သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)

863 195 8
                                    

Chapter (119) - သူပြန်လာပြီ


"သူ့ရဲ့ခေါင်းနဲ့ နံရံကို ဆက်တိုက်ဆောင့်နေတာက    သူ့ ဦး နှောက်ထဲ့တစ်ခုခု ၀ င်သွားသလိုပဲ?"

ချန်ကောက ထိုလူပြောပြတဲ့ ဝမ်ဟိုင်မင်ရဲ့အခြေနေကို နားထောင်ပြီး ကျန်းဖုန်ရဲ့ အခြေနေနဲ့ အတော်တူနေတာကို သတိထားလိုက်မိတယ်။

(ကျန်းဖုန်- ပထမဆုံး မှန်ထဲက မကောင်းဆိုးဝါး ဝင်ပူးတာကို လက်ခံလိုက်တဲ့လူ)

 သူတို့နှစ်ယောက်စလုံးကို တစ်စုံတစ်ရာက ပိုင်ဆိုင်ဖို့ လုပ်ချိန်မှာ   ဝမ်ဟိုင်မင် ကရုန်းကန်ဖို့ဆုံးဖြတ်ခဲ့ပြီး ကျန်းဖုန်က  ပူးပေါင်းဆောင်ရွက်ဖို့ရွေးချယ်ခဲ့တယ်။

ညသန်းခေါင်ယံက ယင်စွမ်းအင် အများဆုံးစုစည်းသည့်အချိန်ဖြစ်သောကြောင့် ထိုအရာများက အတက်ကြွဆုံးအချိန်ဖြစ်သည်။ ဝမ်ဟိုင်းမင်သည် သန်းခေါင်ယံတွင် အဘယ်ကြောင့်နေ့တိုင်းလှုပ်ရှားခဲ့သည်ကိုရှင်းနေသည်။

ချန်ကောသည် ဒီမေးခွန်းကိုဆက်လက်မေးမြန်း ရန်ဆုံးဖြတ်ခဲ့သည်။

"ဝမ်ဟိုင်မင် မသေခင်က တခြားထူးဆန်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့ဖူးလား?"

"သူက စိတ်ရောဂါကုဆေးရုံမှ ပထမဆုံးအကြိမ်ထွက်လာသည့်အခါတုန်းက သူက ပုံမှန်လိုပဲ ခံစားခဲ့ရတယ်။ တစ်စုံတစ်ရာကို တုံ့ပြန်မှုအနည်းငယ်ရှိခဲ့ပေမယ့် ကြာလာလေလေ သူ့အပြုအမူက ထူးဆန်းလာလေပဲ။ နေ့အချိန်ဆိုကောင်းနေပြီး သူများတွေကိုတောင် နူတ်ဆက်နေနိုင်သေးတယ်။ ညအချိန်ရောက်ရင်တော့  အခြားလူတစ် ဦး လိုပြောင်းလဲသွားတယ်။ နံရံပေါ်ကို ခေါင်းမှီပြီး တဒုန်းဒုန်းဆောင့်တယ်။ မှန်ထဲကိုကြည့်ပြိး စကားပြောတယ်။ သူ့မျက်နှာ ခရမ်းရောင်ပေါက်လာတဲ့ အထိ ကိုယ့်လည်ပင်းကိုယ် ညစ်တယ်။ သူ့လက်ကို လုံးဝကို မလွတ်ဘူး။"

 ဒီလူရဲ့အမူအယာအရ ဝမ်ဟိုင်မင်ရဲ့ နောက်မိန်းမက သူ့ငွေကို လိမ်ယူပြီး စိတ်ရောဂါကုဆေးရုံသို့ပို့ခဲ့သည်။ ဒီဖြစ်ရပ်သာ တကယ်ဖြစ်ခဲ့ရင် ဝမ်ဟိုင်မင်က ဆေးရုံမတက်ခင်က အကောင်းဖြစ်ရမည်။ သာမန်လူ တစ်ယောက်ဆေးရုံကိုရောက်လာပြီးပုံမှန်မဟုတ်တော့ဘူး။

သူက ဒီပစ္စည်း(မကောင်းဆိုးဝါး) ကိုဆေးရုံကနေ ယူလာတာဖြစ်နိုင်တယ်။ ချန်ကောရဲ့နှလုံးသားထဲမှာ အဖြေတစ်ခုဖြည်းဖြည်းချင်းရောက်ရှိလာပြီး သူက ဆက်မေးလိုက်သည်။

 "ဝမ်ဟိုင်မင်ရဲ့သေခြင်းအကြောင်းကို အသေးစိတ်ပြောပြနိုင်မလား?"

ထိုလူသည်ကြီးမားသော စိတ်ဝင်စားမှုဖြင့် အရက်ပုလင်းကို သူ့လက်မောင်းကြားပိုက်ကာ ပြောပြခဲ့သည်။

 "လူသေတစ်ယောက်ကို မင်းဘာကြောင့် ဒီလောက်စိတ်ဝင်စားရတာလဲ ဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါ့စကားကိုနားထောင်ပါ။ ဒီနေရာက ကျိန်စာသင့်နေတယ်"

"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်"

ချန်ကောထံမှသွေးဆောင်မှုကို ရပြီးနောက် သူသည်နောက်ဆုံးအဖြေပေးခဲ့သည်။

"ဒီမတိုင်ခင်က  ဝမ်ဟိုင်မင်ရဲ့ အော်သံကို ငါတို့ကြားခဲ့ ရတယ်။ အိမ်ငှားတွေက ဒီနေရာကိုသွားပြီး အော်ခေါ်ကြပေမယ့် သူသေတဲ့နေ့မှာ ဘယ်သူမှ သူ့ကိုမကြားရဘူး။ နောက်နေ့မနက်မှာ အိမ်ရှင်က သူ့ခန္ဓာကိုယ် တောင့်တင်းပြီး သေနေတာကို တွေ့ခဲ့တယ်"

"သူသေတဲ့မြင်ကွင်းက ဘယ်လိုလဲ"

ချန်ကော ကမေးတယ်။ ဝမ်ဟိုင်မင်၏အဖြစ်အပျက်ကို အသေးစိတ်သိရတာက ဒီမစ်ရှင်ကို ဖြေရှင်းဖို့  အလွန်အရေးကြီးသည်။


ထိုလူက ချန်ကောကို သိလိုစိတ်ပြင်းပြစွာဖြင့်ကြည့် ခဲ့သည်။ ဤလူငယ်သည် ဤအရာများကို အဘယ်ကြောင့် အလွန်စိတ်ဝင်စားရကြောင်း သူ နားမလည်နိုင်ပါ။

"ဝမ်ဟိုင်မင်ရဲ့  နဖူးမှာအပေါက်ကြီးတစ်ခုရှိတယ်။   ၃၀၃ နဲ့ ၃၀၄ နံရံ ကြားမှာ သွေးတွေအိုင်နေတယ်။ သူမျက်နှာကခရမ်းရောင်ဖြစ်နေတယ်။ အောက်ဆီဂျင်ပြတ်လပ်လို့ သေသွားသလိုပဲ သူ့မျက်နှာက ခရမ်းရောင်ဖြစ်နေတယ်။ ရဲတွေအဆိုအရသူတို့က ဝမ်ဟိုင်မင်က သူ့လည်ပင်း သူညစ်ပြီး သတ်သေသွားတယ်လို့ပြောတယ် "

"ဒါဆို့သူ့ကိုယ်သူ လည်ပင်းညှစ်ပြီးသတ်သေတာပေါ့?"

"အခန်းက သော့ခတ်ထားတယ်။ သူ တစ်ယောက်တည်းနေတယ်။ တံခါးနဲ့ပြတင်းပေါက်တွေက အရာမယွင်းဘူး။ "

 ထိုလူသည်ဘီယာကိုလက်စသတ်ပြီး ဗလာလွတ်နေသောပုလင်းကိုလွှင့်ပစ်လိုက်သည်။

 "မင်းပြီးပြီလား။ နေရောင်ရှိတုန်း  ဘီယာဝယ်ဖို့ ငါ အောက်ကို ဆင်းချင်တယ်"

"နေရောင်ရှိတုန်းလား?"

ချန်ကော သည်မှောင်မိုက်နေသော ကောင်းကင်သို့ကြည့်ပြီး နောက်ဆုံး စကားပြောခဲ့သည်။

"နောက်ဆုံးမေးခွန်းတစ်ခုကတော့ ဝမ်ဟိုင်မင်းသေဆုံးပြီးနောက် ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဒီနေရာမှာ ရှိခဲ့လား။ "

ချန်ကောကထိုမေးခွန်းမေးသောအခါ ထိုသူ၏မျက်နှာပြောင်းလဲမှုကို သတိပြုမိခဲ့သည်။ ထိုလူသည် သူ၏လက်ဖဝါးထဲရှိငွေကိုကြည့်ပြီး ချန်ကောဆီသို့တိုးတိုးပြောလိုက်သည် -

" အရင်အိမ်ငှားတွေက သူတို့ဝမ်ဟိုင်မင်ပြန် လာတာကိုတွေ့တယ်လို့ကျိန်ပြောခဲ့ကြတယ်"

"သူသေသွားပြီ မဟုတ်လား"


ချန်ကော ပြောလို့ မပြီးခင် မှာ သူဟာ ချန်ကောကို အခန်းထဲကနေနှင်ထုတ်ခဲ့ပါတယ်။

"ဟေ့! ကျွန်တော့်ကို ရှင်းပြပါဦး!"

ထိုသူသည်တံခါးကို ပိတ်ကာ ငြင်းပယ်ပြီးဖြစ်သည်။ အချို့သော တွန့်ဆုတ်မှုများဖြစ်ပြီးနောက် ချန်ကော သည် အိမ်ပိုင်ရှင်၏ပထမထပ်သို ဆင်း ခဲ့သည်။ ဝမ်ဟိုင်မင်းသည် တတိယဖျားနာဆောင် ခန်းမမှလာခြင်းဖြစ်သဖြင့် သူသည် သူမအပေါ် တတိယဖျားနာဆောင်ခန်းမနှင့် ပတ်သတ်သော သတင်းအချက်အလက်အချို့ ပြောပြပေးနိုင်သည်။  တတိယဖျားနာဆောင်နဲ့ပတ်သတ်တဲ့သတင်းက ချန်ကောရဲ့မိဘတွေ ပျောက်သွားတာနဲ့ ဆက်စပ်နေလို့ ချန်ကော လုံးဝ လက်မလျှော့နိုင်ပါ။

 အိမ်ရှင်က ချန်ကောရဲ့ရည်ရွယ်ချက်ကို သိတော့ တုန့်ပြန်မှုက လုံးဝကို ပြင်းထန်ခဲ့သည်။ ချန်ကော ဒီကနေ ထွက်မသွားရင် ရဲခေါ်မယ်လို့တောင် ချိန်းခြောက်ခဲ့တယ်။.

 သံမဏိတံခါးက သူ့မျက်နှာရှေ့မှာ ပိတ်သွားပြီး ချန်ကောက  စင်္ကြံထဲမှာ ရပ်နေပြီး အကူအညီမဲ့နေတယ်လို့ ခံစားနေရတယ်။  ချန်ကော ဘယ်လိုပြောပြော အိမ်ရှင်က ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆန်ခဲ့တယ်။

 အခန်း ၃၀၃ ရဲ့ခတ်ထားတဲ့ သော့ကို ငါ ရိုက်ဖွင့်ရင် အိမ်ရှင်က သေချာပေါက် ရဲခေါ်လောက်တယ်...

 ချန်ကော
 တတိယထပ်သို့  တက်လာပြီး ဆရာဝန်  နှင့်ဆွေးနွေးရန်ပြန်လာသော်လည်း တံခါးဖွင့်ချိန်တွင် သူ ရပ်လိုက်သည်။

အခန်း ၃၀၂ ရှိ လူသည် ဘာကြောင့် အခုထိ ဖုန်းဆက်နေတုန်းလဲ...

 လူငယ်တစ်ယောက်၏အသံသည် တံခါးနောက်မှ ထွက်လာ သည်။

" ငါ့ကိုသေဖို့ ဖိအားပေးနေတာလား?"

ငါ မန်နန်ရဲ့အခန်းထဲက ထွက်လာကတည်းက နာရီဝက်ကျော်ကြာပြီ၊ လူငယ်လေးက ဖုန်းပြောနေတာ မပြီးသေးဘူးလား။ ပုံမှန်ဖုန်းခေါ်ဆိုခြင်းသည် ဒီလောက်မကြာနိုင်ပေ။ ကြိမ်ဖန်များစွာကြာသော်လည်း သူက ဒီဝါကျအနည်းငယ်ကို ထပ်ခါထပ်ခါ ပြောနေတာက ထူးဆန်းနေတယ်။

သူနဲ့ဘယ်သူတွေငြင်းခုံနေတာလဲ။ သူ့အသံကိုပဲ ငါကြားနေတယ်၊ အခုနားထောင်တာ ပိုနီးလာတာနဲ့ သူဖုန်းပြောနေသလိုမျိုးတော့ အသံမထွက်ဘူး။ ချန်ကောသည်နားထောင်ရန် တံခါးကိုခေါက် လိုက်သည်။
 
ဒီလူက သံသယဖြစ်စရာပဲ။

သူသည်တံခါးကိုခေါက်လိုက်သည်နှင့်အငြင်းပွားသံ ချက်ချင်း ရပ်သွားခဲ့သည်။ ဆယ်စက္ကန့်အကြာတွင် တံခါးပွင့်သွားပြီး တံခါးနောက်ကွယ်မှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော် ဘာကူညီပေးရမလဲ?"

"ခင်ဗျားဘေးမှာ ဒီအခန်း ၃၀၃ နဲ့ပတ်သက်ပြီး ... "

"မသိဘူး"

ချန်ကော စကားမဆုံးခင် ထိုလူငယ်က   တံခါးကိုပိတ်ထားပြီးဖြစ်သည်။ သူတတ်နိုင်သမျှ လူတိုင်းကိုမေးခဲ့ပြီး ချန်ကောလည်း ရွေးချယ်စရာမရှိတော့ပါ။ သူကအခန်း ၃၀၄ ကိုပြန်သွားပြီး တံခါးကို မပိတ်ခင် ဒေါက်တာကောင်းကို ခေါင်းငြိမ့်ကာ အသာခေါ်ပြီး အနောက်ဘက် ပြတင်းပေါက်နားကို သွားလေ့လာလိုက်သည်။

အနက်ရောင်ဖုန်း ပေးထားသောမစ်ရှင်နေရာမှာ အခန်း ၃၀၃ ဖြစ်သည်။ ငါက အခန်းထဲကို ညသန်းခေါင်ယံတွင် ဝင်၍ စစ်ဆေးရန်လိုအပ်တယ်။ ချန်ကောက   ပြတင်းပေါက်ကို ဖွင့်ကာ အကဲခတ်လိုက်တော့  အခန်း ၃၀၄ နှင့် ၃၀၃ တို့သည် တစ်ခုနှင့်တစ်ခုကပ်လျက် တည်ရှိပြီး သူတို့၏ပြတင်းပေါက်များသည် တစ်မီတာအကွာတွင်ရှိသည်။

ငါ ဒီပြတင်းပေါက်ကနေ ထွက်ပြီး အခန်း 303 ပြတင်းပေါက်ကို လှမ်းခိုလိုက်ရင်ဖြစ်နိုင်တယ်။ ချန်ကောက စမ်းကြည့်ရန်ပြတင်းပေါက်ဘေးတွင် ထိုင်ခုံကို ချထားသည်။ အခန်း ၃၀၃ ရှိပြတင်းပေါက်ကို သော့ခတ် မထားသဖြင့်ပြင်ပမှဖွင့်နိုင်သည်။

ဟိုဘက်ကို ဒီကနေ ကျော်သွားရင် ဘာပြသနာမှမရှိဘူး၊ ဒါပေမယ့် အဲ့ဒီအတွင်းမှာ စောင့်နေတဲ့အရာကော ဘယ်လိုဖြစ်မလဲ။ အပြန်မှာ ပြတင်းပေါက်ကနေ ကျော်လာဖို့ထက် အချိန်အတော်ယူရဦးမယ်။

ချန်ကောက ခေါင်းငုံ့ကြည့်လိုက်သည်။ သုံးထပ် အဆောက်အဦး၏အမြင့်သည် အလောတော်ပဲဖြစ်သည်။ ဒါပေမယ့် ဖင်းအန်းတိုက်ခန်းနဲ့မတူတာက ဒီအောက်က မြက်ခင်းမဟုတ်ပဲ အင်္ဂတေမာမာတွေပဲရှိသည်။

 

******-*****
Chapter (120)-သံချေးတက်နေသော သော့


ငါ ဂရုစိုက်မယ်ဆိုရင်အဆင်ပြေလောက်တယ်။

ချန်ကော သည်သူ၏ကျောပိုးအိတ်ကိုဖွင့ ်၍ အရုပ်မလေး ရှောင်းရှောင်ကို သူ့  ရှပ်အင်္ကျီအိတ်ထဲတွင်ထည့်လိုက် ပြီး လက်နှိပ်ဓါတ်မီးနှင့် တူကို ယူလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ?"
ဆရာဝန် က အသံကြားလို့ အိပ်ခန်းထဲက ထွက်လာတော့ ချန်ကောရဲ့  ထူးဆန်းတဲ့ဖြစ်ရပ်ကို သူတွေ့ခဲ့ရပြီး ခေါင်းကိုက်လာသည်။

"ဒေါက်တာလာတာ အချိန်မီပါပဲ။ "

ချန်ကောက ဒေါက်တာကို ပြတင်းပေါက်ဆီသို့ ဆွဲခေါ်သွားသည်။

"ကျနော်တို့က အဆက်အသွယ်ရှိနေမှာပါ။ ဆရာက အခန်း ၃၀၄ မှာနေပြီး ကျွန်တော်က အခန်း ၃၀၃ ကိုသွားကြည့်မယ်။ "

"ဘာလို့အခန်း ၃၀၃ ကိုသွားရတာလဲ။"

 ဆရာဝန်  ရဲ့အကြည့်က သူ့ရင်ဘတ်ထဲက အရုပ်နဲ့ ချန်ကော လက်ထဲက တူကို ကြည့်ပြီး သူ့မျက်လုံးတွေကတုန်နေသည်။

"မန်နန်ရဲ့ပြသနာရဲ့အရင်းအမြစ်က အခန်း ၃၀၃ မှာ ဖြစ်လောက်တယ်။ ကျွန်တော် ညသန်းခေါင်မရောက်ခင် သွားကြည့်ရမယ်"

"မင်း ဒီလို ခိုးကြောင်ခိုးဝှက်သွားဖို့စီစဉ်နေတာလား။ အရုပ်တွေနဲ့လား"

တကယ်လို့ တစ်ယောက်တည်းဆိုရင် ချန်ကော  တွန့်ဆုတ်မိနိုင်သည်။ ချန်ကော ကဆရာဝန် ရဲ့ဖုန်းနံပါတ်ကိုခေါ်ပြီး ဖုန်းကိုရှပ်အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။

"အဆက်အသွယ်မပြတ်စေနဲ့။"

ဆရာဝန် ကခေါင်းညိတ်လိုက်သည်။ သူသည် ဖုန်းကိုသူ၏လက်များပေါ်တွင်ကိုင်ထားပြီး ပခုံးပေါ်က ဖိအားများလာသည်။ ယခုသူသည် လူနာနှစ် ဦး ၏ဘေးကင်းလုံခြုံမှုကိုစောင့်ရှောက်ရန် လိုအပ်နေ သည်။

"သတိထားပါ!"

ချန်ကောသည်ပြတင်းပေါက်မှတက်။ သူက ပိုက်ဆံအိတ်ကိုအိတ်ကပ်ထဲထည့်ပြီး နံရံကိုမှီလိုက်တယ်။ သူသည် အခန်း ၃၀၄ ၏ပြတင်းပေါက်တွင်ခြေထောက်တစ်ချောင်း ချထားပြီး အခန်း ၃၀၃ ကိုဖွင့်ရန် သူ၏အခြားခြေထောက်ကို အသုံးပြုခဲ့သည်။

"ဒေါက်တာ ဖုန်းခေါ်ဖို့ မနှောင့်နှေးပါနဲ့...။ မကောင်းတာတစ်ခုခုဖြစ်ခဲ့ရင် အကူအညီယူပါ။ "

ထို့နောက် ချန်ကော သည်ပြတင်းပေါက်ကိုမှီကာ အခန်း ၃၀၃ ၏ပြတင်းပေါက်ဆီသို့ ဦး တည်လိုက်သည်။  သူ့ခြေထောက်တွေက အခန်း 304 ဘက်မှာ ရှိနေပြီး သူ့လက်တွေက အခန်း ၃၀၃ ၏ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်ထားသည်။ သူ့ကိုယ်ကို 303 ဘက်ကို မှီချကာ အားပြုပြီး 303 အပေါက်ကို ့ဖြည်းဖြည်းချင်းမှီခိုသည်။

 သူ၏ညာဘက်လက်ကိုဆွဲ တင်၍ သူ၏ခန္ဓာကိုယ်ကို အခန်း ၃၀၃ သို့ရွှေ့ခဲ့သည်။

"လူနာရဲ့ရောဂါကိုဖြေရှင်းဖို့အိမ်နီးချင်းရဲ့အခန်းကိုတက်တာလား။"

 ဆရာဝန် သည် ချန်ကောကိုရပ်တန့်လိုသော်လည်း ချန်ကောက အခန်း 303 ၏ပြတင်းပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ဤလုပ်ငန်းနယ်ပယ်၌ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ခဲ့ပြီး သူသည်ရောဂါရှာဖွေစဉ်ကာလအတွင်း ဤကဲ့သို့သောအရာကို ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာ ဖြစ်သည်။


ချန်ကောသည်သူ၏ကိုယ်ခန္ဓာကိုဖြည်းဖြည်းချင်းအောက်သို့ လှန်လိုက်ပြီး ပွင့်လင်းသောပြတင်းပေါက်ထဲသို့ ကျဆင်းသွားသည်။

ငါနောက်ဆုံးတော့ အခန်း 303 ထဲ ရောက်နေပြီ

အခန်း ၃၀၃ အား လူသေမှုဖြစ်ပြီးနောက်ပိုင်း အိမ်ဌားမထားပဲ ဒီအတိုင်း ထားခဲ့သည်။

  အခန်းက ဖုန်မှုန့်တွေ လွှမ်းနေပြီး နံရံအောက်ခြေမှာ အမှိုက်တွေ ပုံနေသည်။   အခန်းကမှောင်နေပြီး ကြမ်းပြင်ကမညီမညာဖြစ်နေတယ်။ လက်နှိပ်ဓာတ်မီး ကို ဖွင့်ပြီးနောက်  အခန်း၏ ကြမ်းပြင်ကို ဖုံးအုပ်ထားသည့် ဟောင်းနွမ်းနေသည့် ကော်ဇောရှိကြောင်း ချန်ကော သတိပြုမိခဲ့သည်။

အိမ်ရှင်၏အခန်းအပါအ ၀ င် အခြားတိုက်ခန်းများမှာ ကော်ဇောများမပါသော်လည်း၊ ဒီကွဲလွဲမှုက ချန်ကောရဲ့သံသယကိုဆွဲဆောင်ခဲ့တယ်။ ကြောက်မက်ဘွယ်သော ပုပ်စပ်သော အနံ့က ဒီကော်ဇောအောက်ကနေထွက်နေ ခဲ့သည်။ ချန်ကောသည်ကော်ဇော၏အစွန်းကိုဆွဲမကာ နောက်ကို ဆုတ်လိုက်သည်။

ဒီအောက်မှာကြောက်စရာဘာမှမရှိဘူး; အဝတ်ဟောင်း အချို့သာရှိသည်။ အဝတ်အစားအားလုံးသည်  အရွယ်အစားမှာ အတူတူပင်ဖြစ်ရာ ထိုသူသည် လူတစ် ဦး တည်းပိုင်တာ ဖြစ်နိုင်သည်။


မှိုတက်နေသည့် အဝတ်အစားများ၏အနံ့သည် အလွန်ဆိုးရွားတာ မဖြစ်သင့်ပေ။ ချန်ကောသည် အဝတ်အစားများကိုဖယ်ရှားရန် တူကို သုံးပြီး မကြာမီတွင် သူသည်ကြောက်စရာကောင်းသော အရာတစ်ခုကို ထပ်တွေ့ရှိခဲ့သည်။ အဝတ်အစားတွေ အောက်မှာ စာကလေး ငှက်အသေကောင် အမြောက်အမြားကို ဖုံးကွယ်ထားတယ်။

စာကလေး အသေတွေက  နဂိုအတိုင်းရှိနေသောကြောင့် လွန်ခဲ့သောတစ်ပတ်ကျော်ကမှ သေဆုံးသွားတာ မဟုတ်လောက်ပေ။ ချန်ကောက အရုပ်လုပ်ခြင်း စကေးကို   ကျွမ်းကျင်လာသောအခါ အသေကောင် များနှင့် ပတ်သက်သော အခြေခံ အသိပညာအချို့ လည်း သူ့စိတ်ထဲသို့ ၀ င်ရောက် လာသည်။

လူသေမှုဖြစ်ပြီးနောက်ပိုင်း ဒီအခန်းကိုမငှားရမ်းခဲ့ရင်  ဒီအဝတ်အထည်များအောက်တွင် ဤအရာများကို ဖုံးကွယ်ရန် တစ်စုံတစ် ဦး က လွန်ခဲ့သောအပတ်က ၀ င်ရောက် ခဲ့တာဖြစ်ရမည်။

အဆိုပါပြသနာက ပိုရှုပ်လာသည်။ သူ့ရဲ့ထင်မြင်ချက်နဲ့ ကွဲလွဲကာ   ဦး တည်ချက်ပြောင်းလဲနေသည်။

ဝမ်ဟိုင်မင်က ဒီအခန်းထဲမှာ သေဆုံးခဲ့တယ်ဆိုတာ့ တကယ့်အဖြစ်မှန်ကို မသိရသေးခင် ဒီတခန်းလုံးကို သေချာရှာရမယ်။   ငါ တစ်ခုခုတော့ သိလာနိုင်တယ်။

ချန်ကောသည် ဧည့်ခန်းတွင်မည်သည့်အရာမျှ ရှာမတွေ့သောကြောင့် သူသည်အဝတ်ဟောင်းပုံ ကိုထားကာ အိပ်ခန်းထဲ သို့ ၀ င်ခဲ့သည်။

သတ္တုခုတင်တိုင်တွေက နံရံကို မှီထားပြီး  အိပ်ရာအနီးတွင်ရှေးဟောင်းစာအုပ်စင်များစွာရှိပြီး အချို့စာအုပ်များကို  အပေါ်တွင်ထားခဲ့သည်။ စာအုပ်အားလုံးသည် အစိုပြန်ကာ မှိုတက်နေပြီး  ထူးဆန်းသောအနံ့ထွက်နေသည်။

ချန်ကောသည် အံဆွဲများနှင့်ဗီရိုအားလုံးကို ဆန်းစစ် ခဲ့သည်။ သူ ဘာမျှမတွေ့တော့နောက်ဆုံးတွင် ရေချိုးခန်း ထဲသို့ လျှောက်သွားသည်။ တိုက်ခန်း အဆောက်အအုံရှိ အခန်းအားလုံး၏ အပြင်အဆင်သည် ဆင်တူဖြစ် သည်။ သူသည် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မှန်ထဲက သူ့ရုပ်ကို တွေ့လိုက်ရသည်။

လက်နှိပ်ဓာတ်မီးမှအလင်းနှင့် အတူ မှန်ထဲတွင် ထင်ဟပ်နေသော သူ့ပုံက  အမှန်တကယ်ပုံနှင့် အတော်လေးကွာခြားနေသည်။ သူသည် ရေချိုးခန်းထဲသို့မဝင် ဘဲတံခါးခုံကနေပဲ လှမ်းကြည့်လိုက်သည်။

ဒီအခန်းထဲမှာ သဲလွန်စတွေ မရှိတော့ဘူး။ အခန်းကသေးငယ်ပြီး ချန်ကောကတော့ ထောင့်နေရာလုံးကိုကြည့်နေတယ်။

ချန်ကောသည် ဧည့်ခန်းအလယ်တွင်ရပ်နေသည်။ ကော်ဇောအောက်မှာဝှက်ထားသောအဝတ်ပုံရှိပြီး ဒီအဝတ်တွေအားလုံးမှာသွေးအစွန်းတွေရှိနေတယ်။

ဒီသေးငယ်တဲ့  စာငှက်လေးတွေရဲ့သွေးက ဒီအဝတ်အစားအားလုံးကို သွေးစွန်းဖို့ မလုံလောက်နိုင်ဘူး။

 ယင်ယန်မျက်ဝန်းရဲ့အကူအညီဖြင့် ချန်ကော၏ မျက်လုံးသည် သာမန်လူထက်  ပိုစူးရှနေသည်။  မကြာမီ သူသည် ထူးဆန်းသောအရာတစ်ခုကို ရှာဖွေတွေ့ ရှိခဲ့သည်။

အဝတ်တွေက တခုခုမှားနေတယ်။

ချန်ကောက တူနဲ့ အဝတ်ကို လှန်ပြီးသေချာလေ့လာလိုက်တော့ မီးခိုးရောင် ဂျာကက်တစ်ထည်ရဲ့အိတ်က ဖုဖောင်းနေတာ တွေ့လိုက်ရသည်။ ဒီဂျာကက်ရဲ့ပုခုံးနဲ့နောက်ကျောမှာ သွေးတွေ စွန်းနေသည်။ ဝမ်ဟိုင်မင်က စိတ်ဖောက်တိုင်း အုတ်နံရံကို ခေါင်းနဲ့တိုက်ချိန် ခေါင်းကွဲပြီး သွေးက အင်္ကျီပေါ်ကို စီးကျလာတာ ဖြစ်နိုင်တယ်။




ဒါဘာလဲ?

ချန်ကောသည်ဂျာကင်အင်္ကျီကိုလှုပ်ခါလိုက်ပြီး အိတ်ကပ်ထဲ၌တွန့်နေသော အရာတစ်ခုခုတွေ့ရှိခဲ့သည်။ သူက တူနဲ့ ထိလိုက်တယ်။ သူက ဆွဲထုတ်ပြီး ကြည့်လိုက်တော့ သံချေးတက်နေသော သော့ တစ်ချောင်းဖြစ်နေတာကို တွေ့လိုက်ရသည်။

ဒီတိုက်ခန်းတွေအတွက် သော့တွေက ပြားချပ်ချပ်ကြေးနီသော့တွေဖြစ်တယ်၊ ဒီသော့က သူတို့ထက်အများကြီးပိုကြီးတယ်။  ချန်ကောသည် စိတ်ရောဂါဆေးရုံမှ လူနာတစ် ဦး သည် သူ၏အခန်းတံခါးသော့မဟုတ်တဲ့ သော့တစ်ခုကို ဘာကြောင့် ပိုင်ဆိုင်ထားတာလဲ။

သူက အပြင် တစ်နေရာရာက ကောက်ခဲ့သလား ။

ဒါပေမဲ့ သူသာ ကောက်ခဲ့မယ်ဆိုရင် သူဘာကြောင့်  ဆက်သိမ်းထားသလဲဆိုတာကိုတော့ မရှင်းပြတတ်တော့ဘူး။

ချန်ကောသည် ဒီသော့ကို ဘယ်လိုသုံးရမလဲဆိုတာ မသိလို့ ခဏကိုင်ကြည့်နေစဉ် သူ လှည့်လိုက်တော့ သူ့ ဓါတ်မီးက မှန်ပြတင်းကို ထိုးမိပြီး လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုလူရိပ်က အခန်း 302 က လူရွယ်ရဲ့အရိပ်ဖြစ်ပြီး သူ့အခန်းကနေ အခန်း 303 ထဲကို လှမ်းကြည့်နေတာဖြစ်သည်။

ချန်ကောက မသိယောင်ဆောင်ကာ အဝတ်တွေကို ရှာချင်ယောင်ဆောင်ပြီး စဉ်းစားနေတယ်။ အခန်း 302 က လူက ဘာကြောင့် ဒီအခန်းထဲ လူဝင်တာကို သတိထားနေတာလဲ။ ဒီစာကလေးအသေတွေက ဒီလူ လာထားတာလား။ အခန်း 304 နဲ့ 302 က လူတွေက အရှေ့ခန်း တံခါးဝင်ပေါက်ကို မသုံးပဲ အနောက်ဘက် ပြတင်းပေါက်ကနေ 303 ထဲကို ဝင်လို့ရတယ်။ အခု 304 မှာ နေတဲ့ မန်နန်က သားကောင်ဖြစ်နေတယ်ဆိုရင် အခန်း 302 ကလူက မကောင်းဆိုးဝါး ပူးခံနေရတဲ့လူဖြစ်နိုင်မလား။

ပြီးတော့ 302 ကလူက စကားတခုကိုပဲ ထပ်တလဲလဲပြောနေတာကို ကြားနေရတယ်။ ချန်ကောသည်ထိုလူငယ်၏ထူးဆန်းသောလုပ်ရပ်များကို သတိရ ခဲ့သည်။ သူ့ကိုယ်သူ စကားပြောခြင်းနှင့် နံရံနှင့်ငြင်းခုံခြင်းတို့သည်  ဝမ်ဟိုင်မင် မသေခင်က ဖြစ်နေတဲ့ရောဂါလက္ခဏာများနှင့်အလွန်ဆင်တူနေသည်။
*****-***

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now