Story 1.9 Love Me Senior (Z+U)

750 81 11
                                    

" ငါ့ကောင်လေး ဖြစ်ပေးနိုင်မလား"

ကျိုးဝေ့ရန် လက်ထဲက သကြားလုံးလေးသည် အရာမယွင်းပေ။ သူတကယ်စိတ်ဓာတ်ကျသွားမို့ အားတင်းပြီးပြုံးကာ ရွှီယန်ကို ကြည့်လိုက်တော့ ကျောပိုးအိတ်ထဲကနေ တစ်ခုခုကိုထုတ်ရင်း အလုပ်ရှုပ်နေတဲ့ ရွီယန်ကိုသာတွေ့လိုက်ရသည်။
ခဏကြာတော့ ရွှီယန်ဒန်းမှာ ထိုင်နေရာက ထလာကာ

"ဟင့်အင်း ငါမင်းကောင်လေး မလုပ်နိုင်ဘူး"
ထိုအငြင်းစကားက ကျိုးဝေ့ရန်အတွက်တော့ မလွယ်ကူပေ။ ရွှီယန် ငြင်းလိမ့်မယ်လို့ သူမျှော်လင့်ထားခဲ့ပေမဲ့လည်း တကယ်ကြီး ငြင်းလိုက်တော့ သူအဆင်မပြေပေ။

"ငါ ငါ တောင်းပန်ပါတယ် ငါမင်းခံစားချက်ကို ထည့်မတွက်မိဘူး"
သူတောင်းပန်စကားဆိုကာ ရွီယန်ရှေ့က လှည့်ထွက်သွားလိုက်သည်။

"ခဏနေဦး မင်းကဘာဖြစ်ချင်နေတာလဲ အမြဲတမ်းမင်းပြောချင်တာ ပြော တွေးချင်ရာတွေးပြီး ဖြစ်ချင်ရာဖြစ်နေတော့တာပဲ ပြန်လာခဲ့ဦးဒီကို"

ရွှီယန့်၏စကားတွေကို မငြင်းဆန်နိုင်သည့်အလား ဝေ့ရန်တစ်ယောက် သူ့ရှေ့သို့ပြန်ရောက်လာခဲ့သည်။

"ငါမင်းကောင်လေးမလုပ်နိုင်ဘူး ။ မင်းကပဲ ငါ့ကောင်လေးလုပ်ပေးရမယ်။ သဘောတူရင် ဒါယူလိုက်"
ရွှီယန်လက်ထဲမှာ ငယ်ငယ်တုန်းကပေးဖူးတဲ့သကြားလုံးလေးမဟုတ်တော့ပဲ ငွေရောင်လက်စွပ်လေးတစ်ကွင်း။

အခုအချိန် အပျော်ဆုံးလူဘယ်သူလဲလို့မေးရင် အားလုံးက ကျိုးဝေ့ရန် လို့ဖြေကြမှာပင်။ ဒါသူမမျှော်လင့်ထားတဲ့အဖြေတစ်ခု။ တလက်လက်တောက်နေတဲ့ လက်စွပ်လေးကို လှမ်းယူလိုက်ပြီး သူရွှီယန်ကို ထွက်ပြေးမှာဆိုးသည့်အလား တင်းကြပ်စွာ ဖက်ထားလိုက်လေတော့သည်။

"အင်း မင်းကိုသာပိုင်ဆိုင်ရမယ်ဆို ငါမင်းမိန်းမဖြစ်ဆိုလဲ ဖြစ်ပေးနိုင်တယ်"

"ကတိနော် ပြီးမှမမေ့နဲ့"

"ငါပေးခဲ့တဲ့ ကတိကို ငါအမြဲတည်နေခဲ့တာ ရွှီယန် ငါမင်းကိုဘယ်တော့မှမမေ့ခဲ့ဘူး"

"လွှတ်ဦး ငါအသက်ရှူကြပ်နေပြီ"

ဝေ့ရန် ဖက်ထားရာက လွှတ်ပေးလိုက်ပေမဲ့ ရွှီယန်ရဲ့ လက်လေးကိုတော့ အသာလေးကိုင်ထားလိုက်သည်။ ထိုစဉ် ရွှီယန်၏ဗိုက်ထဲမှ ဂွီဂွီနဲ့ အချက်ပြမှုကြောင့် နှစ်ယောက်သားမတိုင်ပင်ပဲ ရယ်မိသွားတော့သည်။

Lock Me In Your Heart (Z+U)Où les histoires vivent. Découvrez maintenant