Zawgyi~
ဆေးကျောင်းသို့သွားနေသောလမ်းတစ်လျှောက်လုံးတွင် မှိုင်းညှို့နေလေ၏။မနေ့ညကမိုးများစွာရွာသွန်းထားတာကြောင့်ဖြစ်သည်။
မိုးဖွဲဖွဲများသာကျနေသော်လည်း လမ်းလျှောက်နေသူများသည်ထီးကိုယ်စီ၊ကိုယ်စီနှင့်။တစ်ချို့ကျောင်းသွားနေကြသော ကျောင်းသား၊ကျောင်းသူလေးများသည် အချင်းချင်းစနောက်လမ်းလျှောက်နေကြ၏။
ငြိမ့်ငြောင်းစွာမောင်းနေသောကားအတွင်းအနွေးဓာတ်များပြည့်နေတယ်။ကားအတွင်းငြိမ်သက်စွာလိုက်ကာလာသောဆော့ဂျင်သည် နှာဖျားလေးများရဲလို့နေ၏။
မျက်ဝန်းများသည် လမ်းမကျယ်မှလူများထံရစ်ဝဲလျက်။
မိုးဖွဲဖွဲများထဲပျော်ရွင်စွာဆော့ကစားနေကြသော ကလေးတစ်ချို့ကိုမြင်တော့ မနာလိုစွာနှာခေါင်းရှုံ့မိသည်။မဆီမဆိုင် မနေ့ဘနေကလူဆိုးလေးကိုသတိရမိပြီး ပြုံးမိသေး၏။သူ့အတွက်တော့ဒီလိုပျော်ရွှင်မှုဆိုတာဘာမှန်းတောင်မသိခဲ့။
ငယ်ဘဝကနေတက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့အထိ မြောက်မြားစွာသောစည်းကမ်းချက်များနှင့်ပဲအချိန်ကုန်လာခဲ့ရတယ်။"သခင်လေး ဆင်းလို့ရပါပြီ"
ဒရိုက်ဘာသတိပေးမှဆေးကျောင်းရောက်နေပြီဆိုတာကို အသိဝင်သည်။ပတ်ဝန်းကျင်ကိုငေးကြည့်နေမိပြီး အတွေးများနေမိခဲ့တာပဲ။
ကားတစ်ဖက်ခုံတွင်တင်ထားသော လွယ်အိတ်ကိုကောက်လွယ်ပြီး အပေါ်ထပ်အနွေးထည်ကိုပြင်ဝတ်ကာ သူကျောင်းထဲဝင်လာခဲ့သည်။
တစ်နေ့တာအတွက် များစွားသောသင်ခန်းစာများနှင့်လုံးပန်းရတော့မည်။စိတ်မပါသော်လည်း..။
-
တစ်ယောက်စနှစ်ယောက်စသာရှိသော စာကြည့်တိုက်အတွင်းတိတ်ဆိတ်လျက်ရှိသည်။ ကွင်းဆင်းရန်ရှိတာကြောင့် လိုအပ်သည့်စာအုပ်များကို ဆော့ဂျင်ရှာဖွေနေ၏။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal