အပိုင်း (တစ်​ဆယ့်​သုံး)

545 113 11
                                    

Zawgyi~

ကောင်​​လေး၏ညီဖြစ်​သူဂျီမင်​သည်​ ကုတင်​ထက်​တွင်​နှစ်​ခြိုက်​စွာအိပ်​​ပျော်​သွားသည်​။ဆော့ဂျင်​ထိုပိစိ​လေး၏ဆံသား​လေး​တွေသက်​​ပေး​နေရင်းကရုဏာသက်​မိသည်​။သူလက်​​တွေကိုဆုပ်​ကိုင်​​ထား​သော လက်​​ချောင်း​သေး​သေး​လေး​တွေကိုခပ်​ဖွဖွဖယ်​ရှားလိုက်​ပြီး ​စောင်​တစ်​ထည်​နှင့်​လုံ​နေ​အောင်​ခြုံ​ပေးထားလိုက်​သည်​။

အတိတ်​မှာဘယ်​လိုအမဲစက်​​တွေများထင်​ကျန်​ရစ်​ခဲ့လို့ ​ကောင်​​လေးကအခုလိုဒုစရိုက်​သမားတစ်​​ယောက်​ဖြစ်​လာရတာလည်း ? ထူးဆန်းသည်​။ဆော့ဂျင်​ဟာ ကိုယ့်​အန္တရာယ်​​ကိုယ်​မ​တွေးဘဲ ​ကောင်​​လေးအတွက်​သာ စိုးထိတ်​​ပေး​နေမိသည်​။

အိပ်​ခန်းအတွင်းရှိဆိုဖာအ​ပေါ်တွင်​ ​ဆော့ဂျင်​နွမ်းဖက်​စွာ​ခြေ​ထောက်​ကိုပါတင်​၍ထိုင်​မိသည်​။ပင်​ပန်း​နေ၍မီးမှိတ်​ထား​သောအခန်းအတွင်း​ဆော့ဂျင်​မျက်​လုံးများ​လေးလံလာရသည်​။

ဂျီမင်​က သူနှင့်​အတူအိပ်​ဖို့​ပြော​ပေမယ့်​ သူတို့ကအခုမှ​တွေ့ကြတဲ့သူ​တွေ​လေ...မ​ကောင်းဘူးမဟုတ်​လား?

ဂျီမင်​​လေးက​တော့​ဆော့ဂျင်​အ​ပေါ်အ​တော်​ခင်​တွယ်​၍သိတတ်​ရှာပါသည်​။ချွေးများစိုရွှဲ၍ညစ်​ပစ်​​နေပြီဖြစ်​​သော​ဆော့ဂျင်​၏အကျီင်္ကိုလဲခိုင်းကာ ခပ်​ကြီးကြီးအကျီ င်္တစ်​ထည်​ကိုဝတ်​​ခိုင်းထားသည်​။

ဒါဟာလည်း ​ကောင်​​လေး၏အကျီ င်္ဖြစ်​​ကြောင်းကိုသာ ​ဆော့ဂျင်​သိခဲ့မည်​ဆိုပါလျှင်​ ထိုအကျီ င်္ကိုဝတ်​ထားလျက်​ပင်​ ရင်​​တွေတုန်​လာနိုင်​သည်​။

ဆော့ဂျင်​​ဘာကိုမှဆက်​မ​တွေးနိုင်​​တော့ဘဲ​မှေးခနဲဖြစ်​သွားသည့်​ အချိန်​တွင်​ဖြည်းညှင်းစွာပွင့်​လာ​သောတံခါးကိုသတိထားမိသွားသည်​။သူမလှုပ်​ရဲဘဲ ဒူးကို​ကွေးပြီးမျက်​လုံးကိုဆက်​လက်​မှိတ်​ထားလိုက်​ထားလိုက်​သည်​။

မီးအ​မှောင်​အတွင်းမှာပင်​ အပြင်လမ်းမမှ အ​​လင်းအနည်းငယ်​​တော့ရှိ​နေ​သေးသည်​။ဒါ​ကြောင့်​ခပ်​ဖွဖွဝင်​လာ​သော​ကောင်​​လေးအား မျက်​လုံးအနည်းငယ်​ဖွင့်​ကြည့်​ချိန်​တွင်​ မြင်​​နေရသည်​။

Bad Guy {NamJin} Completed !!!حيث تعيش القصص. اكتشف الآن