Zawgyi~
ကောင်ကင်ယံတွင် ပုဇွန်ဆီရောင်သန်းနေလေသည်။ဆော့ဂျင်လွယ်အိတ်ကြိုးအားတင်းနေအောင်ဆုပ်ကိုင်ထားရင်း ဖုန်းသေးသေးလေးကိုလည်းလက်ထဲတွင်ကိုင်ထားသေးသည်။ကျောင်းထဲတွင်လူများရှင်းလာသည်အထိ ကျောင်းဂိတ်အနားတွင် ဆော့ဂျင်ငြိမ်လျက်ထိုင်နေသည်။
ထယ်နေ့လည်ခင်းကပြန်သွားလို့တော်ပါသေးသည်။ဒီအချိန်ဆိုလျှင် အစ်ကိုသည်လည်းလက်ထပ်ပွဲကိစ္စနှင့်အလုပ်အတော်ရှုပ်နေလောက်သည်။အိမ်ကလာကြိုမည့်ကားလည်းမရှိတော့ ပိုအဆင်ပြေသွားသည်။
မျက်စောင်းထိုးနေပြီဖြစ်သောဂိတ်စောင့်ဦးလေးကြီးအား လျစ်လျူရှုရင်းဆော့ဂျင်ဂိတ်အပြင်သို့ခေါင်းလေးပြူကြည့်မိပြန်သည်။မျက်စိရှေ့မှာတင် သူ့ထံသို့ဦးတည်လာသော ဆိုင်ကယ်တစ်စီးအားတွေ့လိုက်ရသည်။
ဆော့ဂျင်နှစ်ခြိုက်စွာပြုံးမိသွားသည်။တစ်ကိုယ်လုံးတွင်အနက်ရောင်ဝတ်ဆင်ထားသောသူသည် သေချာပေါက်သူ့ကောင်လေးဖြစ်သည်။ကောင်လေး၏ဆိုင်ကယ်သူ့အရှေ့သို့ရောက်လာတော့မှ ဆော့ဂျင်မတ်တပ်ရပ်မိသည်။
ဆိုင်ကယ်ဦးထုတ်ဆောင်းထားသောကောင်လေး၏မျက်လုံးလေးများကိုသာဆော့ဂျင်မြင်ရသည်။ဆော့ဂျင်ကောင်လေးကိုပြုံးပြလိုက်တော့ ကောင်လေးသည် ခြင်းအတွင်းရှိဆိုင်ကယ်ဦးထုတ်တစ်ခုအားမျက်စပစ်ပြသည်။
ဆိုင်ကယ်ဦးထုတ်ကိုယူဆောင်းလိုက်ပြီးနောက် ကောင်လေး၏အကျီ င်္စအားဆုပ်ကိုင်ရင်းဆော့ဂျင်ဆိုင်ကယ်အပေါ်သို့ခွတက်သည်။အရှိန်နှင့်လျင်မြန်စွာထွက်သွားသောဆိုင်ကယ်ကြောင့် ဆော့ဂျင်ကောင်လေးအားတင်းကျပ်စွာဖက်တွယ်လိုက်ရသည်။
ကောင်လေး၏မေးကြောများတည်တင်းနေသည်။ဆော့ဂျင်အနည်းငယ်တုန်ယင်လာမိချိန်တွင် ကောင်လေး၏ဂုတ်နားရှိမှဲ့နက်လေးအား သတိထားမိသွားသည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal