ကံကြမ္မာက (Z+U)

647 68 2
                                    

" လိုက်ပို့တာ ကျေးဇူးတင်ပါတယ်ရှင်. နောက်နေ့မှတွေ့မယ်နော်"
ကားထွက်ခါနီးတောင်နှုတ်ဆက်လို့မပြီးသေးနိုင်သေးတဲ့ Moon ကိုကြည့်ပြီး Sky စိတ်ထဲမကျေမနပ်တွေဖြစ်လာတယ်. သွားပါ ဘာကိစ္စငါက ဖွင့်ပြောနေရဦးမှာလဲ. သူ့ရဲ့အချစ်နဲ့သူပြန်တွေ့နေပြီပဲဟာ. ဟုတ်တယ် နေနိုင်းဆိုတာ အရင်ဘဝတုန်းက Moon ရဲ့ချစ်သူ. သူပုံမှန်ပြန်ဖြစ်သွားတဲ့အချိန်မှာ နေနိုင်းနဲ့တွေ့ပြီး ကြိုက်သွားကြသေးတယ်.

"လမ်းလျောက်နိုင်လား"

"မလျောက်နိုင်တော့ရော နင်ကငါ့ကိုကုန်းပိုးသွားမှာမို့လို့လား"

"အင်း တက်"
ပြောပြီး သူကျောပေါ်တက်လို့ရအောင် Sky ထိုင်ချပေးလိုက်တယ်.

"ဟုတ်မှလဲလုပ်နော် ငါကလေးတယ်နော်"

"တက်ဆိုတက်စမ်းပါ"

နေဝင်ဆည်းဆာအချိန် သစ်ရွက်တွေကြွေနေတဲ့ လမ်းလေးမှာ ကောင်လေးက သူ့ကောင်မလေးကို ကုန်းပိုးသွားတဲ့ မြင်ကွင်းလေးက တကယ့်ကိုလှပတဲ့ အနုပညာလေးတစ်ခုပါပဲ. ဒါပေမဲ့...

"ရည်းစားဟောင်းနဲ့ ပြန်တွေ့တော့ ပျော်နေတာလား"

"နင်သိတယ်လား ရည်းစားဟောင်းမဟုတ်ပါဘူး ဒီအတိုင်း တွဲခဲ့ရုံပါပဲ"

"အမကို ယောကျာ်းတွေကို စိတ်ကုန်သွားပြီထင်ခဲ့တာ အသက်ကြီးမှ ဝက်သက်က ပေါက်လိုက်သေးတယ်"

"ဟဲ့ အဲ့တုန်းကငါက အရမ်းကို ခံစားလွယ်နေတာလေ.
အဲ့ဒီအချိန်ငါ့ဘေးနားမှာ ငါ့ကိုဂရုစိုက်ပေးတဲ့သူကို တွယ်တာသွားတာဆန်းလား"

"လက်ထပ်ထားတာ မလားအဲ့တုန်းက. ဘယ်လိုလုပ်ပြီးများတွဲနိုင်ရတာလဲ မိန်းမတွေများ"

" ငါလက်ထပ်တယ်ဆိုတာ စာချုပ်ပဲရှိတာလေ. သေသာသွားတယ် ဘယ်သူမှန်းတောင်သိလိုက်ရတာ မဟုတ်ဘူး. ပြီးတော့ အဲ့တုန်းက နေနိုင်းနဲ့တွဲတာကလည်း သူ့ကို ငါလက်ထပ်ထားတဲ့သူလို့ထင်လို့. အဲ့တုန်းက ငါ့ရဲ့လုပ်ငန်းတွေက အကုန်သူနဲ့ဖက်စပ်လုပ်တာမလား. အဲ့တော့သူကဖြစ်နိုင်ချေအများဆုံးလေ မဟုတ်ဘူးလား"

"ချီးကို ဖြစ်နိုင်ချေများပါလား. အမက တော်တော်နော်... တကယ်လို့ တခြားဖြစ်နိုင်ချေများတဲ့တစ်ယောက်တွေ့ရင်လဲ အမကထပ်တွဲဦးမှာပေါ့လေ. "

Lock Me In Your Heart (Z+U)Donde viven las historias. Descúbrelo ahora