Zawgyi~
မနက်ကတည်းကမျက်နှာညှိုးနေသောဆော့ဂျင်အားငေးရင်း
ထယ်ယောင်းစိတ်ထဲကတိကအောက်ဖြစ်လှသည်။စာပွဲခုံအားဘောပင်နှင့်တဒေါက်ဒေါက်ခေါက်နေသော ဆော့ဂျင်သည်ပို့ချနေသောသင်ခန်းစာများကိုလည်းနားထောင်နေသည့်ပုံမပေါ်ပါ။လှန်ထားသောစာမျက်နှာကိုသာ ဆော့ဂျင်မှင်သေသေစိုက်ကြည့်နေ၏။tutorဆရာမအပြင်ထွက်သွားမှမှောက်အိပ်သွားသောဆော့ဂျင်အနားသို့ ထယ်ယောင်းခုံယူကာဝင်ထိုင်မိသည်။
ဂုတ်နားရှိကုတ်နေသောဆံပင်လေးတွေကိုထိုးဖွပေးတော့လည်း ဆော့ဂျင်ဟာတစ်ချက်တွန့်သွားရုံကလွဲ၍ ဘာမှမတုံ့ပြန်လာသေးပါ။ထယ်ယောင်းမျက်ခုံးများအချိုးညီစွာတွန့်ချိုးသွားကြခြင်းဖြင့်အလိုမကျမှုများထွက်ပေါ်လာရသည်။
မနေ့ကလည်းဘယ်ကကောင်မှန်းမသိ။ဆော့ဂျင်၏အနွေးထည်ကိုလာပေးသည်။ထိုကောင့်ပုံစံသည် နည်းနည်းလေးမှအချိုးပြေမနေပါ။
ဆော့ဂျင်ကလည်းမနေ့ကသူမေးတာကိုအာရုံမရဘဲလျစ်လျူရှုသွားခဲ့သေးတယ်။ဖုန်းဆက်တော့လည်းအဆင်မပြေ။အခုတွေ့ပြန်တော့လည်းလှည့်တောင်မကြည့်။သူငယ်ချင်းတစ်ယောက်အနေနဲ့ သိထားသင့်တာတွေကိုသူသိအောင်လုပ်ရမည်။
"ဆော့ဂျင် ဘာဖြစ်နေတာလည်း"
ဆော့ဂျင်အသံတိတ်လက်ခါပြလာသည်။အခန်းအတွင်းလူရှင်းနေပြီဖြစ်သည့်အတွက် ထယ်ယောင်း၏အသံသာဟိန်းထွက်လျက်ရှိသည်။ထယ်ယောင်းစိတ်မရှည်စွာပင် ဆော့ဂျင်၏လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ရင်းသူ့ဘက်သို့လှည့်စေသည်။
ဆော့ဂျင်သည်ထယ်ယောင်းအား ဘာလည်းဆိုသောသဘောဖြင့် မျက်ခုံးပင့်ပြသည်။လက်မောင်းများအားလွှတ်ပေးရင်း ထယ်ယောင်းသက်ပြင်းချမိသွားသည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal