14

681 182 2
                                    

Unicode

အပိုင်း - ၁၄

"တကယ်တော့ ဒီဇာတ်လမ်းကြီးက အရေးပါလို့လား"

ကျောင်းဆင်းချိန် သူနှင့်အတင်းလိုက်လာသည့် ကောင်စုတ်လေးကို အားသစ် စိတ်မရှည်စွာကြည့်၏။

"မင်းက ဘာလို့ ငါ့နဲ့လိုက်လာတာလဲ"

"အစ်ကိုကရော ဘာလို့ ကျွန်တော့်ကို ဒီလောက်ထိ ခါးသီးသွားရတာလဲ ရုတ်တရက်ကြီး ခါးသီးသွား ရတဲ့အကြောင်းက ဘာလဲ"

"ငါဘယ်မှာ ခါးသီးနေလို့လဲ"

"ဒါဆို ကျွန်တော့်မျက်လုံးကိုကြည့်"

"မင်းမျက်လုံးကို ဘာလို့ကြည့်ရမှာလဲ..."

"အစ်ကို တစ်ခုခုမလုံလို့ မကြည့်ရဲတာပေါ့"

"မင်းနဲ့ငါက ကြည့်စရာအကြောင်းမရှိလို့ပေါ့ စကားများတယ်ကွာ နေခဲ့လိုက်တော့"

"မနေပါဘူး လိုက်မှာ"

မျက်နှာသေဖြင့် အသံတိတ်သူ့ဘေးက အတင်းကပ်လိုက်နေသည့် နိုင်းချင်းကို အားသစ် ပြောရမော နေပြီမို့ ထပ်မပြောတော့။ နိုင်းချင်းကို ကြည့်လိုက်လျှင် အေးတိအေးစက် မထုံတက်တေး ညှဉ်းသိုးသိုးဟု ထင်ရသည်။ ထိုနိုင်းချင်းက အရှက်မရှိ သူနှင့်လျှောက်လိုက်နေမည်ဟုတော့ သူ ဘယ်ထင်ပါ့မလဲ။

"ဒါနဲ့အဲ့ဒီ စီနီယာတွေရဲ့ စွမ်းရည်က မိုက်တော့မိုက်တယ်"

"မင်းနဲ့ဘာဆိုင်လို့လဲ"

"ကျောင်းက ကျောင်းသားအချင်းချင်းစွမ်းရည်ကို မပြောပြထားဘူးမလား... ခန့်ညီက အကုန်လုံးကို သိနိုင်တယ်... အစ်ကိုရော မသိချင်ဘူးလား"

"မသိချင်ဘူး..."

"ပြီးရောလေ..."

နှစ်ဦးသား ကျောင်း၏ဘောလုံးအသင်းဘက်သို့ လျှောက်လာခဲ့ကြ၏။ လေ့ကျင့်ရေးအဖွဲ့၏ ရင်ထိုး တံဆိပ်ဝိုင်း တပ်ထားသည့် တတိယနှစ်ကျောင်းသားနှင့် ထိုကျောင်းသားနှင့်အတူပါလာသော ပထမနှစ် ကျောင်းသားကို မြင်သည့်အချိန်တွင် ဘောလုံးအသင်းရှိ လူအတော်များများသည် စူးစမ်းသော မျက်လုံးများ ဖြင့် ကြည့်ကြသည်။

Marmalade [Own Creation]Tempat cerita menjadi hidup. Temukan sekarang