သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)

917 211 6
                                    

သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133)- ပြောင်းလဲလာသော အရုပ်မ



ဖေ့ဟူက နောက်ကို ခြေနှစ်လှမ်း လှမ်းလိုက်သည်။ ဝမ်ဝိန့်လုံနှင့် ရှမိန်လိက ချက်ချင်း အနားကို တိုးလာပြီးမေး လိုက်သည်။

 "မင်းနေကောင်းလား? ဘာဖြစ်လို့လဲ"

"သူ့ကို စိတ်ထဲမထားပါနဲ့။ ဘာမှမဟုတ်ဘူး"

ဝမ်ဟိုလုံက ခြေထောက်တွေ တုန်နေပေမယ့် စိတ်ကို တင်းပြီး အသံကို ငြိမ်အောင်ထားကာ ပြောလိုက်သည်။

  "ဒါက လူအရွယ် အရုပ်တစ်စုပဲဟာ... "

သူတို့သည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ပြင်ထားကြ သော်လည်း ကျန်သုံး ဦး သည် စာသင်ခန်းကိုကြည့်ရှု လိုက်သောအခါ အတော်လေး ထိတ်လန့်သွားခဲ့သည်။ အရုပ် 24 ခု ရုတ်တရက် ပေါ်လာခြင်းက  အလွန်အမင်းကြောက်စရာကောင်းလှသည်။ သို့သော် သူတို့၏လည်ပင်းအချို့သည် ၁၈၀ ဒီဂရီ လိမ်နေပြီး အားလုံးက သူတို့ဘက်ကို ပြိုင်တူလှည့်ကြည့်နေသည့် မြင်ကွင်းကို ဘယ်သူမှ မျှော်လင့်မထားကြပေ။

 "အရင်စာသင်ခန်းတွေ ဘာကြောင့်ကြောက်စရာမလို ဘူးလို့ ငါ တွေးမိခဲ့တာလဲ။ ဒါက တကယ့်ကို  အံ့အားသင့်စရာပါပဲ။"

ဝမ်ဝိန့်လုံက သတိအရှိဆုံးဖြစ်ပြီး မီးရောင်ရအောင် ဖုန်းမီးကို ဖွင့်ကာ ထိုးလိုက်သည်။

"ဝိန့်လုံ...သူဌေးက ဆက်တင်ထဲမှာ ဖုန်းကိုမသုံးဖို့ပြောထားတယ်လေ"

ရှမိန်လိက သတိပေးခဲ့သည်

" သူ မသိရင် ဘာမှမဖြစ်ပါဘူး "

ဝမ်ဝိန့်လုံက ဖုန်းမီးနှင့် စာသင်ခန်းထဲက အရုပ် 24 ခုကို ထိုးကြည့်ရင်းပြောလိုက်သည်။

မီးရောင်က အရုပ်တွေရဲ့ တောက်ပသောကိုယ်ခန္ဓာတွေ အပေါ်ရောင်ပြန်ဟပ်နေသည်။

"အားလုံး အရုပ်တွေဖြစ်တယ်။ မီးရောင်က မျက်လုံးကို ထိုးမိပေမယ့် ဘယ်သူမှ မျက်တောင်မခတ်ကြဘူး။ နေဦး..နာမည်ကဒ် ၂ ခု တွေ့လိုက်တယ်။ အရုပ်ယူနီဖောင်းရဲ့ရင်ဘတ်မှာ ချိတ်ဆွဲထားတယ်"

"ဘယ်မှာလဲ"

ဝမ်ဝိန့်လုံ ဖုန်းမီးနှင့်ထိုးပြလိုက်သည့်နေရာကို အားလုံး  ကြည့်ရှုရန်လှည့်ခဲ့ကြသည်။ စာသင်ခန်းအလယ်၌တွေ့ရသော အရုပ်၏ ယူနီဖောင်း ရင်ဘတ်မှာနာမည်ကဒ် တစ်ခု ရှိနေသည်။ ဒီ နာမည်ကဒ်ကို ရဖို့အတွက် အရုပ်တန်းကိုဖြတ်ရမယ်။

"ဒီသူဌေး တမင် အကျင့်ယုတ်ပြီး ဒီမှာ ထားထားတာပဲ  !"

"ကျေးဇူးတင်စရာပဲ၊ ငါတို့ ငါးယောက်စလုံးဝင် လာလို့သာပေါ့။ တကယ်လို့ သူ့စည်းကမ်းတွေကို လိုက်နာပြီး နာမည်ကဒ်ကို တစ် ဦး တည်းကသာ ရှာဖိုလာမယ်ဆိုရင် ဒီလူဟာ ကြောက်လွန်းလို့ ရူးသွားနိုင်တယ်  "

"ကောင်းပြီ၊ သူတစ်ပါးကို မချီးမွမ်းနဲ့ဦး။ငါတို့ စိတ်ဓါတ်ပိုကျသွားနိုင်တယ်။ "

ဝမ်ဟိုင်းလုံက  သူ၏ခြေထောက်များကထုံနေသည် ဟုမခံစားရတော့လို့ စာသင်ခန်းထဲကို ဝင်လာခဲ့သည်။  

"ဒီစာသင်ခန်းအတွင်းမှာ နာမည်ကဒ် နှစ်ခုထက် ပို၍ ရှိနိုင်တယ်။ အချိန်ရှိသေးတယ်။ ငါတို့ အထဲကိုဝင် ပြီး ။ နေရာအားလုံးကို ဂရုတစိုက်ရှာဖွေဖို့ပဲလိုတယ်"

"အကိုလုံ..ကျွန်တော်တို့အသက်ကို ငွေ  ၄၀၀၀ နဲ့ မလဲသင့်ဘူးလားလို့  !"

ဖော့ဟူက အစောက ကြောက်လန့်သွားတဲ့အတွက် ပြန်လှည့်ချင်နေလို့ပြောလိုက်တယ်။  သူ၏ ဦး နှောက်မှာရှုပ်ထွေးနေသောရှုပ်ထွေးနေဆဲဖြစ်သည်။

"မင်းက အလုပ်ကို လေးလေးနက်နက် မလုပ်တော့ပဲ ဘာ မဟုတ်တဲ့ စကားပြောနေတာလဲ။ လာ..မင်း အထဲကို အရင်ဝင်"

ဝမ်ဟိုင်းလုံက ဖေ့ဟူကို ချိပ်ပိတ်ထားတဲ့ စာသင်ခန်းထဲ အရင်တွန်းပို့လိုက်တော့ ဖေ့ဟူက အသည်းအသန်မေးလိုက်သည်။

"ဘာကြောင့် ကျွန်တော်က အရင်ဝင်ရမှာလဲ"

"မင်းက အကြောက်လွန်ပြီး ငါတို့ အထဲဝင်နေတုန်း ထွက်ပြေးသွားမှာစိုးလို့ကွ....တုန့်မိန်လု၊ ရှမိန်လိ..ငါတို့ ယောက်ျားလေး ၃ ယောက်အထဲကို အရင်ဝင်ကြည့်မယ်။ တခုခုဖြစ်ရင် မင်းတို့ လာကူပေးကြ"

ဝမ်ဟိုင်လုံက မိန်းကလေး ၂ ယောက်ကိုမှာပြီး ဖေ့ဟူကို ဖက်ကာ စာသခင်ခန်းထဲ ဝင်လိုက်သည်။

"အိုကေ၊ သတိထားပါ။ "

"အဆင်ပြေသွားမှာပါ။ ဝိန့်လုံက အခုလေးတင ပြောလိုက်တယ် မဟုတ်လား။ သူတို့အားလုံးဟာ အရုပ်တွေပါ။ "


ဝမ်ညီအကိုလည်း စာသင်ခန်းထဲဝင်လာသည်။ သူတို့သုံးယောက်က ဆရာခံမှာရပ်ပြီး စာသင်ခန်းကိုကြည့်ကြသည်။ ကြက်သီးဖုတွေက ချက်ချင်းသူတို့ရဲ့အရေပြားပေါ် ထောင်ထလာခဲ့သည်။

"ဒါကအရမ်းကိုအံ့သြစရာကောင်းပါတယ်။ အရုက်တွေ အားလုံးကို သေချာနေရာချထားလို့ ကျွန်တော်တို့သွားစရာနေရာတောင်မရှိဘူး။ "

"ဖေ့ဟူ.....မင်းအရမ်းကြောက်နေလို့ မင်း အခန်းထဲ အလယ်တန် နာမည်ကဒ်ကို သွားယူလိုက်။ ဝိန့်လုံက  အံဆွဲတွေကိုစစ်ဆေးမယ်၊ ငါ  အဝေးဆုံးက နာမည်ကဒ်ကို သွားယူမယ်။ "

ဝမ်ဟိုင်းလုံက တာဝန်ခွဲဝေလိုက်တော့ ဖေ့ဟူက မကျေနပ်ပေမယ့်  ဘာမျှမတတ်နိုင်ခဲ့ပါ။

  "အစ်ကိုလုံ...ဒီအရုပ်တွေက ထူးဆန်းတယ်။ သူတို့ မျက်တောင်ခတ်နေတယ်   "

ဖေ့ဟူက တလှမ်းလှမ်းရသေးပေမယ့် အလန့်တကြားပြော ခဲ့သည်။


" မင်း အသံကို နည်းနည်း တိုးလိုက်ရင် သေသွားမှာ မို့လား "   

ဝမ်ဟိုင်လုံက ဖေ့ဟူရဲ့အသံကြောင့် လန့်သွားပြီး ဟောက်လိုက်သည်။

"ဒါက လူနဲ့တူတဲ့ အရုပ်တွေကို နီးနီးကပ်ကပ် စိုက်ကြည့်နေလို့ ဖြစ်လာတဲ့ ထူးဆန်းတဲ့ ခံစားချက်ကြောင့်ပါ။ ဒါကို Uncanny Valley effectလို့ခေါ်တယ်။ အရုပ်တွေက လူနဲ့တူလွန်းလို့ လူ့စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ပေါ်လာပြီး စိတ်ချောက်ခြားတတ်တဲ့သဘောပါ"

ဝမ်ဝိန့်လုံက ရှင်းပြလိုက်သည်။

 

" မင်းတို့နှစ်ယောက်စလုံး တိတ်တိတ်နေကြ။ သူဌေးက အချိန်မှတ်နေပြီ။ ငါတို့ မိနစ် 20 အတွင်း နာမည်ကဒ် အားလုံးရှာရမှ အနိုင်ရလိမ့်မယ်။  အချိန်ဖြုန်းတာကို ရပ်လိုက်ပါ"

ဝမ်ဟိုင်းလုံသည် အတွင်းအကျဆုံးစားပွဲခုံဆီသို့လမ်းလျှောက်လာခဲ့သည်။

"အစ်ကိုလုံ... စိတ်မဆိုးပါနဲ့။ "

ဖေ့ဟူက  မဝံ့မရဲနှင့် အလယ်စားပွဲဆီသို့ပြောင်းရွှေ့ လာ ခဲ့သည်။ သူ၏အရွယ်အစားကြီးမားသောကြောင့် သူသည်  စာသင်စင်မြင့်ပေါ်က ဆင်းလာတော့သူ့ဗိုက်နဲ့ ဘေးက အရုပ်ကို တိုက်မိပြီး အရုပ်ကို ရွှေ့သွားစေသည်။

 " ဒီသရဲခြောက်တဲ့အိမ်ကို ဒီဇိုင်းဆွဲသူက ဒီလောက် စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားစေတဲ့ ပုံကို ဖန်တီးနိုင်တယ်ဆိုတော့ သေချာတယ်..သူလည်း ငယ်ဘဝက စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်  ခံစားခဲ့ရမှာပဲ။ "

ဖေ့ဟူက မြည်တမ်းပြောဆိုနေသော်လည်း ရုတ်တရက် နောက်လှည့်ကာ ခေါ်လိုက်သည်။

 "ဝိန့်လုံ...မင်းလား?"

သူလှည့်ကြည့်လိုက်ပေမယ့် ဝမ်ဝိန့်လုံက သူနဲ့  မီတာအတော်ကြာဝေးတဲ့နေရာမှာ ရှိနေခဲ့သည်။

"ငါ့ကို ဘယ်သူ တို့ထိလိုက်တာလဲ"


ဖေ့ဟူက ဘေးကို ကြည့်လိုက်တော့ လူနှင့်တူလွန်းသည့် အရုပ်က သူ့ကို စိုက်ကြည့်နေပြီး တကယ့်လူလို့ ယုံကြည်လုနီးပါးဖြစ်သွားသည်။

  "ဒီ အရုပ်က  ငါ့ကို လာထိတယ်"

 ဖေ့ဟူက ဆက်ရပ်မနေရဲလို့ နာမည်ကဒ်ရှိတဲ့ ထိုင်ခုံဆီ အမြန်လာခဲ့သည်။ထိုနေရာမှာ ထိုင်နေတာက မိန်းကလေးဖြစ်ပြီး သူမရဲ့ယူနီဖောင်းက သူများနဲ့ မတူပဲ သွေးပေနေပြီး မသေခင်က နာကျင်ဖွယ် တခုခုဖြစ်ခဲ့သလိုပင်။

ဖေ့ဟူက စိတ်ကို တင်းပြီးလက်ကို ဆန့်ပြီး အရုပ်လည်ပင်းကို ထိလိုက်စဉ် ပြတင်းပေါက်ဘက်ကို လှည့်နေသည့် အရုပ်မ ခေါင်းက သူ့ဘက်ကို ချာခနဲလှည့်လာခဲ့သည်။

"ငါလိုး....အရုပ်ခေါင်းက လှုပ်နေတယ်"

ဖေ့ဟူက လျှပ်စစ်ရှော့တိုက်ခံရသလို ့သူ၏လက်ကို ချက်ချင်းပြန်ဆွဲယူခဲ့သည်။

"ဒါဟာ တကယ်ကိုပြောင်းသွားပြီလား။ ဒါကတကယ့် လူပုဂ္ဂိုလ်လား?"

သူပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်တော့ ဝမ်ဟိုင်လုံက  အတွင်းအကျဆုံးစားပွဲဆီသို့ ဦး တည်ရွေ့လျားနေဆဲဖြစ်ပြီး ဝမ်ဝမ့်လုံက သူ့အနားတွင် ရှိနေသည်။ သူ၏သူငယ်ချင်းများမှာ ရှိနေလို့ အားတင်းပြီး ဖေ့ဟူက  သတ္တိမွေးကာ သူသည်နောက်တစ်ကြိမ် ထပ်မံတက်လှမ်းခဲ့ပြီး နောက်ဆုံးတွင် နာမည်ကဒ်ကို ဖြုတ်ယူ နိုင်ခဲ့သည်။

"ကျွန်တော်လုပ်နိုင်ပြီ။"

ဒါက အထင်ကြီးစရာကောင်းတဲ့အရာ တစ်ခုမဟုတ်ပေမယ့် မယုံနိုင်လောက်အောင် ပျော်ရွှင်နေမိခဲ့တယ်။ သို့သော် သူသည် မိမိလက်ကိုပြန်လည်ဆုတ်ခွာတော့မည့် အချိန်တွင် တစ်စုံတစ် ဦး က နာမည်ကဒ်တွင်  ကြိုးတစ်ချောင်းချည်ထားကြောင်း သိလိုက်ပြီးကြိုးက မိန်းကလေး လည်ပင်းတစ်ဝိုက်တွင်ချိတ်ထားသည်။

" F * ck! ဒီလိုမျိုးလုပ်ထားဖို့ တကယ်လိုအပ်လို့လား‽"

သူက သူဌေးကို နှစ်ပိုင်း ပိုင်းလိုက်ချင်သည်။ သူက နာမည်ကဒ်ကို ကိုင်ပြီး မလွဲသာပဲ အရုပ်ကနေ ကြိုးကို ဖြည်ရတော့မည်။ မှောင်နေသော စာသင်ခန်းထဲမှာ ကြိုးကို ဖြည်ဖို့ မလွယ်လို့ ဖေ့ဟူက ဖုန်းမီးကို ထိုးလိုက်သည်။ သူဖုန်းကို အလင်းရောင်ရအောင် ထိုးပြီး မိန်းကလေးနှင့်နီးနီးကပ်ကပ်ရှိဖို့ ငုံ့လိုက်သည်။ ဖုန်းရဲ့အလင်းရောင်က မိန်းကလေးရဲ့မျက်နှာကို ထိလိုက်တဲ့အခါမှာတော့ အရုပ်မရဲ့မျက်နှာအမူယာ ပြောင်းသွားတာကို ဖေ့ဟူ သတိမထားလိုက်မိပေ။

 ဖုန်းကိုလက်နဲ့ကိုင်ရင်းကောင်မလေးနောက်မှာ ရပ်နေပြီး ကြိုးထုံးကို ဖြေဖို့ အာရုံစိုက်ဖို့ခေါင်းကိုလှည့် လိုက်တယ်။

သို့သော်သူသည်အပြည့်အ ၀ အာရုံစိုက်မိသည်နှင့် ဝမ်ဝိန်လုံသည် ရုတ်တရက်အသက်ပြင်းပြင်းရှူကာ ပြောခဲ့သည်။

 " ဒီမှာ အင်မတန်ထူးဆန်းနေတယ်၊ ငါ ဒီအရုက်က ငါ့နောက်ကို လိုက်နေသလို  ခံစားနေရတယ်"  

"မင်း အတွေးလွန်တာ ဖြစ်နိုင်ပါတယ်။ "

သူ၏ရည်မှန်းချက်နှင့်တိုးတက်မှုကိုတွေ့ရှိခဲ့သော ဖေ့ဟူက ရယ်ရင်းပြောခဲ့သည်။ သူရှေ့တွင်ထိုင်နေသော မိန်းကလေးသည် ခါင်းကိုလှည့်လိုက်သည်ကို ရုတ်တရက်သတိပြုမိချိန်တွင် သက်ရှိတ ဦး တည်းနှင့် သက်မဲ့သတ္တဝါတစ်ကောင်တို့ သည် တစ် ဦး နှင့်တစ် ဦး လက်ချောင်း တစ်ဝက်သာဝေးတော့သည်ကို ရုတ်တရက်သဘောပေါက်မိသောအခါ သူသည် ကြိုးထုံးကိုပြန်ဖျက်ပစ်ရန်ပြန်လှည့်လိုက်သည်
***

 Chapter ( 134 )- အစ်ကိုလုံက ငိုနေတယ်


မိန်ကလေးရဲ့မျက်နှာပြင်က ခရမ်းရောင်လို အဆင်းဖြင့် ဖုံးလွှမ်းနေပြီး သူမမှာ တောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ့ နူတ်ခမ်းပါးကို ပိုင်ဆိုင်ထားသည်။

 သူမပြုံးလိုက်သည့်အခါ သူမသည် အလွန်ကောင်းမွန် တဲ့ပုံ ပေါက်ခဲ့သည်။ ဖေ့ဟူသည် မိန်းကလေးတစ် ဦး နှင့် ပထမဆုံးအကြိမ်အနီးကပ် တွေ့လိုက်တာဖြစ်ပြီး   ၁၈၀ ဒီဂရီလှည့်ခဲ့သောခေါင်းကိုကြည့်လိုက်လျှင် သူ၏စိတ်သည် ဗလာဟင်းလင်း ဖြစ်သွားတော့သည်။
 

"ဘာတွေဖြစ်နေတာလဲ။ ငါငြင်းပယ်ခံရတာ မကြောက်ဘူး။ ဒီနှစ်ခုက ငါ့ကိုပိုပြီးပျော်ရွှင်စေတယ်။ အိပ်မက်ထားသလို ပျော်ရွှင်မှုမျိုးဖြစ်သင့်တယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ။အရာအားလုံး ဘာကြောင့် ပြောင်းလဲသွားတာလဲ?

အရုပ်၏ပခုံးပေါ်တွင် ရှိနေသော ဦး ခေါင်းသည် မျက်လုံးပြူးထွက်လာပြီး ကြည်လင်သော အသားအရေက လည်ပင်းအစ်ခံရလို့ ဝက်သည်းရောင်လို ခရမ်းနီရောင်ပြောင်းသွားပြီး ခုလို စကားကို ပြောခဲ့သလို ကြားလိုက်ရသည်။

 ပြူးထွက်လာသောမျက်လုံးများကိုကြည့်ကြည့်ရင်း ဖေ့ဟူ  မယုံကြည်နိုင်စွာ အံ့အားသင့်ခဲ့ရသည်။

"ကယ်တော်မူကြပါ....!"

ဖေ့ဟူက နာမည်ကဒ်ကို တင်းတင်းဆုပ့်ကာ စာသင်ခန်းထဲက အရူးအမူးပြေးထွက်လာခဲ့သည်။ နာမည်ကဒ်က အရုပ်ကို ကြိုးနှင့်တွဲချည်ထားတာကို မေ့နေသောကြောင့် အရုပ်ကပါ သူနှင့်တပါတည်း တရွတ်တိုက်တွဲပါလာခဲ့သည်။ ဖေ့ဟူ၏ ငယ်သံပါအောင် အော်လိုက်တဲအသံက မုယန်အထက်တန်းကျောင်းဆက်တင်တစ်ခုလုံး ဟိန်းသွားတော့သည်။

 အခန်းထဲရှိစားပွဲများကိုရှုပ်ထွေးသွားစေပြီး အရုပ်အားလုံးရွေ့လျားလာသည်။ ဖေ့ဟူက သေပြေးရှင်ပြေး ပြေးကာ  ဝင်ပေါက်ဆီကို ဦးတည်ကာ ပြေးထွက်သွားတယ်။ ကြီးမားသောရုန်းရင်းဆန်ခတ်မှု ကြောင့် ဝမ်ဝိန်လုံသည် အလွန်အံ့အားသင့်သွား စေခဲ့သည်။ သူသည် အရုပ်သည် သူ့နောက်သို့လိုက်နေသည်ဟု ထင်မှတ်ကာ စကားမဆိုပဲ တံခါးဆီသို့ထွက်ပြေးသွားသည်။

သူတို့က စာသင်ခန်းတံခါးနားရောက်တော့ တစ်ယောက်ကရှေ့ပြေးပြေးနေပြီး နောက်တယောက်က နောက်က ပြေးလိုက်လာသည်။ ဝမ်ဟိုင်းလုံက ဟိုးအတွင်းဘက်အကျဆုံးမှာ တစ်ယောက်တည်းကျန်ရစ်နေပြီး  သူ့ရှေ့က အရုပ်အားလုံးပြိုလဲကာ ခြေလက်တွေ ခေါင်းတွေပြုတ်ထွက်ကုန်ကာ အကုန် အသက်ဝင်လာသလို ခံစားလိုက်ရသည်။

 "F * CK! ဘာတွေဖြစ်နေတာလဲ။ "

စာသင်ခန်း၏ထောင့်တွင် နောက်လှည့်ပြေးထွက်သွားသော သူ၏ ညီအစ်ကိုကို မြင်တော့ သူက ငရဲပြည်ကို ရောက်သွားသလို  ခံစားခဲ့ရသည်။ ဒီမြင်ကွင်းက သူဘဝအတွက် မေ့လျော့မသွားနိုင်တဲ့ ကြောက်စရာဖြစ်ရပ် တစ်ခုပဲ!

"ငါ့ကိုစောင့်ပါ!"

သူသည်စားပွဲပေါ်တွင်ကျန်ရှိနေသောနာမည်ကဒ်ကို ကိုင်ပြီး အရုပ် ၀ င်္ကပါများသို့ဖြတ်သန်းသွားသည်။

 " ငါ့နောက်ကို မလိုက်နှင့်၊ ငါ့ နောက်ကို မလိုက်ခဲ့နဲ့"

ဖေ့ဟူရဲ့ကြောက်လန့်တကြားအော်သံကို  သူ မထွက်ခွာမီကြားခဲ့ရသည်။

ဖေ့ဟူသည် သူ၏လက်၌ရှိသော နာမည်ကဒ် သည် အရုပ်လည်ပင်းတွင်ချည်နှောင်ထားကြောင်းမေ့နေသည်။ သူသည် ထိတ်လန့်တုန်လှုပ်နေသောအခါ အရုပ် ကို သူနှင့်အတူ တံခါးဝသို့ဆွဲခေါ်သွားမိသည်။

"ငါ့နောက်ကိုမလိုက်နဲ့! "

သူ့ကျောပေါ်မှာတစ်ခုခုပြိုလဲသလိုခံစားလိုက်ရတယ်။ သူသည် စာသင်ခန်းမှထွက်ခွာချိန်တွင် စက္ကန့်အနည်းငယ် အကြာမှာ သူနောက်က တံခါးက ပိတ်သွားခဲ့သည်။

"F * CK! ငါ့ကိုစောင့်ပါဦး!"

အကိုလုံ၏မျက်နှာသည်ဒေါသအမျက်ထွက်နေသည်။ သူက အရှိန်အဟုန်မြှင့်ကာ အမြန်ပြေးပြီး  တံခါးထဲသို့ အမြန်တိုးထွက်လိုက်သည်။


သူကကြမ်းပြင်ပေါ်ပြိုကျသွားပြီး အရုပ် ခေါင်းတွေကကြမ်းပြင်ပေါ် လှိမ့်ဝင် သွားတယ်။ သူ့ကိုကြည့်နေတဲ့မျက်လုံးတစ်လုံးဟာ အသက်ဝင်နေသလို ခံစားလိုက်ရသည်။ ဝမ်ဟိုင်လုံက သူ့ရှေ့က ပြိုလဲကျနေသည့်အ အရုပ်တွေရဲ့ မျက်ဝန်းတောက်တောက်တွေကို မြင်တော့  သူ့ထံမှ စွမ်းအင်တွေ ယိုစီးထွက်လာသလို ခံစားလိုက်ရပြီး သူ့တကိုယ်လုံး အေးစက်လာပြီး မျက်လုံးထဲ့နေ မျက်ရည်တွေ စီးကျလာခဲ့တော့သည်။


"ဖေ့ဟူ...မင်း စောက်သုံးမကျတဲ့ မအေလိုး...   "

ချိပ်ပိတ်ထားသောစာသင်ခန်းပြင်ပတွင် ဖေ့ဟူနှင့် ဝမ်ဝိန်လုံက နံရံကိုမှီကာ လေကို အလုအယက်ရှုနေရသည်။
 
"ဒါကကြောက်စရာပဲ။ ဒီစာသင်ခန်းဟာ ကျိန်စာသင့်နေပြီ!"

"ဒီ အရုပ်တွေက အမူယာ ပြောင်းသွားတယ်။ သူမ ငါ့ကိုပြုံးပြ လိုက်တယ်!"

"ဖေ့ဟူ...မင်းနောက်မှာ...မင်း နောက်ကို ကြည့်!"

မိန်းကလေးနှစ်ယောက် အတူတကွအော်ဟစ်ခဲ့ကြသည်။ Pei Hu လှည့်ကြည့်လိုက်တော့ မိန်းကလေးအရုပ်သည် သူ၏ကျောပေါ်တွင် တွဲခိုနေသည်ကိုတွေ့လိုက်ရသည်။ သူဟာကြောက်စိတ်ကနေ တုန်လှုပ်သွားပြီးစင်္ကြံထဲကို ထွက်မပြေးပြီး အရုပ်ကို အလျင်အမြန်ဖယ်ရှားခဲ့တယ်။

အဆိုပါ အရုပ်မသည် ကြမ်းပြင်ကိုဆောင့်မိပြီး လှပသော ဦး ခေါင်းကိုယ်ခန္ဓာကနေ သူ့ဟာ သူကွဲကွာသွားကာ  အပြာရောင်အပြုံးဖြင့်မျက်နှာသည် စင်္ကြံ၏ထောင့်တွင် လှိမ့်ကာ ရပ်တန့်သွားသည်။

" ဒီ အရုပ် က အစောပိုင်းက ငါ့ကိုပြုံးပြနေတာပဲ။ ငါ့နောက်ကို လိုက်လာမယ်လို့မထင်ထားမိဘူး။ အခု ငါတို့ လက်နက်ချလိုက်ပြီလား။ ဒီသရဲခြောက်တဲ့အိမ်က သိပ်များလွန်းတယ်။ သူဌေးက ဆုငွေ ၂၀၀၀၀ ကမ်းလှမ်းတာ အံ့သြစရာမရှိဘူး။ ဘယ်သူမှ အနိုင်ရမှာ မဟုတ်ဘူး"

"လေးမိနစ်လောက်ကြာရုံရှိသေးတယ်။  မင်းအရှုံးပေးချင်ပြီလား။ ဒီစာသင်ခန်းက ခက်ခဲတယ်ဆိုပေမယ့် ငါတို့နာမည်ကဒ် ၂ ကဒ်ရခဲ့တယ်လေ။ ကျန်တဲ့ဟာက လွယ်နိုင်တယ် "

 ဝမ်ဝိန်လုံက မကျေမနပ်ပြောလိုက်သည်။


"မင်းနေချင်ရင် နေခဲ့။ ငါတော့ သွားတော့မယ်"

ဖေ့ဟူက ပြောလိုက်သည်။


 " နေဦး။ ဝမ်ဟိုင်လုံက ဘယ်မှာလဲ။ အခု  မင်းတို့ နှစ်ယောက်ပဲရှိတယ်။

"အစ်ကိုလုံလား?"

ဖေ့ဟူနဲ့ ဝမ်ဝိန်လုံတို့သည်ပတ် ၀ န်းကျင်ကိုကြည့်လိုက်ပြီး သူတို့မျက်နှာများ ဖြူယော်သွားသည်။

 "သူ ... သူ အတွင်းပိုင်းမှာ ကျန်နေခဲ့တာဖြစ်မယ်  "

သူတို့နှစ်ယောက် စာသင်ခန်းတံခါးကိုမြန်မြန်ဖွင့် လိုက်တယ်။  အစ်ကိုလုံသည် စာသင်ခန်း၏ဘေးတွင်ပြိုကျခဲ့ပြီး သူ၏ပါးပြင်ပေါ်၌မျက်ရည်များ စီးကျနေသည်။

 
"အစ်ကို လုံ! မင်း ဘာလို့ အထဲမှာရှိနေသေးတာလဲ"

သူ၏နှုတ်ခမ်းအနည်းငယ် ခရမ်းရောင်သမ်းနေ၏။ ဤမေးခွန်းကိုသူကြားသောအခါ အစ်ကိုလုံ ဒေါသပေါက်ကွဲတော့သည်။

 "မင်းတို့နှစ်ယောက်က ငါ့ကိုဒီမေးခွန်းမေးနေ တုန်းပဲလား။ ငါဒီမှာဘာကြောင့်ရှိနေရတာလဲ ဆိုတာကိုလည်း ငါ သိချင်တယ်။ မြန်မြန် လာစမ်းပါ ဦး!"

ကြိုးစားမှု အနည်းငယ်ပြီးနောက် ဝမ်ဟိုင်လုံက မတ်တပ်ရပ်လာနိုင်ခဲ့သည်။ သူက သူ့လက်တွေ ကိုနွေးထွေးအောင်လုပ်နေတယ်။

 " အစ်ကိုလုံ...ငါတို့အရှုံးပေးသင့်သလား။ တံခါးပေါက်မှာ နောက်ထပ် မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး ငါတို့ထွက်သွားကြမယ်။ 20 မိနစ်လောက်နေခဲ့တဲ့ ပုံလုပ်ရအောင်"

"မင်းရဲ့စိတ်ထဲမှာ အဲဒီလိုအတွေးအခေါ်တွေ နဲ့ပြည့်နေတာလား။  ဒီသရဲခြောက်တဲ့အိမ်ကို ငါတို့ အရှုံးပေးရမှာလား။ ဒီကမ္ဘာပေါ်မှာ တစ္ဆေသရဲတွေမရှိဘူးဆိုတာ သတိရစမ်းပါ။ အရာအားလုံးက သူဌေးကနေ သူများကို လှည့်စားဖို့ ဖန်တီးထားတဲ့ လှည့်ကွက်ဖြစ်တယ်။ သူက အခုစောင့်ကြည့်ရေးကင်မရာကနေ ငါတို့ကိုကြည့်နေတာပဲ။ "

"  အစ်ကိုလုံပြောတာ မှန်တယ်။ ငါတို့သွားပြီး တံခါးဝမှာထိုင်ပြီး သူဌေးက သစ်သားပြားတွေကို ရုတ်တရက်ဖွင့်လိုက်ရင် အဲဒါက ဘယ်လောက်ရှက်စရာကောင်းလိမ့်မလဲ။ "

ရှမိန်လိက အကိုလုံနှင့် သဘောထားတူသည်။

"ဒါပေမယ့် အခုတောင်မှ ဒီနေရာဘယ်လောက်ကြီးတယ်ဆိုတာကို ငါတို့မသိဘူး။ နောက်မှ ပိုပြီးကြောက်စရာကောင်းတဲ့ အရာတစ်ခုကိုတွေ့ရင် ငါတို့ဘာလုပ်ကြမလဲ"

ဖေ့ဟူက မျက်ရည်ကျခါနီးပြီ။

"ကျနော်တို့က သရုပ်ဆောင်တစ် ဦး တစ်ယောက်မှ မတွေ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အရမ်းကို တုန်လှုပ်ချောက်ချားနေတယ်။ ကျွန်တော်တို့ အရှက်မကွဲဖို့ ခေါင်းမာမာနဲ့ဆက်မလုပ်သင့်ဘူးလို့ ထင်တာပဲ "

"စကားပြောတာကိုပြောတာ ရပ်တော့။ နှစ်ယောက်စလုံး ငါ့ကိုစာသင်ခန်းထဲမှာ စွန့်ပစ်ထားခဲ့တဲ့အတွက် ငါ မင်းတို့ကို ဘာလုပ်ရမယ်ဆိုတာ မစဉ်းစားရသေးဘူး။ မင်းတို့ အခု  ငါ့ရဲ့အမိန့်ကိုဆန့်ကျင်ဖို့ကြိုးစားနေ တာလား"

သူတို့နှစ်ယောက်ကိုဝမ်ဟိုင်းလုံ ကြည့်လိုက်သည်။

" မင်းတို့နှစ်ယောက်လုံးကိုယ့်ဖာသာ ပြန်ကြည့်စမ်းပါ။ မိန်းကလေးနှစ်ယောက်ထက်တောင် ပိုဆိုးနေတယ်။ "

"ဒါပေမယ့် ငါတို့နှစ်ယောက် အစောပိုင်းက မငိုခဲ့ဘူး ... "

ဝမ်ဝိန်လုံက ညင်သာစွာမြည်တမ်းလိုက်တော့ ဝမ်ဟိုင်လုံက မကြားယောင်ပြုလိုက်သည်။


 "ငါတို့  ၁၀ မိနစ်လောက်ကျန်သေးတယ်လို့ထင်တယ်။ ငါတို့ ဆက်လုပ်ရင် နာမည်ကဒ် ထပ်ရနိုင်တယ်။   "

ထို့နောက် သူသည် လက်ဝါးကိုဖွင့်ပြီး နာမည်ကဒ်တစ်ခုကိုပြသည်။

"ဒါက ငါစာသင်ခန်းထဲမှာတွေ့ခဲ့တာပဲ။  ဖေ့ဟူတွေ့တာနဲ့ဆိုရင် ငါတို့ နာမည်ကဒ် ၃ ခုရနေပြီ။   "

"လေးခုလုပ်ပါ။ ဒါကို အံဆွဲတစ်ခုထဲမှာ ကျွန်တော်ရှာတွေ့ခဲ့ပါတယ်။"

ဝမ်ဝိန်လုံသည် သူ၏ရှာဖွေတွေ့ရှိမှုကိုပြသခဲ့သည်။

"ကောင်းတယ်၊ ဖြစ်စဉ်ကမငြိမ်မသက်ဖြစ်နေပေမဲ့ ရလဒ်ကကောင်းတယ်။ "

 ဝမ်ဟိုင်းလုံသည် နာမည်ကဒ်ကို   အိတ်ကပ်ထဲ ထည့်လိုက်သည်။

"တကယ်တော့ဒီအကြောင်းကိုစဉ်းစားမယ်ဆိုရင် အံ့သြစရာကောင်းလောက်အောင် ဖြစ်တယ်ဆိုပေမယ့် ငါတို့က ကိုယ့်ဖာသာ စိတ်ခြောက်ခြားလို့ဖြစ်တာပဲ။ ဖေ့ဟူ..မင်း နည်းနည်းစိတ်ကိုတင်းထားစမ်းပါ "  

"ဒါပေမယ့် ငါ တကယ် ဒီအရုပ်က ကြိုးဆွဲချသေသွားခဲ့သလို သူမ   မျက်နှာ အရောင်ပြောင်းသွားတာကို တကယ်မြင်ခဲ့ရတယ်  "

ဖေ့ဟူက  မကျေနပ်မှုနှင့်အတူမြည်တမ်းလိုက်သည်။

"ဒါက မင်းအတွက် လုံလောက်တယ်။ မင်းကြောက်နေရင် မိန်လိရဲ့နောက်ကွယ်မှာရပ်ပြီး မင်းရဲ့ပါးစပ်ကိုပိတ်ထားပါ။ "

ဝမ်ဟိုင်းလုံသည်စိတ်မရှည်စွာ ပြောခဲ့သည်။

"ဒါပေမယ့် ဒါက တကယ်ပါ။ "

ဖေ့ဟူကရှေ့သို့ဆက်လက်ချီတက်လာသောအခါအုပ်စုနောက်ကွယ်မှလိုက်ခဲ့သည်။ စင်္ကြံထဲတွင် ကျန်ခဲ့သည့် အရုပ်မသည်ဖြည်းဖြည်းချင်း ကွဲကွာကျသွားသော ဦး ခေါင်းက ကိုယ်ထည်နှင့် ပြန်လည် တွယ်ဆက်ဖို့ ကြိုးစားနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။


**-***

သရဲအိမ္ထဲမွ ဖူးစာရွင္Donde viven las historias. Descúbrelo ahora