Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....

512 117 4
                                    

Chapter (177) - သူက  တံခါးအတွင်းမှာ ရှိနေတယ်....


"တံခါးလား?"
မန်နန်၏ အသံသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ တစ်ခုခုကို သတိရသွားသည် ။ ချန်ကော ပေးပို့သည့်ပုံကို မန်နန်လည်းတစ်ပုံ ပိုင်ဆိုင်ထားသော်လည်း စာအုပ်တွေရဲ့   အံဆွဲတစ်ခုထဲမှာ သူ သိမ်းထားခဲ့သည်။  

ချန်ကော သည် ဟိုင်မင် တိုက်ခန်း  တွင် ထိုဓါတ်ပုံကို မြင်သောအခါ သူ စိတ်ရှုပ်သွားသည်။ ထိုပုံသည် သူ့အမေ၏ပုံဖြစ်ကာ မန်နန်က ဓာတ်ပုံဘောင်အတွင်းထည့်မထားပဲ ဘာကြောင့် ဝှက်ထားသလဲ ဆိုတာ ချန်ကော နားမလည်နိုင်ခဲ့ပေ။   မန်နန်က  ပုံကို ဝှက်ထားကာ ထိုအမှတ်တရကို သူ့မှတ်ဉာဏ်ထဲမှာ    ဝှက်ထားခဲ့တယ်။ ဒီအကြောင်းရာကို မစွန့်လွှတ်နိုင်ပေမယ့် သူက  ရင်ဆိုင်ဖို့ ငြင်းဆန်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ အတွေးတွေက ပဋိပက္ခဖြစ်ခဲ့တယ်။

"ဒီပုံကို ဘယ်ကရလာတာလဲ"
မန်နန်၏ အသံသည် တုန်ခါသွားကာ သူ့လေသံ နှေးကွေးသွားသည်။ ချန်ကော ဟာ သူ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အရာတွေကို ဖော်ထုတ်လိုက်တဲ့အတွက် သူ ရှောင်မပြေးနိုင်တော့ဘူး။

"စိတ်ကျန်းမာရေးဆေးရုံမှာ ဒီ ဓါတ်ပုံကို ငါတွေ့ခဲ့တယ်။ မင်း အမေနေတဲ့အခန်းကို ငါ သွားခဲ့ပြီးပြီ"

"အဲ့ဒီနေရာကနေ ချက်ခြင်းထွက်သွား!" ချန်ကောရဲ့စကားမဆုံးခင်  မန်နန်က အလောတကြီး ထအော်လိုက်တယ်။

"ထွက်သွားရမှာလား? မင်းတစ်ခုခုကို သတိရသွားပုံရတယ်။"

တယ်လီဖုန်းမှာ တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် မန်နန်က ပြောခဲ့သည်။

"ငါ   အဲ့လို ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ပင်ကိုယ်သိစိတ်အရ အဲ့ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုတာ သိနေလို့ပဲ"

"စိတ်ကျန်းမာရေး ဆေးရုံကို သော့ခတ်ထားလို့ ငါ ထွက်သွားလို့မရတော့ဘူး။ အရေးပေါ် အခြေနေ မဟုတ်ရင် မင်းကိုနှောင့်ယှက်ဖို့ ငါ ဖုန်းဆက်မှာမဟုတ်ဘူး။"

အသားခုတ်ဓားကို ကိုင်ထားရင်း ချန်ကောက နံရံတွေပေါ်က သွေးကြောများသည် ကျန်းယာ့ ဆီသို့ ဦးတည်နေသေးသည်ကို တွေ့လိုက်ရသည်။

 "ဒါပေမယ့် အခြေနေတွေက  ငါနဲ့ မင်း ထိန်းချုပ်နိုင်တဲ့ အတိုင်းတာကို  ကျော်လွန်သွားပြီ။ ကုသမှုကို ငြင်းဆန်တဲ့ အရူးတွေက သူတို့ရဲ့ အလိမ်အညာတွေနဲ့ ဒီနေရာကို ပြန်လာခဲ့ကြပြီ။ သက်ရှိလူသားတွေကို ဖမ်းဆီးပြီး ပုဆိန်နဲ့ လွှတွေနဲ့ စမ်းသပ်ခဲ့ကြတယ်၊ သူတို့ ဘာလုပ် ကြမလဲဆိုတာ တွေးကြည့်လို့ရလား။"

"ဆေးရုံမှာ မင်း ဒုက္ခရောက်နေတာလား"

မန်နန်၏အသံမှာ မသေချာမရေရာမှုများ ပြည့်နှက်နေသည်။သူက  တစ်ခုခုပြောချင်သော်လည်း သတ္တိမရှိသလို သူ့ကိုယ်သူလည်း သံသယဝင်နေသည့် ပုံပေါ်သည်။

"ငါ အတည်ပြုနိုင်တာတစ်ခုက၊ သားကောင်အဖြစ် နှိပ်စက်ခံနေရတဲ့လူတွေက တစ်ယောက် မက ရှိနေတယ်။ အနှိပ်စက်ခံ သားကောင်တွေ အများကြီးရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ငါ ရှာတွေ့ခဲ့တယ်။"

ချန်ကော သည် မန်နန် ဘာကြောင့် တုံ့ဆိုင်းနေသည်ကို မသိပေ။ သူက ဆက်လက်ပြီး အခြေနေကို ပြောပြလိုက်သည်။

 "ငါလည်း အန္တရာယ်ထဲ ကျရောက်နေတာ။ မကောင်းဆိုးဝါး တွေနဲ့ လူနာတွေက ငါ့ကို ပုဆိန်နဲ့ လိုက်နေကြတာ။ ငါ သူတို့ကို မျက်ခြေဖြတ်လို့ မရဘူး။"

အချိန်အတော်ကြာပြီးနောက် မန်နန်က စကားစလာသည်။
 "မင်းကို ကူညီဖို့  ငါ ဘယ်လို လုပ်ပေးရမလဲ"

"မင်းကိုယ်အတွင်းက တခြားလူငယ်လေးကို နှိုးလိုက်ပါ၊ သူက ငါ ရှာနေတဲ့သူပဲ"
လေထုထဲတွင် ထွက်ပေါ်လာသည့် အနံ့အသက်သည် မကောင်းဆိုးဝါး တစ်ကောင်၏ ဝမ်းဗိုက်ကို ဖွင့်လိုက်သကဲ့သို့ ပြင်းထန်လာသည်။

"ဘာကြောင့်လဲ ဆိုတာ မင်း ငါ့ကို ပြောပြလို့ရမလား"
 မန်နန်၏ အသံသည် နူးညံ့ပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပါသည်။

ချန်ကော သည် မန်နန်နှင့် ဂိမ်းကစားရန် အချိန်မရှိသဖြင့် ခပ်မြန်မြန်ပြောလိုက်သည်။
 "ငါက တတိယ နာမကျန်းခန်းမ ရဲ့ တတိယအခန်းတံခါးကို ပိတ်ချင်တယ်။ မင်းရဲ့ ငယ်ဘဝတုန်းက မင်းက ဒီတံခါး  ပိတ်နည်းကို သိခဲ့တယ်။ သူ့ကို နှိုးလိုက်ရင်  မင်း ငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာကို ငါ သိနိုင်တယ်၊ မင်းရဲ့ နာကျင်မှုကို ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်း တစ်သက်လုံး အဖြစ်မှန်ကနေ ထွက်ပြေးလို့မရဘူး။"

"တံခါးပိတ်ဖို့လား.. တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ မင်းကို မကူညီနိုင်မှာကို စိုးရိမ်တယ်" မန်နန်က သူ့ကိုယ်သူ စကားပြောနေသလို ဖြစ်နေသည်။  

ချန်ကော သည် မန်နန်၏ ရက်စက်စွာ ငြင်းပယ်ခြင်းကို မမျှော်လင့်ခဲ့မိပေ။
 "ဘာကြောင့်လဲ ?"

"ဘာလို့လဲဆိုတော့ သူက ကျွန်တော်နဲ့မနေဘူး"
မန်နန်အသက်ပြင်းပြင်းရှူလိုက်သည်။
 "သူက တံခါးနောက်မှာ သော့ခတ်ခံထားရတယ်။"

"မင်းရဲ့ငယ်ဘဝ ကိုယ်ရည်ကိုယ်သွေးက တံခါးရဲ့တစ်ဖက်မှာရှိနေတာလား"
ချန်ကော ရဲ့မျက်ခုံးတွေက   မှုန်ကုပ်ကုပ်ဖြစ်သွားသည်။

"ဟုတ်တယ်။ ရိုးရိုးသားသားပြောရရင် သူက တကယ့်ကို အဓိကကျတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်က လေးနှစ်ကျော်မှ စတင်ခဲ့တာပါ။"

 မန်နန်က ဒီ ထိတ်လန့်စရာကောင်းတဲ့ အချက်အလက်ကို ထုတ်ဖော်ခဲ့ပါတယ်။

 "အဓိကပုဂ္ဂိုလ်ကို စိတ်ကျန်းမာရေးဆေးရုံမှာ မွေးဖွားခဲ့ပြီး သာမန်အတိုင်း နေထိုင်ခဲ့သလို သူ့ကို အားလုံးက လိမ်နေတာကို  သူ သိခဲ့တယ်။ သူ့ရဲ့ကမ္ဘာက သာမန်နဲ့ မတူဘူး။ လေးနှစ် မပြည့်ခင်မှာ သူ့အမြင်ကို ပြန်ပြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး သူ့ကို ထောက်ပံ့ ပေးထားတဲ့ တစ်ယောက်တည်းသောသူက    သူ့အမေပဲ၊ သူက အသက်လေးနှစ်ရှိ လာချိန်မှာ သူ့အမေ အသတ်ခံရပြီး အရာအားလုံးကို သိခဲ့တဲ့ ပုဂ္ဂိုလ်က သာမန်ကမ္ဘာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သာမန် လူသားတွေ နေတဲ့ ကမ္ဘာက သူ့ကို ဘယ်တုန်းကမှ ကြင်နာမှု မပြခဲ့ဘူး၊ ဒါကြောင့် ငါတို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ တကယ်ကို အလိမ်အညာတွေလို့ သူ ယုံကြည်ခဲ့တယ်။ သူ့စိတ်ကို ချုပ်နှောင်ထားပြီးနောက် ငါ ပေါ်လာခဲ့တယ် စိတ်ကျန်းမာရေးဆေးရုံက  ဒါရိုက်တာနှင့် ဒေါက်တာချန်က ငါ့ကို ရှာတွေ့ပြီးတဲ့နောက် တံခါးကိုပိတ်ထားဖို့ ငါ အကူညီတောင်းခဲ့တယ်။"

"အဲဒီအချိန်တုန်းက ငါက အရမ်းငယ်သေးပြီး ဘာမှ မသိဘဲနဲ့  ငယ်စဉ်ကလေးဘဝတုန်းက အဓိကကျခဲ့တဲ့ စိတ်ကျန်းမာရေးဆေးရုံကို သူတို့ပြန်ခေါ်လာခဲ့တယ်။ သူတို့က ငါ့ကို မေးခွန်းတွေ အများကြီးမေးတယ်၊ အခုထိ ငါ ဖြေလို့မရတဲ့ မေးခွန်းတွေရှိနေသေးတယ်။

"အဲဒီညက အခန်း (၃) မှာ ငါ အိပ်ဖို့စီစဉ်ထားတယ်၊ နောက်ဘာဖြစ်မလဲတော့ မသိဘူး။ ရေထဲမှာ အိပ်ဆေးတွေရှိလောက်တယ်။ ငါက အရမ်းငိုက်လာချိန်မှာ ငါ့ကိုယ်ထဲက အဓိက ပုဂ္ဂိုလ်ကို ခေါ်ထုတ်လိုက်တာ ဖြစ်နိုင်တယ်။ ငါနိုးလာတဲ့အချိန်က သန်းခေါင်ကျော်နေပြီ။ မျက်လုံးတွေကို မှုန်ဝါးဝါးဖွင့်ကြည့်လိုက်တော့ အိပ်ယာပေါ်မှာ လဲလျောင်းနေ တာတွေ့ လိုက်ရတယ်၊ ဒါပေမယ့် ငါ့ပတ်ဝန်းကျင်က အရာအားလုံးက သွေးတွေနီရဲနေတယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ အဓိက ပုဂ္ဂိုလ်က ငါ့အနားမှာ ရပ်နေတာပဲ။ လူတိုင်းက ဒါကို လျှို့ဝှက်ထားဖို့ ပြောပြီး အပြင်စင်္ကြံမှာ နာရီကို ညွှန်ပြခဲ့တယ်။ ဘယ်လောက်ပင်ပင်ပန်းနေပါစေ နိုးနေဖို့ ပြောခဲ့တယ်။ ပြီးတော့ အခန်းထဲကနေ ငါ့ကို ထွက်ခိုင်းလိုက်ပြီး အခန်းနံပါတ် ၃ ကို ပိတ်လိုက်တယ်။"

"အဲ့နောက်တော့ သူ မပေါ်တော့ဘူး။ ဒါပေမယ့် တစ်ခါတလေ ငါ့အသိစိတ်ထဲမှာ ပေါ်လာတဲ့ ငါ့နဲ့ မသက်ဆိုင်တဲ့ အမှတ်တရတွေရှိနေတယ်။ ဒီလျှို့ဝှက်ချက်များကို ငါ သေတဲ့အထိ လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ထားပေမယ့် အခု ဒီအချက်တွေက ဆက်လျှို့ဝှက်လို့ ရနိုင်ပါတော့မလား ဆိုတာ မသိတော့ဘူး။  ငါ့ရဲ့အခြေအနေက ထင်ယောင်ထင်မှာ စိတ်ရောဂါ နဲ့ အရမ်းဆင်တူပါတယ်၊ ဒါပေမယ့် အရာအားလုံးက အမှန်တွေ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။ ငါက ကိုယ့်ကိုယ်ကို သံသယစိတ်တွေနဲ့ ကြီးပြင်းလာရတာကြောင့် စိတ်ပညာကို လေ့လာဖို့ ရွေးချယ်ခဲ့တာပဲ။"

မန်နန်၏အသံတွင် နာကျင်စွာခံစားရပြီး အပြင်လူတစ်ဦးအနေဖြင့် ချန်ကော သည် သူ၏ နာကျင်မှုကို နားလည်နိုင်သည်။ သာမာန်လူတစ်ယောက်လို ဟန်ဆောင်ပြီး သာမန်ဘဝ နေထိုင်ဖို့က လူငယ်တစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။

"ဒါက သူ ဘာကြောင့် မှန်ထဲက သရဲကို မခုခံနိုင်ရတာလဲဆိုတာကို ရှင်းနေတာပဲ။"
 ချန်ကော က ဖုန်းကို ကိုင်လိုက်ပြီး သူ့စိတ်ထဲကနေ တုန်လှုပ်သွားသည် ။

"မန်နန်က  အမှန်အတိုင်းပြော နေတာ ဖြစ်လောက်တယ်။  သူ့စိတ်အတွင်းက တတိယပုဂ္ဂိုလ်ကို ငါ တွေ့လိုက်တဲ့အခါ အဖြစ်အပျက်တွေက အရမ်းကို ဒရမ်မာဆန်ပြီး သူပေါ်လာတာနဲ့ မန်နန် အရမ်းဝမ်းနည်းရတဲ့  အမှတ်တရတွေ ပေါ်လာခဲ့တယ်"

ဒေါက်တာ ကောင်း  သည် မန်နန်ထံမှ ဖုန်းကို ယူလိုက်သည်။ မန်နန်နှင့် ချကောတို့ကြား စကားဝိုင်းကို သူ နားမလည်သောကြောင့် သူက အများကြီး မကူညီနိုင်ခဲ့ပေ။

"ဟုတ်တယ်၊ သူ အမှန်အတိုင်းပြောတာ ဖြစ်လောက်တယ်"

တံခါးကို ပိတ်နိုင်သူ တစ်ဦးတည်းသောသားသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း သို့မဟုတ် ထို့ထက်မကသော အချိန်တွေမှာ တံခါးအတွင်း၌သာ ကုန်ဆုံးခဲ့ပြီး တံခါးကို အကြာကြီး ပိတ်ထားခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်ခန့်က ဆေးရုံပိတ်ချိန်မှာ တံခါးပြန်ပွင့်လာခဲ့သည်။ တံခါးအတွင်းမှ မန်နန် အစစ်သည် မတော်တဆမှုတစ်ခု ဖြစ်သွားလောက်ပြီလား။

ချန်ကော က နောက်ဆုတ်ချင်လိုက်ချင်ပြီ။ ဒီအဆောက်အဦးက အရမ်းဆိုးဝါးသည့် အရာတွေနဲ့ပြည့်နေတယ်။ ကျန်းယာ့ နဲ့တောင် လုံခြုံတယ်လို့ မခံစားရဘူး။

"နောက်ဆုတ်တာက ပိုလုံခြုံလောက်တယ်။"

စင်္ကြံကို လှည့်ကြည့်လိုက်ချိန်  ကျန်းယာ့ ရဲ့ အနီရောင်ဝတ်စုံကို လွင့်ပျံသွားတယ်။   အနက်ရောင်ဆံပင်များက မကောင်းဆိုးဝါး ကောင်များ၏ ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ ထိုးဖောက်သွားသည်။ မကောင်းဆိုးဝါး သုံးကောင်ထဲက နှစ်ကောင်က ကွဲထွက်သွားခဲ့လေပြီ။


***-***

သရဲအိမ္ထဲမွ ဖူးစာရွင္Donde viven las historias. Descúbrelo ahora