Unicode
'အစ်ကိုပြောတဲ့ ရယ်စရာတွေဆိုတာက ဘာများလဲ' ဟူသည့် စကားကြောင့် အားသစ် ဆက်မပြော တတ်တော့။ ကြောင်အကာ သူ ကြည့်နေချိန်တွင် နိုင်းချင်းသည် ဘီရိုတွင်ထောက်ထားသည့် သူ့လက်ကို ပြန်ရုတ်လိုက်၏။
'... ဘာလဲ... နမ်းတော့မှာလား'
မျက်လုံးသည်မှိတ်ကျသွား၏။ အားသစ်၏ အတွေးကို ကြားလိုက်ရသည့်အချိန်တွင် တွေးခံရသည့် အတိုင်း တကယ်လုပ်ချင်စိတ်ပေါက်သွားတော့သည်။ သို့သော်လည်း သူ့စိတ်သူ ထိန်းပြီး အားသစ်၏ အဝတ်ကော်လံပေါ်တွင် သူတို့လက်ဆောင်ပေးမည့် ရင်ထိုးကို တပ်ပေးလိုက်၏။
'အမ်... ကြာလိုက်တာ... ဘာလဲ ငါမျက်လုံးဖွင့်မှလား'
"မျက်လုံးဖွင့်တော့ ဘာလုပ်ရမှာလဲ"
အတွေးဆုံးတွင် ကောင်စုတ်ကလေး၏ အရွှမ်းဖောက်သံထွက်လာတော့၏။ ဗြုန်းခနဲမျက်လုံး ဖွင့်ချ လိုက်သည့် အချိန်တွင် သူ့ကို ချစ်စနိုးဖြင့်ကြည့်နေသည့် ပထမနှစ်ကောင်လေး၏ မျက်လုံးများဖြင့် ရင်ဆိုင် လိုက်ရသည်။
"ဘာမှမလုပ်ရဘူး"
ဆောင့်ဆောင့်အောင့်အောင့်အော်ပြီးနောက် သူ့မျက်လုံးများက ကော်လံဆီသို့ ရောက်သွား၏။
"ဪ..."
'သူတို့တွေက ဘာလို့ကိုယ်တိုင် သိပ်တပ်ပေးချင်နေကြတာလဲ ဒီတိုင်းပေးလိုက်ရင်တောင် ဘယ်သူ ပေးပေး ငါလက်ခံလိုက်ဦးမယ်'
"ကိုယ်တိုင်တပ်ပေးတာက... ကျွန်တော်တို့က ဒီလူကို mark လုပ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
"ဟမ်"
နိုင်းချင်း၏ ရှင်းပြမှုက အားသစ်ကို ကြောင်အသွားစေသည်။
'ဘယ်တုန်းက ဒီစည်းကမ်းတွေရှိလိုက်တာလဲ'
သူ တွေးသည်နှင့် နိုင်းချင်းသည် စိတ်ရှည်စွာ ဖြေကြားပေး၏။
"ကျွန်တော်တို့တွေ သတ်မှတ်လိုက်ကြတာ"
"ဪ...ဪ...ဪ..."
'ဪ' သုံးကြိမ်ရေရွတ်သည်ကလွဲပြီး အားသစ်ဘာတစ်ခွန်းမှ ပြန်မပြောနိုင်။

VOUS LISEZ
Marmalade [Own Creation]
Roman d'amourEven I can get another you, my choice is only you.