ဒီနေ့ ထူးထူးဆန်းဆန်း အန်တီနျန်က အပြင်မှာ ညနေစာတူတူစားဖို့ပြောလာတာမို့ ကျောင်းကနေ နေ့လည်ထဲကလစ်လာကာ ရှင်းဟန်တစ်ယောက် ဈေးဝယ်ထွက်နေလိုက်တော့သည်။ သူ ပိုင်ယွမ်နဲ့ စေ့စပ်ပြီးထဲက ပိုင်ယွမ်ရဲ့ တိုက်ခန်းမှာသာ လိုက်နေနေတာမို့ အိမ်ကိုမပြန်ဖြစ်တာလဲကြာပြီ။ အဲ့တာကြောင့် ဝမ်ပါးပါးအတွက် လက်ဆောင်ဝယ်ထည့်ပေးလိုက်ဖို့ သူကျောင်းအစောလစ်လာတာဆိုလဲမမှားပေ။
ညနေ ချိန်းထားတဲ့အချိန်ရောက်တော့ သူဆိုင်မှာကြိုစောင့်နေရင်း ပိုင်ယွမ်ဆီကို message တွေပို့ထားလိုက်တယ်။ ဒီတစ်လအတွင်း သူပို့ထားတာတွေကို တစ်ဖက်က Seen မပြပေမဲ့ သူရဲ့တစ်နေ့တာအချိန်ဖြန်းမှုတွေကိုတော့ ပိုင်ယွမ့်ဆီမပျက်မကွက်ပို့ဖြစ်တယ်။ အန်တီနျန်ရောက်လာတော့ သူ့ပုံစံက တစ်မျိုးထူးဆန်းနေပေမဲ့ ဘာဖြစ်လာမှန်းတော့ ရှင်းဟန်မသိပေ။."ရှင်းရှင်းလေး ... သမီးလဲ အိမ်ပြန်မလာတာကြာပြီရော်"
အမေးစကားနဲ့အတူ သီးသန့်ခန်းထဲကို ဝင်လာတဲ့ ကြော့ရှင်းတဲ့ပုံရိပ်တစ်ခုကြောင့် ရှင်းဟန် စာရိုက်နေတာကိုရပ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။-"အန်တီ ဟီးဟီး"
."တစ်ခါတစ်လေလဲ အိမ်လေးဘာလေးပြန်လာပါဦး၊ သမီးအဖေက တစ်ချိန်လုံး မေးနေတာ၊ သူ့သမီးပြန်မလာဘူးလားဆိုပြီး"
-"သမီးလဲ ပြန်လာချင်တယ် ဒါပေမဲ့ ကျောင်းသားကောင်စီကတော်တော်အလုပ်ရှုပ်နေတဲ့အပြင်ကို နှစ်ဝက်စာမေးပွဲလဲရှိနေတာမို့ သမီးလဲအဆောင်မှာပဲ ဆက်နေနေလိုက်တော့တာ။
သူကျောင်းကအဆောင်မှာလဲ အခန်းယူထားတာမို့ ရှင်းဟန်ပြန်မလာတာကို အိမ်ကလူတွေသံသယမဝင်ကြပေ။ အရင်လဲဒီလိုပဲ စာမေးပွဲနားနီးရင် ရှင်းဟန်က အဆောင်မှာ နေနေကြဖြစ်သည်။
."သမီးကို အန်တီဒီနေ့ခေါ်လိုက်တာ တစ်ခုလောက်အကူအညီတောင်းချင်လို့"
-"ဟုတ်ပြောလေ အန်တီ"
." ဝေ့ရန် ကျောင်းမှာ အဆင်ပြေရဲ့လား"
-"ဟုတ်ပြေပါတယ် အန်တီ ဘာလို့လဲ"
."ဒါပေမဲ့လေ သူ စိတ်ဖိစီးနေတာ များနေပုံရတယ်၊ အဲ့တာကြောင့် သူ့ကိုလေ ကျောင်းသာ ကောင်စီကနေ ထုတ်လိုက်လို့ရမလား"
YOU ARE READING
Lock Me In Your Heart (Z+U)
Teen Fictionဒီ Fic လေးက rebirth ကနေမှ System ကိုကူးသွားတဲ့ Fic လေးပါ. အရမ်းကိုချစ်တတ်တဲ့ကောင်လေးအကြောင်းပေါ့😉. အခုမှစရေးတာဆိုတော့အရေးအသားကတော့ လေ့လာသင်ယူနေတုန်းပါ😁. အာ့တာကြောင့်ဖတ်ပြီးတော့ အများကြီး ဝေဖန်ပေးကြပါဦးနော် 😁. Thank You na~🌻 Cover by Lushi Just...