13

755 172 5
                                    

Unicode

အပိုင်း - ၁၃

နေ့လည်ထမင်းစားချိန်တွင် အသားခြောက်ကို ကိုက်ဆွဲပြီး သူ့ကို မကျေမချမ်းကြည့်နေသည့် ခန့်ညီကို နိုင်းချင်း ထမင်းလုတ်မြိုမကျနိုင်တော့သဖြင့် မျက်ထောင့်ကပ်ကြည့်၏။

"ဘာလဲ"

"မင်း ငါ့အစ်ကိုကို ဘာလုပ်လိုက်လဲ"

ငါ့အစ်ကို?

နိုင်းချင်းမျက်ခုံးပင့်၏။

"မင်းမှာ ဘယ်တုန်းက အစ်ကို ရှိသွားတာလဲ"

"ငါဘယ်သူ့ကိုပြောလဲ မင်းသိတယ်"

"အာ... အစ်ကိုအားသစ်လား ငါကဘာလုပ်လို့ရမှာလဲ"

အေးဆေးတည်ငြိမ်စွာပြန်ပြောသည့် နိုင်းချင်းကိုကြည့်ပြီး ခန့်ညီကြောင်အသွားရသည်။ ထို့နောက်...

"အေး မင်းက ဘာလုပ်လို့ရမှာလဲ ဒါပေမဲ့ သူ ကျောင်းကိုပြန်လာကတည်းက ငါတို့နားကို လုံးဝ မလာတော့တာက မင်းကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ဦးမှာလဲ"

ဘာလို့များ ငါကတုံးတုံးအအ သူငယ်ချင်းကို ရွေးမပေါင်းဖြစ်ရတာလဲ။ ဉာဏ်ကောင်းတဲ့ သူငယ်ချင်း တွေကိုက ညာချလို့မရဘူး။

နိုင်းချင်း၏ ကျီစယ်မှုလေးရှိခဲ့သော ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်သည့် နှစ်ရက်မြောက်နေ့ ဖြစ်သည်။ လူသစ်လေ့ကျင့်ရေး၏ နောက်ဆုံးပတ်ထဲရောက်နေချေပြီ။ လေ့ကျင့်ရေးအဖွဲ့ခေါင်းဆောင် အားသစ်သည် သူတို့နှစ်ဦးအနီးသို့ လုံးလုံး မလာသလို မျက်လုံးလေးဖြင့်ပင် မကြည့်။ အခြားသူများအတွက် အမှုမဲ့အမှတ်မဲ့ ဖြစ်နိုင်သော်လည်း ပြုလုပ်ခံရသည့် ကာယကံရှင်များအတွက်တော့ မသိသာသည့် အမူအရာလေး များပင် ထင်ထင်ရှားရှား ရှိလှသည်။

အားသစ်ကို ကျီစားလိုက်သူက သူ ဖြစ်သော်လည်း အကျိုးဆက်ကို ခံရသည့်အချိန်တွင်တော့ အားသစ်၏ Fan Boy လေး ခန့်ညီပါ ပါနေတော့သည်။ ရုတ်တရက် နိုင်းချင်းစိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရ၏။ တခဏစဉ်းစားပြီးနောက် ခန့်ညီကို သူ ကြည့်ကာ...

Marmalade [Own Creation]Donde viven las historias. Descúbrelo ahora