Zawgyi~
ကင်မ်အိမ်တော်တွင်။
အဖေ့ဈာပနာပြီးမြောက်သွားချိန်တွင် ဆော့ဂျင်မေမေ့အားပွေ့ဖက်နှစ်သိမ့်နေမိသည်။ရှိုက်ငိုနေသောမေမေ့အားထွေးပွေ့ထားမိချိန်သူသည်လည်ငိုကြွေးနေခဲ့သည်။မျက်နှာချင်းဆိုင်တွင်ရပ်နေသော အစ်ကိုကတော့ သူ့အားသိပ်ကိုမုန်းတီးနေပြီဖြစ်လိမ့်မည်။အစ်ကိုရိပ်မိမည်ဟုလည်း ဆော့ဂျင်ထင်သည်။
"မိန်းမ မေမေ့ကိုခေါ်သွားပြီးနားခိုင်းလိုက်ပါတော့.."
အစ်မနှင့်အိမ်ဖော်မိန်းကလေးတစ်ချို့သည် အားပျော့နေသောမေမေ့အားတွဲခေါ်သွားကြသည်။အစ်ကို့မျက်လုံးများအားရင်မဆိုင်ရဲလို့ စားပွဲအပေါ်ရှိအဖေ့ဓာတ်ပုံအားငေးကြည့်လိုက်မိသည်။ရင်ထဲနင့်ခနဲဖြစ်သွားရပြီ ဖခင်တစ်ဦးဆုံးရှုံးလိုက်ရသည့်အပေါ်တွင်ယူကျုံးမရဖြစ်သည်။
ရှိုက်သံတစ်ချက်တောင်ထွက်ပေါ်လာရပြန်ပြီး အဖေ့ဓာတ်ပုံအရှေ့၌ဆော့ဂျင်ဒူးထောက်ထိုင်ချလိုက်မိသည်။ကျောပြင်သည်တလှုပ်လှုပ်ဖြစ်လာပြီး သူတို့မိသားစုကြီး၏နားခိုရာအရိပ်ပျောက်ဆုံးကြောင်းသိရှိလိုက်ရသည်။
"ဘာလို့ငိုနေတာလည်း မင်းမှာမင်းရဲ့အကောင်ရှိသေးတာပဲ"
သူ့အနောက်မှ ထယ့်အသံအားကြားလိုက်ရသည်။မကြားရတာကြာမြင့်နေပြီဖြစ်သောထယ့်အသံတွင်သူ့အပေါ်အမုန်းတရားများအားတွေ့ရှိနိုင်သည်။မျက်လုံးတွေရဲတက်လာသောအခါ ဆော့ဂျင်အဖေ့ဓာတ်ပုံရှေ့၌ဦးချမိလိုက်သည်။နှလုံးသားတွင်နာကျင်နေရသည်။
ထို့နောက်ပခုံးအားဆွဲဆုပ်ခံလိုက်ရပြီး ငိုမနေသောအစ်ကိုသည်သူ့အားပေါက်ထွက်မတတ်စိုက်ကြည့်နေသည်။အစ်ကိုသည်သိပ်အသည်းမာတာကြောင့် သိပ်ချစ်သောအဖေ့အားဆုံးရှုံးရခြင်းတွင် မည်မျှခံစားနေရမှန်း အစ်ကို့မျက်လုံးများမှတစ်ဆင့်ဆော့ဂျင်သိရှိနိုင်သည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal