Chapter (77+78+89+80)

1.3K 285 19
                                    


Chapter (77) – စားပြဲေပၚက စာရြက္နဲ႔ေဘာလ္ပင္

Taxi Driver ရဲ့ ထူးဆန္းေသာအျပဳအမူေၾကာင့္ Chen Ge လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ Taxi Driver ဆိုတာ တစ္ၿမိဳ႕လံုးသြားလာၿပီး လူမ်ားစြာကို ထိေတြ႕ရသူျဖစ္သည္။ သူက ၿမိဳ႕ထဲက လူႀကိဳက္မ်ားေသာေနရာကိုလည္း သိသလို မုယန္ေက်ာင္း၏ ေကာလာဟလသတင္းမ်ားကိုလည္း သိေလာက္သည္။ ဒီလူက Chen Ge ၏ပံုစံေၾကာင့္ နားလည္မႈလြဲသြားတာျဖစ္ႏိုင္သည္ဟု ေတြးေနသည္။

Taxi Driver ပစ္လိုက္ေသာအခင္းက ရႊံ႕ေရထဲျပဳတ္က်သြားသည္။ Chen Ge က မုယန္အထက္တန္းေက်ာင္းႏွင့္ပတ္သက္ၿပီး သရဲပံုျပင္မ်ား ၾကားဖူးေပမယ့္ ေၾကာက္စိတ္မဝင္ခဲ့ေသာ္လည္း အခု Taxi Driver ရဲ့အျပဳအမူေၾကာင့္ သူ႔ရဲ့သတၱိေတြ ေလ်ာ့ပါးလာခဲ့သည္။

ဒီမစ္ရွင္က အသက္ရွင္ဖို႔ပဲဆိုေတာ့ ဒီေက်ာင္းမွာ တစ္ညတာအသက္ရွင္ေအာင္လုပ္ဖို႔က အေတာ္ခက္ခဲပံုရသည္။ Taxi ကားေပ်ာက္ကြယ္သြားသည့္ဘက္ကို ေမွ်ာ္ေငးၾကည့္ရင္း Chen Ge တစ္ေယာက္ ေတာထဲမွာစြန္႔ပစ္ခံရသလို ခံစားလိုက္ရသည္။ မိုးကဆက္ရြာေနၿပီး တိမ္က လေရာင္ကိုဖံုးထားေသာေၾကာင့္ Chen Ge မိုးကာကိုပင့္ကာ ေက်ာပိုးအိတ္ထဲကဓာတ္မီးကို ဆြဲထုတ္ကာ ခ်ိဳင့္ေတြနဲ႔လမ္းကို ထိုးၾကည့္လိုက္သည္။

ခပ္လွမ္းလွမ္းကအိမ္ေတြကို မီးထိုးၾကည့္လိုက္ေတာ့ သံေခ်းကိုက္ေနေသာ သံခ်ိန္းႀကိဳးႏွင့္ေသာ့မ်ား၊ ပ်က္စီးေနေသာ ျပတင္းေပါက္မွန္မ်ားအရ ဒီအိမ္ေတြက လူမေနတာၾကာေနပံုရသည္။ ဒီကိုမလာခင္ ဖန္းယြီ၏အေဒၚဆီကို ေမးခဲ့တာအရ မတူသလိုျဖစ္ကာ လမ္းေပ်ာက္ေနသူႏွယ္ ခံစားလာရသည္။ လမ္းက ရႊံ႕ဗြက္ေတြျပည့္ေနၿပီး လမ္းေဘးကသစ္ကိုင္းေတြက လမ္းေပၚယွက္ျဖာေနသည္။ မုယန္အထက္တန္းေက်ာင္းက တစ္ခ်ိန္က မီးသၿဂိဳလ္စက္ျဖစ္ခဲ့တာဆိုေတာ့ ဒီေနရာကိုလာဖို႔ ကားလမ္းေတာ့ ေသခ်ာေပါက္ရွိမွာပဲ။ ဒါေပမယ့္ ခုလမ္းက က်ဥ္းၿပီး ကားဝင္ဖို႔ေတာင္မျဖစ္ႏိုင္ေပ။ မိုးက ဆက္ရြာေနလို႔ သူ လမ္းကိုေသခ်ာမျမင္ရေပ။ လမ္းအဆံုးမွာ မုယန္ေက်ာင္းေတာ့ရွိမွာပဲ။ လမ္းေတာ့မမွားေလာက္ဟု ေတြးေနသည္။ တကယ္လို႔ လမ္းေပ်ာက္ရင္ ရဲကိုအကူညီေတာင္းၿပီး လာေခၚခိုင္းရမည္။

Chen Ge က လမ္းကို နာရီဝက္ေလာက္ လမ္းဆက္ေလွ်ာက္လာခဲ့သည္။ ေနာက္ဆံုး ပ်က္စီးယိုယြင္းေနေသာ ဆိုင္းဘုတ္တစ္ခုစိုက္ထူထားရာကို ေရာက္လာသည္။ ထိုဆိုင္းဘုတ္စိုက္ထူထားတာ ၾကာေနပံုျဖင့္ ေရညွိတက္ကာ မိႈပြင့္ႀကီးမ်ားျဖင့္ ျပည့္ေနသည္။

Chen Ge က ဆိုင္းဘုတ္ကို ဓာတ္မီးထိုးကာ ေရးထားသည္ကိုဖတ္ဖို႔ ႀကိဳးစားေပမယ့္ စာလံုးက ပ်က္လို႔ေနေလၿပီ။ ဆိုင္းဘုတ္၏မ်က္ႏွာဘက္တြင္သာ မိႈေတြပြင့္ေနၿပီး ေက်ာဘက္မွာ ဘာမိႈမွမရွိေပ။ ဒါက ေနေရာင္ေၾကာင့္ မိႈက တစ္ဖက္တည္းမွာပဲ ပြင့္တာလား။ ဒါမွမဟုတ္ ဒီဆိုင္းဘုတ္ကို တစ္ေယာက္ေယာက္ တမင္ေရႊ႕ထားတာလား။

Chen Ge က အေတြးရပ္ကာ ဖုန္းကိုထုတ္ၾကည့္ေတာ့ ၈ နာရီထိုးေနၿပီ။ ခုထိ သူက မစ္ရွင္လုပ္ရမယ့္ေနရာကို ရွာမေတြ႕ေသးေပ။ သူ႔မစ္ရွင္က်႐ံႈးေတာ့မလားပဲ။ ဒါေပမယ့္ သူက ေရွ႕ဆက္တိုးၾကည့္ခ်င္ေသးသည္။

မိုးေၾကာင့္ ညက ပိုေမွာင္ေနသလိုပင္။ ဒီဆုိင္းဘုတ္ႏွင့္ၿခံစည္း႐ိုးက လတ္တေလာမွ လာစိုက္ထားသလိုပင္။ ဒါက စိတ္ဝင္စားစရာပဲ..။ ဘယ္သူလုပ္ထားတာလဲ။

Chen Ge က ေရွ႕ကို 10 metre ေလာက္ ဆက္ေလွ်ာက္လာေတာ့ သစ္သားၿခံစည္း႐ိုးအတြင္းဘက္က အေဆာက္အဦးမ်ားကို ေတြ႕လိုက္ရသည္။

ဒါက မုယန္အထက္တန္းေက်ာင္းလား..

Jiu Jaing အကယ္ဒမီေက်ာင္းနဲ႔စာရင္ မုယန္ေက်ာင္းက သံုးပံုတစ္ပံုေလာက္ပဲ က်ယ္ကာ ပိုၿပီးယိုယြင္းပ်က္စီးေနပံုေပၚသည္။ ေက်ာင္းက ေသးေတာ့ ပိုေကာင္းတာေပါ့။ ဒါေပမယ့္ သူပုန္းစရာရွိဖို႔ေတာ့ ေမွ်ာ္လင့္ရတာပဲ။

Chen Ge က သစ္သားၿခံစည္း႐ိုးထဲ ေက်ာ္ဝင္လိုက္သည္။ တစ္ခ်က္ေဝ့ၾကည့္လိုက္႐ံုနဲ႔ ေက်ာင္းထဲကအေဆာက္အဦးအားလံုးကို ျမင္ရၿပီးျဖစ္သည္။ အေဆာက္အဦးတစ္ခုမွာ စာသင္ခန္း၂ခန္းသာ ရွိပံုရသည္။ ဒီေက်ာင္းက ေက်ာင္းသားနည္းပံုရသည္။ ေက်ာင္းအေဆာက္အဦးက ၂ထပ္သာျဖစ္ၿပီး အခန္းက နည္းနည္းပဲရွိသည္။ ႐ံုးခန္းပိုင္းကိုေတာ့ ေသခ်ာမြမ္းမံထိန္းသိမ္းထားပံုရသည္။ ေက်ာင္းဝင္းထဲမွာ ဘတ္စကက္ေဘာကြင္း ၂ကြင္းႏွင့္ ပင္ေပါင္စားပြဲတစ္ခုလည္းရွိသည္။ မုယန္ေက်ာင္းက ဒါေလာက္ပဲရွိသည္။ ဒီေက်ာင္းက ေၾကာက္စရာေကာလာဟလအျပင္ ေက်ာင္းကိုယ္ႏိႈက္က လူႀကိဳက္နည္းပံုရသည္။ ဒီေက်ာင္းပိတ္ရတဲ့ အဓိကအေၾကာင္းအရင္းက သရဲဇာတ္လမ္းထက္ ေက်ာင္းသားသစ္မရလို႔ျဖစ္ရမည္။ ေက်ာင္းထဲကိုေရာက္ေတာ့ Chen Ge က သူ႔စိတ္ကို ၿငိမ္ေအာင္ထားလိုက္သည္။ ဒီေက်ာင္းမွာ side mission က ၄ခုေတာင္ရွိသည္။

"1. ေဘာလ္ပင္ေစာင့္နတ္

2. အိမ္သာထဲရွိ ပဥၥမေျမာက္အခန္း

3. ေသာ့ပိတ္ထားတဲ့ စာသင္ခန္း

4. နက္႐ိႈင္းေသာေရတြင္း"

တကယ္လို႔ ငါ ဒီဂိမ္းကိုပြင့္ေစခ်င္ရင္ ဒီ side mission ၄ခုကို ၿပီးေအာင္ေျဖရွင္းရမည္။ အရင္မစ္ရွင္တုန္းက သူက side mission ရဲ့ 90% ေက်ာ္ ၿပီးေအာင္လုပ္ခဲ့လို႔ ဆုအေနနဲ႔ ဝမ့္ခ်ီးရဲ့ လူေပ်ာက္ေၾကျငာစာရြက္ ရခဲ့သည္။ ဒီစာရြက္ေၾကာင့္ ေယာင္းေယာင္းတို႔မိသားစုနဲ႔ ဆက္ဆံေရးတစ္ခု တည္ေဆာက္ႏိုင္ခဲ့သည္။ ဒါေၾကာင့္ မစ္ရွင္ၿပီးစီးမႈ % က သူ႔အတြက္ အေရးႀကီးသည္။ ဒီ side mission ၄ခုကို တစ္ညတည္းႏွင့္ၿပီးသြားရင္ ခက္ခဲေသာမစ္ရွင္ကို လုပ္ရာမွာ ပိုလြယ္ကူလာႏိုင္သည္။

ခုက သန္းေခါင္ယံမေရာက္ေသးေတာ့ တမလြန္ေလာကသားမ်ားက active မျဖစ္ေသးေပ။ ဒီ side mission ရဲ့ေနရာ ၄ခုကို သြားၾကည့္ရမည္။ အရမ္းခက္ခဲပံုေပၚရင္ အခ်ိန္မွီထြက္ခြာရမည္ဟု Chen Ge ေတြးလိုက္သည္။

Chen Ge က သူ႔ရင္ဘတ္ထဲထည့္ယူလာေသာ အ႐ုပ္ေလးကို ထုတ္ကိုင္ၿပီး လက္တစ္ဖက္က ဘက္စံုသံုးတူကိုကိုင္လ်က္ စာသင္ေဆာင္ေတြဘက္ကို ထြက္လာခဲ့သည္။ ေက်ာင္းအေဆာက္အဦးမ်က္ႏွာျပင္က မည္းတူးေနၿပီး ၾကက္ခိုးမ်ားစြဲေနသည္။ ဒီအေဆာက္အဦးႀကီး မီး႐ိႈ႕ခံရတာက မူလက မီးသၿဂိဳလ္စက္ျဖစ္ခဲ့တာနဲ႔ ဆက္စပ္ေနမလား။

Chen Ge က ေရွ႕ကိုတုိးလာရင္း ဖုန္းအနက္ေရာင္ကေပးတဲ့ သတင္းအခ်က္အလက္ကို ျပန္ေတြးေနသည္။

>>ဒီအေဆာက္အဦးရဲ့ အစြန္ဆံုးအခန္းမွာ ခ်ိပ္ပိတ္ထားတဲ့ စာသင္ခန္းရွိတယ္။ ဘယ္သူမွဝင္လို႔မရေပမယ့္ ညတိုင္း ဒီစာသင္ခန္းက သက္ဝင္လႈပ္ရွားလာတယ္..<<

ကံဆိုးတဲ့ဖန္းယြီရဲ့အေဖက ဒီစာသင္ခန္းထဲ ဝင္သြားမိခဲ့သည္။ ဒီစာသင္ခန္းက မုယန္အထက္တန္းေက်ာင္းရဲ့ ဒီလိုကံဆိုးမႈမွာ အဓိကျဖစ္ရမည္။ ေၾကာက္စရာပံုကို Chen Ge ျပန္သတိရလာသည္။ ကင္မရာထဲမပါခ်င္ေသာ ေက်ာင္းသားတစ္စုႏွင့္ ဒီညေတာ့ ခ်ိပ္ပိတ္ထားသည့္အခန္းမွာ သူ ေနရေတာ့မည္။

စာသင္ခန္းအားလံုး ေသာ့ခတ္ထားၿပီး Chen Ge က ျပတင္းေပါက္ကေန ဓာတ္မီးထိုးၾကည့္ေတာ့ သာမန္စြန္႔ပစ္ထားေသာ စာသင္ခန္းေတြသာျဖစ္သည္။ ေနာက္ဆံုးစာသင္ခန္းကိုမေရာက္ခင္ Chen Ge ထူးဆန္းတာတစ္ခုကုိ ေတြ႕လိုက္ရသည္။

ဒီစာသင္ခန္းေတြက မီးေလာင္ထားတယ္ဆိုေပမယ့္ စာသင္ခန္း၏အလယ္က စားပြဲမွာ စာရြက္နဲ႔ ေဘာလ္ပင္မ်ား တင္ထားပံုက တစ္ေယာက္ေယာက္ အတန္းတက္ေနသလို ခံစားလိုက္ရသည္။
===============
Chapter (78) – ငါမထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး

ငါ ဒီထက္ နီးနီးကပ္ကပ္ သြားၾကည့္သင့္လား..

Chen Ge က တံခါးဖြင့္ဝင္သြားၿပီး ဒီစာရြက္မွာေရးထားသည့္စာကို ဖတ္ၾကည့္ခ်င္ေနသည္။ internet post ေတြထဲမွာ ေက်ာင္းသား၅ေယာက္က ဒီေက်ာင္းထဲခိုးဝင္ၿပီး သရဲေခၚၿပီး ေမးခဲ့ေသးသည္။ ဒီစာရြက္နဲ႔ေဘာလ္ပင္က ဒီေက်ာင္းသားေတြ က်န္ခဲ့တာလား။

မျဖစ္ႏိုင္ေပ။ သူတို႔က တျခားေက်ာင္းသား၂ဦးကိုေတြ႕ေတာ့ ေၾကာက္လန္႔တၾကား ထြက္ေျပးလာတာဆိုေတာ့ ေသခ်ာေပါက္ စားပြဲကုလားထိုင္ေတြကို တိုက္မိကာ ဖ႐ိုဖရဲျဖစ္ေနရမည္။ ခုေတာ့ အားလံုးက ေနသားတက် စီထားသည္။ သရဲေတြက ျပန္စီသြားတာလား။ သူတို႔၅ေယာက္ဝိညာဥ္ေတြက ဒီမွာပိတ္မိၿပီး ျပန္စီထားတာလား။

ဒါေပမယ့္ Chen Ge က သြားၾကည့္ရမယ့္ ၃ေနရာရွိလို႔ ဒီေနရာကို ေနာက္ဆံုးမွျပန္လာၾကည့္ဖို႔ ဆံုးျဖတ္ကာ စာသင္ေဆာင္ကထြက္လာၿပီး ေက်ာင္းသားအိပ္ေဆာင္ဘက္ ထြက္လာခဲ့သည္။ အေဆာင္ေရွ႕ကဆိုင္းဘုတ္က ေမွးမွိန္ေနတယ္ဆိုေပမယ့္ 'မိန္းကေလးေဆာင္၊ ဒုတိယထပ္သို႔ ေယာက္်ားေလးမ်ား မဝင္ရ' ဟုေရးထားတာ ေတြ႕လိုက္ရသည္။

ဒီေက်ာင္းအေျခအေနက သနားစရာပဲ..

Chen Ge က အေဆာက္အဦးထဲေရာက္ေတာ့ မိုးကာအက်ႌကိုခၽြတ္လိုက္သည္။ ထိုစဥ္ ေဟာ္စန္းဆီက ဖုန္းဝင္လာခဲ့သည္။

"ေဟာ္စန္းလား.."

"ေဘာ့စ္.. ကၽြန္ေတာ့္စီနီယာကို ခင္ဗ်ားရဲ့ဖုန္းနံပါတ္ ေပးလိုက္တယ္.. သူ႔အေဖ အိမ္မွာရွိတဲ့အခ်ိန္ သူ ခင္ဗ်ားဆီဖုန္းဆက္မယ္တဲ့.."

"ေက်းဇူးပဲ.. တျခားဘာရွိေသးလဲ.."

"ေၾသာ္.. ခ်င္ကြမ္းက Fu An တိုက္ခန္းမွာ Livestream စလႊင့္ေနၿပီ.. သူက သ႐ုပ္ေဆာင္ငွားထားၿပီး ေဘးခန္းက လူသတ္သမားအျဖစ္ သ႐ုပ္ေဆာင္ခိုင္းထားတယ္.. ဒါေတြအားလံုး ခင္ဗ်ားရဲ့ video ကို လိုက္တုပ ထားတာခ်ည္းပဲ.. ကၽြန္ေတာ္ ဘယ္ကေန စရွင္းျပရမလဲေတာင္ မသိေတာ့ဘူး.."

"သူ႔ကိုလုပ္ခိုင္းလိုက္ပါဦး.. ငါ Livestream စလႊင့္ရင္သာ အားေပးဖို႔မေမ့နဲ႔.."

"ခင္ဗ်ား Livestream စလႊင့္ေတာ့မလို႔လား.."

ေဟာ္စန္း၏ေလသံက အၾကာႀကီးေမွ်ာ္လင့္ေစာင့္စားေနေသာ သစၥာရွိ fan ရဲ့အသံျဖစ္လို႔ Chen Ge ေက်နပ္သြားသည္။

"ငါ့အရင္ Livestream က ၾကာေနၿပီဆုိေတာ့ အခုက ပိုစိတ္လႈပ္ရွားစရာေကာင္းေအာင္ လုပ္မလို႔ႀကံထားတယ္.."

တစ္ဖက္က တိတ္သြားၿပီး မၾကာခင္ ေျပးလႊားသံ၊ အခန္းတံခါး တဒုန္းဒုန္းထုသံ၊ ေအာ္ဟစ္သံကို ၾကားလိုက္ရသည္။

"Livestream လႊင့္တာ ၾကည့္ခ်ိန္ေရာက္ၿပီ.. ဒီညေတာ့ ေနာက္ထပ္ေသျခင္းတရားနဲ႔ ရင္ဆုိင္ဖို႔သာျပင္ထား.."

ေဟာ္စန္း၏ free promotion လုပ္ေပးတာ ေက်းဇူးတင္ေပမယ့္ ေဟာ္စန္း၏စကားက Chen Ge ကို ထူးဆန္းေနေစသည္။

Chen Ge က ဖုန္းကိုင္ထားရင္း Video Sharing app ကိုဖြင့္ကာ ခ်င္ကြမ္းရဲ့ Live ကို ၾကည့္လိုက္သည္။ ခ်င္ကြမ္းက သဲလြန္စရွာျခင္း၊ ဆန္းစစ္ေလ့လာျခင္းကိုသာ အဓိကလုပ္ၿပီး သူ႔ေနာက္က professional cameraman က လိုက္႐ိုက္ေပးခဲ့သည္။ သူတို႔က ေသခ်ာႀကိဳတင္ျပင္ဆင္ထားေသာေၾကာင့္ Video ႐ုပ္ထြက္ quality က Chen Ge တင္ထားတာနဲ႔ အျပတ္အသတ္ကြာကာ ေကာင္းလွသည္။ ထို Live ကို ၾကည့္႐ႈသူက 68000 viewer ရွိသည္။ တကယ္လို႔ ဒီလူေတြသာ သူ႔သရဲအိမ္ကိုလာတဲ့ ဧည့္သည္ေတြျဖစ္ရင္ သူ႔ပန္းၿခံက တစ္ေနကုန္ လူျပည့္ေနေလာက္ၿပီ။

Livestream နဲ႔ Video အတိုက Chen Ge အတြက္ သရဲအိမ္ေၾကျငာတဲ့ အရာေတြျဖစ္သည္။ ခ်င္ကြမ္းကလည္း ဒီလိုလုိက္လုပ္ကာ သူတို႔ Studio ကို နာမည္ေက်ာ္ေစခ်င္သည္။ တစ္ေန႔ သူသာ ခ်င္ကြမ္းေလာက္နာမည္ႀကီးလာရင္ အဲ့ဒီ Studio က သူ႔ကို ေသခ်ာေထာက္ပံ့ဖို႔ ကမ္းလွမ္းလာမည္ဟု Chen Ge ယံုၾကည္သည္။

Chen Ge က လက္ရွိ သူ႔မစ္ရွင္ေတြဘက္ကို အာ႐ံုစိုက္လိုက္သည္။ ခ်င္ကြမ္းရဲ့ Live ကိုပိတ္ၿပီး သူ႔ Page မွာ Live စလႊင့္လိုက္သည္။ သူေရာက္ေနတာ ဆင္ေျခဖုံးေတာပိုင္းျဖစ္ၿပီး internet လိုင္းမေကာင္းေပ။ ဒါေၾကာင့္ သူ႔ Live က ေမွာင္မည္းေနၿပီး ေအာက္ကတက္လာတဲ့ comment ေတြကိုေတာင္ သူမျမင္ရေပ။

ငါ့ video quality က ခ်င္ကြမ္းေလာက္မေကာင္းေပမယ့္ ငါတင္ျပတဲ့အခ်က္က သူ႔ထက္ပိုေကာင္းတယ္..

Chen Ge က ဘာမွမျမင္ရလို႔ သူမ်ားေတြကို ဘာမွ reply မျပန္ႏိုင္ေပ။ သူက မုယန္ေက်ာင္းအေၾကာင္းကို မိတ္ဆက္ေပးၿပီး အေဆာင္ထဲကို ဆက္ဝင္လာခဲ့သည္။ ပထမထပ္က ဘာမွမရွိလို႔ ဒုတိယထပ္ကို ဆက္တက္လာသည္။

"မိန္းကေလးအေဆာင္က ေယာက္်ားေလးအေဆာင္နဲ႔ အတူတူပဲ.."

အခန္းေတြထဲမွာ ေက်ာင္းဖတ္စာအုပ္မ်ားကို ထည့္သိမ္းထားၿပီး ေက်ာင္းပိတ္ေတာ့ ဝန္ထမ္းေတြက ဒီဟာေတြကို ရွင္းခဲ့ပံုမေပၚေပ။ Chen Ge က အခန္းေတြထဲ ဓာတ္မီးနဲ႔ထိုးၾကည့္ကာ ဆက္လက္ Live လႊင့္ေနသည္။ ဒုတိယထပ္က ၄ခန္းေျမာက္ကိုၾကည့္ၿပီး ေနာက္တစ္ခန္းမွာ ထိုင္ခံုေတြကို နံရံေဘးမွာ ညီညီစီစီခ်ထားၿပီး အခန္းအလယ္က စားပြဲေပၚမွာ စာရြက္တစ္ရြက္ႏွင့္ ေဘာလ္ပင္ေတြခ်ထားတာ ေတြ႕လိုက္ရသည္။

"စာရြက္အသစ္နဲ႔ ေဘာလ္ပင္ေတြဆိုေတာ့ ေက်ာင္းပိတ္သြားေတာ့ ဒီအခန္းေတြထဲ လာသိမ္းထားပံုရတယ္.."

Chen Ge က ထိုသို႔ေသာစာရြက္နဲ႔ေဘာလ္ပင္ကိုျမင္တာ ၂ခါရွိၿပီဆုိေတာ့ သံေခ်းကိုက္ေနေသာအခန္းေသာ့ကို ခပ္ၾကမ္းၾကမ္းဆြဲခါလိုက္ေတာ့ ပြင့္သြားသည္။ အေဆာင္ခန္းတံခါးကို ဖြင့္လိုက္ေတာ့ မိႈနံ႔က ေထာင္းခနဲထလာလို႔ Chen Ge ႏွာေခါင္းပိတ္ကာ အထဲကိုဝင္သြားခဲ့သည္။ သူက စားပြဲနားကပ္သြားၿပီး ကင္မရာျဖင့္ ေသခ်ာ႐ိုက္ျပလိုက္သည္။

စာရြက္ျဖဴ ၄ရြက္ရွိၿပီး ပထမစာေၾကာင္းက 'ငါဘယ္အခ်ိန္ ေသမွာလဲ..'

ဒုတိယစာေၾကာင္းက 'ငါ ဘယ္လိုေသမလဲ..'

တတိယစာေၾကာင္းက 'ေနာက္ထပ္ ဘယ္သူေသမလဲ..'

စတုတၳစာေၾကာင္းက ဘာမွ ေရးမထားေပ..

ဒါက ေဘာလ္ပင္နတ္ ဆင့္ေခၚကစားနည္းလား..

Chen Ge က အခန္းကို ကင္မရာႏွင့္႐ိုက္ျပကာ ေနာက္ထပ္သဲလြန္စရွာေပမယ့္ ဝန္ထမ္းမ်ားက ေမႊေႏွာက္ထားၿပီးဟန္ျဖင့္ ဘာမွမက်န္ရွိေတာ့ေပ။

အခန္းထဲက ဘာသဲလြန္စမွမရွိေတာ့ Chen Ge စာရြက္ကိုပဲ ေသခ်ာ႐ိုက္ျပလိုက္သည္။

'Pen Spirit game' ရဲ့ေနာက္ကြယ္က အေၾကာင္းအရာကုိ ဘယ္သူမွ တိတိက်က်မရွင္းျပႏိုင္ေပ။ သိပၸံပညာရွင္မ်ားကေတာ့ လူေတြရဲ့ေသြးခုန္ႏႈန္း၊ စိတ္လႈပ္ရွားမႈနဲ႔ အလိုအေလ်ာက္ အာ႐ံုေၾကာမ်ား တံု႔ျပန္ကာ ေသခ်ာေလ့က်င့္ထားျခင္းမရွိဘဲ လက္ကိုတစ္ေျဖာင့္တည္းဆန္႔တန္းထားခ်ိန္ စာကိုေရးႏိုင္မည္မဟုတ္ဟု ဆိုထားသည္။ ဒါက ခႏၶာကိုယ္ရဲ့တုံ႔ျပန္မႈသာျဖစ္ၿပီး ဘာဝိညာဥ္မွမပါဘူးဟု ေျပာၾကသည္။

Chen Ge က ကုတင္ထက္မွာ ဖုန္းကိုခ်ကာ ထိုစားပြဲမွာ ခံု၄ခံုရွိေနတာကို ေသခ်ာပါေအာင္ ႐ိုက္ယူလိုက္သည္။

ငါက ဒီမစ္ရွင္ေတြၿပီးဖို႔ ဒီတစ္ခုနဲ႔စရမယ္ဟုေတြးကာ Chen Ge က အိပ္ခန္းတံခါးကိုပိတ္ကာ ထိုင္ခံုတစ္ခုမွာ ေသခ်ာဝင္ထိုင္ၿပီး ေဘာလ္ပင္ကိုေကာက္ကိုင္လိုက္သည္။

Chen Ge က အ႐ုပ္ကို အက်ႌအိတ္ကပ္ထဲမွာ ထည့္လိုက္ၿပီး လက္တစ္ဖက္က တူကိုကိုင္ကာ က်န္လက္တစ္ဖက္က ေဘာလ္ပင္ကိုကိုင္ၿပီး ဘာမွမျဖစ္ဘူးဟု စိတ္ထဲမွာေျပာလိုက္သည္။

သူက မ်က္လံုးမွိတ္ကာ အာ႐ံုစိုက္ၿပီး လက္ကိုတစ္ေျဖာင့္တည္းထားကာ ေဘာလ္ပင္ကို စာရြက္ႏွင့္ထိ႐ံုေလးပဲ ထိထားလိုက္သည္။ ၿပီးေတာ့ စိတ္ထဲကမွတ္ထားသည့္အခ်က္ကို ပါးစပ္ကရြတ္လိုက္သည္။

"ေဘာလ္ပင္နတ္.. ေဘာလ္ပင္နတ္.. ခင္ဗ်ားက အရင္ဘဝက ကၽြန္ေတာ့္ရဲ့ဝိညာဥ္ျဖစ္ၿပီး ကၽြန္ေတာ္က ခုဘဝ ခင္ဗ်ားရဲ့ဝိညာဥ္ျဖစ္ပါတယ္.. ခင္ဗ်ားက ကၽြန္ေတာ္နဲ႔ အတူရွိတယ္ဆိုရင္ စာရြက္မွာ စက္ဝိုင္းပံုဆြဲျပပါ.."

ဒီလိုရြတ္ဆိုအၿပီးမွာ Chen Ge က စိတ္ကို ၿငိမ္ေအာင္ထားလိုက္သည္။ သူ႔လက္ေမာင္းက ေရြ႕သြားသျဖင့္ Chen Ge ေအးခဲသြားခဲ့သည္။ အျပင္ဘက္မွာ မိုးက ဆက္ရြာေနၿပီး ေက်ာင္းတစ္ခုလံုးကို အေမွာင္ထုက ဝါးၿမိဳလို႔ထားသည္။

အခန္းထဲကမိႈနံ႔က နည္းနည္းလြင့္လာသလို ခံစားလိုက္ရၿပီး ေလေအးေၾကာင့္ စာရြက္တခ်ိဳ႕ နည္းနည္းေရြ႕သြားသည္။ ခဏၾကာေတာ့ Chen Ge က မ်က္လံုးဖြင့္ၾကည့္ေတာ့ သူ႔လက္ကို တစ္စံုတစ္ခုက ဆုပ္ကိုင္ထားသလို ခံစားလိုက္ရသည္။ Chen Ge က သူ႔ညာဘက္လက္ကို ေသခ်ာစိုက္ၾကည့္ေနၿပီး ဘယ္လက္ကတူကို တင္းေနေအာင္ဆုပ္ကိုင္ထားသည္။ တစ္ခုခုျဖစ္ရင္ တူႏွင့္ထုဖို႔ ျပင္ထားသည္။
===========
Chapter (79) – ေရြးခ်ယ္ခြင့္

အခန္းထဲကေလထုက ထူးဆန္းလာသည္။ အျပင္မွာ မိုးသည္းၿပီး ေလထန္ေပမယ့္ ဒီအိပ္ခန္းက တိတ္ဆိတ္ေနသည္။ လက္ႏွိပ္ဓာတ္မီးအလင္းေရာင္ေအာက္ဝယ္ အိပ္ယာထက္က အိပ္ယာခင္းက ေဖာင္းလာၿပီး တစ္ခုခုတိုးထြက္လာသလို ထင္ရသည္။

Chen Ge က လက္ေမာင္းကို ေျဖာင့္ေအာင္ဆန္႔ထားရင္း ကိုယ္ကို သက္ေတာင့္သက္သာျဖစ္ေအာင္ ေလွ်ာ့ထားသည္။ ထိုစာေၾကာင္းကို ေရရြတ္လိုက္ၿပီးခ်ိန္မွာ ေအးစက္စက္လက္တစ္ဖက္က သူ႔လက္ဖမိုးကိုဖိမိုးကာ လာအုပ္ကိုင္လိုက္သလိုပင္ ခံစားလိုက္ရသည္။ သူ႔လက္ဖမိုးက ေအးစက္ေသာအေငြ႕ကိုပင္ ခံစားလိုက္ရသည္။

Chen Ge က ထိုေဘာလ္ပင္နတ္ကို ပင့္ဖိတ္သည့္စာေၾကာင္းကုိ ထပ္ရြတ္လိုက္သည္။ ထိုအခ်ိန္ထိ သူ႔လက္ထဲကေဘာလ္ပင္က လႈပ္ရွားျခင္းမရွိသလို စက္ဝိုင္းလည္းမဆြဲေပ။ ေဘာလ္ပင္နတ္က သူ႔ေတာင္းဆိုခ်က္ကို ျငင္းဆိုလိုက္တာလား။

သူ႔လက္ကအေအးဓာတ္က တစ္ကိုယ္လံုးကို ပ်ံ႕ႏွံ႔လာခဲ့သည္။ အေၾကာင္းတစ္ခုေၾကာင့္ ဒီအခန္းထဲ ဝိညာဥ္တစ္ခုခုဝင္လာသည္ကို ခံစားလိုက္ရသည္။ သူရထားသည့္ ယင္ယန္မ်က္လံုးေၾကာင့္ အခန္းထဲမွာ မည္းမည္းလူရိပ္သံုးခုကို ဝိုးတဝါးေတြ႕လိုက္ရသည္။ ထိုလူရိပ္သံုးခုက သူ႔လက္ကို ဝိုင္းကာ ဆုပ္ကိုင္ထားၾကသည္။

"မင္းတို႔က သံုးေယာက္လား.."

Chen Ge ၏ႏွလံုးသားက တုန္လႈပ္ေျခာက္ျခားေနစဥ္ မည္းမည္းအရိပ္ေတြက ေပ်ာက္သြားသည္။ ဒါက သူတို႔ထြက္သြားတာလို႔ ဆိုလိုတာမဟုတ္ေပ။ ေဘာလ္ပင္ကိုင္ထားသည့္ သူ႔လက္ေပၚကို ဝိညာဥ္၃ခု၏လက္မ်ား ဝိုင္းထပ္ကာ ဆုပ္ကိုင္ထားတာ ဆိုတဲ့အေတြးေၾကာင့္ Chen Ge ေခၽြးျပန္လာသည္။

ဝိညာဥ္၃ခုက သူဆင့္ေခၚလို႔ေရာက္လာတယ္ဆိုတာက 'ဝိညာဥ္မ်ား၏ႏွစ္လိုမႈ' ဆိုသည့္ သူရထားသည့္ဆုလာဘ္၏ အက်ိဳးသက္ေရာက္မႈပဲလား..။

ထိုစဥ္ ေဘာလ္ပင္က နည္းနည္းလႈပ္သြားသည္ကို Chen Ge ခံစားလိုက္ရသည္။ ပြဲစၿပီလား..။

သူ႔ေဘးကဓာတ္မီးက မွိန္သြားစဥ္ ေဘာလ္ပင္က စလႈပ္လာၿပီး စာရြက္ေပၚမွာ စက္ဝိုင္းပံုေပၚလာေတာ့သည္။ Chen Ge က သူလံုးဝလက္မလႈပ္လိုက္တာ သိေပမယ့္ စာရြက္ေပၚမွာေပၚလာသည့္ စက္ဝိုင္းကိုေငးၾကည့္ကာ mission ၏ေခါင္းစဥ္ 'ေဘာလ္ပင္နတ္က ထြက္ခြာဖို႔ျငင္းဆုိျခင္း' ဆိုတာကို သတိရသြားသည္။

'ေဘာလ္ပင္နတ္' ကို ဆင့္ေခၚကစားလွ်င္ လိုက္နာရမယ့္စည္းကမ္း ၃ခ်က္ရွိသည္။ 1. မင္းေသတာကို မေမးရဘူး။ 2. မင္းသက္တမ္းကို မေမးရဘူး။ 3. ၿပီးသြားလွ်င္ ေဘာလ္ပင္နတ္ကို ျပန္ပို႔ေပးရမယ္။ ဒီစည္းကမ္းကိုခ်ိဳးေဖာက္လွ်င္ မေတြးဝံ့စရာ ဆုိးဝါးေသာအက်ိဳးဆက္ကို ခံစားရလိမ့္မည္။ တတိယအခ်က္က အေရးအႀကီးဆံုးျဖစ္သည္။ တကယ္လို႔ ေဘာလ္ပင္နတ္ကိုျပန္မပို႔ရင္ သူက တစ္သက္လံုးတြယ္ကပ္ကာ game မွာပါဝင္ကစားသူအားလံုးကို သတ္ပစ္လိမ့္မည္။

"ဒီကိစၥမွာ ဘာမွမျဖစ္ေစဖို႔ ေမွ်ာ္လင့္ရမွာပဲ.."

Chen Ge က စာရြက္ကိုအာ႐ံုစိုက္လိုက္ေတာ့ စက္ဝိုင္းတစ္ခုေရးဆြဲၿပီးေနတာ ေတြ႕လိုက္ရသည္။ ၾကည့္ရတာ ငါ ေမးခြန္းေမးရမယ့္အခ်ိန္ ေရာက္ၿပီ။ Chen Ge က mission ၿပီးဖို႔ပဲ အာ႐ံုစိုက္ၿပီး ေဘာလ္ပင္နတ္ကို ေဒါသထြက္ေစဖို႔ မရည္ရြယ္ေပ။ ဒါေပမယ့္ ေဘာလ္ပင္နတ္ကို ဆင့္ေခၚႏိုင္တယ္ဆိုတာ ႀကံဳေတာင့္ႀကံဳခဲ ျဖစ္ရပ္တစ္ခုျဖစ္တာေၾကာင့္ Chen Ge သိလိုတာေမးလိုက္သည္။

"ေဘာလ္ပင္နတ္.. ကၽြန္ေတာ့္မိဘေတြ ဘယ္မွာရွိသလဲ ခင္ဗ်ားသိလား.."

ေရခ်ိဳးခန္းထဲ ခက္ခဲေသာမစ္ရွင္ကို ေဆာင္ရြက္ေသာညမွာ သူအေတြ႕ခ်င္ဆံုးက သူ႔မိဘေတြျဖစ္ေပမယ့္ သူ႔ဆႏၵမျပည့္ဝခဲ့ေပ။ ဒါက သူ႔မိဘေတြ အသက္ရွင္ေနဆဲဆိုတာ သိလိုက္ရသည္။ သူတို႔က ေပ်ာက္ဆံုးေနတာပဲျဖစ္သည္။ သူက ဒီအေျဖကို တကယ္သိခ်င္ေနခဲ့သည္။ ဒါေပမယ့္ ဒီေမးခြန္းကိုေျပာလိုက္ေတာ့ ေဘာလ္ပင္က အသံျမည္ကာ အက္ကြဲသြားခဲ့သည္။ ၾကည့္ရတာ သူ႔ေမးခြန္းက အေတာ္ခက္ခဲေနပံုရသည္။ သူ႔ေမးခြန္းကို ေဘာလ္ပင္နတ္ ေျဖႏိုင္ပံုမရေပ။ သူ႔မိဘေတြက ေပ်ာက္ဆံုးသြားတယ္ဆိုတာထက္ပိုသည့္ ေနာက္ခံအေၾကာင္းတရား ရွိပံုရသည္။

ထိုစဥ္ အခန္းထဲကမီးေရာင္က ပိုေတာက္လာသလုိ ခံစားလိုက္ရသည္။ ေဘာလ္ပင္က ထပ္လႈပ္လာၿပီး စက္ဝိုင္းတစ္ခု ထပ္ဆြဲလိုက္သည္။

ဒါက ဘာကိုဆိုလိုတာလဲ..။ ဒါေပမယ့္ ေဘာလ္ပင္နတ္ အဆင္မေျပတာကို သူခံစားလိုက္ရသည္။ ဒီေမးခြန္းကလြဲၿပီး သူသိခ်င္တာမရွိေတာ့သျဖင့္ အျခားႀကံဳရာေမးခြန္းကိုေမးဖို႔ ေတြးလိုက္သည္။

Chen Ge က ဒီဂိမ္းကိုဆက္ကစားဖို႔ ဆံုးျဖတ္လိုက္ကာ ထပ္ေမးလိုက္သည္။

"ေဘာလ္ပင္နတ္.. ကၽြန္ေတာ့္ဇနီးက ဘယ္သူျဖစ္မလဲ.."

သူ႔လက္ကအေအးဓာတ္ကေန တစ္ကိုယ္လံုးပ်ံ႕ႏွံ႔လာၿပီး စကၠဴေပၚမွာ ေဘာလ္ပင္က စတင္ေရးျခစ္ေတာ့သည္။

"ရႊီ.. ရႊီဝမ္ကိုေျပာတာလား.."

ဒါေပမယ့္ အခန္းထဲကဓာတ္မီးက ပိုလင္းလာၿပီး နံရံေပၚကအရိပ္က ၄ခုျဖစ္လာသည္။ အျပင္ဘက္မွာ မိုးၿခိမ္းကာ လွ်ပ္စီးမ်ားတဖ်ပ္ဖ်ပ္လက္ေနသည္။

ထိုစဥ္ Chen Ge လက္ထဲကိုင္ထားသည့္ေဘာလ္ပင္က ပိုမိုအက္ကြဲလာၿပီး ေဘာလ္ပင္နတ္မ်ားၾကား တစ္စံုတစ္ခု ျပႆနာတက္ေနပံုရသည္။ ၿပီးေတာ့ သူ႔လက္ဖမိုးေပၚက အေအးဓာတ္က လြင့္ျပယ္သြားစဥ္ ေဘာလ္ပင္က ထပ္လႈပ္ရွားလာၿပီး ေသြးနီေရာင္စာလံုးတစ္လံုး ေပၚလာသည္။

"က်န္းယာ့.."

"ေဘာလ္ပင္နတ္.. ခင္ဗ်ားေရးခ်င္တဲ့နာမည္က ဒီဟာလား.."

ဒါေပမယ့္ ေဘာလ္ပင္နတ္ဆီက ဘာတံု႔ျပန္မႈမွ မရေတာ့ေပ။

"ေဘာလ္ပင္နတ္.. ခင္ဗ်ားရွိေသးရင္ စက္ဝိုင္းပံုဆြဲျပပါ.."

ဒါေပမယ့္ ေဘာလ္ပင္နတ္က ၿငိမ္သက္လို႔ေနသည္။ အခန္းထဲက ယင္စြမ္းအား လံုးဝေပ်ာက္ကြယ္သြားၿပီး အခန္းက ပံုမွန္ျပန္ျဖစ္လာခဲ့သည္။ သူလံုၿခံဳေစဖို႔ Chen Ge က ေဘာလ္ပင္နတ္ကိုျပန္ပို႔ဖို႔ လုပ္လိုက္သည္။

"ေဘာလ္ပင္နတ္.. သင္က ယခင္ဘဝက ကၽြႏ္ုပ္၏ဝိညာဥ္ျဖစ္ၿပီး ခုဘဝ ကၽြႏ္ုပ္က သင့္ဝိညာဥ္ျဖစ္ပါတယ္.. ကစားလုိ႔ၿပီးၿပီျဖစ္လို႔ သင္သြားလိုရာ သြားလို႔ရပါၿပီ.."

Chen Ge က ဂိမ္းၿပီးသြားလို႔ ထိုင္ရာကထကာ ေဘာလ္ပင္ကို ခ်လိုက္ေတာ့ တစ္စစီျဖစ္သြားတာ ေတြ႕လိုက္ရသည္။

"ငါ့ရဲ့ေဘာလ္ပင္နတ္က တျခားလူေတြနဲ႔ မတူပါလား.."

Chen Ge က သူ႔ဖုန္းကိုယူၾကည့္ေတာ့ သူ႔ Livestream ကိုၾကည့္သူက 20000 ေက်ာ္ၿပီး လူႀကိဳက္မ်ားသည္ကို ေတြ႕လိုက္ရသည္။
===============
Chapter (80) – ပဥၥမေျမာက္အိမ္သာခန္း

ၾကည့္႐ႈသူ 20000 ဟုတ္လား..။ ဘယ္အခ်ိန္က ဒီေလာက္တိုးသြားတာလဲ..။ သူ Live စလႊင့္ေတာ့ လူ 10 ေယာက္ေလာက္ပဲရွိတာပါ။

သူက ဖုန္းကို မ်က္ႏွာက်က္ဘက္ဆီ ေျမႇာက္လိုက္ေပမယ့္ အင္တာနက္လိုင္းက မေကာင္းေတာ့ comment ေတြ ဘာမွမျမင္ရေပ။ Follower 5000 ေတာင္မရွိေပမယ့္ ၾကည့္႐ႈသူ 20000 ေက်ာ္ဆိုေတာ့ ကံေကာင္းတယ္ေျပာရမည္။

Chen Ge က စာရြက္ေပၚက စက္ဝိုင္းေတြကို ေသခ်ာဓာတ္ပံု႐ိုက္ျပလိုက္သည္။ ၿပီးေတာ့ တစ္စစီျဖစ္သြားေသာေဘာလ္ပင္ကိုေရာ ေသခ်ာ႐ိုက္ျပကာ ေျပာလိုက္သည္။

"ေလးစားရပါေသာ ၾကည့္႐ႈသူခင္ဗ်ား.. ခင္ဗ်ားတို႔ ျမင္ၾကပါရဲ့လား.. ကၽြန္ေတာ္လည္း 'Pen Spirit game' ကစားလိုက္ေရာ၊ ေဘာလ္ပင္က သူ႔ဘာသာ သတ္ေသသြားေတာ့တာပဲ.. ခင္ဗ်ားတို႔ ကၽြန္ေတာ့္ကို မ follow ေတာ့ဘူးလား.. ကၽြန္ေတာ္က ဒီမွာ စြန္႔စြန္႔စားစား ကစားေနၿပီး Live လႊင့္ေနရတာပါ.. ကၽြန္ေတာ့္လို လူမသိတဲ့ Host က ဘယ္လိုလုပ္ကင္မရာအေကာင္းစားနဲ႔ ေနာက္လိုက္အဖြဲ႕ ရွိမလဲ.. ခင္ဗ်ားတို႔နဲ႔လည္း အျပန္အလွန္ စကားမေျပာႏိုင္ဘူး.. ဒါေပမယ့္ ကၽြန္ေတာ္က ခင္ဗ်ားတို႔ကို တကယ့္အစစ္အမွန္ စိတ္လႈပ္ရွားစရာ သဘာဝလြန္ျဖစ္ရပ္ဆန္းေတြကို ေတြ႕ႀကံဳခံစားရေအာင္ ေခၚသြားႏိုင္ပါတယ္.. ဒါက ကၽြန္ေတာ့္ရဲ့ ထူးျခားခ်က္ျဖစ္ၿပီး ေကာ္ပီလုပ္လို႔မရတဲ့ အရာေပါ့ခင္ဗ်ာ.."

သူ ဒီစကားေျပာၿပီးေနာက္ follower ေတြ စတိုးလာေတာ့သည္။ Chen Ge က mission ၿပီးဖို႔သာမက Follower တိုးဖို႔လည္း တစ္ၿပိဳင္တည္းလုပ္ေနရသည္။ သူ႔ Live က ခ်င္ကြမ္းရဲ့ Live နဲ႔ယွဥ္ရင္ တကယ့္ကို ဘယ္မွာမွရွာမရတဲ့ ျဖစ္ရပ္မွန္ကို Viewer ေတြ ေတြ႕ႀကံဳခံစားရမွာျဖစ္သည္။ ဒါက စက္ကိရိယာအားနည္းေပမယ့္ သူမ်ားထက္သာေသာ အခ်က္ျဖစ္သည္။

ခ်င္ကြမ္းရဲ့ Live က ၿပီးစီးသြားတဲ့ လူတိုင္းသိေသာကိစၥရပ္ေပၚ ဇာတ္ညႊန္းေရးကာ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ိုက္ျပတာျဖစ္သည္။ Chen Ge က တကယ့္အသစ္အဆန္းကို Live လႊင့္တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ဘာျဖစ္မယ္ဆုိတာ သူကိုယ္တုိင္ေတာင္မသိေပ။ ဒါက အဓိကကြာျခားခ်က္ျဖစ္ၿပီး ဘယ္သူမွလိုက္တုလို႔မရေသာ အရာျဖစ္သည္။

"ခင္ဗ်ားတို႔ ေထာက္ခံအားေပးမႈကို ေက်းဇူးတင္ပါတယ္.. 'Pen Spirit game' ကို အိမ္မွာမကစားၾကပါနဲ႔ဗ်ာ.. အခု ေနာက္တစ္ေနရာကို သြားၾကပါစို႔.."

Chen Ge က ဒီမစ္ရွင္ၿပီးၿပီျဖစ္လို႔ တျခားေနရာကိုသြားဖို႔ျပင္လိုက္သည္။ နာရီကိုၾကည့္လိုက္ေတာ့ ၉ နာရီထိုးေနၿပီ။ 'ေဘာလ္ပင္နတ္ကစားျခင္း' က ဒီေလာက္မၾကာသင့္ေပ။ သန္းေခါင္ယံေရာက္ဖို႔ ၃နာရီလိုေသးသည္။ Side mission တစ္ခုကို ၁နာရီႏႈန္းနဲ႔ သတ္မွတ္ကာ ၿပီးေအာင္အျမန္လုပ္ရမည္။ ၿပီးလွ်င္ ပုန္းစရာေနရာရွာၿပီး မနက္အာ႐ုဏ္တက္ခ်ိန္ထိ ေနၿပီးရင္ mission ေအာင္ျမင္ၿပီျဖစ္သည္။

သူက ဖုန္းအနက္ရဲ့ mission ကိုေဆာင္ရြက္ရင္း သူ႔ရဲ့ page နာမည္ႀကီးေအာင္ တစ္လက္စတည္း ႀကိဳးစားေနျခင္းျဖစ္သည္။ Livestream က ၾကည့္႐ႈသူတုိးလာေသာေၾကာင့္ Chen Ge က ေပ်ာ္ေနသည္။ သူမ်ား comment ကို ဖတ္မရေသာေၾကာင့္ အခ်ိန္ျဖဳန္းစရာလည္းမလိုေတာ့ေပ။ ပထမမစ္ရွင္ ေအာင္ျမင္သြားလို႔ Chen Ge စိတ္တက္ၾကြကာ ထိုေနရာကထြက္လာသည္။

ေနာက္မစ္ရွင္ ၃ခုက နက္႐ိႈင္းေသာေရတြင္း၊ ပဥၥမေျမာက္အိမ္သာခန္းႏွင့္ ခ်ိပ္ပိတ္ထားေသာ စာသင္ခန္းျဖစ္သည္။

ဒီအေဆာင္ရဲ့အိမ္သာက ၄ခန္းသာရွိေသာေၾကာင့္ ပဥၥမေျမာက္အိမ္သာခန္းရွိသည့္ေနရာက စာသင္ေဆာင္ေတြဘက္မွာရွိရမည္။ ဘယ္ေနရာရယ္လို႔ အတိအက်မေျပာထားသျဖင့္ သူလိုက္ရွာရမည္ျဖစ္သည္။ Chen Ge က စာသင္ေဆာင္ဘက္ ျပန္ေရာက္လာေတာ့ ထူးဆန္းေသာခံစားခ်က္ကို ခံစားလိုက္ရသည္။ ဒါက စာသင္ေဆာင္အေဆာက္အဦးႏွင့္မတူဘဲ အေလာင္းမ်ားစြာ သိမ္းဆည္းထားေသာ ေခါင္းတလားႀကီးကဲ့သို႔ ထင္လိုက္ရသည္။

Chen Ge က ဓာတ္မီးဖြင့္ကာ ဆက္တုိက္ Live လႊင့္ရင္း အေဆာက္အဦးထဲ ဝင္လာခဲ့သည္။ စာသင္ခန္းအလြတ္နားက ျဖတ္လာေတာ့ ေက်ာခ်မ္းေနမိသည္။ စာသင္ခန္းထဲ မျမင္သင့္တာကို ျမင္ရမွာ စိုးရြံ႕ေနသည္။ စၾကၤန္အဆံုးမွာ Chen Ge အိမ္သာထဲဝင္လိုက္သည္။ အိမ္သာခန္းတံခါးက က်ိဳးပဲ့ေနၿပီး အထဲကို အတိုင္းသားျမင္ေနရသည္။ အိမ္သာခန္းက ၆ခန္းရွိသျဖင့္ ဒီထဲကိုဝင္လိုက္သည္။

ၾကမ္းျပင္က အက္ကြဲကာ ျမက္ပင္တခ်ိဳ႕ပင္ေပါက္ေနသည္။ နံရံက စြန္းထင္းေနၿပီး ျပတင္းေပါက္က တကၽြီကၽြီနဲ႔ျမည္ေနေသာေၾကာင့္ Chen Ge ေၾကာက္စိတ္ဝင္လာသည္။

"အခ်ိန္မရွိဘူး.. မစ္ရွင္ကို အာ႐ံုစိုက္မွ.."

ဒီအိမ္သာထဲမွာ အိမ္သာခန္း ၆ခန္းရွိၿပီး ပထမေလးခန္းကို တြန္းၾကည့္ေတာ့ ေသာ့ခတ္ထားတာေတြ႕လိုက္ရသည္။ ပံုမွန္ဆိုလွ်င္ လူအသံုးျပဳေသာအိမ္သာကိုပဲ ေသာ့ခတ္ေလ့ရွိသည္။ ခု ေက်ာင္းကပိတ္လိုက္တာ ၃ႏွစ္ရွိၿပီဆုိေတာ့ ဘယ္သူမွသံုးမည္မဟုတ္ေပ။

Chen Ge က ပဥၥမအိမ္သာခန္းကို တူျဖင့္႐ိုက္ဖြင့္လိုက္သည္။ ႐ုတ္တရက္ တံခါးပြင့္သြားၿပီး မည္းမည္းအရာမ်ား ၿပိဳလဲက်လာေတာ့ လန္႔ကာ ေနာက္ကိုခုန္ဆုတ္လိုက္ၿပီးမွ ဒီဟာက သန္႔ရွင္းေရးလုပ္သည့္ပစၥည္းမ်ား သိမ္းထားသည့္အခန္းမွန္း သိလိုက္သည္။ ေနာက္တစ္ခန္းလည္း ဒီလိုပဲျဖစ္သည္။

ဒါဆို ဒီအထပ္ကအိမ္သာက သူ႔ mission ေနရာမဟုတ္ေပ။ Chen Ge က အိမ္သာကထြက္ကာ ေနာက္တစ္ထပ္ကို တက္လာခဲ့သည္။ သူထြက္လာေတာ့ ျပတင္းေပါက္က တကၽြီကၽြီႏွင့္ ႏႈတ္ဆက္သလို ျမည္က်န္ရစ္ခဲ့သည္။ တကယ္လို႔ သရဲအိမ္ထဲမွာ ဒီအကြက္ကိုထည့္လွ်င္ ဧည့္သည္ေတြ ပိုေျခာက္ျခားႏိုင္သည္ကို ေတြးကာ ေသခ်ာမွတ္ထားလိုက္သည္။

ဒုတိယထပ္၏ အိမ္သာထဲဝင္လိုက္စဥ္ ထူးဆန္းေသာဖိအားကို ခံစားလိုက္ရသည္။ ဒါဆို မစ္ရွင္ေနရာက ဒီအထပ္ျဖစ္ရမည္။ ထိုအထပ္က အိမ္သာက ေျမညီထပ္ကအိမ္သာထက္ အေျခအေနပိုေကာင္းသည္။ Chen Ge က ပထမအိမ္သာခန္းတံခါးကို မဖြင့္ရေသးခင္ စၾကၤန္ဘက္က ေျခသံကို ၾကားလိုက္ရသည္။ ဒါေပမယ့္ မိုးသံေၾကာင့္ သိပ္ေတာ့မေသခ်ာေပ။ တစ္ေယာက္ေယာက္ ေျပးလာတဲ့အသံလား..၊ မိုးသံလား..။

Chen Ge က တူကိုေျမႇာက္ကာ အိမ္သာခန္းထဲ တစ္ေယာက္ေယာက္ဝင္လာမလားဆိုၿပီး ေစာင့္ေနေပမယ့္ ဘယ္သူမွဝင္မလာေပ။

ညသန္းေခါင္ေရာက္ခ်ိန္နီးလို႔ ေက်ာင္းထဲကဝိညာဥ္ေတြ အသက္ဝင္လာတာလား..။ ဒါဆို သူအခ်ိန္ဆြဲေနလို႔ မျဖစ္ေတာ့၊ ျမန္ျမန္လုပ္မွရေတာ့မည္။ Chen Ge က အခ်ိန္မဆိုင္းဘဲ ပထမအိမ္သာ ၄ခု၏ တံခါးကိုဖြင့္ၿပီး ပဥၥမအိမ္သာတံခါးကို ဖြင့္ဖို႔ ရပ္ေနစဥ္ စၾကၤန္ဘက္က ေျခသံ၂စံုကို ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။

မစ္ရွင္ထဲကေဖာ္ျပခ်က္က ညသန္းေခါင္မွာ ပဥၥမေျမာက္အိမ္သာထဲ အနီေရာင္အရိပ္ေပၚလာမည္။

အခုက အဲ့တာပဲလား..။
==============

Chapter (77) – စားပွဲပေါ်က စာရွက်နဲ့ဘောလ်ပင်

Taxi Driver ရဲ့ ထူးဆန်းသောအပြုအမူကြောင့် Chen Ge လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ Taxi Driver ဆိုတာ တစ်မြို့လုံးသွားလာပြီး လူများစွာကို ထိတွေ့ရသူဖြစ်သည်။ သူက မြို့ထဲက လူကြိုက်များသောနေရာကိုလည်း သိသလို မုယန်ကျောင်း၏ ကောလာဟလသတင်းများကိုလည်း သိလောက်သည်။ ဒီလူက Chen Ge ၏ပုံစံကြောင့် နားလည်မှုလွဲသွားတာဖြစ်နိုင်သည်ဟု တွေးနေသည်။

Taxi Driver ပစ်လိုက်သောအခင်းက ရွှံ့ရေထဲပြုတ်ကျသွားသည်။ Chen Ge က မုယန်အထက်တန်းကျောင်းနှင့်ပတ်သက်ပြီး သရဲပုံပြင်များ ကြားဖူးပေမယ့် ကြောက်စိတ်မဝင်ခဲ့သော်လည်း အခု Taxi Driver ရဲ့အပြုအမူကြောင့် သူ့ရဲ့သတ္တိတွေ လျော့ပါးလာခဲ့သည်။

ဒီမစ်ရှင်က အသက်ရှင်ဖို့ပဲဆိုတော့ ဒီကျောင်းမှာ တစ်ညတာအသက်ရှင်အောင်လုပ်ဖို့က အတော်ခက်ခဲပုံရသည်။ Taxi ကားပျောက်ကွယ်သွားသည့်ဘက်ကို မျှော်ငေးကြည့်ရင်း Chen Ge တစ်ယောက် တောထဲမှာစွန့်ပစ်ခံရသလို ခံစားလိုက်ရသည်။ မိုးကဆက်ရွာနေပြီး တိမ်က လရောင်ကိုဖုံးထားသောကြောင့် Chen Ge မိုးကာကိုပင့်ကာ ကျောပိုးအိတ်ထဲကဓာတ်မီးကို ဆွဲထုတ်ကာ ချိုင့်တွေနဲ့လမ်းကို ထိုးကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းကအိမ်တွေကို မီးထိုးကြည့်လိုက်တော့ သံချေးကိုက်နေသော သံချိန်းကြိုးနှင့်သော့များ၊ ပျက်စီးနေသော ပြတင်းပေါက်မှန်များအရ ဒီအိမ်တွေက လူမနေတာကြာနေပုံရသည်။ ဒီကိုမလာခင် ဖန်းယွီ၏အဒေါ်ဆီကို မေးခဲ့တာအရ မတူသလိုဖြစ်ကာ လမ်းပျောက်နေသူနှယ် ခံစားလာရသည်။ လမ်းက ရွှံ့ဗွက်တွေပြည့်နေပြီး လမ်းဘေးကသစ်ကိုင်းတွေက လမ်းပေါ်ယှက်ဖြာနေသည်။ မုယန်အထက်တန်းကျောင်းက တစ်ချိန်က မီးသဂြိုလ်စက်ဖြစ်ခဲ့တာဆိုတော့ ဒီနေရာကိုလာဖို့ ကားလမ်းတော့ သေချာပေါက်ရှိမှာပဲ။ ဒါပေမယ့် ခုလမ်းက ကျဉ်းပြီး ကားဝင်ဖို့တောင်မဖြစ်နိုင်ပေ။ မိုးက ဆက်ရွာနေလို့ သူ လမ်းကိုသေချာမမြင်ရပေ။ လမ်းအဆုံးမှာ မုယန်ကျောင်းတော့ရှိမှာပဲ။ လမ်းတော့မမှားလောက်ဟု တွေးနေသည်။ တကယ်လို့ လမ်းပျောက်ရင် ရဲကိုအကူညီတောင်းပြီး လာခေါ်ခိုင်းရမည်။

Chen Ge က လမ်းကို နာရီဝက်လောက် လမ်းဆက်လျှောက်လာခဲ့သည်။ နောက်ဆုံး ပျက်စီးယိုယွင်းနေသော ဆိုင်းဘုတ်တစ်ခုစိုက်ထူထားရာကို ရောက်လာသည်။ ထိုဆိုင်းဘုတ်စိုက်ထူထားတာ ကြာနေပုံဖြင့် ရေညှိတက်ကာ မှိုပွင့်ကြီးများဖြင့် ပြည့်နေသည်။

Chen Ge က ဆိုင်းဘုတ်ကို ဓာတ်မီးထိုးကာ ရေးထားသည်ကိုဖတ်ဖို့ ကြိုးစားပေမယ့် စာလုံးက ပျက်လို့နေလေပြီ။ ဆိုင်းဘုတ်၏မျက်နှာဘက်တွင်သာ မှိုတွေပွင့်နေပြီး ကျောဘက်မှာ ဘာမှိုမှမရှိပေ။ ဒါက နေရောင်ကြောင့် မှိုက တစ်ဖက်တည်းမှာပဲ ပွင့်တာလား။ ဒါမှမဟုတ် ဒီဆိုင်းဘုတ်ကို တစ်ယောက်ယောက် တမင်ရွှေ့ထားတာလား။

Chen Ge က အတွေးရပ်ကာ ဖုန်းကိုထုတ်ကြည့်တော့ ၈ နာရီထိုးနေပြီ။ ခုထိ သူက မစ်ရှင်လုပ်ရမယ့်နေရာကို ရှာမတွေ့သေးပေ။ သူ့မစ်ရှင်ကျရှုံးတော့မလားပဲ။ ဒါပေမယ့် သူက ရှေ့ဆက်တိုးကြည့်ချင်သေးသည်။

မိုးကြောင့် ညက ပိုမှောင်နေသလိုပင်။ ဒီဆိုင်းဘုတ်နှင့်ခြံစည်းရိုးက လတ်တလောမှ လာစိုက်ထားသလိုပင်။ ဒါက စိတ်ဝင်စားစရာပဲ..။ ဘယ်သူလုပ်ထားတာလဲ။

Chen Ge က ရှေ့ကို 10 metre လောက် ဆက်လျှောက်လာတော့ သစ်သားခြံစည်းရိုးအတွင်းဘက်က အဆောက်အဦးများကို တွေ့လိုက်ရသည်။

ဒါက မုယန်အထက်တန်းကျောင်းလား..

Jiu Jaing အကယ်ဒမီကျောင်းနဲ့စာရင် မုယန်ကျောင်းက သုံးပုံတစ်ပုံလောက်ပဲ ကျယ်ကာ ပိုပြီးယိုယွင်းပျက်စီးနေပုံပေါ်သည်။ ကျောင်းက သေးတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် သူပုန်းစရာရှိဖို့တော့ မျှော်လင့်ရတာပဲ။

Chen Ge က သစ်သားခြံစည်းရိုးထဲ ကျော်ဝင်လိုက်သည်။ တစ်ချက်ဝေ့ကြည့်လိုက်ရုံနဲ့ ကျောင်းထဲကအဆောက်အဦးအားလုံးကို မြင်ရပြီးဖြစ်သည်။ အဆောက်အဦးတစ်ခုမှာ စာသင်ခန်း၂ခန်းသာ ရှိပုံရသည်။ ဒီကျောင်းက ကျောင်းသားနည်းပုံရသည်။ ကျောင်းအဆောက်အဦးက ၂ထပ်သာဖြစ်ပြီး အခန်းက နည်းနည်းပဲရှိသည်။ ရုံးခန်းပိုင်းကိုတော့ သေချာမွမ်းမံထိန်းသိမ်းထားပုံရသည်။ ကျောင်းဝင်းထဲမှာ ဘတ်စကက်ဘောကွင်း ၂ကွင်းနှင့် ပင်ပေါင်စားပွဲတစ်ခုလည်းရှိသည်။ မုယန်ကျောင်းက ဒါလောက်ပဲရှိသည်။ ဒီကျောင်းက ကြောက်စရာကောလာဟလအပြင် ကျောင်းကိုယ်နှိုက်က လူကြိုက်နည်းပုံရသည်။ ဒီကျောင်းပိတ်ရတဲ့ အဓိကအကြောင်းအရင်းက သရဲဇာတ်လမ်းထက် ကျောင်းသားသစ်မရလို့ဖြစ်ရမည်။ ကျောင်းထဲကိုရောက်တော့ Chen Ge က သူ့စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ ဒီကျောင်းမှာ side mission က ၄ခုတောင်ရှိသည်။

"1. ဘောလ်ပင်စောင့်နတ်

2. အိမ်သာထဲရှိ ပဉ္စမမြောက်အခန်း

3. သော့ပိတ်ထားတဲ့ စာသင်ခန်း

4. နက်ရှိုင်းသောရေတွင်း"

တကယ်လို့ ငါ ဒီဂိမ်းကိုပွင့်စေချင်ရင် ဒီ side mission ၄ခုကို ပြီးအောင်ဖြေရှင်းရမည်။ အရင်မစ်ရှင်တုန်းက သူက side mission ရဲ့ 90% ကျော် ပြီးအောင်လုပ်ခဲ့လို့ ဆုအနေနဲ့ ဝမ့်ချီးရဲ့ လူပျောက်ကြေငြာစာရွက် ရခဲ့သည်။ ဒီစာရွက်ကြောင့် ယောင်းယောင်းတို့မိသားစုနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်။ ဒါကြောင့် မစ်ရှင်ပြီးစီးမှု % က သူ့အတွက် အရေးကြီးသည်။ ဒီ side mission ၄ခုကို တစ်ညတည်းနှင့်ပြီးသွားရင် ခက်ခဲသောမစ်ရှင်ကို လုပ်ရာမှာ ပိုလွယ်ကူလာနိုင်သည်။

ခုက သန်းခေါင်ယံမရောက်သေးတော့ တမလွန်လောကသားများက active မဖြစ်သေးပေ။ ဒီ side mission ရဲ့နေရာ ၄ခုကို သွားကြည့်ရမည်။ အရမ်းခက်ခဲပုံပေါ်ရင် အချိန်မှီထွက်ခွာရမည်ဟု Chen Ge တွေးလိုက်သည်။

Chen Ge က သူ့ရင်ဘတ်ထဲထည့်ယူလာသော အရုပ်လေးကို ထုတ်ကိုင်ပြီး လက်တစ်ဖက်က ဘက်စုံသုံးတူကိုကိုင်လျက် စာသင်ဆောင်တွေဘက်ကို ထွက်လာခဲ့သည်။ ကျောင်းအဆောက်အဦးမျက်နှာပြင်က မည်းတူးနေပြီး ကြက်ခိုးများစွဲနေသည်။ ဒီအဆောက်အဦးကြီး မီးရှို့ခံရတာက မူလက မီးသဂြိုလ်စက်ဖြစ်ခဲ့တာနဲ့ ဆက်စပ်နေမလား။

Chen Ge က ရှေ့ကိုတိုးလာရင်း ဖုန်းအနက်ရောင်ကပေးတဲ့ သတင်းအချက်အလက်ကို ပြန်တွေးနေသည်။

>>ဒီအဆောက်အဦးရဲ့ အစွန်ဆုံးအခန်းမှာ ချိပ်ပိတ်ထားတဲ့ စာသင်ခန်းရှိတယ်။ ဘယ်သူမှဝင်လို့မရပေမယ့် ညတိုင်း ဒီစာသင်ခန်းက သက်ဝင်လှုပ်ရှားလာတယ်..<<

ကံဆိုးတဲ့ဖန်းယွီရဲ့အဖေက ဒီစာသင်ခန်းထဲ ဝင်သွားမိခဲ့သည်။ ဒီစာသင်ခန်းက မုယန်အထက်တန်းကျောင်းရဲ့ ဒီလိုကံဆိုးမှုမှာ အဓိကဖြစ်ရမည်။ ကြောက်စရာပုံကို Chen Ge ပြန်သတိရလာသည်။ ကင်မရာထဲမပါချင်သော ကျောင်းသားတစ်စုနှင့် ဒီညတော့ ချိပ်ပိတ်ထားသည့်အခန်းမှာ သူ နေရတော့မည်။

စာသင်ခန်းအားလုံး သော့ခတ်ထားပြီး Chen Ge က ပြတင်းပေါက်ကနေ ဓာတ်မီးထိုးကြည့်တော့ သာမန်စွန့်ပစ်ထားသော စာသင်ခန်းတွေသာဖြစ်သည်။ နောက်ဆုံးစာသင်ခန်းကိုမရောက်ခင် Chen Ge ထူးဆန်းတာတစ်ခုကို တွေ့လိုက်ရသည်။

ဒီစာသင်ခန်းတွေက မီးလောင်ထားတယ်ဆိုပေမယ့် စာသင်ခန်း၏အလယ်က စားပွဲမှာ စာရွက်နဲ့ ဘောလ်ပင်များ တင်ထားပုံက တစ်ယောက်ယောက် အတန်းတက်နေသလို ခံစားလိုက်ရသည်။
===============
Chapter (78) – ငါမထိန်းချုပ်နိုင်တော့ဘူး

ငါ ဒီထက် နီးနီးကပ်ကပ် သွားကြည့်သင့်လား..

Chen Ge က တံခါးဖွင့်ဝင်သွားပြီး ဒီစာရွက်မှာရေးထားသည့်စာကို ဖတ်ကြည့်ချင်နေသည်။ internet post တွေထဲမှာ ကျောင်းသား၅ယောက်က ဒီကျောင်းထဲခိုးဝင်ပြီး သရဲခေါ်ပြီး မေးခဲ့သေးသည်။ ဒီစာရွက်နဲ့ဘောလ်ပင်က ဒီကျောင်းသားတွေ ကျန်ခဲ့တာလား။

မဖြစ်နိုင်ပေ။ သူတို့က တခြားကျောင်းသား၂ဦးကိုတွေ့တော့ ကြောက်လန့်တကြား ထွက်ပြေးလာတာဆိုတော့ သေချာပေါက် စားပွဲကုလားထိုင်တွေကို တိုက်မိကာ ဖရိုဖရဲဖြစ်နေရမည်။ ခုတော့ အားလုံးက နေသားတကျ စီထားသည်။ သရဲတွေက ပြန်စီသွားတာလား။ သူတို့၅ယောက်ဝိညာဉ်တွေက ဒီမှာပိတ်မိပြီး ပြန်စီထားတာလား။

ဒါပေမယ့် Chen Ge က သွားကြည့်ရမယ့် ၃နေရာရှိလို့ ဒီနေရာကို နောက်ဆုံးမှပြန်လာကြည့်ဖို့ ဆုံးဖြတ်ကာ စာသင်ဆောင်ကထွက်လာပြီး ကျောင်းသားအိပ်ဆောင်ဘက် ထွက်လာခဲ့သည်။ အဆောင်ရှေ့ကဆိုင်းဘုတ်က မှေးမှိန်နေတယ်ဆိုပေမယ့် 'မိန်းကလေးဆောင်၊ ဒုတိယထပ်သို့ ယောက်ျားလေးများ မဝင်ရ' ဟုရေးထားတာ တွေ့လိုက်ရသည်။

ဒီကျောင်းအခြေအနေက သနားစရာပဲ..

Chen Ge က အဆောက်အဦးထဲရောက်တော့ မိုးကာအင်္ကျီကိုချွတ်လိုက်သည်။ ထိုစဉ် ဟော်စန်းဆီက ဖုန်းဝင်လာခဲ့သည်။

"ဟော်စန်းလား.."

"ဘော့စ်.. ကျွန်တော့်စီနီယာကို ခင်ဗျားရဲ့ဖုန်းနံပါတ် ပေးလိုက်တယ်.. သူ့အဖေ အိမ်မှာရှိတဲ့အချိန် သူ ခင်ဗျားဆီဖုန်းဆက်မယ်တဲ့.."

"ကျေးဇူးပဲ.. တခြားဘာရှိသေးလဲ.."

"သြော်.. ချင်ကွမ်းက Fu An တိုက်ခန်းမှာ Livestream စလွှင့်နေပြီ.. သူက သရုပ်ဆောင်ငှားထားပြီး ဘေးခန်းက လူသတ်သမားအဖြစ် သရုပ်ဆောင်ခိုင်းထားတယ်.. ဒါတွေအားလုံး ခင်ဗျားရဲ့ video ကို လိုက်တုပ ထားတာချည်းပဲ.. ကျွန်တော် ဘယ်ကနေ စရှင်းပြရမလဲတောင် မသိတော့ဘူး.."

"သူ့ကိုလုပ်ခိုင်းလိုက်ပါဦး.. ငါ Livestream စလွှင့်ရင်သာ အားပေးဖို့မမေ့နဲ့.."

"ခင်ဗျား Livestream စလွှင့်တော့မလို့လား.."

ဟော်စန်း၏လေသံက အကြာကြီးမျှော်လင့်စောင့်စားနေသော သစ္စာရှိ fan ရဲ့အသံဖြစ်လို့ Chen Ge ကျေနပ်သွားသည်။

"ငါ့အရင် Livestream က ကြာနေပြီဆိုတော့ အခုက ပိုစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်မလို့ကြံထားတယ်.."

တစ်ဖက်က တိတ်သွားပြီး မကြာခင် ပြေးလွှားသံ၊ အခန်းတံခါး တဒုန်းဒုန်းထုသံ၊ အော်ဟစ်သံကို ကြားလိုက်ရသည်။

"Livestream လွှင့်တာ ကြည့်ချိန်ရောက်ပြီ.. ဒီညတော့ နောက်ထပ်သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့သာပြင်ထား.."

ဟော်စန်း၏ free promotion လုပ်ပေးတာ ကျေးဇူးတင်ပေမယ့် ဟော်စန်း၏စကားက Chen Ge ကို ထူးဆန်းနေစေသည်။

Chen Ge က ဖုန်းကိုင်ထားရင်း Video Sharing app ကိုဖွင့်ကာ ချင်ကွမ်းရဲ့ Live ကို ကြည့်လိုက်သည်။ ချင်ကွမ်းက သဲလွန်စရှာခြင်း၊ ဆန်းစစ်လေ့လာခြင်းကိုသာ အဓိကလုပ်ပြီး သူ့နောက်က professional cameraman က လိုက်ရိုက်ပေးခဲ့သည်။ သူတို့က သေချာကြိုတင်ပြင်ဆင်ထားသောကြောင့် Video ရုပ်ထွက် quality က Chen Ge တင်ထားတာနဲ့ အပြတ်အသတ်ကွာကာ ကောင်းလှသည်။ ထို Live ကို ကြည့်ရှုသူက 68000 viewer ရှိသည်။ တကယ်လို့ ဒီလူတွေသာ သူ့သရဲအိမ်ကိုလာတဲ့ ဧည့်သည်တွေဖြစ်ရင် သူ့ပန်းခြံက တစ်နေကုန် လူပြည့်နေလောက်ပြီ။

Livestream နဲ့ Video အတိုက Chen Ge အတွက် သရဲအိမ်ကြေငြာတဲ့ အရာတွေဖြစ်သည်။ ချင်ကွမ်းကလည်း ဒီလိုလိုက်လုပ်ကာ သူတို့ Studio ကို နာမည်ကျော်စေချင်သည်။ တစ်နေ့ သူသာ ချင်ကွမ်းလောက်နာမည်ကြီးလာရင် အဲ့ဒီ Studio က သူ့ကို သေချာထောက်ပံ့ဖို့ ကမ်းလှမ်းလာမည်ဟု Chen Ge ယုံကြည်သည်။

Chen Ge က လက်ရှိ သူ့မစ်ရှင်တွေဘက်ကို အာရုံစိုက်လိုက်သည်။ ချင်ကွမ်းရဲ့ Live ကိုပိတ်ပြီး သူ့ Page မှာ Live စလွှင့်လိုက်သည်။ သူရောက်နေတာ ဆင်ခြေဖုံးတောပိုင်းဖြစ်ပြီး internet လိုင်းမကောင်းပေ။ ဒါကြောင့် သူ့ Live က မှောင်မည်းနေပြီး အောက်ကတက်လာတဲ့ comment တွေကိုတောင် သူမမြင်ရပေ။

ငါ့ video quality က ချင်ကွမ်းလောက်မကောင်းပေမယ့် ငါတင်ပြတဲ့အချက်က သူ့ထက်ပိုကောင်းတယ်..

Chen Ge က ဘာမှမမြင်ရလို့ သူများတွေကို ဘာမှ reply မပြန်နိုင်ပေ။ သူက မုယန်ကျောင်းအကြောင်းကို မိတ်ဆက်ပေးပြီး အဆောင်ထဲကို ဆက်ဝင်လာခဲ့သည်။ ပထမထပ်က ဘာမှမရှိလို့ ဒုတိယထပ်ကို ဆက်တက်လာသည်။

"မိန်းကလေးအဆောင်က ယောက်ျားလေးအဆောင်နဲ့ အတူတူပဲ.."

အခန်းတွေထဲမှာ ကျောင်းဖတ်စာအုပ်များကို ထည့်သိမ်းထားပြီး ကျောင်းပိတ်တော့ ဝန်ထမ်းတွေက ဒီဟာတွေကို ရှင်းခဲ့ပုံမပေါ်ပေ။ Chen Ge က အခန်းတွေထဲ ဓာတ်မီးနဲ့ထိုးကြည့်ကာ ဆက်လက် Live လွှင့်နေသည်။ ဒုတိယထပ်က ၄ခန်းမြောက်ကိုကြည့်ပြီး နောက်တစ်ခန်းမှာ ထိုင်ခုံတွေကို နံရံဘေးမှာ ညီညီစီစီချထားပြီး အခန်းအလယ်က စားပွဲပေါ်မှာ စာရွက်တစ်ရွက်နှင့် ဘောလ်ပင်တွေချထားတာ တွေ့လိုက်ရသည်။

"စာရွက်အသစ်နဲ့ ဘောလ်ပင်တွေဆိုတော့ ကျောင်းပိတ်သွားတော့ ဒီအခန်းတွေထဲ လာသိမ်းထားပုံရတယ်.."

Chen Ge က ထိုသို့သောစာရွက်နဲ့ဘောလ်ပင်ကိုမြင်တာ ၂ခါရှိပြီဆိုတော့ သံချေးကိုက်နေသောအခန်းသော့ကို ခပ်ကြမ်းကြမ်းဆွဲခါလိုက်တော့ ပွင့်သွားသည်။ အဆောင်ခန်းတံခါးကို ဖွင့်လိုက်တော့ မှိုနံ့က ထောင်းခနဲထလာလို့ Chen Ge နှာခေါင်းပိတ်ကာ အထဲကိုဝင်သွားခဲ့သည်။ သူက စားပွဲနားကပ်သွားပြီး ကင်မရာဖြင့် သေချာရိုက်ပြလိုက်သည်။

စာရွက်ဖြူ ၄ရွက်ရှိပြီး ပထမစာကြောင်းက 'ငါဘယ်အချိန် သေမှာလဲ..'

ဒုတိယစာကြောင်းက 'ငါ ဘယ်လိုသေမလဲ..'

တတိယစာကြောင်းက 'နောက်ထပ် ဘယ်သူသေမလဲ..'

စတုတ္ထစာကြောင်းက ဘာမှ ရေးမထားပေ..

ဒါက ဘောလ်ပင်နတ် ဆင့်ခေါ်ကစားနည်းလား..

Chen Ge က အခန်းကို ကင်မရာနှင့်ရိုက်ပြကာ နောက်ထပ်သဲလွန်စရှာပေမယ့် ဝန်ထမ်းများက မွှေနှောက်ထားပြီးဟန်ဖြင့် ဘာမှမကျန်ရှိတော့ပေ။

အခန်းထဲက ဘာသဲလွန်စမှမရှိတော့ Chen Ge စာရွက်ကိုပဲ သေချာရိုက်ပြလိုက်သည်။

'Pen Spirit game' ရဲ့နောက်ကွယ်က အကြောင်းအရာကို ဘယ်သူမှ တိတိကျကျမရှင်းပြနိုင်ပေ။ သိပ္ပံပညာရှင်များကတော့ လူတွေရဲ့သွေးခုန်နှုန်း၊ စိတ်လှုပ်ရှားမှုနဲ့ အလိုအလျောက် အာရုံကြောများ တုံ့ပြန်ကာ သေချာလေ့ကျင့်ထားခြင်းမရှိဘဲ လက်ကိုတစ်ဖြောင့်တည်းဆန့်တန်းထားချိန် စာကိုရေးနိုင်မည်မဟုတ်ဟု ဆိုထားသည်။ ဒါက ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုသာဖြစ်ပြီး ဘာဝိညာဉ်မှမပါဘူးဟု ပြောကြသည်။

Chen Ge က ကုတင်ထက်မှာ ဖုန်းကိုချကာ ထိုစားပွဲမှာ ခုံ၄ခုံရှိနေတာကို သေချာပါအောင် ရိုက်ယူလိုက်သည်။

ငါက ဒီမစ်ရှင်တွေပြီးဖို့ ဒီတစ်ခုနဲ့စရမယ်ဟုတွေးကာ Chen Ge က အိပ်ခန်းတံခါးကိုပိတ်ကာ ထိုင်ခုံတစ်ခုမှာ သေချာဝင်ထိုင်ပြီး ဘောလ်ပင်ကိုကောက်ကိုင်လိုက်သည်။

Chen Ge က အရုပ်ကို အင်္ကျီအိတ်ကပ်ထဲမှာ ထည့်လိုက်ပြီး လက်တစ်ဖက်က တူကိုကိုင်ကာ ကျန်လက်တစ်ဖက်က ဘောလ်ပင်ကိုကိုင်ပြီး ဘာမှမဖြစ်ဘူးဟု စိတ်ထဲမှာပြောလိုက်သည်။

သူက မျက်လုံးမှိတ်ကာ အာရုံစိုက်ပြီး လက်ကိုတစ်ဖြောင့်တည်းထားကာ ဘောလ်ပင်ကို စာရွက်နှင့်ထိရုံလေးပဲ ထိထားလိုက်သည်။ ပြီးတော့ စိတ်ထဲကမှတ်ထားသည့်အချက်ကို ပါးစပ်ကရွတ်လိုက်သည်။

"ဘောလ်ပင်နတ်.. ဘောလ်ပင်နတ်.. ခင်ဗျားက အရင်ဘဝက ကျွန်တော့်ရဲ့ဝိညာဉ်ဖြစ်ပြီး ကျွန်တော်က ခုဘဝ ခင်ဗျားရဲ့ဝိညာဉ်ဖြစ်ပါတယ်.. ခင်ဗျားက ကျွန်တော်နဲ့ အတူရှိတယ်ဆိုရင် စာရွက်မှာ စက်ဝိုင်းပုံဆွဲပြပါ.."

ဒီလိုရွတ်ဆိုအပြီးမှာ Chen Ge က စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ သူ့လက်မောင်းက ရွေ့သွားသဖြင့် Chen Ge အေးခဲသွားခဲ့သည်။ အပြင်ဘက်မှာ မိုးက ဆက်ရွာနေပြီး ကျောင်းတစ်ခုလုံးကို အမှောင်ထုက ဝါးမြိုလို့ထားသည်။

အခန်းထဲကမှိုနံ့က နည်းနည်းလွင့်လာသလို ခံစားလိုက်ရပြီး လေအေးကြောင့် စာရွက်တချို့ နည်းနည်းရွေ့သွားသည်။ ခဏကြာတော့ Chen Ge က မျက်လုံးဖွင့်ကြည့်တော့ သူ့လက်ကို တစ်စုံတစ်ခုက ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ Chen Ge က သူ့ညာဘက်လက်ကို သေချာစိုက်ကြည့်နေပြီး ဘယ်လက်ကတူကို တင်းနေအောင်ဆုပ်ကိုင်ထားသည်။ တစ်ခုခုဖြစ်ရင် တူနှင့်ထုဖို့ ပြင်ထားသည်။
===========
Chapter (79) – ရွေးချယ်ခွင့်

အခန်းထဲကလေထုက ထူးဆန်းလာသည်။ အပြင်မှာ မိုးသည်းပြီး လေထန်ပေမယ့် ဒီအိပ်ခန်းက တိတ်ဆိတ်နေသည်။ လက်နှိပ်ဓာတ်မီးအလင်းရောင်အောက်ဝယ် အိပ်ယာထက်က အိပ်ယာခင်းက ဖောင်းလာပြီး တစ်ခုခုတိုးထွက်လာသလို ထင်ရသည်။

Chen Ge က လက်မောင်းကို ဖြောင့်အောင်ဆန့်ထားရင်း ကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် လျှော့ထားသည်။ ထိုစာကြောင်းကို ရေရွတ်လိုက်ပြီးချိန်မှာ အေးစက်စက်လက်တစ်ဖက်က သူ့လက်ဖမိုးကိုဖိမိုးကာ လာအုပ်ကိုင်လိုက်သလိုပင် ခံစားလိုက်ရသည်။ သူ့လက်ဖမိုးက အေးစက်သောအငွေ့ကိုပင် ခံစားလိုက်ရသည်။

Chen Ge က ထိုဘောလ်ပင်နတ်ကို ပင့်ဖိတ်သည့်စာကြောင်းကို ထပ်ရွတ်လိုက်သည်။ ထိုအချိန်ထိ သူ့လက်ထဲကဘောလ်ပင်က လှုပ်ရှားခြင်းမရှိသလို စက်ဝိုင်းလည်းမဆွဲပေ။ ဘောလ်ပင်နတ်က သူ့တောင်းဆိုချက်ကို ငြင်းဆိုလိုက်တာလား။

သူ့လက်ကအအေးဓာတ်က တစ်ကိုယ်လုံးကို ပျံ့နှံ့လာခဲ့သည်။ အကြောင်းတစ်ခုကြောင့် ဒီအခန်းထဲ ဝိညာဉ်တစ်ခုခုဝင်လာသည်ကို ခံစားလိုက်ရသည်။ သူရထားသည့် ယင်ယန်မျက်လုံးကြောင့် အခန်းထဲမှာ မည်းမည်းလူရိပ်သုံးခုကို ဝိုးတဝါးတွေ့လိုက်ရသည်။ ထိုလူရိပ်သုံးခုက သူ့လက်ကို ဝိုင်းကာ ဆုပ်ကိုင်ထားကြသည်။

"မင်းတို့က သုံးယောက်လား.."

Chen Ge ၏နှလုံးသားက တုန်လှုပ်ခြောက်ခြားနေစဉ် မည်းမည်းအရိပ်တွေက ပျောက်သွားသည်။ ဒါက သူတို့ထွက်သွားတာလို့ ဆိုလိုတာမဟုတ်ပေ။ ဘောလ်ပင်ကိုင်ထားသည့် သူ့လက်ပေါ်ကို ဝိညာဉ်၃ခု၏လက်များ ဝိုင်းထပ်ကာ ဆုပ်ကိုင်ထားတာ ဆိုတဲ့အတွေးကြောင့် Chen Ge ချွေးပြန်လာသည်။

ဝိညာဉ်၃ခုက သူဆင့်ခေါ်လို့ရောက်လာတယ်ဆိုတာက 'ဝိညာဉ်များ၏နှစ်လိုမှု' ဆိုသည့် သူရထားသည့်ဆုလာဘ်၏ အကျိုးသက်ရောက်မှုပဲလား..။

ထိုစဉ် ဘောလ်ပင်က နည်းနည်းလှုပ်သွားသည်ကို Chen Ge ခံစားလိုက်ရသည်။ ပွဲစပြီလား..။

သူ့ဘေးကဓာတ်မီးက မှိန်သွားစဉ် ဘောလ်ပင်က စလှုပ်လာပြီး စာရွက်ပေါ်မှာ စက်ဝိုင်းပုံပေါ်လာတော့သည်။ Chen Ge က သူလုံးဝလက်မလှုပ်လိုက်တာ သိပေမယ့် စာရွက်ပေါ်မှာပေါ်လာသည့် စက်ဝိုင်းကိုငေးကြည့်ကာ mission ၏ခေါင်းစဉ် 'ဘောလ်ပင်နတ်က ထွက်ခွာဖို့ငြင်းဆိုခြင်း' ဆိုတာကို သတိရသွားသည်။

'ဘောလ်ပင်နတ်' ကို ဆင့်ခေါ်ကစားလျှင် လိုက်နာရမယ့်စည်းကမ်း ၃ချက်ရှိသည်။ 1. မင်းသေတာကို မမေးရဘူး။ 2. မင်းသက်တမ်းကို မမေးရဘူး။ 3. ပြီးသွားလျှင် ဘောလ်ပင်နတ်ကို ပြန်ပို့ပေးရမယ်။ ဒီစည်းကမ်းကိုချိုးဖောက်လျှင် မတွေးဝံ့စရာ ဆိုးဝါးသောအကျိုးဆက်ကို ခံစားရလိမ့်မည်။ တတိယအချက်က အရေးအကြီးဆုံးဖြစ်သည်။ တကယ်လို့ ဘောလ်ပင်နတ်ကိုပြန်မပို့ရင် သူက တစ်သက်လုံးတွယ်ကပ်ကာ game မှာပါဝင်ကစားသူအားလုံးကို သတ်ပစ်လိမ့်မည်။

"ဒီကိစ္စမှာ ဘာမှမဖြစ်စေဖို့ မျှော်လင့်ရမှာပဲ.."

Chen Ge က စာရွက်ကိုအာရုံစိုက်လိုက်တော့ စက်ဝိုင်းတစ်ခုရေးဆွဲပြီးနေတာ တွေ့လိုက်ရသည်။ ကြည့်ရတာ ငါ မေးခွန်းမေးရမယ့်အချိန် ရောက်ပြီ။ Chen Ge က mission ပြီးဖို့ပဲ အာရုံစိုက်ပြီး ဘောလ်ပင်နတ်ကို ဒေါသထွက်စေဖို့ မရည်ရွယ်ပေ။ ဒါပေမယ့် ဘောလ်ပင်နတ်ကို ဆင့်ခေါ်နိုင်တယ်ဆိုတာ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုဖြစ်တာကြောင့် Chen Ge သိလိုတာမေးလိုက်သည်။

"ဘောလ်ပင်နတ်.. ကျွန်တော့်မိဘတွေ ဘယ်မှာရှိသလဲ ခင်ဗျားသိလား.."

ရေချိုးခန်းထဲ ခက်ခဲသောမစ်ရှင်ကို ဆောင်ရွက်သောညမှာ သူအတွေ့ချင်ဆုံးက သူ့မိဘတွေဖြစ်ပေမယ့် သူ့ဆန္ဒမပြည့်ဝခဲ့ပေ။ ဒါက သူ့မိဘတွေ အသက်ရှင်နေဆဲဆိုတာ သိလိုက်ရသည်။ သူတို့က ပျောက်ဆုံးနေတာပဲဖြစ်သည်။ သူက ဒီအဖြေကို တကယ်သိချင်နေခဲ့သည်။ ဒါပေမယ့် ဒီမေးခွန်းကိုပြောလိုက်တော့ ဘောလ်ပင်က အသံမြည်ကာ အက်ကွဲသွားခဲ့သည်။ ကြည့်ရတာ သူ့မေးခွန်းက အတော်ခက်ခဲနေပုံရသည်။ သူ့မေးခွန်းကို ဘောလ်ပင်နတ် ဖြေနိုင်ပုံမရပေ။ သူ့မိဘတွေက ပျောက်ဆုံးသွားတယ်ဆိုတာထက်ပိုသည့် နောက်ခံအကြောင်းတရား ရှိပုံရသည်။

ထိုစဉ် အခန်းထဲကမီးရောင်က ပိုတောက်လာသလို ခံစားလိုက်ရသည်။ ဘောလ်ပင်က ထပ်လှုပ်လာပြီး စက်ဝိုင်းတစ်ခု ထပ်ဆွဲလိုက်သည်။

ဒါက ဘာကိုဆိုလိုတာလဲ..။ ဒါပေမယ့် ဘောလ်ပင်နတ် အဆင်မပြေတာကို သူခံစားလိုက်ရသည်။ ဒီမေးခွန်းကလွဲပြီး သူသိချင်တာမရှိတော့သဖြင့် အခြားကြုံရာမေးခွန်းကိုမေးဖို့ တွေးလိုက်သည်။

Chen Ge က ဒီဂိမ်းကိုဆက်ကစားဖို့ ဆုံးဖြတ်လိုက်ကာ ထပ်မေးလိုက်သည်။

"ဘောလ်ပင်နတ်.. ကျွန်တော့်ဇနီးက ဘယ်သူဖြစ်မလဲ.."

သူ့လက်ကအအေးဓာတ်ကနေ တစ်ကိုယ်လုံးပျံ့နှံ့လာပြီး စက္ကူပေါ်မှာ ဘောလ်ပင်က စတင်ရေးခြစ်တော့သည်။

"ရွှီ.. ရွှီဝမ်ကိုပြောတာလား.."

ဒါပေမယ့် အခန်းထဲကဓာတ်မီးက ပိုလင်းလာပြီး နံရံပေါ်ကအရိပ်က ၄ခုဖြစ်လာသည်။ အပြင်ဘက်မှာ မိုးခြိမ်းကာ လျှပ်စီးများတဖျပ်ဖျပ်လက်နေသည်။

ထိုစဉ် Chen Ge လက်ထဲကိုင်ထားသည့်ဘောလ်ပင်က ပိုမိုအက်ကွဲလာပြီး ဘောလ်ပင်နတ်များကြား တစ်စုံတစ်ခု ပြဿနာတက်နေပုံရသည်။ ပြီးတော့ သူ့လက်ဖမိုးပေါ်က အအေးဓာတ်က လွင့်ပြယ်သွားစဉ် ဘောလ်ပင်က ထပ်လှုပ်ရှားလာပြီး သွေးနီရောင်စာလုံးတစ်လုံး ပေါ်လာသည်။

"ကျန်းယာ့.."

"ဘောလ်ပင်နတ်.. ခင်ဗျားရေးချင်တဲ့နာမည်က ဒီဟာလား.."

ဒါပေမယ့် ဘောလ်ပင်နတ်ဆီက ဘာတုံ့ပြန်မှုမှ မရတော့ပေ။

"ဘောလ်ပင်နတ်.. ခင်ဗျားရှိသေးရင် စက်ဝိုင်းပုံဆွဲပြပါ.."

ဒါပေမယ့် ဘောလ်ပင်နတ်က ငြိမ်သက်လို့နေသည်။ အခန်းထဲက ယင်စွမ်းအား လုံးဝပျောက်ကွယ်သွားပြီး အခန်းက ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူလုံခြုံစေဖို့ Chen Ge က ဘောလ်ပင်နတ်ကိုပြန်ပို့ဖို့ လုပ်လိုက်သည်။

"ဘောလ်ပင်နတ်.. သင်က ယခင်ဘဝက ကျွန်ုပ်၏ဝိညာဉ်ဖြစ်ပြီး ခုဘဝ ကျွန်ုပ်က သင့်ဝိညာဉ်ဖြစ်ပါတယ်.. ကစားလို့ပြီးပြီဖြစ်လို့ သင်သွားလိုရာ သွားလို့ရပါပြီ.."

Chen Ge က ဂိမ်းပြီးသွားလို့ ထိုင်ရာကထကာ ဘောလ်ပင်ကို ချလိုက်တော့ တစ်စစီဖြစ်သွားတာ တွေ့လိုက်ရသည်။

"ငါ့ရဲ့ဘောလ်ပင်နတ်က တခြားလူတွေနဲ့ မတူပါလား.."

Chen Ge က သူ့ဖုန်းကိုယူကြည့်တော့ သူ့ Livestream ကိုကြည့်သူက 20000 ကျော်ပြီး လူကြိုက်များသည်ကို တွေ့လိုက်ရသည်။
===============
Chapter (80) – ပဉ္စမမြောက်အိမ်သာခန်း

ကြည့်ရှုသူ 20000 ဟုတ်လား..။ ဘယ်အချိန်က ဒီလောက်တိုးသွားတာလဲ..။ သူ Live စလွှင့်တော့ လူ 10 ယောက်လောက်ပဲရှိတာပါ။

သူက ဖုန်းကို မျက်နှာကျက်ဘက်ဆီ မြှောက်လိုက်ပေမယ့် အင်တာနက်လိုင်းက မကောင်းတော့ comment တွေ ဘာမှမမြင်ရပေ။ Follower 5000 တောင်မရှိပေမယ့် ကြည့်ရှုသူ 20000 ကျော်ဆိုတော့ ကံကောင်းတယ်ပြောရမည်။

Chen Ge က စာရွက်ပေါ်က စက်ဝိုင်းတွေကို သေချာဓာတ်ပုံရိုက်ပြလိုက်သည်။ ပြီးတော့ တစ်စစီဖြစ်သွားသောဘောလ်ပင်ကိုရော သေချာရိုက်ပြကာ ပြောလိုက်သည်။

"လေးစားရပါသော ကြည့်ရှုသူခင်ဗျား.. ခင်ဗျားတို့ မြင်ကြပါရဲ့လား.. ကျွန်တော်လည်း 'Pen Spirit game' ကစားလိုက်ရော၊ ဘောလ်ပင်က သူ့ဘာသာ သတ်သေသွားတော့တာပဲ.. ခင်ဗျားတို့ ကျွန်တော့်ကို မ follow တော့ဘူးလား.. ကျွန်တော်က ဒီမှာ စွန့်စွန့်စားစား ကစားနေပြီး Live လွှင့်နေရတာပါ.. ကျွန်တော့်လို လူမသိတဲ့ Host က ဘယ်လိုလုပ်ကင်မရာအကောင်းစားနဲ့ နောက်လိုက်အဖွဲ့ ရှိမလဲ.. ခင်ဗျားတို့နဲ့လည်း အပြန်အလှန် စကားမပြောနိုင်ဘူး.. ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့ကို တကယ့်အစစ်အမှန် စိတ်လှုပ်ရှားစရာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို တွေ့ကြုံခံစားရအောင် ခေါ်သွားနိုင်ပါတယ်.. ဒါက ကျွန်တော့်ရဲ့ ထူးခြားချက်ဖြစ်ပြီး ကော်ပီလုပ်လို့မရတဲ့ အရာပေါ့ခင်ဗျာ.."

သူ ဒီစကားပြောပြီးနောက် follower တွေ စတိုးလာတော့သည်။ Chen Ge က mission ပြီးဖို့သာမက Follower တိုးဖို့လည်း တစ်ပြိုင်တည်းလုပ်နေရသည်။ သူ့ Live က ချင်ကွမ်းရဲ့ Live နဲ့ယှဉ်ရင် တကယ့်ကို ဘယ်မှာမှရှာမရတဲ့ ဖြစ်ရပ်မှန်ကို Viewer တွေ တွေ့ကြုံခံစားရမှာဖြစ်သည်။ ဒါက စက်ကိရိယာအားနည်းပေမယ့် သူများထက်သာသော အချက်ဖြစ်သည်။

ချင်ကွမ်းရဲ့ Live က ပြီးစီးသွားတဲ့ လူတိုင်းသိသောကိစ္စရပ်ပေါ် ဇာတ်ညွှန်းရေးကာ သရုပ်ဆောင်တွေနဲ့ ရိုက်ပြတာဖြစ်သည်။ Chen Ge က တကယ့်အသစ်အဆန်းကို Live လွှင့်တာဖြစ်ပြီး နောက်ပိုင်းမှာ ဘာဖြစ်မယ်ဆိုတာ သူကိုယ်တိုင်တောင်မသိပေ။ ဒါက အဓိကကွာခြားချက်ဖြစ်ပြီး ဘယ်သူမှလိုက်တုလို့မရသော အရာဖြစ်သည်။

"ခင်ဗျားတို့ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်.. 'Pen Spirit game' ကို အိမ်မှာမကစားကြပါနဲ့ဗျာ.. အခု နောက်တစ်နေရာကို သွားကြပါစို့.."

Chen Ge က ဒီမစ်ရှင်ပြီးပြီဖြစ်လို့ တခြားနေရာကိုသွားဖို့ပြင်လိုက်သည်။ နာရီကိုကြည့်လိုက်တော့ ၉ နာရီထိုးနေပြီ။ 'ဘောလ်ပင်နတ်ကစားခြင်း' က ဒီလောက်မကြာသင့်ပေ။ သန်းခေါင်ယံရောက်ဖို့ ၃နာရီလိုသေးသည်။ Side mission တစ်ခုကို ၁နာရီနှုန်းနဲ့ သတ်မှတ်ကာ ပြီးအောင်အမြန်လုပ်ရမည်။ ပြီးလျှင် ပုန်းစရာနေရာရှာပြီး မနက်အာရုဏ်တက်ချိန်ထိ နေပြီးရင် mission အောင်မြင်ပြီဖြစ်သည်။

သူက ဖုန်းအနက်ရဲ့ mission ကိုဆောင်ရွက်ရင်း သူ့ရဲ့ page နာမည်ကြီးအောင် တစ်လက်စတည်း ကြိုးစားနေခြင်းဖြစ်သည်။ Livestream က ကြည့်ရှုသူတိုးလာသောကြောင့် Chen Ge က ပျော်နေသည်။ သူများ comment ကို ဖတ်မရသောကြောင့် အချိန်ဖြုန်းစရာလည်းမလိုတော့ပေ။ ပထမမစ်ရှင် အောင်မြင်သွားလို့ Chen Ge စိတ်တက်ကြွကာ ထိုနေရာကထွက်လာသည်။

နောက်မစ်ရှင် ၃ခုက နက်ရှိုင်းသောရေတွင်း၊ ပဉ္စမမြောက်အိမ်သာခန်းနှင့် ချိပ်ပိတ်ထားသော စာသင်ခန်းဖြစ်သည်။

ဒီအဆောင်ရဲ့အိမ်သာက ၄ခန်းသာရှိသောကြောင့် ပဉ္စမမြောက်အိမ်သာခန်းရှိသည့်နေရာက စာသင်ဆောင်တွေဘက်မှာရှိရမည်။ ဘယ်နေရာရယ်လို့ အတိအကျမပြောထားသဖြင့် သူလိုက်ရှာရမည်ဖြစ်သည်။ Chen Ge က စာသင်ဆောင်ဘက် ပြန်ရောက်လာတော့ ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။ ဒါက စာသင်ဆောင်အဆောက်အဦးနှင့်မတူဘဲ အလောင်းများစွာ သိမ်းဆည်းထားသော ခေါင်းတလားကြီးကဲ့သို့ ထင်လိုက်ရသည်။

Chen Ge က ဓာတ်မီးဖွင့်ကာ ဆက်တိုက် Live လွှင့်ရင်း အဆောက်အဦးထဲ ဝင်လာခဲ့သည်။ စာသင်ခန်းအလွတ်နားက ဖြတ်လာတော့ ကျောချမ်းနေမိသည်။ စာသင်ခန်းထဲ မမြင်သင့်တာကို မြင်ရမှာ စိုးရွံ့နေသည်။ စင်္ကြန်အဆုံးမှာ Chen Ge အိမ်သာထဲဝင်လိုက်သည်။ အိမ်သာခန်းတံခါးက ကျိုးပဲ့နေပြီး အထဲကို အတိုင်းသားမြင်နေရသည်။ အိမ်သာခန်းက ၆ခန်းရှိသဖြင့် ဒီထဲကိုဝင်လိုက်သည်။

ကြမ်းပြင်က အက်ကွဲကာ မြက်ပင်တချို့ပင်ပေါက်နေသည်။ နံရံက စွန်းထင်းနေပြီး ပြတင်းပေါက်က တကျွီကျွီနဲ့မြည်နေသောကြောင့် Chen Ge ကြောက်စိတ်ဝင်လာသည်။

"အချိန်မရှိဘူး.. မစ်ရှင်ကို အာရုံစိုက်မှ.."

ဒီအိမ်သာထဲမှာ အိမ်သာခန်း ၆ခန်းရှိပြီး ပထမလေးခန်းကို တွန်းကြည့်တော့ သော့ခတ်ထားတာတွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင် လူအသုံးပြုသောအိမ်သာကိုပဲ သော့ခတ်လေ့ရှိသည်။ ခု ကျောင်းကပိတ်လိုက်တာ ၃နှစ်ရှိပြီဆိုတော့ ဘယ်သူမှသုံးမည်မဟုတ်ပေ။

Chen Ge က ပဉ္စမအိမ်သာခန်းကို တူဖြင့်ရိုက်ဖွင့်လိုက်သည်။ ရုတ်တရက် တံခါးပွင့်သွားပြီး မည်းမည်းအရာများ ပြိုလဲကျလာတော့ လန့်ကာ နောက်ကိုခုန်ဆုတ်လိုက်ပြီးမှ ဒီဟာက သန့်ရှင်းရေးလုပ်သည့်ပစ္စည်းများ သိမ်းထားသည့်အခန်းမှန်း သိလိုက်သည်။ နောက်တစ်ခန်းလည်း ဒီလိုပဲဖြစ်သည်။

ဒါဆို ဒီအထပ်ကအိမ်သာက သူ့ mission နေရာမဟုတ်ပေ။ Chen Ge က အိမ်သာကထွက်ကာ နောက်တစ်ထပ်ကို တက်လာခဲ့သည်။ သူထွက်လာတော့ ပြတင်းပေါက်က တကျွီကျွီနှင့် နှုတ်ဆက်သလို မြည်ကျန်ရစ်ခဲ့သည်။ တကယ်လို့ သရဲအိမ်ထဲမှာ ဒီအကွက်ကိုထည့်လျှင် ဧည့်သည်တွေ ပိုခြောက်ခြားနိုင်သည်ကို တွေးကာ သေချာမှတ်ထားလိုက်သည်။

ဒုတိယထပ်၏ အိမ်သာထဲဝင်လိုက်စဉ် ထူးဆန်းသောဖိအားကို ခံစားလိုက်ရသည်။ ဒါဆို မစ်ရှင်နေရာက ဒီအထပ်ဖြစ်ရမည်။ ထိုအထပ်က အိမ်သာက မြေညီထပ်ကအိမ်သာထက် အခြေအနေပိုကောင်းသည်။ Chen Ge က ပထမအိမ်သာခန်းတံခါးကို မဖွင့်ရသေးခင် စင်္ကြန်ဘက်က ခြေသံကို ကြားလိုက်ရသည်။ ဒါပေမယ့် မိုးသံကြောင့် သိပ်တော့မသေချာပေ။ တစ်ယောက်ယောက် ပြေးလာတဲ့အသံလား..၊ မိုးသံလား..။

Chen Ge က တူကိုမြှောက်ကာ အိမ်သာခန်းထဲ တစ်ယောက်ယောက်ဝင်လာမလားဆိုပြီး စောင့်နေပေမယ့် ဘယ်သူမှဝင်မလာပေ။

ညသန်းခေါင်ရောက်ချိန်နီးလို့ ကျောင်းထဲကဝိညာဉ်တွေ အသက်ဝင်လာတာလား..။ ဒါဆို သူအချိန်ဆွဲနေလို့ မဖြစ်တော့၊ မြန်မြန်လုပ်မှရတော့မည်။ Chen Ge က အချိန်မဆိုင်းဘဲ ပထမအိမ်သာ ၄ခု၏ တံခါးကိုဖွင့်ပြီး ပဉ္စမအိမ်သာတံခါးကို ဖွင့်ဖို့ ရပ်နေစဉ် စင်္ကြန်ဘက်က ခြေသံ၂စုံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

မစ်ရှင်ထဲကဖော်ပြချက်က ညသန်းခေါင်မှာ ပဉ္စမမြောက်အိမ်သာထဲ အနီရောင်အရိပ်ပေါ်လာမည်။

အခုက အဲ့တာပဲလား..။
==============





သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now