Zawgyi~
ဆော့ဂျင်ကြမ်းပြင်ထက်ထိုင်နေရင်း လက်တွေတုန်ယင်နေခဲ့သည်။ကောင်လေးသည်သူ့အား တစ်ယောက်တည်းထားခဲ့ပြီး အခန်းအတွင်းသို့ဝင်သွားသည်။ကောင်လေးပိစိလေးကိုလည်းအတူခေါ်သွားသေးသည်။
တစ်အိမ်တည်းနေနေပုံရရင် မဟုတ်မှလွဲရော အင်း ညီအစ်ကိုတွေလည်းဖြစ်လောက်ပါတယ်။နာကျင်စရာကောင်းသည့်အမှန်တရားတစ်ခုမှာတော့ ကောင်လေးသူ့အပေါ်ဆက်ဆံပုံသည် ထိုပိစိလေးအပေါ်ကောင်လေးဆက်ဆံပုံနှင့်အတော်လေးကွာခြားပါသည်။
ဆော့ဂျင်စီးကျလာသောနှာရည်များအားလက်ခုံနှင့်ဖိသုတ်ပြီးနောက် မျက်လုံးတွေစပ်နေပြီမှန်းသတိထားမိသည်။သူကောင်လေးအရှေ့တွင်အသည်းငယ်မိခဲ့သည်။ငိုမိတာလည်းသတိလက်လွတ်ပင်။သူကောင်လေးထားသွားမှာကိုကြောက်နေခဲ့သည်။
ထူးဆန်းတာတစ်ခုက ကောင်လေးသည်သူ့နာမည်ကိုသိနေသည်။စိတ်ဝင်စား၍စွဲလမ်းမိသော သူတောင်မှ ကောင်လေး၏နာမည်ကိုမသိပေ။သူခနတော့ပျော်ရွှင်သွားမိပါသည်။
သူ့ပြုံးမိသွားသည်။လွန်ခဲ့သောအချိန်များက ငိုထားသောဆော့ဂျင်မဟုတ်သလိုပင်။ကောင်လေးသည် သူ့အပေါ်ဤမျှအထိ လွှမ်းမိုးနိုင်ပါသည်။ကောင်လေးကြောင့်ပြုံးရပြီး ကောင်လေးကြောင့်ပဲငိုရပြန်သည်။
ကောင်လေးအကြောင်းပဲတွေးမိပြီး နောက်ဆက်တွဲဖြစ်လာမည့်ပြဿနာများအား ဆော့ဂျင်မေ့နေမိသည်။စည်းကမ်းတွေ၊ဘောင်တွေနှင့်နေခဲ့ရသည့်သူဟာ ကောင်လေးအိမ်အထိရောက်လာပြီးပြီ။နောက်ဆက်တွေဖြစ်လာစရာတွေသည် မမေ့ထားလျှင် ရင်လေးစရာတွေချည်းပင်။
ထိုစဉ်လွယ်အိတ်အတွင်းမှဖုန်းမြည်လာသည်။contact nameကိုကြည့်မိတော့အစ်ကိုဟန်မင်းဖြစ်နေသည်။ကိုင်ရင်ကောင်းမလား၊မကောင်းရင်ကောင်းမလား စဉ်းစားနေရင်း၊တုန့်ဆုတ်နေရင်း လက်တွေတုန်လာသည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal