Zawgyi~
ကောင်ကင်ယံတွင်တိမ်မျှင်တွေသာရှိနေကြသည်။
အတန်းအတွင်း နှစ်ဦးတည်းသာရှိနေသေးချိန်တွင် ထယ်သည် ဆော့ဂျင်၏နံဘေးတွင်ငြိမ်သက်စွာထိုင်နေရင်း အရင်တစ်ခါနှင့်မတူတော့မှန်းဆော့ဂျင်သတိထားမိသည်။
မနေတတ်စွာပင် စားပွဲအပေါ်ရှိအအေးတစ်ခွက်ကို ဆော့ဂျင် ယူသောက်လိုက်မိသည်။ဒီမနက်တွင်အနည်းငယ်ဝမ်းနည်းချင်နေသည်။ကောင်လေး သူ့ကိုအော်လိုက်သည်။
အရင်လည်း ဒီလိုတွေဆက်ဆံနေကျဆိုပေမယ့် နူးညံ့စွာဆက်ဆံမှုလေးတွေကိုမြတ်နိုးအပြီးမှာမှ ဒီလိုဆက်ဆံမှုတွေအတွက်ခံနိုင်ရည်ကတော့ ဆော့ဂျင်တွင်ရှိမနေခဲ့ပါ။
သို့သော် ထူးဆန်းစွာပင် ကောင်လေးကသူ့ကိုထပ်တွေ့မည်တဲ့။အရင်က ဝေးဝေးနေလို့ပြောထားတဲ့ကောင်လေးကလေ။
ပြီးတော့ကောင်လေးကသူ့ကိုသေချာပေါက်ကိုနမ်းခဲ့သည်။ရင်ခုန်ရသည်။
နှလုံးသားနုနုအတွင်းလှိုင်းပြေပြေလေးများဖြစ်ပေါ်ရသည်။သူတို့နှစ်ဦးကြားကဆက်ဆံရေးကို ဆော့ဂျင်ကိုယ်တိုင်ပင်လိုက်မမှီတော့ပါ။ကောင်လေးက သူ့ကိုသာစိတ်ဝင်စားနေခဲ့လျှင်...
ဆော့ဂျင်အအေးခွက်ကိုပိုမိုတင်းကြပ်စွာဆုပ်ကိုင်မိသွားသည်။
နားဖျားများရဲတက်သွားကြသည်။ပတ်ဝန်းကျင်ကိုပင်မေ့လျော့သွားပြီးခပ်ရေးရေးပြုံးမိသွားသည်။မဖြစ်နိုင်တာ..ကောင်လေးက သူကြောက်နေခဲ့လို့ နှစ်သိမ့်တာလည်းဖြစ်နိုင်တာပဲလေ။
"ဆော့ဂျင် ကိုယ့်ကိုယ်ကိုယ်သတိထားဦး.."
လေးပင်စွာထွက်ပေါ်လာသောထယ့်စကားကိုကြားမှ ဆော့ဂျင်အသိစိတ်ဝင်တော့သည်။အအေးခွက်ကိုစားပွဲအပေါ်သို့ပြန်တင်လိုက်ပြီးနောက် ထယ့်ကိုမရဲတရဲကြည့်မိသေးသည်။
YOU ARE READING
Bad Guy {NamJin} Completed !!!
FanfictionKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal