Chapter (57) – က်န္းယာ့ေရာက္လာၿပီ
ညစ္ပတ္ေနေသာ ေက်ာင္းဝတ္စံု၊ ျဖဴေရာ္ေသာမ်က္ႏွာႏွင့္ တစ္ခုခုေျပာရန္ႀကိဳးစားေနသည့္ ႏႈတ္ခမ္းမ်ားနဲ႔ ထိုင္ခံုေပၚမွာ ေၾကာက္ရြံ႕စြာထိုင္ေနပံုအရ သူတို႔အေလာင္းကို တစ္ေနရာကေန အတင္းအက်ပ္ ေရႊ႕ေျပာင္းျခင္းခံရပံုေပၚသည္။ မွန္ခ်ပ္ႏွင့္ ဝင္ေပါက္မွာ တားထားသည့္ ထိုင္ခံု ၃ခံုကို တစ္လွည့္စီၾကည့္ၿပီး Chen Ge ရင္ထဲ ေၾကာက္ရြံ႕လာသည္။ အေစာပိုင္းကမွ သူ ဒီထိုင္ခံုေတြကို အနီးကပ္ၾကည့္ေနေသးသည္။
ဒါက သူ မိန္းကေလးတစ္ေယာက္နဲ႔ ပထမဆံုး ပတ္သတ္ဖူးတယ္လို႔ ေျပာလို႔ရရဲ့လား။
Chen Ge က ၾကက္သီးေမႊးညင္းထရင္း တံခါးဆီ ဦးတည္ေလွ်ာက္လာစဥ္ ထိုင္ခံုသံုးလံုးက ဝင္ေပါက္နဲ႔ ပိုတိုးကပ္လာၿပီး အဝတ္လဲခန္းထဲက Locker ေတြရဲ့တံခါးေတြ ပြင့္လိုက္ပိတ္လိုက္ျဖစ္ကာ အသံျမည္လာသည္။
က်န္းယာ့နာမည္ကို ထုတ္ေျပာလိုက္ခ်ိန္မွ ဒီအကခန္းမက ေျပာင္းလဲလာခဲ့သည္။ က်န္းယာ့နာမည္က ဒီအကခန္းမအတြက္ မေကာင္းတဲ့သေဘာလား။
မွန္ခ်ပ္ေတြက တစ္ခန္းလံုးကို ပံုရိပ္ထင္ဟပ္ျပေနသည္။ ဒီအဝတ္လဲခန္းထဲမွာ မေကာင္းသည့္အရာတစ္ခုရွိေနတာလား။ 'ဒါဆို ငါအျမန္ထြက္မွ' ဟု Chen Ge ေတြးလိုက္မိသည္။
Locker ထဲက တစ္ခုခုလြတ္ေျမာက္ရန္ ႀကိဳးစားေနသလို Locker တံခါး ပိုတုန္ခါလာေသာအခါ Chen Ge ၏အေတြးက ပိုခိုင္မာသြားသည္။ Chen Ge က အခန္းဝမွာ ပိတ္ထားသည့္ခံုေတြကို ေျခေထာက္နဲ႔ကန္ၿပီး လက္ထဲကတူကို က်စ္က်စ္ပါေအာင္ဆုပ္ကာ တိုးထြက္လိုက္ခ်ိန္ သူ႔ပုခံုးေပၚ တစ္ခုခုတက္လာသလို ခံစားလိုက္ရသည္။
Chen Ge မွန္ထဲကိုလွမ္းၾကည့္လိုက္ေတာ့ ျဖဴေရာ္သည့္လက္ႏွစ္ဖက္က သူ႔ပုခံုးေပၚ ဆုပ္ကိုင္ထားတာေတြ႕လိုက္ရေတာ့ Chen Ge က တူႏွင့္ ေနာက္ကထိုင္ခံုကို ထု႐ိုက္ပစ္လိုက္သည္။
"ဘုန္း.."
သူ႔နားရြက္ထဲမွာ မိန္းကေလးတစ္ေယာက္ ေအာ္ဟစ္လိုက္သံကုိ ၾကားလိုက္ရၿပီး ထိုင္ခံုထိုင္သည့္ေနရာက အက္ေၾကာင္းထင္သြားခဲ့သည္။ မွန္ထဲကို လွမ္းၾကည့္လိုက္ေတာ့ Chen Ge ၏ပုခံုးကို ဖက္ထားသည့္ မိန္းကေလးက သူမ၏ထိုင္ခံုေပၚ Chen Ge ထိုင္ခ်ရန္ ႀကိဳးစားေနတာကို ေတြ႕လိုက္ရသည္။ ဒါက ဘာသေဘာလဲ..။
ဒီထိုင္ခံုက က်ိန္စာသင့္ေနၿပီး သူသာ ဒီခံုမွာထိုင္မိရင္ သူ႔ဝိညာဥ္က ဒီထိုင္ခံုမွာပိတ္မိသြားႏိုင္မွာလား..။
Chen Ge ကို မိန္းကေလးအဝတ္လဲခန္းကို ဆြဲသြင္းဖို႔ ႀကိဳးစားေနသည့္ ျဖဴေရာ္သည့္လက္တစ္စံု၏ အားက ပိုပိုတိုးလာခ်ိန္မွာ dance studio ခန္းမအျပင္ဘက္က အသံတစ္ခုကို ႐ုတ္တရက္ၾကားလိုက္ရသည္။ Chen Ge လွမ္းၾကည့္လိုက္ေတာ့ အကခန္းမအဝင္ဝမွာ အျခားသစ္သားကုလားထိုင္တစ္လံုးကို ျမင္လိုက္ရခ်ိန္ Chen Ge က သူ ပိုကံဆိုးၿပီဆိုတာ သိလိုက္သည္။ ၾကည့္ရတာ သူက ဒီမိန္းကေလးေတြၾကား ေပၚျပဴလာျဖစ္ပံုရသည္။
Chen Ge က ထြက္ေျပးမယ့္အစား တိုက္ခိုက္ဖို႔ ဆံုးျဖတ္လိုက္သည္။ သူ ခံုကို ထု႐ိုက္လိုက္ခ်ိန္ မွန္ထဲမွာေပၚေနသည့္ တေစၦမေလးမ်က္ႏွာက ရက္စက္ၾကမ္းၾကဳတ္ျခင္းမွ အသနားခံသည့္အမူအယာ ေျပာင္းသြားတာကို သတိထားလိုက္မိသည္။ သူက လက္တစ္ဖက္တြင္ ကိုင္ထားသည့္တူႏွင့္ ထိုင္ခံုကို ထုခြဲလိုက္သည္။ ဒီထုိင္ခံုႏွင့္ မိန္းကေလးေတြဝိညာဥ္က ဆက္စပ္ေနပံုရသည္။ ေရွာင္ေရွာင္းတို႔မိသားစုက အ႐ုပ္၄႐ုပ္မွာ ပူးကပ္ေနသလို အကခန္းမက မိန္းကေလးေတြဝိညာဥ္ကလည္း ထိုင္ခံုမွာ တြယ္ၿငိေနပံုရသည္။ ဒီထိုင္ခံုေတြကို ႐ိုက္ခ်ိဳးရင္ သူတို႔ကို မသတ္ႏိုင္ရင္ေတာင္ ထိခုိက္ေအာင္လုပ္ႏိုင္ေလာက္သည္။ ဒါေၾကာင့္ မွန္ထဲကမေကာင္းဆိုးဝါးက အ႐ုပ္၄ခုကို တိုက္ခိုက္ခဲ့ျခင္္းျဖစ္သည္။
Chen Ge ေပၚဖိထားသည့္အားက ပိုျပင္းထန္လာခဲ့ေပမယ့္ သရဲအိမ္ပိုင္ရွင္တစ္ေယာက္အတြက္ မႈစရာမဟုတ္ေပ။ သူက ကြင္းဆက္လူသတ္သမားႏွင့္ တိုက္ခန္းတစ္ခုထဲမွာ တစ္ညတာေတာင္ ေနခဲ့ေသးတာျဖစ္လို႔ ဒီေလာက္က သူ႔ကို အရမ္းမတုန္လႈပ္သြားေစေပ။ ထိတ္လန္႔ေနေပမယ့္ Chen Ge ရဲ့ဦးေႏွာက္က ဘာဆက္လုပ္ရမည္ကို မွန္ကန္စြာဆံုးျဖတ္ႏိုင္ေသးသည္။ သူက ထိုင္ခံုတစ္ခုခ်င္း ထု႐ိုက္လိုက္ေတာ့ ႐ုတ္တရက္ သူ႔လည္ပင္းက တင္းက်ပ္လာလို႔ မွန္ထဲၾကည့္လိုက္သည္။ ျဖဴေရာ္သည့္လက္တစ္စံုက လည္ပင္းညစ္ထားသည္။ ဝိညာဥ္က သူ႔ကို ထိုင္ခံုမွာထိုင္ေအာင္လုပ္တာထက္ အေသသတ္ဖို႔ႀကိဳးစားလိုက္ပံုရသည္။
Chen Ge က ထိုထိုင္ခံုကို ကိုင္ကာ နံရံႏွင့္႐ိုက္ကာ တစ္စစီခ်ိဳးလိုက္ေတာ့ လည္ပင္းကိုညစ္ထားသည့္အားက ေပ်ာက္သြားသည္။ ထိုင္ခံု၃ခံုလံုး ခ်ိဳးပစ္ၿပီးေနာက္ Chen Ge ၏ကိုယ္ေပၚက ဖိအားေတြေပ်ာက္သြားသည္။
"ဒီဟာေတြကိုထားရစ္ရင္ ဘယ္သူမွ အက်ိဳးမရွိဘူး.. ေနာက္ဆိုရင္ မင္းတို႔အတြက္ ငါ ေငြစကၠဴေတြ ႐ႈိ႕ၿပီး ပူေဇာ္ေပးပါ့မယ္.."
Chen Ge က မွန္ခ်ပ္ေတြကိုမွီထားရင္း အေမာေျဖေနသည္။ သူ႔လည္ပင္းမွာ ထူးဆန္းသည့္ အမွတ္အသားေတြေပၚေနသည္။ ဒီလိုဝိညာဥ္ေတြနဲ႔ တိုက္ခိုက္လိုက္သံက သူ႔ေနာက္လိုက္လာသည့္လူကို အခ်က္ျပသလိုျဖစ္ေနမည္ကို ေတြးလိုက္မိသည္။ အနီေရာင္အကဖိနပ္က ဒီမွာရွိပံုမေပၚသျဖင့္ ဒီကထြက္ဖို႔ ဆံုးျဖတ္လိုက္သည္။
ဒီအခန္းက တကယ္သရဲေျခာက္လို႔ Chen Ge က ဆက္မေနခ်င္ေတာ့ေပ။ မိန္းကေလးအဝတ္လဲခန္းထဲက ပိတ္ထားသည့္ Locker ၏တံခါး ဆက္တိုက္တိုးေဝွ႔ေနသံ ပိုၾကမ္းလာပံုက တစ္ခုခု သူ႔ကိုဆြဲငင္ေနသလိုပင္။ အကခန္းမ၏ ၾကမ္းျပင္ႏွင့္နံရံက ေဆးေရာင္ေတြက ပိုေတာက္ပလာသလိုျဖစ္ကာ စၾကၤန္ဘက္က "ခၽြင္.. ခၽြင္.." ဆိုသည့္ ထူးဆန္းသည့္အသံမ်ားလည္း ထြက္ေပၚလာသည္။
Chen Ge က အခန္းထဲက ထြက္ဖို႔ႀကိဳးစားေပမယ့္ သူ႔ေျခေထာက္တစ္စံုကို တစ္ခုခုက ဆြဲထားသလိုျဖစ္ေနသျဖင့္ မွန္ထဲကိုလွမ္းၾကည့္လိုက္ေတာ့ သရဲမ ၃ေကာင္က သူ႔ေျခက်င္းဝတ္ကို ဝိုင္းဆုပ္ကိုင္ထားၾကသည္။ သူတို႔လက္သည္းေတြက သူ႔အေရျပားထဲ စိုက္မိေနသည္။ ဒါကိုေတြ႕ေတာ့ Chen Ge စိုးရိမ္စြာျဖင့္ လက္ထဲကတူကို ၾကမ္းျပင္ေပၚက သရဲမေတြရွိသည့္ေနရာကို ထု႐ိုက္လိုက္သည္။ ဒါေပမယ့္ သရဲမေတြက လံုးဝလက္မလႊတ္ဘဲ တင္းက်ပ္စြာဆုပ္ကိုင္ကာ ခ်ဳပ္ထားၾကသည္။
စၾကၤန္ဘက္က ထူးဆန္းသည့္အသံက ပိုပိုနီးလာခဲ့သည္။ Chen Ge ကိုဆြဲထားသည့္ သရဲမ၃ေကာင္၏မ်က္ႏွာက မွန္ထဲတြင္ ကလဲ့စားေခ်ရေတာ့မည္ျဖစ္လို႔ ေက်နပ္ေပ်ာ္ရႊင္ေနပံုရသည္။ ႐ုတ္တရက္ အကခန္းမမ်က္ႏွာက်က္ကေန အဝတ္ရွည္ေတြက်ဆင္းလာသလို ထင္ရၿပီး ဖုန္းမီးေရာင္က ႐ုတ္တရက္ မွိန္သြားခဲ့သည္။ ေလထုထဲမွာ တစ္စံုတစ္ခု ဝန္းရံေနသည္ဟု Chen Ge ခံစားလိုက္ရသည္။
ေၾကာက္စရာေကာင္းတဲ့ အရာတစ္ခုက ဒီေက်ာင္းထဲမွာ ပုန္းေနတာလား..။
Chen Ge က က်န္းယာ့က ဒီေက်ာင္းမွာ ေၾကာက္စရာအေကာင္းဆံုး သရဲမ ျဖစ္ေပမယ့္ သူ႔ကိုမ်က္ႏွာသာေပးလို႔ ဒီမွာ သူ ဘာအႏၱရာယ္မွ မျဖစ္ႏိုင္ဘူးထင္လို႔ ညသန္းေခါင္ ေက်ာင္းထဲကို လာခဲ့တာျဖစ္သည္။
ဒါက တကယ့္ကိုဆိုးတာပဲ..။
တစ္စံုတစ္ခုက အကခန္းမတံခါးဝကို ေရာက္လာၿပီး ေလထုထဲ ႐ုတ္တရက္ ပုပ္အဲ့အဲ့အနံ႔ေတြ ေထာင္းေထာင္းထသြားေတာ့သည္။
ၾကမ္းျပင္ေပၚက သရဲမသံုးေကာင္က Chen Ge ကို ဆိုးဝါးသည့္အမူအယာျဖင့္ စိုက္ၾကည့္ေနသည္။ Chen Ge က ေနာက္ဘက္ကမွန္ခ်ပ္ကိုမွီရင္း လက္က အိတ္ကပ္ထဲက သူ႔မိဘေတြထားရစ္ခဲ့သည့္ အ႐ုပ္ကို ထိလိုက္ခ်ိန္မွာ ဆူညံသံေတြ ႐ုတ္တရက္တိတ္သြားၿပီး ေလထဲကအပုပ္နံ႔က ခ်က္ခ်င္း လႊင့္ျပယ္သြားေတာ့သည္။
ဘာျဖစ္သြားတာလဲ..။ တံခါးဝကအရာက တစ္ခုခုကို ေၾကာက္ေနပံုရသည္။
တခၽြင္ခၽြင္အသံ တိတ္သြားေတာ့မွ Chen Ge က သူ႔ႏွလံုးခုန္သံတဒိုင္းဒိုင္းကို ၾကားလိုက္ရသည္။ အခန္းထဲကအလင္းေရာင္က ပိုမွိန္လာၿပီး ေလထုက ေအးစိမ့္လာခဲ့သည္။
ဘာေတြျဖစ္ေနတာလဲ..။
Chen Ge ၏ေျခက်င္းဝတ္ကို ဆြဲထားသည့္ လက္ေတြ ေလ်ာ့သြားသည္။ Chen Ge က မွန္ထဲၾကည့္လိုက္ေတာ့ သရဲမသံုးေကာင္က Chen Ge ႏွင့္ေဝးရာေထာင့္မွာ တိုးကပ္ကာ သူတို႔မ်က္ဝန္းေတြက ေမွးမွိန္ကာ Chen Ge ၏ေနာက္ကို ေၾကာက္လန္႔စြာ စိုက္ၾကည့္ေနသည္။
ငါ့ေနာက္မွာလား..။
Chen Ge ေနာက္လွည့္ၿပီး မွန္ထဲၾကည့္လိုက္ေတာ့ မွန္ထဲမွာ သူ႔အရိပ္မဟုတ္တဲ့ ေသြးနဲ႔ရဲေနသည့္ ေက်ာင္းဝတ္စံုဝတ္ထားသည့္ မိန္းကေလးတစ္ေယာက္ ရပ္ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။
==============================
Chapter (58) – အနီေရာင္ အကဖိနပ္
Chen Ge ကမွန္ႏွင့္ နီးနီးကပ္ကပ္ရွိေနေသာေၾကာင့္ မွန္ထဲကမိန္းကေလးပံုကို ထင္ရွားျပတ္သားစြာ ျမင္လိုက္ရသည္။ ေက်ာ့ရွင္းေသာေက်ာင္းဝတ္စံုက သူမကိုယ္ေပၚတြင္ ေသြးမ်ားျဖင့္ကပ္ေနသည္။ သူမ၏မ်က္ႏွာကို ဆံပင္ရွည္မ်ားျဖင့္ ကြယ္ထားသည္။ ဖုန္းမ်က္ႏွာျပင္က ခပ္မွိန္မွိန္အလင္းေရာင္ျဖင့္ ထိုျမင္ကြင္းက ေၾကာက္စရာပိုေကာင္းေနသည္။ Chen Ge က ႏႈတ္မွဖြင့္မေမးခင္ တုန္ယင္ေအးခဲေနေသာ ေျခလက္မ်ားကို တည္ၿငိမ္ေစေအာင္ ခဏေစာင့္ၿပီး အားတင္းကာေမးလိုက္သည္။
"မင္းက က်န္းယာ့လား.."
Chen Ge ၏စကားသံကိုၾကားေသာအခါ ေကာင္မေလးက ေခါင္းေမာ့လာသည္။ ဆံပင္ရွည္ၾကားက လွပတင့္တယ္ေပမယ့္ ေသြးဆုတ္ျဖဴေရာ္ေနေသာမ်က္ႏွာေလး ေပၚလာသည္။ ဖုန္းမီးေရာင္မွိန္မွိန္ေအာက္ မိန္းကေလး၏မ်က္ႏွာက တစ္ဝက္ေလာက္ပဲေမာ့လာၿပီး သူမအရိပ္က ေမွးမွိန္ေပ်ာက္ကြယ္သြားသည္။
"သူမ ဘယ္ေရာက္သြားတာလဲ.."
Chen Ge မွန္ကိုေငးၾကည့္ေနသည္။ ဖုန္းကိုေျမႇာက္ၾကည့္ေတာ့ သူ႔ေနာက္ေက်ာဘက္မွာ က်န္းယာ့ေပၚလာသည္ကို ေတြ႕လိုက္ရသည္။ သူ႔ေနာက္က ေကာင္မေလးအရိပ္က 1.7 မီတာေလာက္ျမင့္သည္ဟု ခန္႔မွန္းမိလိုက္သည္။ ထိုစဥ္ Chen Ge ၏နားထဲ ေသြးစက္တို႔ တစ္စက္စက္က်ေနသံကို ၾကားလိုက္ရသည္။ ေသြးစိုေနေသာယူနီေဖာင္းက သူမကိုယ္မွာကပ္ေနၿပီး သူမက ေသြးခ်င္းခ်င္းရဲေနသည္။ Chen Ge က ေရာက္ေနသည့္ေနရာမွာ ရပ္ေနၿပီး နည္းနည္းမွမလႈပ္ရဲေပ။ ေနာက္ေက်ာက ေအးစက္မႈက ဦးေႏွာက္ထိ စိမ့္တက္လာသလိုပင္။ အနီေရာင္အရိပ္က သူ႔ေနာက္ေက်ာကို သူမေက်ာႏွင့္ကပ္ကာ ရပ္လိုက္တာကို မွန္ထဲကေနတဆင့္ ေတြ႕လိုက္ရသည္။ သရဲမႏွင့္ ေက်ာခ်င္းကပ္ရပ္ေနသည္ ဆိုသည့္အသိေၾကာင့္ Chen Ge သက္ျပင္း႐ိႈက္လိုက္မိသည္။ ဒါေပမယ့္ သူ႔ရင္က ေပါ့ပါးသြားခဲ့သည္။
ဒီဝိညာဥ္က ငါနဲ႔ ေက်ာခ်င္းကပ္ ရပ္ေနတာလား..။
ကိုယ့္ေနာက္မွာ ဘယ္သူမွန္းမသိတဲ့တစ္ေယာက္ မတ္တပ္ရပ္ေနတယ္ ဆိုသည့္အသိက အေတာ္ေလး ေၾကာက္ဖို႔ေကာင္းလွသည္။
Chen Ge ၏လက္ေခ်ာင္းမ်ားက ေအးစက္ေနေသာအရာႏွင့္ ထိလိုက္မိသည္။ Chen Ge ကိုင္ထားသည့္ဖုန္းက ၾကမ္းျပင္ေပၚေလွ်ာက်သြားၿပီး မီးက မွိတ္တုတ္မွိတ္တုတ္ျဖစ္ကာ မွိတ္သြားေတာ့သည္။
အေမွာင္ထုထဲမွာ Chen Ge ၏ေက်ာျပင္ဘက္က အေအးဓာတ္က ပ်ံ႕ႏွံ႔လာသလို ခံစားလိုက္ရသည္။ ညသန္းေခါင္ေက်ာ္ ၂နာရီ၊ စြန္႔ပစ္ထားသည့္ေက်ာင္းဝင္းထဲ မွန္ခ်ပ္ႀကီးေရွ႕မွာ အနီေရာင္ဝိညာဥ္ႏွင့္ ေက်ာခ်င္းကပ္ရပ္ေနရမယ္လို႔ Chen Ge စိတ္ကူးပင္မယဥ္မိဖူးေပ။ ဒါက ကဗ်ာဆန္တဲ့ ျဖစ္ရပ္တစ္ခုလို႔ ေျပာလို႔ေကာရရဲ့လား။
Chen Ge ရဲ့ေခါင္းထဲ မ်ိဳးစံုေတြးေနေပမယ့္ သူ႔လက္ကိုထိေနသည့္ ေအးစက္စက္လက္ေခ်ာင္း၊ ေက်ာကိုထိကပ္ေနသည့္ သရဲမ၏ဆံပင္တို႔ လႈပ္ေနတာကို ခံစားမိကာ Chen Ge ကို ေက်ာခ်မ္းလာေစသည္။ သူမ ဘာလုပ္ဖို႔ ရည္ရြယ္ေနတာလဲ..။
သူ႔ mission က အနီေရာင္အကဖိနပ္ကို ေတြ႕ေအာင္ရွာဖို႔ပဲျဖစ္သည္။ အာ႐ံုမတက္ခင္ ရွာမေတြ႕ရင္ mission က်႐ံႈးလိမ့္မည္။
Chen Ge က ဘာမွမလုပ္ႏိုင္ဘဲ မွန္ခ်ပ္ကိုပဲ ေငးၾကည့္ေနမိေတာ့သည္။ ပထမ သတိမထားမိေပမယ့္ ၾကာေတာ့ မွန္ထဲမွာ ခပ္ဝါးဝါးအရိပ္ေတြေပၚလာတာ သတိထားမိလာသည္။ Chen Ge မ်က္လံုးျပဴးက်ယ္လာၿပီး ပိုမိုရွင္းလင္းပီသလာသည္။ မွန္ထဲကပံုရိပ္ေတြကို စိုက္ၾကည့္လိုက္သည္။
"ေနဦး.. ဒီမိန္းကေလးေတြက ထိုင္ခံုမွာပူးကပ္ေနတဲ့ ဝိညာဥ္ေတြမဟုတ္ဘူးလား.."
မွန္ထဲက မိန္းကေလးငါးဦးက သန္႔ရွင္းေသာေက်ာင္းယူနီေဖာင္ကို ဝတ္ထားၿပီး အကခန္းမထဲ ဝင္လာၾကသည္။ အေစာပိုင္းက သူေတြ႕ခဲ့တာနဲ႔ လံုးဝမတူ ကြဲျပားေနသည္။ ၾကည့္ရတာ အရင္ႏွစ္ေတြကျဖစ္ရပ္ကို မွန္ခ်ပ္ထဲမွာ ျပန္ျပေနတာထင္သည္။
မိန္းကေလးငါးေယာက္က ရယ္ေမာတြတ္ထိုးရင္း မွန္ခ်ပ္ရွိရာဆီ ေလွ်ာက္လာၾကသည္။ သူတို႔ႏွင့္ခပ္လွမ္းလွမ္းတြင္ က်န္းယာ့က ဖာသိဖာသာဝင္လာသည္။ သူမလက္ထဲမွာ စကၠဴအိတ္ေလးကို ကိုင္လာခဲ့သည္။ ထိုအိတ္ကို သူမ Locker ထဲမွာ Chen Ge ေတြ႕ခဲ့သည္။ ဒီထဲမွာ ခ်ိဳခ်ဥ္ဘူးေလး ၅ ဘူးပါသည္။
က်န္းယာ့ပံုစံက စိတ္ေပ်ာ္ေနပံုရသည္။ သူမက အဝတ္လဲခန္းထဲ ခပ္သြက္သြက္ဝင္သြားၿပီး မၾကာခင္ အကဝတ္စံုလဲၿပီး ျပန္ထြက္လာသည္။ မိန္းကေလး ၆ ေယာက္လံုး အကဝတ္စံုကိုယ္စီႏွင့္ ေလ့က်င့္ရန္ အသင့္ျဖစ္ေနသည္။
ျမင္ကြင္က ေျပာင္းသြားသည္။ မိန္းကေလးငါးေယာက္က တစ္အုပ္စု ပူးေနၾကၿပီး က်န္းယာ့က သီးျခား တစ္ေယာက္တည္း ကြဲေနသည္။ မၾကာခင္ အကခန္းမထဲ ဆရာမတစ္ေယာက္ဝင္လာၿပီး လက္ထဲမွာ 'ငန္းတို႔ေပ်ာ္ရာေရကန္သာ' ဆိုသည့္ အကၿပိဳင္ပြဲဆုလက္မွတ္ကို ကိုင္ထားသည္။ ဆရာမက အကအဖြဲ႕ကို ဂုဏ္ျပဳစကားေျပာၿပီး ဆက္ႀကိဳးစားဖို႔မွာေနသည္။
ထုိေန႔က ေက်ာင္းဖြင့္ရက္ျဖစ္ပံုမရဘဲ အကအဖြဲ႕က ျပည္နယ္ၿပိဳင္ပြဲအတြက္ ေလ့က်င့္ဖို႔သက္သက္ ေက်ာင္းကိုလာပံုရသည္။ နာရီဝက္ၾကာေတာ့ ဆရာမက ထြက္သြားသည္။ ဆရာမထြက္သြားသည္ႏွင့္ ေက်ာင္းသူငါးေယာက္က အကမက်င့္ေတာ့ဘဲ ထိုင္ကာ ဖုန္းပြတ္လိုက္၊ စကားေျပာလိုက္ျဖင့္ လုပ္ေနၿပီး က်န္းယာ့တစ္ေယာက္သာ ႀကိဳးႀကိဳးစားစား အကဆက္က်င့္ေနသည္။ ေက်ာင္းသူငါးေယာက္က က်န္းယာ့ကိုေမးေငါ့ကာ ေလွာင္ေျပာင္ေနၾကေပမယ့္ က်န္းယာ့က သူမတို႔ကို လ်စ္လွ်ဴ႐ႈထားလိုက္သည္။ အေတာ္ၾကာေအာင္ေလ့က်င့္ၿပီးမွ က်န္းယာ့က နားလိုက္သည္။ သူမက အဝတ္လဲခန္းထဲဝင္သြားၿပီး ခ်ိဳခ်ဥ္ဘူးေလးေတြနဲ႔ ျပန္ထြက္လာသည္။
သူမ ခ်ိဳခ်ဥ္ဘူးေလးေတြကို မိန္းကေလးငါးေယာက္ဆီ ကမ္းေပးလိုက္သည္။ ေကာင္မေလးတစ္ေယာက္က က်န္းယာ့ခ်ိဳခ်ဥ္ကို လွမ္းယူမည္အျပဳ က်န္းယာ့ကဲ့သို႔ အရပ္ရွည္ရွည္ႏွင့္ေက်ာင္းသူတစ္ေယာက္က ၾကားျဖတ္တားလိုက္သည္။ သူမက က်န္းယာ့ကို လက္ညိႈးထိုးကာ မ်ိဳးစံုစြပ္စြဲေျပာဆိုေနသည္။ ၿပီးေတာ့ သူမက အဝတ္လဲခန္းထဲေျပးဝင္ၿပီး ေက်ာင္းလြယ္အိတ္တစ္လံုးကိုယူကာ ထြက္လာသည္။ ထိုလြယ္အိတ္ထဲတြင္ က်န္းယာ့ဆီကို ေက်ာင္းသားမ်ားဝိုင္းေပးသည့္ ရည္းစားစာကို ထုတ္ယူျပလိုက္သည္။
ဒီအျဖစ္အပ်က္က က်န္မိန္းကေလးမ်ားကို မနာလိုစိတ္ ျဖစ္လာေစခဲ့သည္။ က်န္းယာ့က သူမ၏ခ်ိဳခ်ဥ္ဘူးေလးေတြကို အျငင္းခံလိုက္ရလို႔ သူမ၏အိတ္ေလးထဲ ျပန္ထည့္ကာ အဝတ္လဲခန္းထဲ ျပန္ဝင္သြားခဲ့သည္။ ဒီအျဖစ္အပ်က္က ဒီမွာၿပီးသြားၿပီလို႔ Chen Ge ထင္ေနေပမယ့္ အကခန္းမတံခါး ျပန္ပြင့္လာတာ ေတြ႕လိုက္ရသည္။ မိန္းကေလးငါးေယာက္က ဆရာမျပန္ဝင္လာတာထင္ၿပီး အျမန္ထကာ အကေလ့က်င့္ေနၾကသည္။
ဒါေပမယ့္ 1.8 မီတာျမင့္သည့္ ကိုယ္ခႏၶာထြားထြားႏွင့္ ေယာက္်ားတစ္ေယာက္ အကခန္းမထဲဝင္လာတာ ေတြ႕လိုက္ရသည္။ ထိုေယာက္်ားက မိန္းကေလးေတြကိုဆက္က်င့္ဖို႔ ေျပာလိုက္သည္။ ဒီလူက ဘယ္သူလဲဆိုတာမသိလို႔ Chen Ge စိတ္႐ႈပ္ေနမိသည္။ မိန္းကေလးေတြ အကေလ့က်င့္ေနစဥ္ ထိုလူက ႐ံုးခန္းထဲဝင္သြားသည္။ ၿပီးေတာ့ ျပန္ထြက္လာၿပီး က်န္းယာ့ကို သူ႔႐ံုးခန္းထဲလာဖို႔ လွမ္းေခၚလိုက္သည္။ က်န္းယာ့က ဒီလူကို ယံုၾကည္မႈမရွိသလို ႐ံုးခန္းဝမွာရပ္ေနၿပီး ဝင္ဖို႔တံု႔ဆိုင္းေနသည္။ မွန္ထဲတြင္ ႐ံုးခန္းထဲကျမင္ကြင္းက ထင္ဟပ္ေနသည္။ ၈ မိနစ္ေလာက္ၾကာေတာ့ က်န္းယာ့က ႐ံုးခန္းထဲ ႐ုန္းရင္းဆန္ခတ္ျဖင့္ ေျပးထြက္လာစဥ္ မွန္ခ်ပ္ထဲကျမင္ကြင္းက မႈန္ဝါးသြားသည္။
ေယာက္်ားႀကီးက သူ႔လက္ေမာင္းကို လက္တစ္ဖက္ႏွင့္အုပ္ကိုင္ကာ က်န္းယာ့ကို လိုက္ဖမ္းေနသည္။ အကခန္းမထဲက မိန္းကေလးငါးေယာက္က ဒီျမင္ကြင္းကိုေတြ႕ေပမယ့္ သူတို႔ရွိသည့္ေနရာမွာ ထိုင္ေနၿပီး ဘယ္သူမွ က်န္းယာ့ကို မကူညီေပးၾကေပ။ မၾကာခင္ က်န္းယာ့က တံခါးႏွင့္နီးသည့္ေထာင့္ေလးမွာ ပိတ္မိသြားသည္။ သူမက က်ယ္ေလာင္စြာ ေအာ္ဟစ္အကူအညီေတာင္းေပမယ့္ မိန္းကေလးေတြက မၾကားသလိုလုပ္ကာ သူမကို ဘယ္သူမွ မကူညီေပးၾကေပ။
ထိုလူထြားႀကီးက က်န္းယာ့ကို မၾကားဝံ့မနာသာ စကားေတြေျပာေနၿပီး ေရွ႕တိုးလာသည္။ က်န္းယာ့၏လက္က သူမေနာက္က ျပတင္းေပါက္ေဘာင္ကို ဆုပ္ကိုင္ထားသည္။ ဒီလူ႔လက္ကလြတ္ဖို႔ သူမမွာ ဒီတစ္လမ္းပဲရွိေတာ့သည္။
မွန္ထဲကျမင္ကြင္းကိုေတြ႕ေတာ့ ဖုန္းအနက္ထဲက Chen Ge ဆီ ရည္းစားစာပို႔ခ်ိန္မွာ ျမင္လိုက္ရသည့္ျမင္ကြင္းကို သတိရသြားေစသည္။ သူမမ်က္ဝန္းေတြက ျပဴးက်ယ္လာၿပီး ပါးျပင္က ျဖဴေရာ္ေနသည္။ သူမ ျပတင္းေပါက္ေအာက္ကိုက်သြားခ်ိန္ ဒီေက်ာင္းအတြက္ ဖ်က္မရသည့္အမည္းစက္တစ္ခု ျဖစ္သြားခဲ့သည္။ အနီေရာင္အကဖိနပ္၊ ေသြးစြန္းေနသည့္ေက်ာင္းဝတ္စံုနဲ႔ သူမနာမည္ကေတာင္ ဒီေက်ာင္းအတြက္ ေၾကာက္စရာျဖစ္ခဲ့ရသည္။
လူထြားႀကီးက ျပတင္းေပါက္နားကပ္ကာ ေအာက္ကိုအကဲခတ္ေပမယ့္ ေအာက္ကိုဆင္းၿပီး က်န္းယာ့ကိုကူညီဖို႔ ဘာမွမလုပ္ေပ။ သူက ေနာက္ကုိဆုတ္ၿပီး ထိတ္လန္႔စြာရပ္ေနသည့္ မိန္းကေလးငါးေယာက္နား သြားရပ္ေနသည္။
=======================
Chapter (57) – ကျန်းယာ့ရောက်လာပြီ
ညစ်ပတ်နေသော ကျောင်းဝတ်စုံ၊ ဖြူရော်သောမျက်နှာနှင့် တစ်ခုခုပြောရန်ကြိုးစားနေသည့် နှုတ်ခမ်းများနဲ့ ထိုင်ခုံပေါ်မှာ ကြောက်ရွံ့စွာထိုင်နေပုံအရ သူတို့အလောင်းကို တစ်နေရာကနေ အတင်းအကျပ် ရွှေ့ပြောင်းခြင်းခံရပုံပေါ်သည်။ မှန်ချပ်နှင့် ဝင်ပေါက်မှာ တားထားသည့် ထိုင်ခုံ ၃ခုံကို တစ်လှည့်စီကြည့်ပြီး Chen Ge ရင်ထဲ ကြောက်ရွံ့လာသည်။ အစောပိုင်းကမှ သူ ဒီထိုင်ခုံတွေကို အနီးကပ်ကြည့်နေသေးသည်။
ဒါက သူ မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံး ပတ်သတ်ဖူးတယ်လို့ ပြောလို့ရရဲ့လား။
Chen Ge က ကြက်သီးမွှေးညင်းထရင်း တံခါးဆီ ဦးတည်လျှောက်လာစဉ် ထိုင်ခုံသုံးလုံးက ဝင်ပေါက်နဲ့ ပိုတိုးကပ်လာပြီး အဝတ်လဲခန်းထဲက Locker တွေရဲ့တံခါးတွေ ပွင့်လိုက်ပိတ်လိုက်ဖြစ်ကာ အသံမြည်လာသည်။
ကျန်းယာ့နာမည်ကို ထုတ်ပြောလိုက်ချိန်မှ ဒီအကခန်းမက ပြောင်းလဲလာခဲ့သည်။ ကျန်းယာ့နာမည်က ဒီအကခန်းမအတွက် မကောင်းတဲ့သဘောလား။
မှန်ချပ်တွေက တစ်ခန်းလုံးကို ပုံရိပ်ထင်ဟပ်ပြနေသည်။ ဒီအဝတ်လဲခန်းထဲမှာ မကောင်းသည့်အရာတစ်ခုရှိနေတာလား။ 'ဒါဆို ငါအမြန်ထွက်မှ' ဟု Chen Ge တွေးလိုက်မိသည်။
Locker ထဲက တစ်ခုခုလွတ်မြောက်ရန် ကြိုးစားနေသလို Locker တံခါး ပိုတုန်ခါလာသောအခါ Chen Ge ၏အတွေးက ပိုခိုင်မာသွားသည်။ Chen Ge က အခန်းဝမှာ ပိတ်ထားသည့်ခုံတွေကို ခြေထောက်နဲ့ကန်ပြီး လက်ထဲကတူကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ တိုးထွက်လိုက်ချိန် သူ့ပုခုံးပေါ် တစ်ခုခုတက်လာသလို ခံစားလိုက်ရသည်။
Chen Ge မှန်ထဲကိုလှမ်းကြည့်လိုက်တော့ ဖြူရော်သည့်လက်နှစ်ဖက်က သူ့ပုခုံးပေါ် ဆုပ်ကိုင်ထားတာတွေ့လိုက်ရတော့ Chen Ge က တူနှင့် နောက်ကထိုင်ခုံကို ထုရိုက်ပစ်လိုက်သည်။
"ဘုန်း.."
သူ့နားရွက်ထဲမှာ မိန်းကလေးတစ်ယောက် အော်ဟစ်လိုက်သံကို ကြားလိုက်ရပြီး ထိုင်ခုံထိုင်သည့်နေရာက အက်ကြောင်းထင်သွားခဲ့သည်။ မှန်ထဲကို လှမ်းကြည့်လိုက်တော့ Chen Ge ၏ပုခုံးကို ဖက်ထားသည့် မိန်းကလေးက သူမ၏ထိုင်ခုံပေါ် Chen Ge ထိုင်ချရန် ကြိုးစားနေတာကို တွေ့လိုက်ရသည်။ ဒါက ဘာသဘောလဲ..။
ဒီထိုင်ခုံက ကျိန်စာသင့်နေပြီး သူသာ ဒီခုံမှာထိုင်မိရင် သူ့ဝိညာဉ်က ဒီထိုင်ခုံမှာပိတ်မိသွားနိုင်မှာလား..။
Chen Ge ကို မိန်းကလေးအဝတ်လဲခန်းကို ဆွဲသွင်းဖို့ ကြိုးစားနေသည့် ဖြူရော်သည့်လက်တစ်စုံ၏ အားက ပိုပိုတိုးလာချိန်မှာ dance studio ခန်းမအပြင်ဘက်က အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ Chen Ge လှမ်းကြည့်လိုက်တော့ အကခန်းမအဝင်ဝမှာ အခြားသစ်သားကုလားထိုင်တစ်လုံးကို မြင်လိုက်ရချိန် Chen Ge က သူ ပိုကံဆိုးပြီဆိုတာ သိလိုက်သည်။ ကြည့်ရတာ သူက ဒီမိန်းကလေးတွေကြား ပေါ်ပြူလာဖြစ်ပုံရသည်။
Chen Ge က ထွက်ပြေးမယ့်အစား တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ ခုံကို ထုရိုက်လိုက်ချိန် မှန်ထဲမှာပေါ်နေသည့် တစ္ဆေမလေးမျက်နှာက ရက်စက်ကြမ်းကြုတ်ခြင်းမှ အသနားခံသည့်အမူအယာ ပြောင်းသွားတာကို သတိထားလိုက်မိသည်။ သူက လက်တစ်ဖက်တွင် ကိုင်ထားသည့်တူနှင့် ထိုင်ခုံကို ထုခွဲလိုက်သည်။ ဒီထိုင်ခုံနှင့် မိန်းကလေးတွေဝိညာဉ်က ဆက်စပ်နေပုံရသည်။ ရှောင်ရှောင်းတို့မိသားစုက အရုပ်၄ရုပ်မှာ ပူးကပ်နေသလို အကခန်းမက မိန်းကလေးတွေဝိညာဉ်ကလည်း ထိုင်ခုံမှာ တွယ်ငြိနေပုံရသည်။ ဒီထိုင်ခုံတွေကို ရိုက်ချိုးရင် သူတို့ကို မသတ်နိုင်ရင်တောင် ထိခိုက်အောင်လုပ်နိုင်လောက်သည်။ ဒါကြောင့် မှန်ထဲကမကောင်းဆိုးဝါးက အရုပ်၄ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Chen Ge ပေါ်ဖိထားသည့်အားက ပိုပြင်းထန်လာခဲ့ပေမယ့် သရဲအိမ်ပိုင်ရှင်တစ်ယောက်အတွက် မှုစရာမဟုတ်ပေ။ သူက ကွင်းဆက်လူသတ်သမားနှင့် တိုက်ခန်းတစ်ခုထဲမှာ တစ်ညတာတောင် နေခဲ့သေးတာဖြစ်လို့ ဒီလောက်က သူ့ကို အရမ်းမတုန်လှုပ်သွားစေပေ။ ထိတ်လန့်နေပေမယ့် Chen Ge ရဲ့ဦးနှောက်က ဘာဆက်လုပ်ရမည်ကို မှန်ကန်စွာဆုံးဖြတ်နိုင်သေးသည်။ သူက ထိုင်ခုံတစ်ခုချင်း ထုရိုက်လိုက်တော့ ရုတ်တရက် သူ့လည်ပင်းက တင်းကျပ်လာလို့ မှန်ထဲကြည့်လိုက်သည်။ ဖြူရော်သည့်လက်တစ်စုံက လည်ပင်းညစ်ထားသည်။ ဝိညာဉ်က သူ့ကို ထိုင်ခုံမှာထိုင်အောင်လုပ်တာထက် အသေသတ်ဖို့ကြိုးစားလိုက်ပုံရသည်။
Chen Ge က ထိုထိုင်ခုံကို ကိုင်ကာ နံရံနှင့်ရိုက်ကာ တစ်စစီချိုးလိုက်တော့ လည်ပင်းကိုညစ်ထားသည့်အားက ပျောက်သွားသည်။ ထိုင်ခုံ၃ခုံလုံး ချိုးပစ်ပြီးနောက် Chen Ge ၏ကိုယ်ပေါ်က ဖိအားတွေပျောက်သွားသည်။
"ဒီဟာတွေကိုထားရစ်ရင် ဘယ်သူမှ အကျိုးမရှိဘူး.. နောက်ဆိုရင် မင်းတို့အတွက် ငါ ငွေစက္ကူတွေ ရှို့ပြီး ပူဇော်ပေးပါ့မယ်.."
Chen Ge က မှန်ချပ်တွေကိုမှီထားရင်း အမောဖြေနေသည်။ သူ့လည်ပင်းမှာ ထူးဆန်းသည့် အမှတ်အသားတွေပေါ်နေသည်။ ဒီလိုဝိညာဉ်တွေနဲ့ တိုက်ခိုက်လိုက်သံက သူ့နောက်လိုက်လာသည့်လူကို အချက်ပြသလိုဖြစ်နေမည်ကို တွေးလိုက်မိသည်။ အနီရောင်အကဖိနပ်က ဒီမှာရှိပုံမပေါ်သဖြင့် ဒီကထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီအခန်းက တကယ်သရဲခြောက်လို့ Chen Ge က ဆက်မနေချင်တော့ပေ။ မိန်းကလေးအဝတ်လဲခန်းထဲက ပိတ်ထားသည့် Locker ၏တံခါး ဆက်တိုက်တိုးဝှေ့နေသံ ပိုကြမ်းလာပုံက တစ်ခုခု သူ့ကိုဆွဲငင်နေသလိုပင်။ အကခန်းမ၏ ကြမ်းပြင်နှင့်နံရံက ဆေးရောင်တွေက ပိုတောက်ပလာသလိုဖြစ်ကာ စင်္ကြန်ဘက်က "ချွင်.. ချွင်.." ဆိုသည့် ထူးဆန်းသည့်အသံများလည်း ထွက်ပေါ်လာသည်။
Chen Ge က အခန်းထဲက ထွက်ဖို့ကြိုးစားပေမယ့် သူ့ခြေထောက်တစ်စုံကို တစ်ခုခုက ဆွဲထားသလိုဖြစ်နေသဖြင့် မှန်ထဲကိုလှမ်းကြည့်လိုက်တော့ သရဲမ ၃ကောင်က သူ့ခြေကျင်းဝတ်ကို ဝိုင်းဆုပ်ကိုင်ထားကြသည်။ သူတို့လက်သည်းတွေက သူ့အရေပြားထဲ စိုက်မိနေသည်။ ဒါကိုတွေ့တော့ Chen Ge စိုးရိမ်စွာဖြင့် လက်ထဲကတူကို ကြမ်းပြင်ပေါ်က သရဲမတွေရှိသည့်နေရာကို ထုရိုက်လိုက်သည်။ ဒါပေမယ့် သရဲမတွေက လုံးဝလက်မလွှတ်ဘဲ တင်းကျပ်စွာဆုပ်ကိုင်ကာ ချုပ်ထားကြသည်။
စင်္ကြန်ဘက်က ထူးဆန်းသည့်အသံက ပိုပိုနီးလာခဲ့သည်။ Chen Ge ကိုဆွဲထားသည့် သရဲမ၃ကောင်၏မျက်နှာက မှန်ထဲတွင် ကလဲ့စားချေရတော့မည်ဖြစ်လို့ ကျေနပ်ပျော်ရွှင်နေပုံရသည်။ ရုတ်တရက် အကခန်းမမျက်နှာကျက်ကနေ အဝတ်ရှည်တွေကျဆင်းလာသလို ထင်ရပြီး ဖုန်းမီးရောင်က ရုတ်တရက် မှိန်သွားခဲ့သည်။ လေထုထဲမှာ တစ်စုံတစ်ခု ဝန်းရံနေသည်ဟု Chen Ge ခံစားလိုက်ရသည်။
ကြောက်စရာကောင်းတဲ့ အရာတစ်ခုက ဒီကျောင်းထဲမှာ ပုန်းနေတာလား..။
Chen Ge က ကျန်းယာ့က ဒီကျောင်းမှာ ကြောက်စရာအကောင်းဆုံး သရဲမ ဖြစ်ပေမယ့် သူ့ကိုမျက်နှာသာပေးလို့ ဒီမှာ သူ ဘာအန္တရာယ်မှ မဖြစ်နိုင်ဘူးထင်လို့ ညသန်းခေါင် ကျောင်းထဲကို လာခဲ့တာဖြစ်သည်။
ဒါက တကယ့်ကိုဆိုးတာပဲ..။
တစ်စုံတစ်ခုက အကခန်းမတံခါးဝကို ရောက်လာပြီး လေထုထဲ ရုတ်တရက် ပုပ်အဲ့အဲ့အနံ့တွေ ထောင်းထောင်းထသွားတော့သည်။
ကြမ်းပြင်ပေါ်က သရဲမသုံးကောင်က Chen Ge ကို ဆိုးဝါးသည့်အမူအယာဖြင့် စိုက်ကြည့်နေသည်။ Chen Ge က နောက်ဘက်ကမှန်ချပ်ကိုမှီရင်း လက်က အိတ်ကပ်ထဲက သူ့မိဘတွေထားရစ်ခဲ့သည့် အရုပ်ကို ထိလိုက်ချိန်မှာ ဆူညံသံတွေ ရုတ်တရက်တိတ်သွားပြီး လေထဲကအပုပ်နံ့က ချက်ချင်း လွှင့်ပြယ်သွားတော့သည်။
ဘာဖြစ်သွားတာလဲ..။ တံခါးဝကအရာက တစ်ခုခုကို ကြောက်နေပုံရသည်။
တချွင်ချွင်အသံ တိတ်သွားတော့မှ Chen Ge က သူ့နှလုံးခုန်သံတဒိုင်းဒိုင်းကို ကြားလိုက်ရသည်။ အခန်းထဲကအလင်းရောင်က ပိုမှိန်လာပြီး လေထုက အေးစိမ့်လာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ..။
Chen Ge ၏ခြေကျင်းဝတ်ကို ဆွဲထားသည့် လက်တွေ လျော့သွားသည်။ Chen Ge က မှန်ထဲကြည့်လိုက်တော့ သရဲမသုံးကောင်က Chen Ge နှင့်ဝေးရာထောင့်မှာ တိုးကပ်ကာ သူတို့မျက်ဝန်းတွေက မှေးမှိန်ကာ Chen Ge ၏နောက်ကို ကြောက်လန့်စွာ စိုက်ကြည့်နေသည်။
ငါ့နောက်မှာလား..။
Chen Ge နောက်လှည့်ပြီး မှန်ထဲကြည့်လိုက်တော့ မှန်ထဲမှာ သူ့အရိပ်မဟုတ်တဲ့ သွေးနဲ့ရဲနေသည့် ကျောင်းဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ယောက် ရပ်ကြည့်နေတာကို တွေ့လိုက်ရသည်။
==============================
Chapter (58) – အနီရောင် အကဖိနပ်
Chen Ge ကမှန်နှင့် နီးနီးကပ်ကပ်ရှိနေသောကြောင့် မှန်ထဲကမိန်းကလေးပုံကို ထင်ရှားပြတ်သားစွာ မြင်လိုက်ရသည်။ ကျော့ရှင်းသောကျောင်းဝတ်စုံက သူမကိုယ်ပေါ်တွင် သွေးများဖြင့်ကပ်နေသည်။ သူမ၏မျက်နှာကို ဆံပင်ရှည်များဖြင့် ကွယ်ထားသည်။ ဖုန်းမျက်နှာပြင်က ခပ်မှိန်မှိန်အလင်းရောင်ဖြင့် ထိုမြင်ကွင်းက ကြောက်စရာပိုကောင်းနေသည်။ Chen Ge က နှုတ်မှဖွင့်မမေးခင် တုန်ယင်အေးခဲနေသော ခြေလက်များကို တည်ငြိမ်စေအောင် ခဏစောင့်ပြီး အားတင်းကာမေးလိုက်သည်။
"မင်းက ကျန်းယာ့လား.."
Chen Ge ၏စကားသံကိုကြားသောအခါ ကောင်မလေးက ခေါင်းမော့လာသည်။ ဆံပင်ရှည်ကြားက လှပတင့်တယ်ပေမယ့် သွေးဆုတ်ဖြူရော်နေသောမျက်နှာလေး ပေါ်လာသည်။ ဖုန်းမီးရောင်မှိန်မှိန်အောက် မိန်းကလေး၏မျက်နှာက တစ်ဝက်လောက်ပဲမော့လာပြီး သူမအရိပ်က မှေးမှိန်ပျောက်ကွယ်သွားသည်။
"သူမ ဘယ်ရောက်သွားတာလဲ.."
Chen Ge မှန်ကိုငေးကြည့်နေသည်။ ဖုန်းကိုမြှောက်ကြည့်တော့ သူ့နောက်ကျောဘက်မှာ ကျန်းယာ့ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ့နောက်က ကောင်မလေးအရိပ်က 1.7 မီတာလောက်မြင့်သည်ဟု ခန့်မှန်းမိလိုက်သည်။ ထိုစဉ် Chen Ge ၏နားထဲ သွေးစက်တို့ တစ်စက်စက်ကျနေသံကို ကြားလိုက်ရသည်။ သွေးစိုနေသောယူနီဖောင်းက သူမကိုယ်မှာကပ်နေပြီး သူမက သွေးချင်းချင်းရဲနေသည်။ Chen Ge က ရောက်နေသည့်နေရာမှာ ရပ်နေပြီး နည်းနည်းမှမလှုပ်ရဲပေ။ နောက်ကျောက အေးစက်မှုက ဦးနှောက်ထိ စိမ့်တက်လာသလိုပင်။ အနီရောင်အရိပ်က သူ့နောက်ကျောကို သူမကျောနှင့်ကပ်ကာ ရပ်လိုက်တာကို မှန်ထဲကနေတဆင့် တွေ့လိုက်ရသည်။ သရဲမနှင့် ကျောချင်းကပ်ရပ်နေသည် ဆိုသည့်အသိကြောင့် Chen Ge သက်ပြင်းရှိုက်လိုက်မိသည်။ ဒါပေမယ့် သူ့ရင်က ပေါ့ပါးသွားခဲ့သည်။
ဒီဝိညာဉ်က ငါနဲ့ ကျောချင်းကပ် ရပ်နေတာလား..။
ကိုယ့်နောက်မှာ ဘယ်သူမှန်းမသိတဲ့တစ်ယောက် မတ်တပ်ရပ်နေတယ် ဆိုသည့်အသိက အတော်လေး ကြောက်ဖို့ကောင်းလှသည်။
Chen Ge ၏လက်ချောင်းများက အေးစက်နေသောအရာနှင့် ထိလိုက်မိသည်။ Chen Ge ကိုင်ထားသည့်ဖုန်းက ကြမ်းပြင်ပေါ်လျှောကျသွားပြီး မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ မှိတ်သွားတော့သည်။
အမှောင်ထုထဲမှာ Chen Ge ၏ကျောပြင်ဘက်က အအေးဓာတ်က ပျံ့နှံ့လာသလို ခံစားလိုက်ရသည်။ ညသန်းခေါင်ကျော် ၂နာရီ၊ စွန့်ပစ်ထားသည့်ကျောင်းဝင်းထဲ မှန်ချပ်ကြီးရှေ့မှာ အနီရောင်ဝိညာဉ်နှင့် ကျောချင်းကပ်ရပ်နေရမယ်လို့ Chen Ge စိတ်ကူးပင်မယဉ်မိဖူးပေ။ ဒါက ကဗျာဆန်တဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောလို့ကောရရဲ့လား။
Chen Ge ရဲ့ခေါင်းထဲ မျိုးစုံတွေးနေပေမယ့် သူ့လက်ကိုထိနေသည့် အေးစက်စက်လက်ချောင်း၊ ကျောကိုထိကပ်နေသည့် သရဲမ၏ဆံပင်တို့ လှုပ်နေတာကို ခံစားမိကာ Chen Ge ကို ကျောချမ်းလာစေသည်။ သူမ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ..။
သူ့ mission က အနီရောင်အကဖိနပ်ကို တွေ့အောင်ရှာဖို့ပဲဖြစ်သည်။ အာရုံမတက်ခင် ရှာမတွေ့ရင် mission ကျရှုံးလိမ့်မည်။
Chen Ge က ဘာမှမလုပ်နိုင်ဘဲ မှန်ချပ်ကိုပဲ ငေးကြည့်နေမိတော့သည်။ ပထမ သတိမထားမိပေမယ့် ကြာတော့ မှန်ထဲမှာ ခပ်ဝါးဝါးအရိပ်တွေပေါ်လာတာ သတိထားမိလာသည်။ Chen Ge မျက်လုံးပြူးကျယ်လာပြီး ပိုမိုရှင်းလင်းပီသလာသည်။ မှန်ထဲကပုံရိပ်တွေကို စိုက်ကြည့်လိုက်သည်။
"နေဦး.. ဒီမိန်းကလေးတွေက ထိုင်ခုံမှာပူးကပ်နေတဲ့ ဝိညာဉ်တွေမဟုတ်ဘူးလား.."
မှန်ထဲက မိန်းကလေးငါးဦးက သန့်ရှင်းသောကျောင်းယူနီဖောင်ကို ဝတ်ထားပြီး အကခန်းမထဲ ဝင်လာကြသည်။ အစောပိုင်းက သူတွေ့ခဲ့တာနဲ့ လုံးဝမတူ ကွဲပြားနေသည်။ ကြည့်ရတာ အရင်နှစ်တွေကဖြစ်ရပ်ကို မှန်ချပ်ထဲမှာ ပြန်ပြနေတာထင်သည်။
မိန်းကလေးငါးယောက်က ရယ်မောတွတ်ထိုးရင်း မှန်ချပ်ရှိရာဆီ လျှောက်လာကြသည်။ သူတို့နှင့်ခပ်လှမ်းလှမ်းတွင် ကျန်းယာ့က ဖာသိဖာသာဝင်လာသည်။ သူမလက်ထဲမှာ စက္ကူအိတ်လေးကို ကိုင်လာခဲ့သည်။ ထိုအိတ်ကို သူမ Locker ထဲမှာ Chen Ge တွေ့ခဲ့သည်။ ဒီထဲမှာ ချိုချဉ်ဘူးလေး ၅ ဘူးပါသည်။
ကျန်းယာ့ပုံစံက စိတ်ပျော်နေပုံရသည်။ သူမက အဝတ်လဲခန်းထဲ ခပ်သွက်သွက်ဝင်သွားပြီး မကြာခင် အကဝတ်စုံလဲပြီး ပြန်ထွက်လာသည်။ မိန်းကလေး ၆ ယောက်လုံး အကဝတ်စုံကိုယ်စီနှင့် လေ့ကျင့်ရန် အသင့်ဖြစ်နေသည်။
မြင်ကွင်က ပြောင်းသွားသည်။ မိန်းကလေးငါးယောက်က တစ်အုပ်စု ပူးနေကြပြီး ကျန်းယာ့က သီးခြား တစ်ယောက်တည်း ကွဲနေသည်။ မကြာခင် အကခန်းမထဲ ဆရာမတစ်ယောက်ဝင်လာပြီး လက်ထဲမှာ 'ငန်းတို့ပျော်ရာရေကန်သာ' ဆိုသည့် အကပြိုင်ပွဲဆုလက်မှတ်ကို ကိုင်ထားသည်။ ဆရာမက အကအဖွဲ့ကို ဂုဏ်ပြုစကားပြောပြီး ဆက်ကြိုးစားဖို့မှာနေသည်။
ထိုနေ့က ကျောင်းဖွင့်ရက်ဖြစ်ပုံမရဘဲ အကအဖွဲ့က ပြည်နယ်ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့သက်သက် ကျောင်းကိုလာပုံရသည်။ နာရီဝက်ကြာတော့ ဆရာမက ထွက်သွားသည်။ ဆရာမထွက်သွားသည်နှင့် ကျောင်းသူငါးယောက်က အကမကျင့်တော့ဘဲ ထိုင်ကာ ဖုန်းပွတ်လိုက်၊ စကားပြောလိုက်ဖြင့် လုပ်နေပြီး ကျန်းယာ့တစ်ယောက်သာ ကြိုးကြိုးစားစား အကဆက်ကျင့်နေသည်။ ကျောင်းသူငါးယောက်က ကျန်းယာ့ကိုမေးငေါ့ကာ လှောင်ပြောင်နေကြပေမယ့် ကျန်းယာ့က သူမတို့ကို လျစ်လျှူရှုထားလိုက်သည်။ အတော်ကြာအောင်လေ့ကျင့်ပြီးမှ ကျန်းယာ့က နားလိုက်သည်။ သူမက အဝတ်လဲခန်းထဲဝင်သွားပြီး ချိုချဉ်ဘူးလေးတွေနဲ့ ပြန်ထွက်လာသည်။
သူမ ချိုချဉ်ဘူးလေးတွေကို မိန်းကလေးငါးယောက်ဆီ ကမ်းပေးလိုက်သည်။ ကောင်မလေးတစ်ယောက်က ကျန်းယာ့ချိုချဉ်ကို လှမ်းယူမည်အပြု ကျန်းယာ့ကဲ့သို့ အရပ်ရှည်ရှည်နှင့်ကျောင်းသူတစ်ယောက်က ကြားဖြတ်တားလိုက်သည်။ သူမက ကျန်းယာ့ကို လက်ညှိုးထိုးကာ မျိုးစုံစွပ်စွဲပြောဆိုနေသည်။ ပြီးတော့ သူမက အဝတ်လဲခန်းထဲပြေးဝင်ပြီး ကျောင်းလွယ်အိတ်တစ်လုံးကိုယူကာ ထွက်လာသည်။ ထိုလွယ်အိတ်ထဲတွင် ကျန်းယာ့ဆီကို ကျောင်းသားများဝိုင်းပေးသည့် ရည်းစားစာကို ထုတ်ယူပြလိုက်သည်။
ဒီအဖြစ်အပျက်က ကျန်မိန်းကလေးများကို မနာလိုစိတ် ဖြစ်လာစေခဲ့သည်။ ကျန်းယာ့က သူမ၏ချိုချဉ်ဘူးလေးတွေကို အငြင်းခံလိုက်ရလို့ သူမ၏အိတ်လေးထဲ ပြန်ထည့်ကာ အဝတ်လဲခန်းထဲ ပြန်ဝင်သွားခဲ့သည်။ ဒီအဖြစ်အပျက်က ဒီမှာပြီးသွားပြီလို့ Chen Ge ထင်နေပေမယ့် အကခန်းမတံခါး ပြန်ပွင့်လာတာ တွေ့လိုက်ရသည်။ မိန်းကလေးငါးယောက်က ဆရာမပြန်ဝင်လာတာထင်ပြီး အမြန်ထကာ အကလေ့ကျင့်နေကြသည်။
ဒါပေမယ့် 1.8 မီတာမြင့်သည့် ကိုယ်ခန္ဓာထွားထွားနှင့် ယောက်ျားတစ်ယောက် အကခန်းမထဲဝင်လာတာ တွေ့လိုက်ရသည်။ ထိုယောက်ျားက မိန်းကလေးတွေကိုဆက်ကျင့်ဖို့ ပြောလိုက်သည်။ ဒီလူက ဘယ်သူလဲဆိုတာမသိလို့ Chen Ge စိတ်ရှုပ်နေမိသည်။ မိန်းကလေးတွေ အကလေ့ကျင့်နေစဉ် ထိုလူက ရုံးခန်းထဲဝင်သွားသည်။ ပြီးတော့ ပြန်ထွက်လာပြီး ကျန်းယာ့ကို သူ့ရုံးခန်းထဲလာဖို့ လှမ်းခေါ်လိုက်သည်။ ကျန်းယာ့က ဒီလူကို ယုံကြည်မှုမရှိသလို ရုံးခန်းဝမှာရပ်နေပြီး ဝင်ဖို့တုံ့ဆိုင်းနေသည်။ မှန်ထဲတွင် ရုံးခန်းထဲကမြင်ကွင်းက ထင်ဟပ်နေသည်။ ၈ မိနစ်လောက်ကြာတော့ ကျန်းယာ့က ရုံးခန်းထဲ ရုန်းရင်းဆန်ခတ်ဖြင့် ပြေးထွက်လာစဉ် မှန်ချပ်ထဲကမြင်ကွင်းက မှုန်ဝါးသွားသည်။
ယောက်ျားကြီးက သူ့လက်မောင်းကို လက်တစ်ဖက်နှင့်အုပ်ကိုင်ကာ ကျန်းယာ့ကို လိုက်ဖမ်းနေသည်။ အကခန်းမထဲက မိန်းကလေးငါးယောက်က ဒီမြင်ကွင်းကိုတွေ့ပေမယ့် သူတို့ရှိသည့်နေရာမှာ ထိုင်နေပြီး ဘယ်သူမှ ကျန်းယာ့ကို မကူညီပေးကြပေ။ မကြာခင် ကျန်းယာ့က တံခါးနှင့်နီးသည့်ထောင့်လေးမှာ ပိတ်မိသွားသည်။ သူမက ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းပေမယ့် မိန်းကလေးတွေက မကြားသလိုလုပ်ကာ သူမကို ဘယ်သူမှ မကူညီပေးကြပေ။
ထိုလူထွားကြီးက ကျန်းယာ့ကို မကြားဝံ့မနာသာ စကားတွေပြောနေပြီး ရှေ့တိုးလာသည်။ ကျန်းယာ့၏လက်က သူမနောက်က ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်ထားသည်။ ဒီလူ့လက်ကလွတ်ဖို့ သူမမှာ ဒီတစ်လမ်းပဲရှိတော့သည်။
မှန်ထဲကမြင်ကွင်းကိုတွေ့တော့ ဖုန်းအနက်ထဲက Chen Ge ဆီ ရည်းစားစာပို့ချိန်မှာ မြင်လိုက်ရသည့်မြင်ကွင်းကို သတိရသွားစေသည်။ သူမမျက်ဝန်းတွေက ပြူးကျယ်လာပြီး ပါးပြင်က ဖြူရော်နေသည်။ သူမ ပြတင်းပေါက်အောက်ကိုကျသွားချိန် ဒီကျောင်းအတွက် ဖျက်မရသည့်အမည်းစက်တစ်ခု ဖြစ်သွားခဲ့သည်။ အနီရောင်အကဖိနပ်၊ သွေးစွန်းနေသည့်ကျောင်းဝတ်စုံနဲ့ သူမနာမည်ကတောင် ဒီကျောင်းအတွက် ကြောက်စရာဖြစ်ခဲ့ရသည်။
လူထွားကြီးက ပြတင်းပေါက်နားကပ်ကာ အောက်ကိုအကဲခတ်ပေမယ့် အောက်ကိုဆင်းပြီး ကျန်းယာ့ကိုကူညီဖို့ ဘာမှမလုပ်ပေ။ သူက နောက်ကိုဆုတ်ပြီး ထိတ်လန့်စွာရပ်နေသည့် မိန်းကလေးငါးယောက်နား သွားရပ်နေသည်။
=======================
YOU ARE READING
သရဲအိမ္ထဲမွ ဖူးစာရွင္
HorrorGenre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy