ကျိုးဝေ့ရန်တို့နှစ်ယောက် အိမ်ပြန်ရောက်ချိန်မှာတော့ ရှင်းဟန်တို့နှစ်ယောက်က ထမင်းစားဖို့စောင့်နေကြလေသည်။
ရှင်းဟန်ပင် ဘာမှမကူညီလိုက်ပါပဲနဲ့ အဆင်ပြေသွားကြသည်နှင့်အတူ ရှင်းဟန်ရဲ့ Mission လဲ ၆၀% ပြီးစီးနေပြီဖြစ်ကြောင်းပြနေလေသည်။
ရွှီယန်သည် ဒီအခြေအနေကြီးကို ရှက်နေတာမို့ အကြောင်းအမျိုးမျိုးပြကာ အခန်းထဲပြန်ကြံစီနေသ်ာလည်း ပိုင်ယွမ်က ပြောစရာရှိသည်ဟုဆိုတာမို့ သူ့မှာရှက်ရှက်နဲ့ထိုင်နေရလေသည်။
-" မင်းတို့နှစ်ယောက်ကို ငါကန့်ကွက်စရာမရှိပေမဲ့ လူကြီးတွေကတော့ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး။ အဲ့တော့ မင်းတို့ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ။"
မေးခွန်းနဲ့အတူ တိတ်ဆိတ်သွားတဲ့ စကားဝိုင်းကို ကျိုးဝေ့ရန်ကပဲအဖြေပြန်ပေးလိုက်တယ်။
."ကျွန်တော် မှာကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ မိဘတွေလက်ခံလာအောင်လဲ တစ်ဖြေးဖြေးကြိုးစားသွားဖို့ဆုံးဖြတ်ထားပါတယ်။ အဲ့တာကြာင့် စီနီယာကို စိတ်ချစေချင်ပါတယ်။"
-" မင်းကရော ရွှီယန်။ အမှန်တိုင်းပြာရရင် မင်းကိုငါမယုံဘူး။ မင်းကစိတ်ကစားလွယ်တယ်။"
:" ကျွန်တော် ... ကျွန်တော် ဒီတစ်ခါစိတ်ကစားတာမဟုတ်တာသေချာပါတယ်"
-" မင်းတို့ စိတ်သေချာဆုံးဖြတ်ပြီးရင် ငါဘာမှမကန့်ကွက်လိုဘူး ။ ဒါပေမဲ့ ဒီကြမ်းတမ်းတဲ့ အသိုင်းအဝိုင်းမှာ မင်းတို့ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာ ငါစောင့်ကြည့်ဦးမှာ။ အဲ့မတိုင်ခင်တော့ ငါ့ဆီကဘာအထောက်အပံ့မှ ရဖို့တော့မမျှော်လင့်ထားစေချင်ဘူး"
."ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ကို လက်ခံပေးတာနဲ့ကို ရပါပြီ။ ကျေးဇူးပါစီနီယာ"
ပြောပြီးတာနဲ့ ကျိုးဝေ့ရန်သည် ရွှီယန်ကိုခေါ်ကာ ထွက်သွားလေတော့သည်။ ရှင်းဟန်သည် ပိုင်ယွမ်ကို နားမလည်စွာနဲ့ ကြည့်နေလိုက်သည်။ တကယ်တော့ ပိုင်ယွမ်က စောစောကလေးတင် သူတို့နှစ်ယောက်အတွက် ဘယ်လိုစီစဉ်ပေးမယ်ဘာညာပြောနေသေးတာကို။
STAI LEGGENDO
Lock Me In Your Heart (Z+U)
Teen Fictionဒီ Fic လေးက rebirth ကနေမှ System ကိုကူးသွားတဲ့ Fic လေးပါ. အရမ်းကိုချစ်တတ်တဲ့ကောင်လေးအကြောင်းပေါ့😉. အခုမှစရေးတာဆိုတော့အရေးအသားကတော့ လေ့လာသင်ယူနေတုန်းပါ😁. အာ့တာကြောင့်ဖတ်ပြီးတော့ အများကြီး ဝေဖန်ပေးကြပါဦးနော် 😁. Thank You na~🌻 Cover by Lushi Just...