အပိုင်း (သုံးဆယ့်​ရှစ်​)

227 37 8
                                    

Zawgyi~

မ​ရောက်​တာကြာပြီဖြစ်​​သော ​ကျောင်းစာကြည့်​တိုက်​၏ပြတင်းအ​ပေါက်​ဝတွင်​ ​ဆော့ဂျင်​ထိုင်​​နေလျက်​textbookကိုစာမပါ၊လက်​မပါလှန်​​လှော​နေခဲ့သည်​။လွန်​ခဲ့​သောသုံးရက်​ကအဖြစ်​အပျက်​နှင့်​ပတ်​သက်​၍တစ်​ခွန်းမျှထွက်​မလာခဲ့သည်​မှာအလွန်​စိတ်​​အေးဖွယ်​​တော့ဖြစ်​သည်​။

ကောင်​​လေးနှင့်​ဖုန်းအဆက်​အသွယ်​​တောင်​မှမရခဲ့သည်​မှာလည်းထို​နေ့ညကတည်းကဖြစ်​သည်​။သူဆက်​​တိုင်းပြန်​လည်​​ဖြေခဲ့တာမျိုး​တော့ရှ်​​သော်​လည်းသူ့ကို​ကောင်​​လေးသိပ်​အချိန်​မ​ပေးနိုင်​ပုံ​ပေါ်ပါသည်​။လေ​နွေး​နွေးများသူစာဖတ်​​နေစဉ်​တိုး​ဝှေ့သွားခဲ့သည်​။ဒီအစား​ကောင်​​လေး၏ရင်​​ငွေ့က​လေးသာဖြစ်​​စေချင်​သည်​။

"​​textbookကိုကြည့်​ရုံကြည့်​​နေတာပဲ.."

ထယ်​သူ့ဆံနွယ်​များကိုဆွဲဖွ၍အနားတွင်​ဝင်​ထိုင်​လာချိန်​တွင်​ ​ဆော့ဂျင်​​ခေါင်းကိုခါလိုက်​မိသည်​။ထယ်​သည်​လည်းအစ်​ကို့ဘက်​က..အလိုတူအလိုပါပဲမဟုတ်​လား..?လှည့်​​တောင်​မကြည့်​ချင်​မိဘဲtextbookကိုပိတ်​၍ထထွက်​ရန်​ပြင်​သည်​။

"ဟ ​ဆော့ဂျင်​ရာ.."

သူ့လက်​​မောင်းအားအလွန်​ပင်​ဖက်​တွယ်​လို့လာပြီး ထယ်​သည်​သူ့ကိုနံ​ဘေးသို့ဆွဲချလာသည်​။ပခုံးထက်​သို့​တောင်​​မေးမှီတင်​လာ​သော​ကြောင့်​ထယ့်​ဆံနွယ်​များသူ့​မေးရိုးသို့တွယ်​ကပ်​သွားကြသည်​။

"​ဆော့ဂျင်​...ငါအဲ့​နေ့ကမင်းကိုစိုးရိမ်​လို့ပါကွာ.."

"​ကောင်​​လေးနဲ့ပဲဆိုရင်​..ငါ့မှာဘာအန္တရယ်​မှာရှိမ​နေဘူး.."

ထယ့်​ပါးပြင်​အားသူဖယ်​ရှားရင်းခပ်​ညီးညီးဆိုလိုက်​မိသည်​။ကောင်​​လေးကိုသိပ်​လွမ်းသည်​။အမှန်​ဆိုလျှင်​ ထို​နေ့ကတည်းက​ကောင်​​လေးဆိုင်​ကယ်​အ​နောက်​ကိုကုပ်​တက်​ပြီးလိုက်​သွားခဲ့သင့်​တာ..။

"သိပ်​ချစ်​တာပဲလား.."

ထယ့်​မျက်​ဝန်းညိုများအားသူ​ငေးလိုက်​မိသည်​။ဒီတစ်​​ခေါက်​တွင်​​တော့ထယ့်​ကိုသူယုံကြည်​​ပေးသင့်​သည်​။ထယ့်​နှုတ်​ခမ်းများသည်​ပြုံး​ယောင်​သမ်း​နေခဲ့၍သူ​ပျော်​ရွှင်​သွားခဲ့သည်​။

Bad Guy {NamJin} Completed !!!Where stories live. Discover now