Story 1.4 - Love Me Senior (Z+U)

645 82 10
                                    

"ဝမ်ရှင်းဟန် မင်းကြည့်လို့ဝပြီလား"

Moon တစ်ယောက် ကျောင်းသွားပြီး Sky တစ်ဖြစ်လဲ ပိုင်ယွမ်နောက်ကိုသာ တစ်ကောက်ကောက်လိုက်နေတာ အခုဆို တစ်ပတ်လောက်တောင်ရှိပြီ။ စာသင်ခန်းထဲမှာသာမရှိရင်နေမယ် ကျောင်းသာကောင်စီရုံးခန်းမှာအမြဲရှိနေတတ်တဲ့ ပိုင်ရှင်းဟန် ကြောင့် ကျောင်းသားကျောင်းသူတွေမှာ အတင်းပြောစရာအကြောင်းအရာ တစ်ခုရနေလေရဲ့။ အခုလဲ စာရင်းလုပ်နေတဲ့ ပိုင်ယွမ်ကိုစားမတတ်ဝါးမတတ်စိုက်ကြည့်နေတာမို့ သည်းမခံနိုင်တဲ့အဆုံး ပိုင်ယွမ်ထမေးချင်းဖြစ်လေသည်။

"ဖြစ်နိုင်ရင် တစ်ဘဝလုံး တစ်စိမ့်စိမ့်ထိုင်ကြည့်ချင်တာ"

ပိုင်ယွမ်ရဲ့ ဒေါသမျက်လုံးတွေကိုလျစ်လျူရှူရင်း Moon ပြန်ဖြေလိုက်တယ်။ တကယ်ဆို Moon ကရိုးရိုးရှင်းရှင်း ဘဝကိုအေးဆေးအေးဆေး ဖြတ်သန်းချင်တဲ့သူဖြစ်သည်။ ဒါပေမဲ့ သူ့ဘဝကြီးကရှုပ်ထွေးပွေလီလွန်းတယ်။ သေသွားတာတောင် သပွတ်အူဘဝကြီးထဲပြန်ရောက်လာတာသာကြည့်တော့။ Moon အတွက်တွေးစရာတွေ ဖြေရှင်းစရာတွေရှိနေပေမဲ့လည်း သူစိတ်ရှုပ်မခံနိုင်တာမို့ Sky နောက်တစ်ကောက်ကောက်လိုက်ကာ အလှလေးကိုငမ်းနေခြင်းပင်ဖြစ်သည်။ အဲ့တာကြောင့်လဲမနေ့ ရှောင်ကျူးနဲ့ ရန်ဖြစ်ရပြီးပြီ။ ရှောင်ကျူးက Mission အတွက်ကြိုးစားပြီးလုပ်စေချင်သည် သို့သော် Host ဖြစ်သူက စိတ်မဝင်စားချေ။

"မင်း အတန်းမတက်ဘူးလား"

"ပျင်းလို့ ပြီးတော့ စီနီယာကိုစိတ်မချလို့"

မျက်မှောင်ကြီးကုတ်ပြီး ဘာဆိုင်လို့လဲဆိုတဲ့အကြည့်တွေနဲ့ကြည့်နေသည့် ပိုင်ယွမ်ကြောင့် Moon ပြုံးမိသွားသည်။

"ဟုတ်တယ်လေ စီနီယာက ဒီလောက်ချောနေတာ စိတ်မချနိုင်ဘူး၊ ကောင်မလေးတွေရန်က ကာကွယ်ရမယ်လေ"

"မင်းကပိုပြီး ကြောက်ဖို့ကောင်းတာမဟုတ်ဘူးလား"
ပြောရင်းထထွက်သွားသည့် ပိုင်ယွမ်ကြောင့် Moon ထိုင်နေရာက ထကာလိုက်ရပြန်သည်။

"စီနီယာ ဘယ်သွားမလို့လဲ"
"စာကြည့်တိုက်"
"ဘာသွားလုပ်မလို့လဲ စာကြည့်တိုက်ကို ပျင်းစရာကြီး"

Lock Me In Your Heart (Z+U)Onde histórias criam vida. Descubra agora