အပိုင်း(ခုနစ်​)

835 146 18
                                    

Zawgyi~

ကောင်းကင်​တစ်​ခွင်​တွင်​ တိမ်​လွှာညိုများ​ကြောင့်​ အလင်းမမြင်​နိုင်​​အောင်​​မှောင်​မည်း​နေပြီဖြစ်​​သော်​ငြား ဆိုးလ်​မြို့အတွင်းလမ်းမီးတိုင်​များ​ကြောင့်​ အသက်​ဝင်​လှသည်​။

ဆော့ဂျင်​ တငြိမ်​ငြိမ့်​သွား​နေ​သောကားအတွင်း​ငြိမ်​သက်​စွာစီးလာ​နေရင်း ကားပြတင်းမှတစ်​ဆင့်​လှပ​သောမြင်​ကွင်းများအား ​မှင်​သက်​စွာ​ငေး​မိသည်။

ရင်​ထဲ​လေး​လေးလံလံရှိလှသည်​။မ​ရေမရာအ​တွေးတို့​ကြောင့်​ အရင်​ကကြည်​လင်​ခဲ့ဖူး​သော သူ့စိတ်​အစဉ်​ကိုပြန်​လည်​ရရှိရန်​ခဲယဉ်းလှသည်​။

ဘယ်​သူ့အ​ကြောင်းကိုမှပြန်​မစဉ်းစားချင်​ဘဲ..ဒီပစ္စုပ္ပန်​မှာပဲ​နေရန်​သူကြိုးစား​နေမိသည်​။အိမ်​တွင်း​ရေးပြဿနာ​တွေအပြင်
အ​တွေးထဲမှအနည်းကျဉ်းမျှ​တောင်​မထွက်​သွားဘဲ​နေရာယူ​နေတတ်​​သော အနှီ​ကောင်​​လေး​ကြောင့်​ သိပ်​မွန်းကြပ်​လှပြီ။

ဆော့ဂျင်​ဖြည်းညှင်းစွာသက်​ပြင်းချမိသွားသည်​။

"​ဆော့ဂျင်​"

ထိုစဉ်​အစ်​ကိုဟန်​မင်းသည်​ ခပ်​တိုးတိုးဆိုလာရင်း ကားဆိုဖာအ​ပေါ်ရှိသူ့လက်​​ချောင်းများအားအုပ်​ကိုင်​လာသည်​။ဆော့ဂျင်​ထူးဆန်းစွာကြည့်​မိ​တော့ အစ်​ကိုသည်​သူ့ခါးအားသွယ်​ယှက်​လာရင်းရင်​ခွင်​အတွင်းသို့တိုးဝင်​လာ၏။

ဆော့ဂျင်​အနည်းငယ်​ ဟန်​ချက်​ပျက်​သွားရသည်​။

"အစ်​ကို..?"

ရင်​ခွင်​အတွင်းငြိမ်​သက်​စွာ​နေ​နေ​သောအစ်​ကိုသည်​ သူ့အားဘာစကားမှဆက်​မ​ပြောနိုင်​​အောင်​နှုတ်​ပိတ်​ထားသည်​။အစ်​ကို့နှုတ်​ခမ်းဆက်​မှအညိုမည်းရာသည်​ ပလာစတာဖုံးထား၍ကွယ်​​ပျောက်​လို့​နေသည်​။

အ​တော်​​လေးနာကျင်​သွားမှန်း ​ဆော့ဂျင်​ရိပ်​မိပါသည်​။
အ​ဖေ့ရိုက်​ချက်​​တွေအ​ကြောင်းကို သူသည်​သာ နားအလည်​ဆုံးမလို့။

Bad Guy {NamJin} Completed !!!Where stories live. Discover now