Zawgyi~
နေရောင်ဖြာနေချိန်တွင် ကောင်လေး၏တိုက်ခန်းအရှေ့သို့ ကားကလေးသည်တလှိမ့်လှိမ်ရောက်လာလေသည်။ခါးပတ်ဖြုတ်ပေးလာသောထယ့်လက်များအေးစက်လို့နေသည်။ဆော့ဂျင်ထယ့်ကိုခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက်ကားအပေါ်မှအလျင်စလိုဆင်းလိုက်မိသည်။လှေကားထစ်တစ်လျှောက်တွင်ထယ်သည်သူ့အနောက်မှကပ်ပါလာပြီး အရာရာကိုအကဲခတ်နေသည်။
မနေ့ကကိစ္စတွေသည်ရပ်မသွားဘဲပို၍တင်းမာလာခဲ့သည်။အစ်ကို့အခြေအနေသည်ထိန်းမရတော့သည့်အခြေအနေပင်ဖြစ်သည်။ယနေ့နံနက်ကလည်း သူတို့ပင်မသိလိုက်ခင်တွင် အစ်ကိုသည်ကားနှင့်ထွက်သွားခဲ့လေသည်။အိမ်ကdriverတွေအကုန်အကို့အားလိုက်လံရှာဖွေကြရသည်။မေမေသည်လည်းတစ်မနက်လုံးတမှိုင်မှိုင်တတွေတွေနှင့်။
သူကပါမိသားစုအခြေအနေများကြားရောယောင်၍ပူဆွေးနေလျှင် သူတို့မိသားစုရေစုံမြောလိမ့်တော့မည်။ထို့ကြောင့် ကောင်လေးထံသို့အကူအညီတောင်းရန်သူရောက်လာခဲ့ခြင်းဖြစ်သည်။မဖြစ်နိုင်မည့်ရာခိုင်နှုန်းပို၍များသော်လည်းပေါ့..။
တိုက်ခန်းအတွင်းသို့ဝင်ရောက်လာချိန်တွင် အရင်တစ်နေ့ကလည်းတွေ့ဖြစ်ခဲ့သော ချွဲဥက္ကဋ္ဌ၏လူများပစ္စည်းတွေသိမ်းဆည်းနေတာကိုတွေ့လိုက်ရသည်။ကောင်လေးကရော..ဘယ်မှာလည်း..?ကောင်လေးဒီမှာမနေတော့တာလား..သူ့ကိုဘာမှကြိုမပြောထားခဲ့ပါ။
သူလှုပ်လှုပ်ရှားရှားဖြစ်သွားချိန်တွင် ထယ်သည်အနောက်မှနေ၍သူ့လက်ကိုဆွဲကိုင်ထားလေသည်။ထိုလူတွေသူတို့ကိုကြည့်လာကြချိန်တွင် ဆော့ဂျင်ခေါင်းငုံ့ကာအရိုအသေပေးမိသည်။
"ကောင်လေး..အာ..နမ်ဂျွန်းရောမသိဘူးဗျ.."
"သခင်လေးကအခန်းထဲမှာရှိပါတယ်.."
ESTÁS LEYENDO
Bad Guy {NamJin} Completed !!!
FanficKimNamJoon X KimSeokJin Sorry Mom I'm in love with this criminal..... Playlist - criminal