3

1K 217 10
                                    

Unicode

အပိုင်း - ၃

ဒိုက်ထိုးပြီးသည်နှင့် ကျောင်းကပေးသောအဆောင်ခန်းသို့ နိုင်းချင်းပြန်လာလိုက်၏။ ကျောင်းမဖွင့်ခင် ပိတ်ရက်ကတည်းက ပစ္စည်းများကိုကြိုနေရာချပြီးသားမို့ ယနေ့ညတွင် အေးအေးဆေး သူနေလိုက်ရုံပင်။ စားပွဲပေါ်တွင် ကျောပိုးအိတ်ကိုချပြီးနောက် Laptop ကို စာကြည့်စားပွဲတွင် ချလိုက်သည်။ ထို့နောက် sound box နှင့် ဆက်သွယ်ပြီး ခပ်ငြိမ့်ငြိမ်သံစဉ်ကို ဖွင့်ထားလိုက်၏။ ရေခဲသေတ္တာကို မီးဖွင့်ပြီးနောက် အပေါ်ဝတ်ကို ချွတ်ကာ အသင့်ဝယ်ထားသည့် ရေခဲရေဘူးသုံးဘူးအနက် တစ်ဘူးကို ဖွင့်သောက်ကာ ကျန်ဘူးများကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။ အပေါ်ပိုင်းဗလာဖြင့် ခုတင်စွန်းတွင် ထိုင်နားနေလိုက်၏။

ယနေ့ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များကို သူ ပြန်တွေးနေခဲ့သည်။ သူ့မျက်လုံးများက စာကြည့်စားပွဲပေါ်ရှိ blue tooth နားကြပ်လေးထံသို့ ရောက်သွား၏။

မလိုအပ်ဘဲနှင့်အခြားသူများ၏ စိတ်အတွင်းမှလာသော အသံများကို ကြားနိုင်နေသည့် သူ့အတွက် ထိုအသံများကို မကြားနိုင်စေသည့် အသံလှိုင်းတစ်ခုကို လွှင့်ပေးထားသည့် နားကြပ်ကို အမြဲတမ်း သူတပ်ဆင် ထားရသည်။ သို့သော် ထိုအသံလှိုင်းသည် တစ်ယောက်သောသူ၏ အသံကို မတားဆီးနိုင်။ ထို့အပြင် တစ်ယောက်သောသူ ရှိနေခြင်းက သူ့ကို အခြားသောအသံများထံမှ ကာကွယ်ပေးနိုင်သည်။

နိုင်းချင်းသက်ပြင်းရှိုက်၏။ အဆောင်ခန်းထဲနေနေရသည်တောင်မှ သူက အသံလှိုင်းကို လွှင့်ပြီးနေနေ ရသည် မဟုတ်လား။ မဟုတ်လျှင် အသံတချို့ကို သူ ကြားကောင်းကြားနိုင်လိမ့်ဦးမည်။ အခန်းထဲရှိ သံစဉ်ကို နားထောင်နေရင်းက နိုင်းချင်းတွေးသည်။

အားသစ်ရှိနေရင် သူ့ကမ္ဘာက တိတ်ဆိတ်တယ်။ အားသစ်က အတွေးထဲမှာ စကားနည်းနည်းများ ပေမဲ့လို့ တခြားသူတွေနဲ့ယှဉ်ရင် အားသစ်ရဲ့ အသံကိုနားထောင်ရတာကမှ တော်သေးတယ်။

ပထမဆုံးရက်မှာပင် အားသစ်က သူ့ကိုအနိုင်ကျင့်ခဲ့သည့်တိုင် တိတ်ဆိတ်ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းပေးနိုင်သည့် အားသစ်အပေါ်တွင် နိုင်းချင်းသည် အမြင်ကောင်းကောင်းရှိနေတော့သည်။

Marmalade [Own Creation]Tempat cerita menjadi hidup. Temukan sekarang