အမှန်တရား (၂) (Z+U)

783 79 4
                                    

အပြစ်မရှိတဲ့ အိမ်တံခါးလေးကိုရန်ရှာကာ ဆောင့်အောင့်ပြီးဖွင့်လိုက်တဲ့အကျိုးရလဒ်ကတော့ အရှိန်နဲ့ ပြန်ကန်ထွက်လာတဲ့တံခါးနဲ့ နဖူးနဲ့မိတ်ဆက်သွားတာပါပဲ. Moon လည်းစိတ်တွေကတို ဒေါသတွေကပိုပိုထွက်လာပြီးနောက်ဆုံးတော့လည်း ဘေးနားရှိနေတဲ့ Sky ကိုပဲ မဲတော့တယ်.
"အဲ့တာ နင့်ကြောင့် နင့်ကြောင့်မို့လို့ ငါစိတ်တိုရတာ နင့်ကြောင့်မို့လို့ ငါဒေါသထွက်နေရတာ နင့်ကြောင့်မို့လို့တံခါးနဲ့ဆောင့်မိတာ အကုန်လုံးနင့်ကြောင့်"
"ဟုတ်တယ် ဟုတ်တယ် အားလုံးကျွန်တော်မှားတာပါ တောင်းပန်ပါတယ်နော် လာဒီမှာထိုင် နဖူးကိုပြပါဦး"
"မထိနဲ့ငါ့ကို"
"ခဏနေဦး ရေခဲသွားယူလိုက်ဦးမယ်"
နောက်ဖေးမှာ ရေခဲသွားယူနေတဲ့ Sky ကိုကြည့်ရင်း Moon စိတ်တိုလွန်းလို့ငိုချင်လာတယ်. ဘာကိုစိတ်တိုမှန်းလဲမသိဘူး. အခုလောလောဆယ်တော့ငိုချင်နေတာပဲသိတယ်.
"အာ... မငိုနဲ့တော့လေ.. ကျွန်တော်အပြစ်တွေပါ ဟုတ်ပြီလား မငိုနဲ့တော့နော်"
"အဟင့်... နင်.. ငါ့ကို အခုချက်ချင်းရှင်းပြ အဟင့်"
"ဟုတ်ပါပြီ... ခုလောလောဆယ် အရင်ငိုတာရပ်တော့ဟုတ်ပြီလား"
သူငိုတာကိုမြင်ရတာ တကယ်ကိုမုန်းပါတယ်. Sky အမုန်းဆုံးအရာကိုပြပါဆိုရင် Moon ရဲ့မျက်ရည်တွေပဲ. ဘာအကြောင်းနဲ့မှ သူငိုနေတာကိုမခံစားနိုင်ဘူး. အခုလည်းကြည့်ပါဦး တံခါးနဲ့ဆောင့်မိတာကလည်းတော်တော်နာသွားပုံပဲ. ကျစ် အစထဲကငါပြောပြထားလိုက်ရမှာ.အဲ့တာဆိုအခုလိုစိတ်ဆိုးပြီး ငိုနေစရာမလိုတော့ဘူး.
"ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဖေနဲ့အမေ ရန်ဖြစ်ပြီး အတူတူမနေကြတော့တာ သိတယ်မလား"
"အင်း"
"အဲ့တုန်းက အဖေက နေမကောင်းဖြစ်နေတဲ့ကလေးတစ်ယောက်ကို သူ့သားပါဆိုပြီးအိမ်ခေါ်လာတယ်.ပုံမှန်ဆို အဖေခြေရှုပ်နေတာကို မေမေလည်းသိပေမဲ့ အခုဟာက အဖေကသူ့သားပါဆိုပြီးခေါ်လာတဲ့ကလေးက သူမွေးထားတဲ့ ကလေးထက် လေးနှစ်လောက်ကြီးနေတယ်လေ. အဲ့တာကြောင့် မေမေက ကွာရှင်းခွင့်တင်ခဲ့တာ ဒါပမေဲ့အဖေက လက်မခံခဲ့ဘူး"
"အဲ့တာဆို... "
"ကျွန်တော် ဆယ်တန်းနှစ်မှာ မေမေနဲ့ကွာရှင်းပြီးတော့ အန်တီကိုပါအဖေကခေါ်လာတယ် အဲ့တာကြောင့်ကျွန်တော်က အိမ်မှာမနေချင်တာ"
Moon ရုတ်တရက်စိတ်ထဲ Sky ကိုသနားသွားတယ်. ဒီပြဿနာတွေဖြစ်တုန်းက Sky ကတော်တော်ငယ်သေးတာ. အဲ့အချိန်တုန်းကဆို Skyအမြဲတမ်း အိမ်မှာပဲလာနေလေ့ရှိတာ. ဒါပေမဲ့ မအေမီပြောလို့ Moonသိတာက သူတို့မိဘတွေကွာရှင်းသွားတယ် ဒီလောက်ပဲ. နောက်အိမ်ထောင်တွေဘာတွေဆိုတာ မသိခဲ့ဘူး. အခုချိန် Moon စိတ်ထဲ စိတ်တိုတာတွေရော နာတာတွေရောမရှိတော့ဘူး. Sky ကိုနှစ်သိမ့်ပေးချင်တဲ့စိတ်တစ်ခုပဲရှိတယ်.
"အန်တီက နင့်အပေါ်ကောင်းကောင်းမဆက်ဆံဘူးလား"
ရုတ်တရက် ငိုနေရာကနေရပ်သွားပြီး ပါးနှစ်ဖက်ကို ကိုင်ပြီး နှစ်သိမ့်သလိုလုပ်နေနဲ့ Moon ရဲ့ပုံစံကြောင့် Skyနဲနဲတော့ ရယ်ချင်သွားတယ်. သူကအမြဲအဲ့လိုပဲ သူ့ကိုယ်သူထက်သူများကိုပိုချစ်တယ်. အဲ့တာကြောင့်လည်း အရင်တုန်းက သူအရူးတစ်ယောက်လိုခံစားသွားရတာ. စိတ်ချပါ ဒီဘဝမှာတော့ အမကိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ဖန်တီးပေးခဲ့မယ်.
"ဟင့်အင်း အန်တီမေက ကျွန်တော့်အပေါ်ကောင်းပါတယ်. သူ့သားနဲ့ပဲ မတည့်တာ.သူက..."
"ခဏလေး အခုမှ ငါစိတ်တိုနေတဲ့ အဓိကအကြောင်းကိုသတိရသွားပြီ. အဲ့တော့ မင်းခန့်နဲ့ ပြတ်သွားပြီးနောက်ပိုင်း ငါ့နားကိုနင်ရောက်လာတာက ရိုးရောရိုးရဲ့လား"
"ကျွန်တော့် ဘက်ကလုံးဝရိုးသားတယ်. အဲ့အကောင်သာ ကျွန်တော်အမကို....  ကျွစ်...ထားလိုက်ပါ အရေးကြီးတာက အခုအဲ့အကောင်နဲ့ ဆက်မပတ်သတ်နဲ့.သူကကောင်းတဲ့သူမဟုတ်ဘူး. သူအမကို တကယ်ကြိုက်တာမဟုတ်ဘူး. ပြီးတော့ ကျွန်တော်အမနားမှာ ရှိတယ်ဆိုတာကလည်း အမ အဲ့အကောင်အတွက်နဲ့အရူးလိုဖြစ်နေမှာဆိုးလို့. အမသူနဲ့ပတ်သတ်နေသ၍ကတော့ ကောင်းတာဖြစ်လာမှာမဟုတ်ဘူး. အဲ့တာကြောင့် တတ်နိုင်သမျှသူနဲ့ဝေးဝေးနေပါ နော်"
"ဘာလို့နင်က အဲ့လိုပြောရတာလဲ. သူငါ့ကို ကြိုက်တယ် မကြိုက်ဘူးဆိုတာ နင့်ကိစ္စမဟုတ်သလို ငါခံစားရတယ် မခံစားရဘူးဆိုတာလဲ နင့်အလုပ်မဟုတ်ဘူး. ငါ့ဘာသာငါ ရူးသွားပါစေဦး နင်နဲ့မဆိုင်ဘူးSky. နင်တို့ကြားမှာ ဘာတွေရှိလဲဆိုတာ မသိပေမဲ့ ငါနင်တို့ကြားကမြေစာပင်မဖြစ်ချင်ဘူး."
Sky ရဲ့စကားကြောင့် အရင်ဘဝက အဖြစ်အပျက်တွေကိုပြန်တွေးမိပြီး Moon ခံစားချက်တွေရှုပ်ထွေးသွားခဲ့တယ်. တကယ်ကိုအရူးတစ်ယောက်ကို ဖြစ်ခဲ့တာလေ. အခုဘဝမှာတော့ ဒီအဖြစ်အပျက်တွေမဖြစ်အောင်တားနိုင်လိုက်ပြီဆိုပြီး အေးဆေးနေနေခဲ့တာ. ဒါပေမဲ့ Sky ပြောသလိုပဲအခုချိန်ထိ သူနဲ့ပတ်သတ်နေတုန်းဖြစ်တုန်းပဲ. ပြီးတော့အကြောင်းအရာတွေက အရင်ဘဝက သိထားသလိုမဟုတ်တော့တာကြာနေခဲ့ပြီ. Moon သာသတိမထားမိခဲ့တာ. ဥပမာအရင်ဘဝတုန်းက Lynn ဆိုဒီအချိန်မိဘတွေကပါသိပြီး မင်းခန့် နဲ့ပေါ်ပေါ်ထင်ထင်တွဲနေကြပြီ.အခုကြတော့ အန်တီကသိတောင်မသိသေးဘူး. သေချာစဉ်းစားရင်လွဲနေခဲ့တာတွေအများကြီး. ပြောရရင် ဒါသူသိထားတဲ့အဖြစ်အပျက်တွေမဟုတ်တော့ဘူး. Moon တွေးရင်းတွေးရင်ထိတ်လန့်သွားတယ်. အရင်ကလိုငါပြန်ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ. ကြောက်တယ်.ဟုတ်တယ် သူအခုအရမ်းကြောက်နေတာ.ဘာလို့လဲဆိုတော့ ဒီဘဝမှာသူချစ်ရတဲ့သူရှိနေခဲ့ပြီ. အဲ့ဒီလူနဲ့သူပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းချင်တယ်. အရင်ဘဝကလို အရူးတစ်ယောက်မဖြစ်ချင်ဘူး. ငါဘာလုပ်သင့်လဲ.
"နင်အခုထိမပြန်သေးဘူးလား"
"ကျွန်တော့်မှာ အိမ်သော့မပါလာဘူး ပြီးတော့ ကျွန်တော်ဒီတိုင်းထွက်လာတာ ပိုက်ဆံအိတ်လဲပါမလာဘူး"
"အဲ့တာဆို ငါ တက္ကစီ ငှားပေးလိုက်မယ်"
"ကျွန်တော်ပြန်သွားရင် ဟိုအကောင်နဲ့ ပြဿနာတက်လိမ့်မယ်"
"ဘာလို့လဲ"
"ကျွန်တော်သူနဲ့က တည့်တာမဟုတ်ဘူး အခုချိန်ဆိုကျွန်တော်  အမနဲ့ဒီကိုလိုက်တာတာ သိပြီး အဖေ့ကိုတစ်ခုခုပြောပြီးနေလောက်ပြီ"
"အဲ့တာနင့်ကိစ္စလေ"
"အဖေက ကျွန်တော့်ကို အမဂိုက်လုပ်ပေးနေတာသိသွားတော့ သူ့သားကြီးရဲ့ကောင်မလေးနဲ့မပတ်သတ်နဲ့ဆိုပြီး ပြဿနာရှာပြီး ဖုန်းပါသိမ်းထားတာ အခုလိုလိုက်လာမှန်းသိသွားရင် ကျွန်တော့်ကိုချက်ချင်းတစ်ခြားပို့ပစ်လိမ့်မယ်"
"နေပါဦး...  ဘာကိစ္စနဲ့ ငါကပါလာရတာပြန်တာလဲ. ပြီးတော့ နင့်ငါ့ကိုလွန်ခဲ့တဲ့လတွေကမဆက်သွယ်တာက နင့်ဖုန်းအသိမ်းခံထားရလို့လား"
"ဟုတ်"
"အရေးမပါတာ ငါနဲ့မင်းခန့်ကိုနဲ့ ဘာမှ မှမပတ်သတ်တော့တာကို အဲ့အကောင်ကဘာဖြစ်ချင်နေတာလဲ. မဟုတ်သေးဘူး မနက်ဖြန်ကျရင်တော့ သူနဲ့ ဒီကိစ္စတွေပြောဖို့လိုလာပြီ"
"ကျွန်တော့်လည်းလိုက်ခဲ့မယ်"
"အွန်း"
"အမ ဖုန်းခဏငှား"
"ဘာလုပ်မို့လဲ"
"မေမေ့ကိုလာခေါ်ခိုင်းမို့"
"ရော့"
"ဟယ်လို.. ဟုတ် သားအိမ်သော့ကျန်ခဲ့လို့. အာ...  ဟုတ် ဟုတ်"
"အမ"
"ဘာလဲ"
"မေမေက ခရီးထွက်သွားတယ် လာခေါ်လို့မရဘူးတဲ့"
"ကျွစ်.. အဲ့တာဆိုလဲ နင့်အကိုအခန်းမှာအိပ်လိုက် သူအိမ်မှာမရှိဘူး"
"ကိုမင်းသာကီ ကဘယ်သွားလို့လဲ"
"workshopလို့ပြောတာပဲ ဂျပန်ကိုနှစ်ပတ်လောက်သွားရမှာ"
ပြောရင်းနဲ့ Moon အတွေးပေါက်သွားတယ်. ဟုတ်သားပဲ ဒီကလူတွေနဲ့အဆက်အသွယ်ဖြတ်ချင်ရင် နိုင်ငံခြားထွက်သွားလို့ရတာပဲ. ဟုတ်တယ် အရင်နိုင်ငံခြားထွက်ဖို့မစဉ်းစားတာက အရင်ဘဝကဖြစ်ခဲ့တာတွေကြောင့်ပဲ. ဒါပေမဲ့အခုက အကုန်လွဲနေပြီဆိုတော့ ဒီတစ်ခါ အရင်ဘဝတုန်းကလို မဟုတ်တာတွေမလုပ်တော့ပဲ ဆေးတွေဘာတွေကိုရှောင်လိုက်ရင် ဘာပြဿနာမှဖြစ်စရာအကြောင်းမရှိဘူး.ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သွားတဲ့အခါကြရင် သူ့ကိုလဲ ငါ့နဲ့အတူတူခေါ်သွားလို့ရတာပဲ.ဟုတ်တယ်.
"အမ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလား"
"အင်း.. စိတ်ဆိုးတယ်"
အခန်းထဲဝင်ဖို့ပြင်နေတဲ့ Moonရဲ့ ခါးကိုSky နောက်ကနေ ခပ်ဖွဖွလေး ဖက်ထားလိုက်တယ်. သူပြောစရာတွေအများကြီးရှိတယ်. သူ့မှာအချိန်အများကြီးသိပ်မကျန်တော့ဘူး. ရှိနေသေးတဲ့အချိန်လေးမှာ Moon ကိုပျော်အောင်ထားချင်တယ်. သူမရှိတော့တဲ့အခါကျရင်လည်း Moon ကိုပျော်ရွှင်နေစေချင်တယ်.
"ကျွန်တော်တောင်းပန်ပါတယ်. အားလုံးကကျွန်တော့်ကြောင့်ဖြစ်ရတာ. ကျွန်တော်သာ ရှိမလာခဲ့ရင်ဒီလိုမျိုးတွေဖြစ်လာစရာအကြောင်းမရှိသလို. အမလဲအရမ်းတွေခံစားနေခဲ့ရမှာမဟုတ်ဘူး. ဒါပေမဲ့လည်း ကျွန်တော် အမကိုတစ်ယောက်ထဲလဲ ပစ်မထားနိုင်ဘူး အဲ့တာကြောင့် ကျွန်တော်နဲ့ နိုင်ငံခြားကိုလိုက်ခဲ့ပါ. ကျွန်တော်.... "
"ခဏလေး Sky. နင်ဘာပြောချင်တာလဲဆိုတာတော့ငါမသိဘူး. ငါနားလည်းတဲ့အပိုင်းက နင်နဲ့နိုင်ငံခြားကိုအတူတူသွားစေချင်တာ ဟုတ်တယ်မလား"
"ဟုတ်တယ်"
Moon ကဖက်ထားတာကိုမရုန်းပဲ ရုတ်တရက် လှည့်လိုက်တာကြောင့် Sky ရဲ့ရင်ခွင်ထဲကိုရောက်သွားတယ်. ပြီးတော့ ခြေဖျားထောက်တာတောင်မမှီတဲ့ချင်တဲ့ Sky ရဲ့ပါးလေးကိုကိုလှမ်းကိုင်လိုက်ပြီး
"ငါ နိုင်ငံခြားတော့ သွားမှာ ဒါပေမဲ့ နင်နဲ့တော့မဟုတ်ဘူး. အခုလောလောဆယ် ငါအကုန်လုံးကို အဆက်အသွယ်ဖြတ်ချင်တာ နင်အပါအဝင်ပေါ့. အဲ့တာကြောင့် ငါပြောချင်တာက နင်တော့မသိပေမဲ့ ငါ့အပေါ်ကောင်းခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်. ငါစောင့်နေပါ့မယ် ပြီးတော့ ငါကိုလည်းစောင့်နေပေးပါ အချိန်တစ်ခုရောက်ရင်တော့ နင့်ဆီပြန်လာခဲ့မယ် ဟုတ်ပြီလား. အခုတော့ ငါနင့်ကိုအရမ်းစိတ်ဆိုးနေသေးတယ်" ပြောပြီး Moon အခန်းထဲဝင်လာခဲ့လိုက်တယ်. ဒီကောင်လေးသာ ငတုံးမဟုတ်ဘူးဆိုရင်သူ ပြောချင်တာကို နားလည်မှာပါ.

Lock Me In Your Heart (Z+U)Where stories live. Discover now