10

810 175 4
                                    

Unicode

အပိုင်း - ၁၀

"အစ်ကိုဖြိုးဝေ အစ်ကိုဖြိုးဝေ..."

နံနက်ခင်း လေ့ကျင့်ခင်း သွေးပူလေ့ကျင့်ခန်းလုပ်ချိန်တွင် ဖြိုးဝေအနီးသို့ ကျောင်းသူအချို့ ချဉ်းကပ် လာကြ၏။

"အင်းဘာလဲ"

ပထမနှစ်ကျောင်းသားအားလုံးသည် လေ့ကျင့်ရေးအချိန်သို့ လာရောက်ကြသည်။ သူတို့မလာလျှင် သူတို့၏ သူငယ်ချင်းများက ကိုယ်စားပြစ်ဒဏ်ခံရခြင်းကို ကျောင်းသားများသည် ခံနိုင်ရည်မရှိ။ အစပိုင်းတွင် ဘာဖြစ်သလဲဟူ၍ တောင့်ခံထားကြသော်လည်း ရက်သတ္တပတ်နှစ်ပတ်ကျော်ပြီးချိန်တွင် ပြိုင်းပြိုင်းကျနေသည့် သူငယ်ချင်းများကို ကြည့်ပြီး စိတ်ပျော့သူတချို့သည် လေ့ကျင့်ရေးအချိန်သို့ လာရောက်ကြသည်။ တဖြည်းဖြည်းနှင့် ရက်သတ္တပတ် သုံးပတ်ကုန်လွန်ခါနီးတွင်တော့ ပထမနှစ်ကျောင်းသားအားလုံး လေ့ကျင့်ရေး အချိန်သို့ရောက်လာကြ၏။ ထိုအချိန်မှစပြီး လေ့ကျင့်ရေးအချိန်သည် သာမန်ကိုယ်ကာယအချိန်များနှင့် အနည်းငယ်သာ ပြင်းထန်သော လေ့ကျင့်ရေးအသွင်သို့ ကူးပြောင်းသွားခဲ့သည်။

ယခုလည်း သွေးပူအနေနှင့်ဘောလုံးကွင်းပတ်ပြေးပြီးနောက် အနားပေးသည့်အနေဖြင့် အကြောလျှော့ ခိုင်းထားသည့် ကျောင်းသားများကို လေ့ကျင့်ရေးအဖွဲ့က လိုက်ကြည့်နေချိန်တွင် အနည်းငယ်ရဲတင်းသော မိန်းကလေးအချို့သည် ဖြိုးဝေ အနီးကိုချဉ်းကပ်ကာ ဝိုင်းအုံပြီး ခေါ်ကြခြင်းဖြစ်၏။

"အင်း..."

ညီမငယ်လေးများ၏ ချစ်စဖွယ်မျက်နှာကြောင့် ဖြိုးဝေ၏ တည်တင်းနေသော မျက်နှာသည် ပြေလျော့သွားသည်။

"အစ်ကို အားသစ်က နေမကောင်းဘူးလား"

အားသစ်ပျောက်နေသည်မှာ နှစ်ရက်ရှိနေပြီမို့ ပထမနှစ်များ၏ သိချင်စိတ်သည် ပြင်းပြနေသည်။ လွန်ခဲ့သည့် နှစ်ရက်က တတိယနှစ်အဆောင်ဘက်သို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင်ရောက်သွားသည့် သတင်းသည် ကျောင်းသားများအကြား၌ ရေပန်းစားလျက်ရှိ၏။ အခန်းက အားသစ်အခန်းဟု သတင်းသဲ့သဲ့ ထွက်လာချိန်တွင် ကျောင်းသားများ၏ စိတ်ဝင်စားမှုရေချိန်သည် အဆုံးထိ မြင့်တပ်သွားတော့သည်။

Marmalade [Own Creation]Hikayelerin yaşadığı yer. Şimdi keşfedin