အပိုင်း (နှစ်​ဆယ့်​ကိုး)

436 78 58
                                    

Zawgyi~

ချွဲမင်​ဟွန်း၏အလုပ်​ခန်းတံခါးအား​စောင့်​တွန်းပစ်​မိသည်​။အခန်းအတွင်းသို့ ကြမ်းတမ်းစွာဝင်​ချလာရင်း ညနက်​တာ​တောင်​မအိပ်​​သေး​သောချွဲမင်​ဟွန်းအား​တွေ့လိုက်​ရသည်​။သူတစ်​ကြိမ်​တစ်​ခါမျှ မမြင်​ဖူး​သောပုံစံဖြစ်​သည်​။ချွဲမင်​ဟွန်းသည်​ ​ဟောင်းနွမ်းနွမ်းဓာတ်​ပုံတစ်​ခုအား ​ငေးကြည့်​​နေရင်းမျက်​ရည်​​တွေ​ဝေ့ဝဲလျက်​ရှိသည်​။

သူ့ကိုရုတ်​တရက်​မြင်​လိုက်​ရ​တော့ ထိုဓာတ်​ပုံအားအိတ်​ကပ်​အတွင်းသို့ကပြာကယာထိုးထည့်​​နေသည်​။မျက်​ရည်​စများအားမသိမသာဖယ်​ရှားပြီး​နောက်​ မတ်​တပ်​ရပ်​​နေ​သောနမ်​ဂျွန်းထံသို့ ချွဲမင်​ဟွန်းလမ်း​လျှောက်​လာသည်​။ထိုဓာတ်​ပုံကို​တော့ နမ်​ဂျွန်းမမြင်​မိလိုက်။

"ဘာရှိလည်း.."

"ကင်​မ်​​ဆော့ဂျင်​ကို​တွေ့ချင်​တယ်​.."

လက်​သီးကိုတင်းတင်းဆုပ်​ထားရင်းအခန်းအတွင်းရှိပန်းအိုးတစ်​ခုအားအကြည့်​​ရောက်​လျက်​ နမ်​ဂျွန်းဆိုမိသည်​။ချွဲမင်​ဟွန်းက​တော့ ခပ်​ဖွဖွသာရယ်​သည်​။ခေါင်းကိုခပ်​ဆက်​ဆက်​ငြိမ့်​ပြလာသည်​။

"အင်း ကင်​မ်​ဟန်​မင်းရဲ့လက်​ထပ်​ပွဲမနက်​ဖြန်​ရှိတယ်​..အစကတည်းကမင်းကိုပါ​ခေါ်ဖို့ ရည်​ရွယ်​ထားပြီးသား.."

"မနက်​ဖြန်​လာခဲ့ပါမယ်​.."

နမ်​ဂျွန်းအခွင့်​အ​ရေးကိုရသည်​နှင့်​တပြိုက်​နက်​​ခေါင်း​ဆောင်​အား အရိုအ​သေ​ပေးပြီးလှည့်​ထွက်​ရန်​ပြင်​သည်​။ထို့​နောက်​ ပခုံးအားလှမ်းအဆွဲခံလိုက်​ရသည်​။အ​နောက်​မှ​ဆေးလိပ်​​ငွေ့များထွက်​လာသည်​နှင့်​ ဝမ်းနည်းရိပ်​သန်း​စေသည်​။

"ချွဲနမ်​ဂျွန်း..ငါ့သားက​အချစ်​ကို​သိသွားပြီပဲ မယုံနိုင်​စရာ​ကောင်းလိုက်​တာ.."

"ကင်​မ်​​ဆော့ဂျင်​ကိုပဲ သိတာပါ သွားခွင့်​ပြုပါ ​ခေါင်း​ဆောင်​.."

ပခုံးအ​ပေါ်ရှိလက်​များအားအသာပုတ်​ချရင်း နမ်​ဂျွန်းထွက်​လာခဲ့သည်​။ကျန်​ရှိခဲ့​သောချွဲမင်​ဟွန်းသည်​ ကျလာ​သောမျက်​ရည်​များအားအသာဖယ်​ရှားသည်​။

Bad Guy {NamJin} Completed !!!Where stories live. Discover now