Chapter (56) - အမည်မရှိတဲ့ မိန်းကလေး (Zawgyi+Unicode)

1.2K 274 8
                                    

Chapter (56) -  အမည်မရှိတဲ့ မိန်းကလေး (Zawgyi+Unicode)

Chen Ge က ဒီနေရာ တဝိုက်မှာ သူ မသိသေးတဲ့ သဲလွန်စတွေ အများကြီးရှိ သေးသည်ကို သိသည်။ သူက ခုံ 3 ခုနားကို လှည့်ပတ်ကြည့်ပေမယ့် ဘာမှ မတွေ့ရပေ။ အကခန်းမကြီးက နံရံမှာ ကပ်ထားသည့်မှန်ချပ်ကြီးတွေ ကြောင့်ပိုကျယ်ပြီး အထီးကျန်နေသလို ခံစားနေရသည်။

ဒီနေရာက လတ်တလောမှ သန့်ရှင်းရေးလုပ်ထားသလိုကို ရှင်းလင်းနေပြီး ဘာအမှိုက်မှမရှိပေ။ ဒါက သူ့အတွက်မကောင်းလှပေ။ အကဖိနပ်ကို သူတို့လွှင့်ပစ်လိုက်ပြီလား။

Chen Ge က မှန်ချပ်တွေရဲ့ နားကိုကပ်ပြီး အနီးကပ်ကြည့်လိုက်တော့ နံရံမှာ ဆုလက်မှတ်တွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ကပ်ထားတာတွေ့လိုက်ရသည်။ ထိုမှတ်တမ်းလွှာပထမ တခုကို မာကာ ဘောပင်အနီဖြင့် ကြက်ခြေခတ်လုပ်ထားတာ တွေ့လိုက်ရသည်။

ဆုရသူမရှိတဲ့ စာရင်းလား။

ဒီစာရင်းထဲကလူတွေကို လိုက်ကြည့်လိုက်တော့ သူတွေ့တဲ့ ခုံပေါ်က နာမည်တွေနဲ့ ချင်းယွိကျောင်းရဲ့နာမည်ကိုတွေ့ရပေမယ့် ကျန်းယာ့ရဲ့ နာမည်ကို မတွေ့ရပေ။

မကြာခင် နံရံပေါ်က ဓါတ်ပုံတစ်ပုံကို သူ သတိထားလိုက်မိသည်။ ထိုပုံထဲတွင် အကဝတ်စုံနှင့် မိန်းကလေး ငါးဦးက ကင်မရာကို ကြည့်ကာ ပြုံးနေကြသည်။ သူတို့နှင့် ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက် တည်း ကွဲနေပြီး ဖာသိဖာသာ ခွဲခြားခံထားရသလိုပင်။ တကယ်လို့ ထိုကောင်မလေးက အကဖိနပ်ကိုသာ ဝတ်မထားလျှင် အကအဖွဲ့ကိုလာချောင်းကြည့်သည့် မိန်းကလေးဟု ထင်စရာပင်။

ဒီမှာတစ်ယောက်ချင်းပုံ၊ အုပ်စုလိုက်ပုံရှိပေမယ့် ဘာကြောင့် အကအဖွဲ့တစ်ခုလုံးရဲ့ပုံကို ရိုက်ထားတာ မရှိရတာလဲ။

Chen Ge ကနံရံပေါ်ကပုံတွေကို ဖုန်းနဲ့ဓါတ်ပုံရိုက်ယူထားလိုက်ပြီး ဆိုင်းဘုတ်တပ်မထားသည့် အခန်းတစ်ခုကို တွေ့တော့ စိတ်ဝင်စား သွားပြီး ထိုအခန်းကိုဖွင့်ကာ ဝင်လိုက်သည်။ အခန်းလေးက ဘာမှ ထူးထူးခြားခြားတော့မရှိပေ။ စားပွဲတစ်လုံး၊ ဗီရိုတစ်ခုနဲ့ အိပ်ယာ တစ်ခု သာရှိသည်။ ကြည့်ရတာ တာဝန်ရှိဆရာရဲ့ အခန်းနဲ့ တူသည်။ ဒါပေမယ့် ဆရာက ညဆိုင်းဆင်းရလို့ အိပ်ယာလိုအပ်တာလား။ အိပ်ယာက ဘာကြောင့်ထည့်ထားတာလဲ။

Chen Geက အကဖိနပ်ကိုတွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဗီရိုနဲ့ အံဆွဲတွေကို ဖွင့်ကြည့်လိုက်ပေမယ့် ဘာမှ မရှိပေ။ certificate လက်မှတ်လေးတစ်ခုပင် မရှိပေ။

နံရံပေါ်ချိတ်ထားသည့် ဆုလက်မှတ်တွေအရ အကအဖွဲ့က မိန်းကလေးတွေက တော်ပုံရသည်။ ဒီထဲမှာ အကအဖွဲ့က ပြည်နယ်လုံးဆိုင်ရာ ဘဲလေးအကပြိုင်ပွဲတွင် ဆုရရှိထားကြောင်းလည်း ပါဝင်သည်။ သူတို့အကအဖွဲ့အကြောင်း ပုံနှိပ်ထုတ်ဝေထားသည့် စာစောင်ကိုပင်တွေ့လိုက်ရသည်။ ထိုစာစောင်ထဲတွင် အဖွဲ့ဝင် 6 ယောက်ရှိပေမယ့် နောက်ဆုံးတစ်ယောက်အမည်ကို ဖျက်ထားခြင်း ခံထားရသည်။

ဒါက အပြင်က ကပ်ထားသည့် အနိုင်ရသည့် စာရင်းထဲက အမည်တစ်ခုကို ဖျက်ထားတာနဲ့အတူတူဖြစ်သည်။

ကျန်သည့်အရာများ ဘာမှမတွေ့ရလို့ Chen Ge က အခန်းပြင်ကို ထွက်လာခဲ့သည်။

လုပ်ပြန်ပြီလား။ ခုံတွေက တံခါးနှင့် နီးသည့်နေရာကို အလိုလျောက်ရွှေ့လာ ခဲ့သည်။

Chen Ge က ရှာဖွေစုံစမ်းစရာတွေရှိသေးလို့ ခုံတွေကို အာရုံမစိုက်နိုင်သေးပဲ လိုက်ကြည့်လိုက်သည်။ အခုထိ သဲလွန်စ ဘာမှ မရသေးပေ။ နောက်ထပ် 3 မိနစ်ကြာလို့မှ သဲလွန်စ မတွေ့ရရင် ဒီ အနုပညာလှုပ်ရှားမှု အဆောက်ဦးကနေ သူ ထွက်သွားမယ်လို့ စိတ်ကူးထားသည်။

ဖုန်းမီးရောင်ကို အားကိုးပြီး အကခန်းမရဲ့ဟိုးဘက် အတွင်းဆုံး သူ မရောက်သေးတဲ့ မိန်းကလေး အဝတ်လဲခန်းကို လာခဲ့သည်။ ကောလဟာလ အရ မိန်းကလေး အဝတ်လဲခန်းနဲ့ မိန်းကလေး ရေချိုးခန်းက ယင်ဓါတ်အများဆုံးလို့ကြားဖူးသည်။ ဒါကြောင့် သူ သေချာဂရုစိုက်မှဖြစ်မည်။

အဝတ်လဲခန်းကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ သော့ခတ်ထားတဲ့ လော့ကာတွေနဲ့ သစ်သားခုံတန်းရှည်တွေ ချထားတာကို တွေ့လိုက်ရသည်။

မိန်းကလေး အဝတ်လဲခန်းဆိုတာ ဒီလိုလား

Chen Ge က ပထမဆုံး မိန်းကလေး အဝတ်လဲခန်းကို မြင်ဖူးခြင်းဖြစ်သည်။ သူက တံခါးကို တဝက်ဖွင့်အနေထားဖြင့် ထားကာ အခန်းထဲကို ဝင်လာပြီး လော့ကာတွေကို ဖွင့်ကြည့်လိုက်သည်။ လော့ခ်ကာထဲတွင် အပေါ်မှာ ကျောင်းဝတ်စုံကို ချိတ်နှင့် ချိတ်ထားတာ တွေ့လိုက်ရသည်။ ထိုကျောင်းဝတ်စုံက အခြား ကိုယ်ပိုင်ကျောင်းတွေနဲ့ မတူပဲ ပိုသားနားက လှပသည်ကို တွေ့လိုက်ရသည်။ စကက်က သူ့ဒူးနားလောက်ရောက်တယ်ဆိုတော့ သိပ်မတိုလွန်းဘူးလား။

Chen Ge က ယူနီဖောင်းထဲ ရှာပေမယ့် ဘာမှမတွေ့ရပေ။ အောက်ကို ငုံ့ကြည့်တော့ အကဖိနပ်တစ်ရံကို တွေ့လိုက်ရသည်။ အရောင်မတူလို့ သူရှာနေသည့် ဖိနပ်မဟုတ်တာ သိလိုက်သည်။ လော့ခ်ကာကို ပိတ်လိုက်တော့ အပြင်မှာ နာမည်ကဒ်ပြားလေးတွေကို တွေ့လိုက်ရလို့ အသက်ရှုချောင်သွားသည်။ သူရှာရတာ ပိုလွယ်သွားလေပြီ။

ဖုန်းမီးနဲ့ထိုးပြီး နာမည်တွေကိုလိုက်ကြည့်လိုက်ပေမယ့် ကျန်းယာ့ အမည်ကို မတွေ့ရပေ။ အခန်းထောင့်မှာ အမည်တပ်မထားသည့် လော့ခ်ကာ တစ်ခုကို တွေ့လိုက်ရသည်။ ကြည့်ရတာ ဒီ လော့ခ်ကာ ပိုင်ရှင်က အနိုင်ကျင့်ခံရပုံပေါ်သည်။ လော့ခ်ကာကို ဖွင့်ကြည့်လိုက်တော့ ညစ်ပတ်သည့် ဘဲလေးအကဝတ်စုံကလွဲပြီး ဘာကိုမှ မတွေ့ရပေ။ နာမည်မရှိ၊ ဘာမှ ရေးမထားသည့် လော့ခ်ကာကို ဘယ်သူပိုင်ဆိုင်တာလဲ။

ဒါပေမယ့် အဖြေက Chen Ge ၏ရင်ထဲ သိနှင့်နေပြီ။ Chen Ge က ဘဲလေးဝတ်စုံကို ယူပြီး ဖြန့်ကြည့်ချိန်မှာ ဝတ်စုံအောက်မှာ ချိုချဉ်ဗူးလေး 5 ခုကို တွေ့လိုက်ရသည်။ ဒီဗူးလေးပေါ်မှာ နာမည်တွေကို ရေးထားသည်။ လက်ရေးတူနေသောကြောင့် လူတစ်ယောက်တည်းက လက်ဆောင်ပေးဖို့ စီစဉ်ထားတယ်ဆို တာ သိနိုင်သည်။ Chen Ge က ချိုချဉ်ဗူးလေးတွေကို ကောက်ယူကြည့်ရင်း နောက်ဆုံးဗူးအောက်မှာ ပုံတစ်ပုံနဲ့စာတစ်စောင်ကို တွေ့လိုက်ရသည်။

 ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် အခန်း 414 မှ ကျောင်းသူများကို ဂုဏ်ပြုပါတယ် ဆိုသည့် စာနှင့် စတိတ်စင်ပေါ်မှာ ရိုက်ထားသည့်ပုံကို တွေ့လိုက်ရသည်။

ဒီပုံက အပြင်မှာကပ်ထားသည့် ပုံနှင့်တူသော်လည်း အထဲမှာ 6 ယောက်မြောက်မိန်းကလေးပုံကို ဖျက်မထားပေ။

မိန်းကလေး 5 ယောက်က တစုတစည်းတည်းရပ်နေပြီး ကင်မရာကို တောက်ပစွာပြုံးကြည့်နေသည်။ သူတို့နှင့် လက်တကမ်းအကွာတွင် မိန်းကလေး တစ်ဦးက တည်ငြိမ်စွာရပ်ကာ ကင်မရာကိုကြည့်နေသည်။

ထိုမိန်းကလေးရဲ့အလှက သန့်စင်ကာ တည်ငြိမ်ပြီး အုပ်စုထဲ ထင်းထွက်နေသည်။ အရပ်မြင့်မြင့်နှင့် 1.7 meters လောက်ရှိပြီး သူမပုံကိုကြည့်ရတာ ငန်းတို့ရေကန်သာ အကသရုပ်ဖော် ဘဲလေး အုပ်စုထဲတွင် အဓိက ငန်းမင်းသမီးနေရာကရသည့် မိန်းကလေး ဖြစ်ပုံရသည်။ သူမရဲ့ မြင့်မြတ်ပြီး နူးညံ့လှပသည့် အလှက ကောင်းချီးပေးခံရသလို ကြည့်သူကို ချက်ချင်း သတိပြုမိစေသည်။

"မင်းက ကျန်းယာ့ဖြစ်ရမယ် ဟုတ်လား "

Chen Ge ရဲ့ပါးစပ်က ဒီစကားသံထွက်လိုက်တာနဲ့ အခန်းထဲက လော့ခ်ကာတွေက တကျိကျိမြည်လာသည်။ တပြိုင်တည်း အပြင်ဘက်တွင် ဘုန်း ခနဲအသံကို ကြားလိုက်တာကြောင့် Chen Ge က ပုံကို ဘောင်းဘီအိပ်ကပ်ထဲ ထိုးထည့်ကာ တူကို ကိုင်ပြီး အခန်းပြင်ကို ပြေးထွက်လာခဲ့သည်။ ကြည့်ရတာ တစ်စုံတစ်ယောက်က အခန်းထဲကို ဝင်ဖို့ကြိုးစားနေပုံရသည်။

"ဘယ်သူလဲ  "

Chen Ge တံခါးကိုတွန်းဖွင့်ပြီး ထွက်လိုက်တာနဲ့ သစ်သားထိုင်ခုံ 3 ခုက ထွက်ပေါက်ကို ပိတ်ထားတာ တွေ့လိုက်ရသည်။

"  မင်းတို့အားလုံးကို ငါ အနှောက်ယှက်လုပ်မိဖို့ မရည်ရွယ်ပါဘူး"

Chen Ge ကပြောရင်း နောက်ကျောက ချွေးတွေစိမ့်ထွက်လာခဲ့သည်။
Chen Geက တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အခြားထွက်ပေါက်ရှိမလားလို့ မျက်စိကစားလိုက်သည်။ တကယ်လို့ သူ ထွက်ချင်ရင် ဒီသစ်သားခုံတွေကို ရွှေ့ရတော့မည်။ Chen Ge အခန်းအပြင်ဘက်ကို လှည့်ပတ်ကြည့်ရင်း နံရံကပ်မှန်တွေကို ကြည့်ရင်း မတူတာကို သတိထားလိုက်မိသည်။

မှန်ထဲတွင် သစ်သားခုံ 3 လုံးပေါ်နေပေမယ့်မတူတာက ခုံပေါ်မှာ မိန်းကလေး 3 ယောက် ထိုင်နေကြသည်။

=============================================

သရဲအိမ်ထဲမှ ဖူးစာရှင်Donde viven las historias. Descúbrelo ahora