Zawgyi~
ညနေစောင်းလေအေးအေးများသည် တဝှီးဝှီးတိုက်ခတ်လာသည်။ဆော့ဂျင်၏ဆံသားများလေဝှေ့နှင့်အတူဝေ့ဝဲနေကြသည်။လွယ်အိတ်ကိုမလွယ်ဘဲ လက်ထဲ၌သာပိုက်၍လာတော့ ထယ်ကအနောက်ကနေခပ်ဖွဖွဖက်လာသည်။
ကျောင်းဆင်းချိန်ဖြစ်သည်မလို့ မသိမသာရော၊သိသိသာသာရော ကွက်ကြည့်ကွက်ကြည့်နှင့်မိန်းကလေးတွေကြောင့် ပခုံးအပေါ်ရှိထယ်ယောင်း၏လက်များကိုဆော့ဂျင်ဖယ်ရှားမိသည်။
အနွေးထည်ပါးပါးအတွင်းမှာတောင် ကိုယ်သည်နစ်မြုပ်နေပြီ အအေးဓာတ်ကြောင့် ဆော့ဂျင်၏ပါးပြင်သည် နီရဲလာရသည်။
ကျောင်းအပြင်လူပါးသည့်နေရာရောက်မှ ထယ်သည်ပခုံးအပေါ်သို့လက်ပြန်တင်လာသည်။"sorry ငါမင်းကိုဖက်ထားရရင် comfortဖြစ်လို့"
"အင်း.."
ဆော့ဂျင်၏ဆံပင်တွေကိုပြန်ပြင်ပေးနေရင်း ခပ်ပြုံးပြုံးဆိုလာသော ထယ့်စကားကြောင့် ဆော့ဂျင်ခပ်ရေးရေးပြန်ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အစ်ကိုမင်းကိုလာကြိုမှ ငါပြန်မယ်"
"ငါ ကလေးမဟုတ်ဘူး ထယ်"
"ကလေးမဟုတ်တာထက် ဟိုကောင့်နောက် ထပ်ပါသွားလိမ့်မယ်"
ဆော့ဂျင်သက်ပြင်းချမိပြီးလမ်းဘေးရှိအုတ်ခုံတစ်ခုအပေါ်တွင် ဝင်ထိုင်လိုက်တော့ ထယ်ကမကျေနပ်စွာဆိုရင်းနံဘေးတွင်ကပ်ထိုင်လာသည်။
"မင်း အဲ့ကောင်ကိုစိတ်ယိုင်နေတာလား.."
ထယ့်၏မရဲတရဲစကားသံသည် ဆော့ဂျင်အားပြုံးစေသည်။
ဆော့ဂျင်ကောင်လေးအပေါ်တွင်သက်ရောက်သည့် စိတ်ခံစားချက်များတွင် 'စိတ်ယိုင်ခြင်း' ဟူသည် ဟိုးအဝေးတစ်နေရာတွင်ကျစ်ရစ်ခဲ့ပြီလေ။အခုတော့ ဆန်းကြယ်သည့်ချစ်မေတ္တာများအတွင်း ဆော့ဂျင်နစ်ဝင်နေရပြီ။
ESTÁS LEYENDO
Bad Guy {NamJin} Completed !!!
FanficKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal