုးခံရတဲ့ အကြောင်းလည်း သိရရော သူဌေးကြီးဟာ သူ့သားရဲ့ ဥာဏ်ပညာအမြော်အမြင် ကြီးမားပုံကို ချီးကျူးပြီး အိမ်နီးချင်းကိုတော့ သူခိုးလို့ ထင်လိုက်ပါသတဲ့။



(ရေးသားသူ)
ဟန်ဟေဇု

Ancient Chinese FablesWhere stories live. Discover now