Story1.1 - Love me Senior (Z+U)

804 75 0
                                    

" Welcome ပါ Host VViP System က​နေကြိုဆိုပါတယ် "

"ကျွန်တော်တို့ System အ​ကြောင်းကို မိတ်ဆက်ပေးပါရစေ"

Moon ရှေ့က ငါးနှစ်ခြောက်နှစ်အရွယ် ကလေးလေးရဲ့ ချစ်စရာကောင်းမှုကြောင့် ခုရောက်နေတဲ့နေရာကိုတောင် ရုတ်တရက်မေ့သွားတယ်။ အသံလေးကလည်း ကလေးအသံလေးဆိုပေမဲ့ လူကြီးတစ်ယောက်လိုပြောနေတာမို့ Moon စိတ်ထဲရယ်ချင်သလိုလို ဖြစ်လာတာနဲ့ မျက်နှာပိုးသတ်ပြီး

"ရတယ် ငါဒီမလာခင်အားလုံးလေ့လာထားတယ် လုပ်စရာရှိတာသာလုပ်ပါ"

"ဒါက တခြားSystem ​တွေနဲ့မတူဘူး။ Host ဖတ်ဖူးတဲ့ဟာတွေက Promotion systemတွေ အဲ့တာတွေက လူတွေသေဆုံးပြီးတဲ့နောက်မှာ ဒီလိုမျိုးSystem တွေဆီလာချင်အောင် ကြေညာတဲ့ ဟာတွေ"

ရန်တွေ့သလိုမျိုး ခပ်စွာစွာလေးပြန်ပက်လိုက်တဲ့ System သေးသေးလေးကြောင့် Moon ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်။

"ဟမ် အဲ့လိုလဲရှိသေးတာလား"

ပြုံးစိစိနဲ့ Moon ရဲ့အမေးစကားကြောင့် ကလေးလေးရှက်သွားပုံရတယ်။

"အဟမ်း ဟုတ်တယ် ထားပါ အဲ့တာတွေနောက်ကြုံမှရှင်းပြမယ်။ ခုတော့ Host ဝင်ရောက်ရမဲ့ System အကြောင်းပြောပြမယ်"

Moon Systemကလေးလေး ပြောတာနားထောင်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်တော့တယ်။ သူအရင်ဖတ်ဖူးတဲ့ စာအုပ်တွေမှာဆို System space လိုနေရာက ဟင်းလင်းပြင်ကြီးတွေဆိုပြီး အခုကျတော့ မြင်ခင်းစိမ်းစိမ်း လွင်ပြင်ကျယ်ကြီးရယ် အိမ်သေးသေးလေးရယ် နဲ့ နေချင်စရာလေး။

"တကယ်တော့ ကျွန်တော်တို့ System ကအထက်ဘုံကသူတွေ အတွက်သီးသန့် အသုံးပြုတဲ့System တစ်ခုပါ။ Host ကခြေသလုံးအဖက်ကောင်းလို့ ဒီSystem ကို ဝင်ရောက် ခွင့်ရတာပါ"

ပတ်ဝန်းကျင်ကိုအငေးလွန်နေတဲ့ Moon တစ်ယောက် System ရဲ့ခြေသလုံးဖက်တယ် ဘာညာ ရိတိတိစကားကြောင့်အာရုံက Systemဆီပြန်ရောက်လာခဲ့တယ်။

"နင် ဘာပြောချင်....."

စကားတောင်မဆုံးသေးဘူး ဖြတ်ပြောလိုက်တဲ့ System ကြောင့် Moon ရဲ့အကောင်းမြင်စိတ်တွေက လျော့ကျလို့လာပါတယ်။

Lock Me In Your Heart (Z+U)Donde viven las historias. Descúbrelo ahora