နှစ်ယောက်သား စာကြည့်တိုက်ထဲမှာပဲရှိနေသေးပေမဲ့ သူတို့သတင်းကတော့ တစ်ကျောင်းလုံးပြန့်သွားပြီဆိုတာကို ထိုနှစ်ယောက်မသိသေးချေ။
ရုတ်တရက် ပိုင်ယွမ်သတိရသွားတာမို့ ဝမ်ရှင်းဟန်ကိုဖက်ထားရာက ခွာကာ မေးလိုက်သည်။
"ကို နဲ့ယန်လေးနဲ့ ညီအကိုတွေဆိုတာ ဘယ်လိုလုပ်သိတာလဲ"
"အာ မေးနေစရာလိုလို့လား စီနီယာကိုကြိုက်နေမှတော့ ဒီလောက်သိတာမဆန်းပါဘူး ပြီးတော့ မိသားစုမိတ်စုံစားပွဲတုန်းကတွေ့ဖူးတယ်လေ"
တကယ်တော့ အဲ့တုန်းက ရှင်းဟန်သည် ပိုင်ယွမ်ကိုမသိပေ။ ရွှီယန်ကိုတွေ့တွေ့ချင်းသဘောကျသွားတာမို့ စုံစမ်းရင်း ပိုင်ယွမ်က ရွှီယန်အကိုမှန်းသိခဲ့ရတာဖြစ်လေသည်။
"အဟမ်း ထားပါတော့ စီနီယာကိုလဲမေးစရာရှိတယ်"
"ဘာလဲ"
"Tattoo ဘယ်တုန်းကထိုးလိုက်တာလဲ အရင်ကမတွေ့ဖူးဘူး"
"အလယ်တန်းလောက်တုန်းက လက်ရှည်အမြဲဝတ်တာမို့လို့မသိတာနေမယ်"
"အင်း"
တကယ်တော့ ဒီTattoo ကသူနဲ့အမြဲရှိနေခဲ့တာ. သူဘယ်ဘဝပဲရောက်ရောက် ဒီ Tattoo ကအမှတ်လိုပဲရှိနေခဲ့တာ။ ဘာလို့လဲတော့ပိုင်ယွမ်မသိပေ။ ဒါပေမဲ့လည်း ဝမ်ရှင်းဟန်ကို သူ့အကြောင်းပြောပြ၍မရပေ။ Systemရဲ့ အရေးကြီးဆုံးစည်းမျည်းက 'System အကြောင်းမည်သူကမျှ မည်သည့်အကြောင်းကြောင်းကြောင့် မသိစေရ' ဆိုတာပင်။ အဲ့တာမို့ ရှင်းဟန်ကိုညာလိုက်ရခြင်းပင်။
"ဘာလို့လဲ မင်းဒါကိုအရမ်းစိတ်ဝင်စားနေတာလား"
"အင်း ဒီပုံလေးက အဓိပ္ပာယ်အများကြီးရှိတယ်၊ စီနီယာဘယ်လိုစိတ်ကူးနဲ့ ဒါကိုထိုးထားလဲတော့မသိပေမဲ့ သဘောကျတယ်၊ ဒီTattoo ကို"
Moonရဲ့ဖုန်းထဲကို ရုတ်တရက် ဖုန်းက Notification တွေအများကြီးဝင်လာတာမို့ ကြည့်လိုက်တာ အမလေးလေး သူတို့အကြောင်းတွေတက်နေတာမှ ပလူပျံနေရော။
"စီနီယာ ပြဿနာတော့တက်ပြီထင်တယ်"
"ဘာလို့လဲ"
"ဒီမှာလေ ဘယ်သူဖွလိုက်တာလဲမသိဘူး တွေ့ရင်တော့အကုန်သေမယ်"

ŞİMDİ OKUDUĞUN
Lock Me In Your Heart (Z+U)
Genç Kurguဒီ Fic လေးက rebirth ကနေမှ System ကိုကူးသွားတဲ့ Fic လေးပါ. အရမ်းကိုချစ်တတ်တဲ့ကောင်လေးအကြောင်းပေါ့😉. အခုမှစရေးတာဆိုတော့အရေးအသားကတော့ လေ့လာသင်ယူနေတုန်းပါ😁. အာ့တာကြောင့်ဖတ်ပြီးတော့ အများကြီး ဝေဖန်ပေးကြပါဦးနော် 😁. Thank You na~🌻 Cover by Lushi Just...