19

671 158 5
                                    

Unicode

အပိုင်း - ၁၉

သူနှင့်နိုင်းချင်းကြားတွင် ကြီးမားသည့်တံတိုင်းတစ်ခု ခြားသွားတော့သည်။ တစ်နေကုန်စာဖတ် နေရာမှ အားသစ် ခေါင်းထောင်လာ၏။ ပိတ်ရက်တစ်ပတ်ပြီးနောက် နောက်တစ်ပတ်ပိတ်ရက်သို့ ရောက်သွား ခဲ့ပြီ။ အခြားသူတို့၏ အတွေးကို သူ မကြားနိုင်တော့။ နိုင်းချင်းနှင့်မတွေ့အောင် သူ ရှောင်နေခဲ့သည်။ ပေးပို့ ထားသည့် စာတိုများကို မဖတ်သလို ဆက်သည့်ဖုန်းကိုလည်း မကိုင်။

နိုင်းချင်းက သူ့ကို သဘောကျတာမဟုတ်ဘူး။ နိုင်းချင်း သဘောကျတာက...

နေ့လည်စာ သွားစားဖို့အတွက် ရေချိုးခန်းထဲတွင် မျက်နှာဝင်သစ်နေရာမှ မှန်ကိုကြည့်သည်။ အရှေ့ဆံပင် ရေစက်လက်ဖြင့် သူ့မျက်နှာကို မှန်ထဲတွင် မြင်နေရ၏။

နိုင်းချင်း သဘောကျတာက သူ မဟုတ်ဘူး။

နိုင်းချင်းသဘောကျတာက... သူ မဟုတ်တဲ့သူ့ကို။

ရေချိုးခန်းထဲက ထွက်လာပြီးနောက် စားပွဲပေါ်တင်ထားသည့် ပိုက်ဆံအိတ်ယူနေသည့် အချိန်တွင် ပိုက်ဆံအိတ်ဘေးရှိ နိုင်းချင်း၏ နားကြပ်လေးကို တွေ့လိုက်ရသည်။ ထိုနားကြပ်ကို ပြန်ပေးရမလား ပြန်မပေးရမလားဆိုသည်ကို အားသစ်တွေဝေနေတော့၏။ ထို့နောက် လေပူမှုတ်ထုတ်ကာ အခန်းထဲမှ ထွက်လာလိုက်တော့သည်။

"အစ်ကို အားသစ်..."

အခန်းသော့ခတ်နေစဉ်တွင် ဘေးအခန်းနေသူ ကောင်ကလေး၏ ခေါ်သံကို ကြားလိုက်ရသည်။

"ဪ..."

"အစ်ကို အခုမှ သွားစားမလို့လား"

'ဘာမှမဖြစ်သလို... ငါတို့က စကားပြောကြဦးမှာလား'

အားသစ်အတွေးကြောင့် တရင်းတနှီးစကားဆက်ပြောဖို့ကို နိုင်းချင်း တွန့်ဆုတ်သွား၏။ တစ်ပတ်ကြာ ပြီးသည့်အချိန်တွင် အတွေးတို့ကို သူ ပြန်ကြားနိုင်ခဲ့ပြီ။ သူ ပြန်ကြားနိုင်ကတည်းက အားသစ်သည်လည်း အသံတို့ကိုမကြားနိုင်တော့ ဆိုသည်ကို နိုင်းချင်းသိသည်။ မျက်လုံးများသည် မှိန်ဖျော့သွားပြီးနောက် နိုင်းချင်း ဟန်လုပ်ပြုံးကာ...

Marmalade [Own Creation]Tahanan ng mga kuwento. Tumuklas ngayon