စာမေးပွဲ ဖြေပြီးပြီမို့ ကျောင်းပိတ်ထားလို့သာတော်သေးတယ်. မဟုတ်ရင် Moon ဒီခြေထောက်နဲ့ ကျောင်းသွားနိုင်မှာ မဟုတ်ပေ. အိမ်မှာပဲနေရတာလဲ ပျင်းတာကြောင့် ခြေထောက်မကောင်းသေးပေမဲ့ ဆိုင်ကိုတော့ နေ့တိုင်းသွားဖြစ်တယ်. ဆိုင်မှာက မန်နေဂျာအမကလွဲရင် အကုန်လုံးကသက်တူရွယ်တူမို့ပျော်ဖို့ကောင်းသည်. အရင်ကတော့ တောက်တိုမယ်ရအကုန်လိုက်လုပ်ပေးပေမဲ့ အခုတော့ ခြေထောက်မကောင်းတာမို့ ကောင်တာပဲပဲထိုင်နေရတယ်. ပုံမှန်ဆို ဆိုင်မှာအမြဲတမ်း Sky ရှိနေပေမဲ့ ဒီနေ့တော့ ထူးဆန်းတယ် တစ်နေကုန်သူ့ကို မတွေ့ရပေ.
"အမ Sky ကိုတွေ့မိသေးလား"
"မတွေ့ဘူး Moon နဲ့အတူတူလာတာမဟုတ်ဘူးလား"
"ဟုတ်တယ် သမီးကို ဆိုင်မှာထားခဲ့ပြီးထွက်သွားတာ အခုထိပြန်မလာသေးဘူး ညနေတောင်စောင်းနေပြီကို"
"ဘာလဲ မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေတယ်ပေါ့"
"အာ... မဟုတ်ပါဘူးအမရာ...အမလဲသိတဲ့အတိုင်း ဒီတလော ခြေထောက်က မကောင်းပါဘူးဆို ခဏခဏ ဟိုခိုက်မိ ဒီခိုက်မိဖြစ်နေလို့လေ စိတ်ထဲတစ်မျိုးကြီးဖြစ်နေတာ အခုလည်း Sky ကိုဖုန်းဆက်မရဘာဆက်မရနဲ့တစ်ခုခုဖြစ်နေမှာဆိုးလို့ရယ်"
"အေးလေ ရှင်လဲခြေထောက်က ကျိုးနေရတဲ့ကြားတဲ့ စက်ဘီးဝင်တိုက်ရတာနဲ့ ပန်းအိုးပြုတ်ကျရတာနဲ့ တော်သေးတာပေါ့ ခေါင်းပေါ်မကျလို့"
"ဟုတ်တယ် ဟုတ်တယ် မမဂျာကြီးရေ မနက်ကလည်း အမMoon သူဟာသူကောင်တာမှာ ထိုင်နေတာကို ဧည့်သည်နှစ်ယောက်ရန်ဖြစ်ရင်းနဲ့ တစ်ယောက်က ရေခွက်နဲ့ပေါက်လိုက်တာ အမMoon မျက်နှာကိုတည့်တည့်ပဲလေ "
"ဟုတ်တယ် တော်သေးလို့ ကျွန်တော် ဆွဲလိုက်လို့ လက်ပဲထိသွားတာ မဟုတ်ရင် သွားပြီပဲ"
" ဟုတ်တယ် အမရေ ထူးထူးဆွဲလို့ မဟုတ်ရင်သမီးတော့ အီစလံဝေနေမှာ."
"ရှင် နွားနို့နဲ့ရေချိုးတာတို့ အိမ်ကထွက်ရင် ဆားနင်းပြီးမှထွက်တာလို့ လုပ်ပါလား. ရှင့်ကြည့်ရတာ ဒီတလော ကံမကောင်းသလိုခံစားနေရတယ်"
DU LIEST GERADE
Lock Me In Your Heart (Z+U)
Jugendliteraturဒီ Fic လေးက rebirth ကနေမှ System ကိုကူးသွားတဲ့ Fic လေးပါ. အရမ်းကိုချစ်တတ်တဲ့ကောင်လေးအကြောင်းပေါ့😉. အခုမှစရေးတာဆိုတော့အရေးအသားကတော့ လေ့လာသင်ယူနေတုန်းပါ😁. အာ့တာကြောင့်ဖတ်ပြီးတော့ အများကြီး ဝေဖန်ပေးကြပါဦးနော် 😁. Thank You na~🌻 Cover by Lushi Just...