Story 1.12 Love Me Senior (Z+U)

173 8 6
                                    

ရှင်းဟန်ပြန်သတိရလာတော့ ရှောင်ကျူးကိုဆက်သွယ်ဖို့ သတိမရပဲ စိတ်ထဲ ဇာတ်လမ်းရဲ့ ဇာတ်ကြောင်းကိုသာထပ်တလဲလဲ တွေးနေမိတယ်။
သူမှတ်မိသလောက် ဇာတ်လမ်းထဲဒီလိုအဖြစ်တွေမရှိခဲ့ဘူး၊ နောက်ပြီး သူ့ရဲ့ဉာဏ်သေးသေးလေးနဲ့ အခုဘာတွေဖြစ်နေလဲဆိုတာ နည်းနည်းလေးတောင် တွေးမရတော့ဘူး။
အဲ့တာနဲ့ပဲ ရှေ့မှာရှိနေတဲ့ အန်တီနျန်ကို ကြည့်ပြီးသူစိတ်ထဲသိချင်တာတွေမေးဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

."အန်တီ... ဘာလို့.. ဘာလို့ သမီးကိုဖမ်းထားတာလဲ"
-"နင်လဲ နင့်အမေလိုပဲ အယုတ်တမာ၊ နင့်အမေလည်း သူ့အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ငါဆီကနေ ငါ့ရဲ့ရည်းစားကိုစနှိုက်ကျော်တယ်၊ သူ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့ငါ့အကို ကိုသူ့ကိုယ်သူသတ်သေတဲ့အထိဖြစ်အောင် လမ်းဆုံးထိတွန်းပို့ခဲ့တယ်၊ နင်သိပြီလား နင့်အမေကဘယ်လိုလူမျိုးလဲဆိုတာ ဟမ်"

."မဟုတ်ဘူး မားက အဲ့လိုလူမျိုးမဟုတ်ဘူး"

-"နင်ကဘာသိမှာလဲ ခံစားရတဲ့ငါတို့ကသာအသိဆုံးပါ နင့်အမေက ငါ့အကို ကို ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုပြီး နောက်ဆုံးကြတော့ မိဘတွေစီစဉ်ပေးလို့ပါ မတတ်သာလို့ပါ ဆိုပြီး နင့်အဖေကို ယူသွားတာပဲလေ ၊ ကျန်ခဲ့တဲ့ ငါ့အကိုနဲ့ ငါကတော့အလူးအလဲပေါ့"

."မဟုတ်ဘူး .. မဟုတ်ဘူး မားကအဲ့လိုလူမျိုးမဟုတ်ဘူး"

-"အခုလည်း နင်ငါ့သားကို ဖျက်စီးပြန်ပြီ နင်တို့သားအမိတွေက ငါနဲ့ ငါ့သားဘဝကို ဖျက်စီးခဲ့တာ"
."မဟုတ်ဘူးအန်တီ .. တစ်ခု.. တစ်ခုခု အထင်လွဲနေတာ နေမှာ အဲ့လိုမဟုတ်ဘူး မားနဲ့ပါးတို့က အရမ်းချစ်ကြတာ သူတို့အဲ့လိုမျိုး မဟုတ်ဘူး"
ရှင်းဟန် ရင်ထဲတကယ်ကိုမကောင်းပေ အရင်ပိုင်ရှင်ရဲ့ခံစားချက်တွေကြောင့်ထင်တယ် မျက်ရည်တွေ ကိုဘယ်လိုမှမထိန်နိုင်ပေ။ သူ့ခေါင်းထဲမှာလဲ မားကအဲ့လိုမဟုတ်ဘူး ဆိုတဲ့အသံကိုသာ ထပ်ခါထပ်ခါကြားနေရတယ်။ တဖြည်းဖြည်းနဲ့ ရှင်းဟန် မူးဝေလာကာ အသိတွေလွတ်လွတ်သွားရင်း အန်တီနျန်ပြောတာကိုပင် ကြားတစ်ချက်မကြားတစ်ချက်နဲ့ အမြင်တွေကလည်း ဝေဝါးဝါးနဲ့ ဘာကိုမှသေချာမသိပေ။

You've reached the end of published parts.

⏰ Last updated: Dec 31, 2022 ⏰

Add this story to your Library to get notified about new parts!

Lock Me In Your Heart (Z+U)Where stories live. Discover now