မမျှော်လင့်သော(Z+U)

696 73 0
                                    

Sky နဲ့အတူတူထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီး သူ့နောက်ကိုလိုက်လာခဲ့တာ Moon အတွက်ဘာအခက်အခဲမှမရှိခဲ့ဘူး Visaကိစ္စ ကျောင်းကိစ္စ အစစအရာရာ Skyရဲ့ အမေကအကုန်လုပ်ပေးတော့ သုံးလလောက်နဲ့ကိုအကုန်အပြီးအစီးပြီးသွားပြီး Visa လဲကျရော သူတို့နှစ်ယောက်လုံး ချက်ချင်းပဲထွက်လာခဲ့တာ. ၁၇ရာစုရဲ့ အငွေ့အသက်လေးတွေနဲ့ဖုံးလွှမ်းနေတဲ့ နယ်သာလန်မှာရှိတဲ့ ဒီ အမ်စတာဒမ်(Amsterdam) ဆိုတဲ့မြို့လေးမှာ Moon တို့ရောက်နေတာ အခုဆို သုံးလတောင်ကျော်လာပြီ. Sky ရဲ့အမေက နယ်သာလန်မှာ စီးပွားရေးအခြေချထားတာဆိုတော့ သူအမြဲရှိတတ်တဲ့ ဒီမြို့လေးကိုရွေးဖြစ်သွားတာ. နောက်တော့ အန်တီက မြို့ထဲက အချက်အခြာကျတဲ့နေရာလေးမှာ Cafe အသေးလေးတစ်ခုဖွင့်ပေးထားတော့ ကျောင်းပြီးရင် ဆိုင်မှာသွားလုပ်နဲ့ ပျင်းရတယ်ကိုမရှိပါဘူး.အခုကျတော့ ကျောင်းကပိတ်ထားတော့ ပြီးတော့ စာမေးပွဲလည်းရှိနေတာမို့ ဆိုင်လဲမသွားဖြစ်ဘူး. အိမ်မှာပဲနှစ်ယောက်သား အိမ်တွင်းအောင်းနေကြတာ တစ်ပတ်ကျော်နေပြီရယ်. Moon လည်းစာတွေလုပ်ရင်း နဲနဲငြီးစီစီဖြစ်လာတာနဲ့ရော ညစာအတွက်ဘာမှစားစရာမရှိတော့တာရောမို့ ဈေးသွားဖို့ပြင်လိုက်တယ်.

"Sky ဈေးသွားဝယ်ရအောင်လေ ညနေစားဖို့ဘာမှမရှိဘူး"
"ပျင်းတယ် ဆိုင်ကတစ်ယောက်ယောက်ကို ဝယ်ပြီးလာပို့ခိုင်းလိုက်ပါလား"
" အာတာဆို ငါ့ဘာသာပဲသွားလိုက်မယ် ငါစာလုပ်နေရတာ ငြီးငွေ့လာလို့."
"လိုက်မယ် ခုသွားတော့မှာလား"
"အင်း"

Moon ဈေးသွားချင်ရတဲ့အဓိကအကြောင်းက ဈေးရှိတဲ့နေရာကိုသွားဖို့ Moon တို့အိမ်ကနေဆို တောင်ကြားလမ်းလေးကိုဖြတ်ရတယ်. Moon အကြိုက်ဆုံးနေရာလေးပေါ့.ဒီကိုရောက်ခါစက နေဖို့အိမ်လိုက်ရှာတုန်းက ဒီနေရာလေးကိုဝေးလို့ Skyကမရွေးချင်ပေမဲ့ Moon ကဒီတောင်ကြားလမ်းတိုလေးကို အရမ်းသဘောကျသွားတာမို့ကျောင်းနဲ့ရော ဆိုင်နဲ့ရောတော်တော်ဝေးပေမဲ့ ဒီနေရာလေးကိုပဲရွေးလိုက်တယ်. အိမ်ကနေ ကားဂိတ်တို့ဈေးတို့ရောက်ဖို့ကို ၁၅မိနစ်လောက်လမ်းလျောက်ရတယ်.မနက်ခင်းဆို ကျောင်းသွားဖို့ အိမ်ကစောစောထွက်ရတယ်. ညဆိုလဲဆိုင်သိမ်းမှပြန်လာရင်နောက်ကျတယ်. ဒါတောင်ဒီတောင်ကြားလမ်းလေးကိုဘာလို့သဘောကျတာလဲဆိုရင် ကားဂိတ်သွားဖို့ ဒီတောင်ကြားလမ်းလေးကိုဖြတ်တဲ့အခါ Skyရဲ့လက်ကလေးကို ကိုင်ထားရတာကိုကြိုက်တယ်. အဲ့လိုပဲ ညဘက်အိမ်ပြန်တော့လဲ မိုးချုပ်နေပြီမို့ မီးရောင်ခပ်မှိန်မှိန်လေးပဲရှိတဲ့ ဒီတောင်ကြားလမ်းလေးကိုဖြတ်တဲ့အခါ Sky ရဲ့လက်ဆို မလွတ်တမ်းကိုင်ထားရတာကို သဘောကျတယ်. တခါတလေ ဈေးကိုစက်ဘီးနဲ့သွားတဲ့အခါ Skyရဲ့ခါးကိုဖက်ပြီးလိုက်စီးရတာကို အကျင့်ဖြစ်နေပြီ.အဲ့တာကြောင့် ဒီနေရာလေးက Moon ရဲ့အကြိုက်ဆုံးနေရာလေးဖြစ်လာခဲ့တာ.

Lock Me In Your Heart (Z+U)Donde viven las historias. Descúbrelo ahora