Zawgyi~
ညနေခင်းဆည်းဆာဖြစ်သည်နှင့်လျှော်ညီစွာ မိုးကုတ်စက်ဝိုင်းကြီးသည်ပုဇွန်ဆီရောင်သန်းနေလျက်ကာလဖြစ်သည်။အရှိန်နှင့်သွားနေသောဆိုင်ကယ်အမြင့်ကြောင့် ဆော့ဂျင်ဘက်သို့ဦးတည်လာသောလေနုနုကလေးတွင်ကောင်လေး၏ကိုယ်သင်းရနံ့ကလေးများ ပါလာတတ်သည်။
ကင်မ်အိမ်တော်၏အနီးရောက်မှထိုးရပ်သွားသော ဆိုင်ကယ်ထက်မှဆော့ဂျင်မဆင်းမိသေးဘဲ ကောင်လေး၏ကျောပြင်ထက်တွင် သူ့ပါးကိုကပ်ထားမိဆဲဖြစ်သည်။ကောင်လေးကို သူမည်သို့မျှစိတ်မချနိုင်တော့ပါ။သူ့ရင်ခွင်အတွင်းမှထုတ်မပေးနိုင်သေးပါ။
"ဆော့ဂျင်..?"
အနောက်သို့အသာလှည့်ကြည့်လာဟန်တူသောကောင်လေးသည် သူ့လက်များကိုလည်းတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြန်သည်။ဒီကိုမလာခင်က ဥက္ကဋ္ဌချွဲသည်ကောင်လေးသူ့ကိုလိုက်ပို့ရန်ခွင့်မပြုခဲ့ပါ။ဆော့ဂျင်ကိုသူတို့ကားနှင့်လွှတ်ပေးမည်ဖြစ်ကြောင်းပြောလာခဲ့တော့ ကောင်လေးအလွန်ပင်ဒေါသဖြစ်သွားခဲ့ပါသည်။
ဆော့ဂျင်၏ကောင်လေးသည်စိတ်မြန်သည်။စိတ်ကြီးသည်။သူကိုယ်တိုင်သည်လည်းကောင်လေး၏ဒဏ်ရာကျက်ခါစဖြစ်သည်မလို့ပြောခဲ့သေးပေမယ့်အရာမထင်ခဲ့ပါ။ထို့ကြောင့်လည်း ဒီလောကအတွင်းမှကောင်လေးအားမနစ်ဝင်တော့ဖို့ ပြောရန်သူအားလျော့ခဲ့ခြင်းသာဖြစ်သည်။
"ကိုယ်မင်းကိုစိတ်မချဘူး..ကောင်လေး.."
သူမရဲတရဲနှင့်ခပ်တိုးတိုးပြောမိခြင်းတွင် ကောင်လေးသည်ဆိုင်ကယ်ကိုစက်ရပ်လိုက်လေသည်။သူ့လက်များအား ခါးမှအသာအယာဆွဲဖြုတ်သော ကောင်လေးငယ်သည်ဆိုင်ကယ်အပေါ်မှဆင်း၍ဒေါက်ထောက်ထားလိုက်သည်။
ဆော့ဂျင်ခပ်တွေတွေသာငေးမိနေချိန်တွင် ကောင်လေးသည်သူ့ပခုံးနှစ်ဖက်အားဆုပ်ကိုင်လာပြီး မျက်လုံးချင်းဆုံကြည်လာပြန်သည်။စူးရဲသောမျက်ဝန်းကလေးများသည် သူ့အားမလွန်ဆန်နိုင်ရန်ချုပ်ထားပြီးဖြစ်သည်။ဆော့ဂျင်အကြည့်လွှဲမိသောအခါကောင်လေးသညိသူ့မေးစေ့မှဆွဲယူကာ ဆုံကြည့်လာပြန်သည်။ဆော့ဂျင်၏ရင်ခုန်သံများစည်းချက်မညီနေသံကို သူ့ကောင်လေးကြားသွားလောက်သည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal