အပိုင်း(ငါး)

759 140 10
                                    

Zawgyi~

ဒီ​နေ့အတွက်​ဝင်​​ငွေ​ကောင်းတယ်​။အရင်​တစ်​​နေ့က ဟိုလူ​တွေနဲ့လဲခဲ့တဲ့အိတ်​ထဲက ​ဆေး​အနည်းငယ်​ကသိပ်​အဖိုးတန်​တယ်​ထင်​ရဲ့။ဂျောင်​မိသားစုရဲ့ သားအကြီးကငမ်းငမ်းတက်​။ကြားက​နေ ပိုက်​ဆံ​အ​ချောင်​ရတဲ့ သူကအမြတ်​​ပေါ့။

လမ်းကျဉ်း​လေးတစ်​​လျှောက်​ ငိုက်​စိုက်​စိုက်​နှင့်​လမ်း​လျှောက်​လာရင်း မျက်​စိ​ရှေ့ရှိ​ကျောက်​ခဲများကို​ဖိနပ်​အပါး​လေးနှင့်​ရှပ်​တိုက်​လာမိသည်​။ဒီည​နေဂျီမင့်​အတွက်​ အ​နွေးထည်​တစ်​ထည်​​လောက်​​ဝယ်​​ပေးဦးမည်​ဟုနမ်​ဂျွန်းစိတ်​ကူးမိ​သေးသည်​။

လွယ်​အိတ်​အစုတ်​​လေးအားလွယ်​ကာ လမ်း​လျှောက်​လာရင်း ​ဝေး​နေ​သော်​လည်းလှမ်းမြင်​ရသည့်​အိမ်​ငယ်​ကို အကြည့်​ပို့လိုက်​မိသည်​။သူ့​ခြေလှမ်းများရပ်​တန့်​သွားရ၏။

အိမ်​​​သေး​သေး​လေးနှင့်​မလိုက်​​အောင်​ တန်းစီရပ်​ထား​သော အိမ်​​ရှေ့ရှိ ကားအနက်​များ​ကြောင့်​ နမ်​ဂျွန်းထိတ်​သွားရသည်​။ကျန်​တာအ​ကြောင်းမရှိ။အိမ်​မှာဂျီမင်​တစ်​​ယောက်​တည်းကျန်​​နေခဲ့တာ။

လွယ်​အိတ်​ကိုကျစ်​​နေ​အောင်​ဆုပ်​ကိုင်​ပြီး​နောက်​ နမ်​ဂျွန်းစိုးရိမ်​စိတ်​များနှင့်​အတူ အိမ်​ဆီသို့​အသားကုန်​​ပြေးသွားမိသည်​။လေအ​ဝှေ့တွင်​သူ့ဆံနွယ်​များလွင့်​ကုန်​ကြ၏။

ဂျီမင်​ကိုဘာမှအဖြစ်​မခံနိုင်​။

အိမ်​​အ​ရှေ့ရှိကားအနက်​များကို လျစ်​လျူရှုရင်းကျိုးပဲ့​​တော့မည့်​ဆဲဆဲအိမ်​တခါးကိုဆွဲဖွင့်​မိလိုက်​​​တော့..သူ့လက်​သီးများခပ်​တင်းတင်းဆုပ်​မိပြီးသား။

ခုံတစ်​​ခုအ​ပေါ်တွင်​​ခြေချိတ်​ထိုင်​​နေ​သော သက်​လတ်​ပိုင်းလူတစ်​​ယောက်​။နံ​ဘေးတွင်​ ဒူး​ထောက်​ထိုင်​​နေသည့်​ ဂျီမင်​။
ဘေးနားတွင်​လည်းမတ်​တပ်​ရပ်​​ပြီး​စောင့်​ကြပ်​​ပေး​နေကြ​သော body guard များ​မြောက်​မြားစွာနှင့်​ အိမ်​​ငယ်​တစ်​ခုလုံးပြည့်​​နေ၏။

Bad Guy {NamJin} Completed !!!Where stories live. Discover now