Zawgyi~
လထွက်လာသည့်ပုံရိပ်ကို ကားအတွင်းမှနေ၍တရိပ်ရိပ်မြင်တွေ့နေရသည်။ဆော့ဂျင်ကားခုံအမှီအပေါ်သို့မှီလျက်ထိုင်နေရင်း အပြင်ဘက်မြင်ကွင်းအား တမ်းတမ်းတတငေးမောသည်။
ရူးမိုက်လွန်းသည်ဟုပဲဆိုရလေမလား..။
ကောင်လေးနဲ့ပြန်တွေ့ရမယ့်အချိန်တွေကို တောင့်တနေမိသည်။ဆော့ဂျင် ကောင်လေးကို ချစ်မိနေပြီ။ချစ်ခြင်းက ဆန်းကြယ်လိုက်လေခြင်း။မကောင်းမှန်းသိရက်နဲ့တောင်မှ ခံစားချက်တွေဟာ အခြေအမြစ်မရှိကာထိန်းမရနိုင်ခဲ့။"ဆော့ဂျင်~"
လက်မောင်းသို့ဆုပ်ကိုင်လာသောအစ်ကို့လက်များသည်အေးစက်နေကြသည်။ဆော့ဂျင်လှည့်မကြည့်မိသေးဘဲ ရွေ့လျားနေသောတိမ်စိုင်များအောက်မှ ကြယ်တွေကိုဆက်လက်ငေးမောနေသည်။
"လက်မထပ်ချင်သေးဘူး"
ဆော့ဂျင်၏အာရုံများအားထိုးဖောက်စေသောထိုစကားသည်ဝမ်းနည်းရိပ်များပြည့်နှက်လို့နေသည်။ဆော့ဂျင်အစ်ကို့အားလှည့်ကြည့်မိတော့ သူ့နည်းတူပင်ကြယ်များအားငေးလို့နေသည်။အရည်ဝေ့နေသောမျက်ဝန်းများနှင့်။
"အစ်ကို ချစ်သူရှိနေပြီလား အဖေတို့ကိုမလွန်ဆန်ရဲ့လို့လား"
"အဟား မဟုတ်ပါဘူးကွာ.."
တော်တော်ကြာမတွေ့ဖြစ်ခဲ့သောဖြူစင်သည့်အစ်ကို့အပြုံးတွေသည်ရယ်သံများကြားတွင်ဖြစ်တည်လာသည်။ဆော့ဂျင်ပါ နှစ်လိုဖွယ်လိုက်ပြုံးမိသွားသည်။
"မင်းသာဟိုအကောင်နဲ့မပတ်သက်မိစေနဲ့.."
အပြုံးတွေကြားဆက်ပြောလာသောအစ်ကို့စကားကြောင့် ဆော့ဂျင်၏နှစ်လိုဖွယ်အပြုံးများရပ်တန့်သွားရသည်။အစ်ကို့ကိုလှည့်ကြည့်နေရာမှ ကြယ်တွေကိုသာပြန်ငေးသည်။ကားအရှိန်နှင့်သွားနေတာကြောင့် တစ်ခါတစ်ရံဝိုးတိုးဝါးတားသာမြင်နေရသည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal