Zawgyi~
ညရှစ်နာရီခန့်။
တိတ်ဆိတ်နေသောတိုက်ခန်းအတွင်းသို့ နမ်ဂျွန်းဝင်လာလိုက်သည်။ဧည့်ခန်းတွင်ဂျီမင့်ကိုမတွေ့ရ၍မျက်စိကစားလိုက်မိသည်။လက်ထဲတွင်လှည့်လျက်ကိုင်လာသောသေနတ်အား ဂျီမင်မမြင်စေရန်လွယ်ထားသော အိတ်အနက်အတွင်းသို့ နမ်ဂျွန်းပစ်ထည့်လိုက်မိသည်။
နာရီလက်သံလှုပ်ခက်သံသာထွက်ပေါ်နေသော ခြောက်ကပ်ကပ်ဧည့်ခန်းအတွင်းတွင် ဆိုဖာအပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချရင်း မျက်လုံးနှစ်ဖက်ကိုမှိတ်ထားလိုက်သည်။ဆော့ဂျင်၏ကိုယ်ငွေ့များကိုသာခံစားရသည်။မသိလိုက်ခင်မှာပဲ နမ်ဂျွန်းပြုံးမိသွားသည်။
ကင်မ်ဟန်မင်းကို မုန်းသလောက် ဆော့ဂျင်ဆိုသည့်ထိုလူ့ကိုတော့ နမ်ဂျွန်းသေချာပေါက်ချစ်ပါသည်။
ခြောက်ခြားနေသောစိတ်အစဉ်သည် ထိုလူ့ကိုထွေးပွေ့လိုက်လျှင်ပြေပျောက်သွားတတ်သည်။ကြောက်စိတ်နှင့်အမျက်ဒေါသတို့သည်လည်း ထိုလူ့၏မျက်လုံးလေးများကိုဆုံကြည့်မိလျှင် သက်သာရာရောက်သည်။
ဒုစရိုက်သမားများသည် မူးယစ်ဆေးဝါးကိုသုံးစွဲတတ်ကြသည်။မကောင်းမှန်းသိသော်လည်း ဤအရာသည် သူတို့၏စိတ်ပြေရာဖြစ်သည်။
နမ်ဂျွန်းလည်းပဲ ဒုစရိုက်သမားတစ်ဦးဖြစ်သည်။သို့သော်သူ၏ စိတ်ပြေရာလေးသည် မူးယစ်ဆေးဝါးမဟုတ်ဘဲ ကင်မ်ဆော့ဂျင်ဟူသည့် ဆေးကျောင်းသားလေးဖြစ်သည်။မဖြစ်နိုင်မှန်းသိပေမယ့် ထိုဆေးလေးကို နမ်ဂျွန်းစွဲလမ်းမိသည်။
"အစ်ကို့"
ဘေးနားမှထွက်ပေါ်လာသောဆူအောင့်အောင့်အသံလေးကြောင့် နမ်ဂျွန်းမျက်လုံးဖွင့်ကြည့်မိသည်။ဂျီမင်သည် သူ့အကျီ င်္အနက်အားဆုပ်ကိုင်ထားလျက် အရည်ဝေ့သောမျက်လုံးလေးများနှင့် နမ်ဂျွန်းအားစိုက်ကြည့်နေသည်။
ČTEŠ
Bad Guy {NamJin} Completed !!!
FanfikceKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal