Chapter (202+203+204)

469 69 5
                                    

Chapter (202)  တတိယတိုက် ၁၃ လွှာ   


လောင်ဝမ် က ခေါင်းညိတ်လိုက်ပြီး အချိန်အတန်ကြာပြီးနောက် သူ သတိရလာသည်။
"ဓာတ်လှေကားဖွင့်လိုက်တာနဲ့ ကျွန်တော့်ဘဝမှာ မကြုံစဖူး ထိတ်လန့်မှုကို ခံစားခဲ့ရတယ်၊ ကျွန်တော့် စိတ်တွေ လွတ်သွားခဲ့အောင်ပဲ"

"ပြီးတော့ အရိပ်ဖြူက ခင်ဗျားကို တိုက်ခိုက်တာလား"

"သူ ကျွန်တော့်ကိုမြင်တော့ ချက်ချင်းပြေးသွားတယ်၊ အခုပြန်တွေးမိတော့ အဲ့အရိပ်ဖြူ  ပြေးတုန်းက ဆူညံသံတစ်စက်လေးတောင် မကြားရဘူး!"

လောင်ဝမ် ၏ အကြည့်များသည် ချန်ကော၏ ဖုန်းဆီသို့   ရွေ့လျားသွားခဲ့သည်။ ဒါက သူမှတ်မိရန် စိတ်ထဲက ငြင်းဆန်ခဲ့သော အမှတ်တရတစ်ခုပင်။

"ခြေသံတွေကို သတိမထားမိတဲ့ အချိန်မှာ အရမ်းစိတ်ရှုပ်သွားခဲ့တာလား။ "

ချန်ကောသည် လောင်ဝမ် အတွက် စိတ်ဒဏ်ရာ တိုးလာမှာကို ကြောက်သောကြောင့် သူတွေးနေသည့် တကယ့်ထင်ကြေးကို မပြောခဲ့ပေ။

"ဖြစ်နိုင်တယ်။" ဤသည်မှာ လောင်ဝမ်မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုဖြစ်သည်။

  "အရိပ်ဖြူနဲ့မိန်းမက ကျွန်တော့်ကိုမြင်တော့ လှည့်ပြေးသွားတယ်။ သူ့နောက်ကို လှမ်းကြည့်လိုက်မိ ပေမယ့် ကြောက်လန့်ပြီး ချက်ချင်း လိုက်မသွားမိဘူး။ အချိန်အတော်ကြာတော့ ပြေးလိုက်သွားပေမယ့်  အမျိုးသမီးက သော့ခတ်ထားတဲ့  အိမ်ထဲကို ပြေးသွားတာ တွေ့လိုက်ရတယ်။"
 

"အရိပ်ဖြူဝင်သွားတဲ့  အိမ်ငှားကနေတဆင့် ရဲစခန်းကို ဖုန်းခေါ်လိုက်တယ်။ ရဲတွေရောက်လာတော့ တံခါးဖွင့်ပြီး စစ်ဆေးကြည့်တော့ အခန်းက အလွတ်ကြီးဖြစ်နေတာကို သိလိုက်ရတယ်။ ရဲတွေက ကျွန်တော့်ကို မေးခွန်းတွေ မေးလာပေမယ့် ကျွန်တော့်မှာလည်း ပြန်မေးဖို့ မေးခွန်းတွေ အများကြီး ရှိခဲ့တယ်။ ရဲတွေရောက်လာတော့ ကျွန်တော်က အပြင်မှာနေခဲ့တယ်၊ အပြင်မှာ ဘယ်သူမှမရှိတော့ဘူး။"

"အမျိုးသမီးက နောက်နေ့မှ ပြန်လာတာ။ မနေ့ညက သူငယ်ချင်းအိမ်မှာ သူ ရှိနေလို့ ဒီအခန်းမှာ မနေခဲ့ဘူးလို့ ရဲကို ပြောပြတယ်။"

လောင်ဝမ်၏ အသံသည် အနည်းငယ် ခါးသီးသွားသည် ။

"အဲဒါကြောင့် ထောင်ထဲမှာ ကျွန်တော် တစ်ညပို့ခံလိုက်ရပေမယ့် ကျွန်တော် ပြောတဲ့စကားကို   ဘယ်သူမှ မယုံချင်ကြဘူး"

ချန်ကောသည် လောင်ဝမ်ကို စာနာသွားခဲ့သည်။ ။ သာမာန်လူတစ်ယောက်က ဒီလိုမျိုး ကြုံလာရင် စိတ်ရှုပ်သွားလိမ့်မယ်။ အမှန်တော့၊ သူလည်း သရဲတွေနဲ့ ပထမဆုံးအကြိမ်ကြုံတဲ့အချိန် အခုလိုမျိုး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း သူလည်း တဖြည်းဖြည်းချင်း ကျင့်သားရလာခဲ့သည်။

"မင်း အရိပ်ဖြူရဲ့ မျက်နှာကို မြင်မိလိုက်လား။ သူ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပုံစံ ရှိသလား"

လောင်ဝမ်သည် ချန်ကော၏အမေးကြောင့် မျက်လုံးပေကလပ် ပေကလပ်ဖြစ်သွားသည်။

 ဖုန်းဟွာ တိုက်ခန်း ကို ရောက်ရောက်ခြင်း ထိုအကြောင်းကို သိသူနှင့် တည့်တည့်တိုးတာ  သူတော်တော်ကံကောင်းပါတယ်။

"ကျွန်တော့်စိတ်ထဲမှာ ကြောက်စိတ်မွန်သွားခဲ့တယ်၊ သူမကို သေချာကြည့်နိုင်မယ်လို့ ထင်လို့လား  "
လောင်ဝမ်၏မျက်နှာထက်က အရေးအကြောင်းများ တဆတ်ဆတ် တုန်လာကာ ရုတ်တရက် အသက်ကြီးသွားသလိုပင်။
 

"ဖုန်းဟွာ တိုက်ခန်းက ကျုတ်ကျန်းမြို့က ကောင်းမွန်သော လူနေရပ်ကွက်တစ်ခုလို့  ယူဆလို့ရတယ်။  မင်းရဲ့ CCTV ကင်မရာကနေ အရိပ်အဖြူကို တစ်ခါမှ မဖမ်းမိဖူးဘူးလား?"

ချန်ကောသည် ဖြစ်နိုင်မည်ဆိုလျှင် CCTV မှတ်တမ်း ဗီဒီယိုများကို ကြည့်ချင်သည်၊ ဒီကနေ တစ်ခုခုရလာ နိုင်သည်။

"သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလတွေ ပေါ်လာတဲ့အခါ မြေပိုင်ရှင်နဲ့ အိမ်ငှားတွေက ထောင့်မျိုးစုံမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ ဆွေးနွေးခဲ့ကြပေမယ့် ကင်မရာတွေအတွက် ပေးဆောင်ဖို့ နှစ်ဖက်လုံးက ဆန္ဒမရှိတာကြောင့် အမျိုးသမီးရှိတဲ့ အထပ်တစ်ခုတည်းမှာ ကင်မရာတစ်လုံးတည်းသာ တပ်ဆင်ခဲ့ကြတယ်။ ကင်မရာက အဲ့ဒီမှာပါ"

"တစ်ခုတည်းရှိတာက တစ်ခုမှ မရှိတာထက် ပိုကောင်းပါတယ်။ ဒီကင်မရာက တစ်ခုခုကို ဖမ်းမိခဲ့သေးလား" ချန်ကောက ပိုပိုပြီး သိချင်လာတယ်။

"နည်းပညာဆိုင်ရာ ပြဿနာ လား။ ဒါမှမဟုတ် အခြားတစ်ခုခုကြောင့်လားပဲ။ ဒီကင်မရာက ညသန်းခေါင်တိုင်း လိုင်းပြတ်တောက်သွားပြီး ဆယ်မိနစ်အကြာမှ  သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာတယ်။ ဒါကို အခုအချိန်အထိ ဘယ်သူမှ ရှင်းမပြနိုင်သေးဘူး "

လောင်ဝမ်က သူ့ဖုန်းကို ကြည့်လိုက်ကာ ပြောခဲ့သည် ။

 "မင်းကို ကျွန်တော် ပြောခဲ့သမျှတွေက အမှန်တွေပဲ၊ မနေ့က ရဲတွေရောက်လာတုန်းက ကျွန်တော် ဒီအတိုင်း ပြောခဲ့တယ်။ အခုတော့ နောက်ကျနေပြီမို့ ကျွန်တော် သွားသင့်ပြီ"

လောင်ဝမ် က အဝေးကို ထွက်သွားခြင်းအရ သူက  ဒီစကားဝိုင်းကို မဆက်ချင်ကြောင်း သိသာသည်။

"ခဏလောက်ပါ....ခင်ဗျား အရင်တုန်းကတွေ့ခဲ့တဲ့  မိန်းမ ဝင်သွားတဲ့ အခန်းနံပါတ်ကို ပြောပြလို့ရမလား" ချန်ကောသည် လောင်ဝမ်ကို ပိတ်ဆို့ကာ မေးလိုက်သည်။

"ကျွန်တော် တကယ် မင်းကိုနောက်နေတာမဟုတ်ဘူး၊ကျွန်တော် အဲ့ဒီ ဒီအထပ်ကို ဒီနေ့အထိ ကင်းလှည့်ဖို့တောင် မလုပ်ရဲတော့ဘူး။ အဲဒီအထပ်မှာရှိတဲ့ အခြားအိမ်ငှားတွေက  အားလုံးပြောင်းသွားပြီ" လောင်ဝမ်က ချန်ကောကိုပြောပြခဲ့သည်။


"ရဲက မနေ့က လာခဲ့သေးတယ်။  ရလဒ်မပေါ်ခင် ခင်ဗျား အဆင်ပြေအောင် နေမှ ဖြစ်မယ်။"

ထို့နောက် အခန်းထဲမှ ထွက်သွားသော်လည်း သူ၏ ခြေလှမ်းက သဘာဝမကျပေ။ တံခါးနား ရောက်ခါနီးတွင် လောင်ဝမ်က ရှောင်ကုကို လက်ပြကာ ခေါ်လိုက်သည်။ ကုဖေးယွီ ၏နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးပြောပြီးနောက် လောင်ဝမ်ထွက်သွားလေသည်။

"သိပါတယ်၊ စိတ်မပူပါနဲ့။"

လောင်ဝမ် ကို လွှတ်ပြီးတာနဲ့ ကုဖေးယွီ အခန်းထဲကို ပြန်သွားတယ်။ ချန်ကောသည် ထိုနေရာတွင် ရပ်နေသေးသည်ကို သူမြင်ပြီး မျက်လုံးမှိတ်လိုက်သည်။

"ကျွန်တော်တို့ရဲ့ခေါင်းဆောင်က သံသယဖြစ်ဖွယ်လူတွေကို ခြံထဲကို ဝင်ခွင့်မပြုဘူးလို့ ပြောထားတယ်။"

"ငါက သံသယဖြစ်စရာလူတစ်ယောက်လို ဖြစ်နေသလား"

ချန်ကောသည် အခန်းပြတင်းပေါက်ဆီသို့ မော့ကြည့်လိုက်သည်။

"လောင်ဝမ်ပြောတာ တကယ်မှန်တယ်လို့ မင်းထင်လား"

"မသိတော့ဘူး၊ ကျွန်တော်က လူသစ်ပါ"

ကုဖေးယွီ က ရိုးရိုးသားသားဖြေခဲ့တယ်။ သူနဲ့စကားပြောရတာ လောင်ဝမ် နဲ့စကားပြောရတာထက် ပိုလွယ်တယ်။

"မင်းက လူသစ်လား?" ချန်ကော၏ မျက်လုံးများ ဝေဝါးလာသည်။

"သူတို့က မင်းကို ညဘက်လှည့်ကင်း တာဝန်ယူဖို့ ငှားထားတယ်၊ ဒါပေမယ့် ဘာလို့ အရင်လူတွေက ထွက်သွားတာလဲ မင်းကိုပြောပြခဲ့လား။ "

"အဲဒါက သရဲခြောက်တယ်လို့ ခင်ဗျား ထင်လား။"

ကုဖေးယွီ က မှတ်စုစာအုပ်ထဲမှာ တစ်ခုခုရေးနေပေမယ့် ချန်ကောက ဘောပင်ကိုင်ထားတဲ့ သူ့လက်က ရပ်သွားတယ်။

 "မင်း ဘာကိုဆိုလိုတာလဲ? သရဲခြောက်တာကို ဘယ်တုန်းက သိတာလဲ။"

"မနေ့က ရဲတွေက အဲဒီအမျိုးသမီးကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ လောင်ဝမ်အနားမှာ ရပ်ပြီး ဇာတ်လမ်းကို ပြောပြတယ်။"

"သူတို့က မင်းကို ဒီအလုပ်မှာ လှည့်စားနေပုံရတယ်။ စီမံခန့်ခွဲသူတွေက ဆိုးတာတော့ သေချာတယ်။ မင်းဟာ တစ်ညလုံး ကင်းလှည့်နေတာ၊ မတော်တဆ ဖြစ်မှာ မကြောက်ဘူးလား"  

ချန်ကောရဲ့ပုံစံက ဒီကမ္ဘာကြီးမှာ မတရားမှုတွေကို မြင်တဲ့အခါ သူ့အကူအညီကို  ပေးမယ့်သူမျိုးပေါ့။

 "ဒါက ဘယ်လိုလဲ။ မင်းရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခိုင်နေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒါက ငါ့ဖုန်းနံပါတ်ပဲ။ မင်း ကင်းလှည့်နေတုန်း ဒီနေ့ညမှာ ထူးထူးခြားခြား တစ်ခုခု ဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်ပါ။ မင်းနဲ့ ပူးပေါင်းပြီး ဖြေရှင်းနိုင်ဖို့ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါကြောင့် မင်းငါ့ရဲ့ကြင်နုာမှုကို  ငြင်းပယ်မယ်လို့ ငါ မမျှော်လင့်ဘူး"


"ကြင်နာမှုကို ဘယ်သူမှ မငြင်းပယ်ပါဘူးဗျာ"

နောက်ထပ် အချက်လက်မျာုး လဲလှယ်ပြီးနောက်၊ ကုဖေးယွီ သည် ချန်ကောနှင့် ဖုန်းနံပါတ်များကို လဲလှယ်ရန် သဘောတူခဲ့သည်။

"ဒီည အန္တရာယ်တစ်ခုခုကြုံရင် ငါ့ကိုဖုန်းဆက်ဖို့ သတိရပါ။"

ထို့နောက် ချန်ကောသည် ဖုန်းဟွာ တိုက်ခန်း ၏ နောက်ဖေးတံခါးဆီသို့ ကွေ့ပတ်ကာ ထိုနေရာ၌ နေထိုင်သူကဲ့သို့ ကျွမ်းကျင်စွာ  ဖြတ်သန်းသွားသည်။

လုံခြုံရေးအစောင့်ဟောင်းက အမျိုးသမီးရဲ့လိပ်စာကို သေချာပေါက်ပြောပြမှာ မဟုတ်ဘူး။ ဝမ့်ရှင်းရဲ့အမေကို ဒုက္ခပေးချင်ပုံရတယ်။

ချန်ကောသည် အဆောက်အဦသစ် သုံးခုဆီသို့ လျှောက်သွားသည်။ သူ စရောက်တုန်းက သတိမထားမိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အသစ်တွေ့ရှိခဲ့တယ်။ အဆောက်အအုံသုံးလုံးသည် ကျုတ်ကျန်းမြို့ တတိယဖျားနာဆောင်ခန်းမရှိရာ စိတ်ကျန်းမာရေးဆေးရုံမှ အဆောက်အအုံသုံးလုံး တည်ဆောက်ပုံကဲ့သို့ ဆင်တူသော '品' ၏ အသွင်သဏ္ဍာန်ဖြစ်သည်။

ချန်ကောသည် တတိယအဆောက် အအုံဆီသို့ လျှောက်သွားသည်။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်ပေမယ့် ဒီနေရာက ဝမ့်ရှင်းရဲ့မိသားစုနေထိုင်တဲ့ နေရာဖြစ်ပါတယ်။

 "တတိယ အဆောက်အဦး .... ၁၄ လွှာ"

ည ရောက်လာခဲ့လေပြီ။

ချန်ကောသည် အဆောက်အဦးထဲသို့ ဝင်လာပြီး အကြောင်းတစ်ခုခုကြောင့် အပြင်ဘက်ထက် အတွင်းမှ အပူချိန် နိမ့်နေသည်ဟု ခံစားရသည်။ ခန်းမက လွတ်နေတယ်။ ချန်ကောက ဓာတ်လှေကားဘေးမှာ ရပ်လိုက်ပြီး နံပါတ်တွေ အမြန်ပြောင်းလဲနေသည်ကို  တွေ့လိုက်ရတယ်။

အဆောက်အအုံသို့ အထပ် ၂၃ ထပ်ရှိသော်လည်း ဓာတ်လှေကားအထက်တွင် နံပါတ် ၂၄ ရှိနေသည်။ ချန်ကောသည် အပိုနံပါတ်၏အဓိပ္ပါယ်ကို နားမလည်ပေ။ နံပါတ် 13 သို့ရောက်သွားသောအခါ ဆယ်စက္ကန့်ကြာအောင် ရပ်တန့်သွားသည်။ ထို့နောက် တစ်စုံတစ်ယောက်သည် အထပ် 13 တွင် ဓာတ်လှေကားထဲသို့ ဝင်သွားသကဲ့သို့ပင် နံပါတ်က အောက်ကို  ဆက်လက်ရွေ့လျားသွားသည်။

သိပ်မကြာခင်မှာပဲ တံခါးပွင့်လာပြီး ဒေါက်မြင့်ဖိနပ်အနီနဲ့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ သူမသည် အလွန်ဖက်ရှင်ကျပြီး အရပ်ရှည်သည်။ ကျော်ကြားသည့် စတားတစ်ဦးကဲ့သို့ သူမသည် မျက်နှာဖုံးနှင့် ဦးထုပ်ကို ဝတ်ထားသည်။


*********-**********

Chapter (203)  ငါ့ကိုယ်ငါ မြင်ဖူးတယ်  


ပခုံးနှစ်ဖက်ကို ပွတ်လိုက်ပြီး ချန်ကောသည် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ထူးဆန်းသော ရနံ့တစ်ခုက မိန်းမထံမှ ဖြာထွက်နေသည်။ ၎င်းသည် ရေမွှေးကဲ့သို့ အနံ့မရှိ၊ ဆေးရုံပိုးသတ်ဆေး၏ အနံ့နှင့် ပိုတူသည်။

"ဟေး!"

ချန်ကောသည် ဓာတ်လှေကားတံခါးဝတွင် ရပ်လိုက်ပြီး ထိုအမျိုးသမီးကို ခေါ်လိုက်သည်။ အမျိုးသမီးက ရပ်ပြီး လှည့်ကြည့်လိုက်သည်။  သူမ၏မျက်နှာဖုံးနှင့် ဦးထုပ်၏အနားကွပ်ကြားရှိ သေးငယ်သော ကွာဟချက်ကြောင့် လှပသောမျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ထိုမျက်ဝန်းတွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ထိုမျက်လုံးများကို အခြေခံ၍ပြောရမည်ဆိုလျှင် ဤအမျိုးသမီးသည် ရဲကပေးသော အမျိုးသမီး၏ပုံနှင့် မတူကွဲပြားနေပြီး၊ သူမသည် လူနာနံပါတ် 2၊ ချန်ကောကို ရှာဖွေနေသည့် လူနာမဟုတ်ပေ။

"မင်းက ဇာတ်ကားထဲက နာမည်ကြီးသရုပ်ဆောင်လား။ ငါ မင်းနဲ့ ဓာတ်ပုံရိုက်လို့ရမလား"

ချန်ကောက သူ တော်တော်လေး ကမောက်ကမ ပြုမူတာကို သိပေမယ့်    ဘာပြောရမှန်းမသိသောကြောင့် ပေါက်ကရ ဆင်ခြေတစ်ခု ဖန်တီးလိုက်သည်။

"တောင်းပန်ပါတယ်၊  မင်းလူမှားသွားပြီ။"

အမျိုးသမီး၏ အသံသည် ဖျားနေသလိုမျိုး တိုးပျော့နေသည်။   ။ ထို့နောက် သူမ လှည့်ထွက်သွားသည်။ ချန်ကောသည် မကောင်းသော လူကုန်ကူးသူလို့ တွေးကာ သူမ   ပြေးထွက်သွားသည်။

သူမသည် ပုံထဲက မိန်းမနှင့်မတူသော်လည်း လူနာနံပါတ် 2 သည် Dorian Grey Syndrome (အရွယ်တင်နုပျိုမှုကို လွန်လွန်ကဲကဲ စွဲလန်းသည့် ရောဂါ) ခံစားနေရသည်။ သူမသည် ပလပ်စတစ်ဆာဂျရီများစွာကို ခွဲစိတ်ပြုပြင်ထားသောကြောင့် ရုပ်ရည်သည် သူရထားသည့် ပုံနှင့်  နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

ယနေ့ခေတ်နည်းပညာဖြင့် မျက်နှာပြုပြင်ခြင်းမှာ မခက်ခဲလှပေ။ ချန်ကောက သူ့ကျောပိုးအိတ်ကို ကိုင်ပြီး အမျိုးသမီးနောက်ကို လိုက်သွားခဲ့တယ်။

တတိယ အဆောက်အဦးမှ ပြေးထွက်လာပြီး ချန်ကောသည် ထိုအမျိုးသမီးကို မြေအောက်ကားပါကင်အထိ  လိုက်သွားခဲ့သည်။ ချန်ကောသည် ထိုနေရာကို လှည့်ပတ်သွားသော်လည်း ထိုအမျိုးသမီး ပျောက်ကွယ်သွားသည်ကို သိလိုက်သည်။

"သူမ ဘယ်သွားတာလဲ?"

ကားပါကင်အတွင်းတွင် ကင်မရာများ ပါရှိပြီး လုံခြုံရေးတွေ  အထင်လွဲခံရမည်ကို စိုးရိမ်သဖြင့် ချန်ကောသည် အမျိုးသမီးနောက်လိုက်သည်ကို စွန့်လွှတ်ကာ တတိယမြောက် အဆောက်အအုံသို့ ပြန်လာခဲ့သည်။ 14 လွှာကို ဓာတ်လှေကားနဲ့ တက်ပြီး ဝမ့်ရှင်းရဲ့ အိမ်တံခါးကို ခေါက်လိုက်သည်။

"တစ်ယောက်ယောက်ရှိလား?"

တံခါးနောက်မှာ ခြေသံတွေ လျှောက်လာပြီး ဖိနပ်တစ်ရံဝတ်ထားတဲ့ တစ်စုံတစ်ယောက်က တံခါးကိုဖွင့်လိုက်တယ်။

"မင်း လူရှာနေတာလား?"

တံခါးနောက်ကွယ်မှာ အဖြူအမည်း ဝတ်စုံဝတ် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးပေါ်လာသည်။ သူမကိုယ်သူမ ကောင်းကောင်း ဂရုစိုက်ထားပုံရပြီး သူမရဲ့ အသားအရေက တင်းတင်းရင်းရင်းနဲ့ သူမရဲ့ တကယ့်အသက်ထက် အများကြီး နုပျိုနေပုံပဲ။

"ကျွန်တော်က ဝမ့်ရှင်းကို အရင်တကြိမ် ကူညီပေးခဲ့သူပါ..."

ချန်ကော ပြောလို့မပြီးခင်မှာ မိန်းမက သူ့ကို မှတ်မိသွားခဲ့တယ်။

 "ဒေါက်တာ ချန်! ကျေးဇူးပြုပြီး ဝင်လာပါ၊ ကျွန်မက ရှင့်ကို ကျေးဇူးတင်စကားပြောဖို့ ရည်ရွယ်ထားပေမယ့် အခွင့်အရေး မရခဲ့ဘူး"


"ဒေါက်တာ ချန်?"

 အမျိုးသမီးက သူ့ကို စကားပြောပုံက ချန်ကောကို ထူးဆန်းစွာ ခံစားရစေသည် ။ ဤကဲ့သို့ ပြောဆိုခြင်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ထူးထူးခြားခြား ရင်းနှီးသလို ခံစားရသည်။

"ကျွန်တော်က ပရော်ဖက်ရှင်နယ် ဆရာဝန် မဟုတ်ပါဘူး။"

"ကျွန်မအတွက် ရှင်က ဝမ့်ရှင်းရဲ့အသက်ကို ကယ်ခဲ့တာဆိုတော့ အကောင်းဆုံးဆရာဝန်ပဲ။ အရမ်ဒ မနှိမ့်ပါနဲ့ ဒေါက်တာကောင်းဆီက ရှင့် အကြောင်း ကောင်းတာတွေ အများကြီးကြားဖူးတယ်။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ!"

အမျိုးသမီးက ချန်ကောကို အခန်းထဲသို့   ဆွဲခေါ်သွားသည်။

"ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်မိလို့ တောင်းပန်ပါတယ်။ အဓိကကတော့ ဝမ့်ရှင်းကို စစ်ဆေးဖို့နဲ့ ခင်ဗျားကို မေးခွန်းတချို့ မေးဖို့ ဒီနေ့ လာခဲ့တာပါ။"

"ကော်ဖီစားပွဲပေါ်မှာ ပန်းသီးနဲ့ ငှက်ပျောသီးတွေ ရှိတယ်။ လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါဦး.....ကြွပါ...."

"အားနာစရာပဲ"

ချန်ကောသည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ဝမ့်ရှင်းထံ အလည်လာခြင်းသည် အကြောင်းပြချက်တစ်ခု မျှသာဖြစ်သည်။ ချန်ကောရောက်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ လူနာနံပါတ် 2 ကိုရှာဖွေပြီး Tape သရဲ၏ ချစ်ခြင်းမေတ္တာမစ်ရှင်ကို အပြီးသတ်ရန်ဖြစ်သည်။ ဟုတ်တာပေါ့... သူက ဝမ့်ရှင်းရဲ့အမေကို ဒီလိုပြောမှာမဟုတ်ဘူး။  

ချန်ကောသည် ထိုအမျိုးသမီးနှင့် စကားပြောနေချိန်တွင် အိပ်ခန်းတံခါးပွင့်လာပြီး ပိန်လှီသော မိန်းကလေး တစ်ယောက် ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် မတွေ့ဖြစ်တာ ရက်အတော်ကြာပေမယ့် ဝမ့်ရှင်းက အရင်ကနဲ့ ယှဉ်ရင် အများကြီး ပိုကောင်းလာပါပြီ။ အရင်က သူ့အခန်းထဲက မထွက်နိုင်ခဲ့ပေမယ့် အခု သူဆန္ဒအလျောက် ဧည့်သည်နှင့် တွေ့ဆုံဖို့ ထွက်လာခဲ့တယ်။

ချန်ကောရှေ့မှာ သူမရဲ့ နှလုံးသားကို ဖွင့်ဟခဲ့တယ်။ ကောင်မလေးက Pen Spirit (ဘောပင်ဝိဉာဉ်) ရဲ့ ဘောပင်ကို ပွေ့ဖက်ပြီး ငိုတဲ့အခါ ချန်ကောရဲ့ စိတ်ထဲမှာ သူမေ ပြာခဲ့တဲ့ စကားတွေက ဆန်းသစ်နေ ဆဲဖြစ်သည်။  ချန်ကောသည် ဝမ့်ရှင်း၏ အပြုသဘောဆောင်သော အပြောင်းအလဲများကို မြင်တွေ့ရသည်မှာ အမှန်ပင် ပျော်ရွှင်နေမိသည်။

ဝမ့်ရှင်းသည် ချန်ကောဘက်မှ ထိုင်လိုက်သည်။ သူမသည် လူအများနှင့် စကားပြောဆိုရန် အဆင်သင့်ဖြစ်ပုံမပေါ်ဘဲ သူမ၏အသံမှာ အလွန်တိုးနေသေးသည်။ ချန်ကောသည် လူနာများနှင့် စကားပြောနည်းအပါအဝင် ဒေါက်တာကောင်းထံမှ အကြောင်းအရာများစွာကို သင်ယူခဲ့သည်။ သူက ဝမ့်ရှင်းကို မနှောက်ယှက်ဘဲ စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး ဝမ့်ရှင်းရဲ့ စိတ်ကို သက်သာရာရစေသည်။
 

တစ်ဖြည်းဖြည်းနဲ့ ကောင်မလေးမျက်နှာမှာ အပြုံးတစ်ခု ပွင့်လာတယ်။ သူမရဲ့ နှလုံးသားထဲက ပြဿနာကို ဖြေရှင်းပြီးတဲ့ နောက်မှာတော့ မိန်းကလေးဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံဖို့ ကြိုးစားခဲ့တယ်။ ဝမ့်ရှင်း ထွက်သွားပြီးနောက် အမျိုးသမီးက လက်ဖက်ရည်သောက်ရင်း ထွက်လာခဲ့သည်။

 "ကလေးရဲ့ နှလုံးသားထဲမှာ သိမ်းထားတဲ့အရာတွေ အများကြီးရှိတယ်၊ ဒါပေမယ့် သူက ကျွန်မတို့ကို ဘယ်တော့မှ မပြောဘူး။ ရှင် ဒီကိုရောက်နေလို့ ပြုံးပျော်နေနိုင်တာပါ"

ချန်ကောသည် လက်ဖက်ရည် ခွက်ကို လက်ခံသော်လည်း မသောက်ပေ။

"ဝမ့်ရှင်းရဲ့ အခြေအနေက အဆင်ပြေနေပြီး ကုသမှုရဲ့ တိုက်တက်မှုကို ပြသနေတယ်။"

သူက အချိန်ကိုကြည့်ပြီး "တကယ်တော့ ကျွန်တော် ခင်ဗျားကို မေးစရာရှိလို့ ဒီမှာလာခဲ့တာပါ"  

"ပြောပါ" ထိုအမျိုးသမီးသည် အလွန်ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

"ဖန်ဟွာ တိုက်ခန်းထဲက အဆောက်အဦးတစ်ခုမှာ သရဲခြောက်တယ်လို့ ကျွန်တော် ကြားခဲ့တယ်။ အဲ့ဒါ တကယ် ဟုတ်လား"

အမျိုးသမီး၏အမူအရာမှာ အေးခဲသွားသည်။ သူမ မတ်တပ်ထရပ်ပြီး ဝမ့်ရှင်း၏ အခန်းဆီသို့ တိတ်တိတ်ဆိတ်ဆိတ် ကြည့်လိုက်သည်။ ချန်ကောကို မီးဖိုချောင်ထဲသို့ မခေါ်မီ သူမ အသံကို နားထောင်သည်။ မီးဖိုချောင်တံခါးကိုပိတ်ပြီး ပြောလိုက်သည်။

"ဒေါက်တာ ချန် ၊ ကျွန်မ ရှင့်ကို လိမ်နေတာမဟုတ်ဘူး။ ဒါအမှန်ပဲ။"

"တကယ် သရဲခြောက်တာလား?" ချန်ကောသည် သက်လတ်ပိုင်း အမျိုးသမီးထံမှ ထိုကဲ့သို့ အတည်ပြုချက်ကို မမျှော်လင့်ခဲ့ပေ။

"ကျွန်မ ကိုယ်တိုင်မြင်ခဲ့တယ်။" အမျိုးသမီးက သူ့ခြေထောက်အောက်ကို ညွှန်ပြခဲ့တယ်။

"၁၃ လွှာက ဒီအဆောက်အအုံမှာ သရဲခြောက်တာတွေ ဖြစ်ခဲ့တာပါ။"

အမျိုးသမီးက 13 လွှာကိုပြောတဲ့အခါ ချန်ကောက သူစောစောကတွေ့တဲ့အမျိုးသမီးကို သတိရသွားတယ်။ တိုက်တွန်းရခြင်း မရှိဘဲ အမျိုးသမီးက ဆက်ပြောသည်။

" ဖုန်းဟွာ တိုက်ခန်း က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဆောက်ခဲ့တာ။ အစကတော့ နေရာက သိပ်မကျယ်ဘူး။ အရှေ့ဘက်မှာ အဆောက်အဦ ခြောက်လုံးပဲရှိတယ်။ နောက်က အဆောက်အဦ သုံးခုက လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဆောက်ခဲ့တာ၊ ကျွန်မတို့နေတာက ပထမဆုံး အဆောက်အဦးပါ။ နောက်မှ အခြားအဆောက်ဦးမှာ လူတွေ ပြောင်းရွှေ့နေထိုင်လာတယ်။"

အမျိုးသမီးက လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ရှင်းပြခဲ့သည်။  သူမ၏ ဇာတ်လမ်းသည် လောင်ဝမ်ပြောသည့်စကားနှင့် ကိုက်ညီသော်လည်း သူမသည် တံခါးအပြင်ဘက်ရှိ အဖြူရောင်အရိပ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပြေးဝင်သွားဖူးသောကြောင့် သူမ အဖြစ်ပျက်က  ပို၍ကြောက်စရာကောင်းသည်။

ညသန်းခေါင်ယံမှာ တစ်စုံတစ်ယောက် ကုတ်ခြစ်နေသလိုမျိုး တံခါးအပြင်ဘက်မှာ ထူးဆန်းတဲ့ တစ်စုံတစ်ခု ထွက်လာတာကို သူမ ကြားလိုက်ရတယ်။ အစကတော့ ခွေးကလေး ဒါမှမဟုတ် ကြောင်လို့ ထင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ တစ်ယောက်ယောက် စကားပြောနေတာကို ကြားလိုက်ရတယ်။ အမျိုးသမီး၏ စိတ်ထဲတွင် ပထမဆုံး အတွေးက ဖောက်ထွင်းမှု ဖြစ်သည်။ သူမသည် တံခါးဆီသို့ မသွားခင်  ဓားမကို ယူရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ သူမသည် တံခါးရဲ့ချောင်းကြည့်ပေါက်ကနေ  ကြည့်ခဲ့သည်။

စင်္ကြံရှိ အသံဖြင့် ထိန်းချုပ်ထားသော မီးလုံးများသည်   ပျက်သွားပုံရသည်။ အမျိုးသမီးက ရဲကိုခေါ်ပြီး အိမ်ရှေ့တံခါးကို ခုတ်ထစ်ဓားနဲ့ ခုတ်တယ်။ နောက်ဆုံးတွင် သူမသည် အဖြူရောင်အရိပ်ကို ကြောက်လန့်သွားခဲ့သည်။

အရိပ်ဖြူ၏ လွတ်မြောက်သွားပုံကို  အမျိုးသမီး၏ ပြန်ပြောပြမှုသည် လောင်ဝမ်နှင့် ဆင်တူသည်။ အဖြူရောင်အရိပ်သည် အလွန်လျင်မြန်စွာ ပြေးသွားသော်လည်း ခြေရာခြေသံ မကျန်ရှိပေ။

"ဒါက ဘာလဲဆိုတာတော့ ကျွန်မ မသိတော့ဘူး၊ ဒါပေမယ့် အဲဒါက စိတ်ဝေဒနာရှင်က နောက်ပြောင်တဲ့ အကျင့်တစ်ခုလို့ ရဲတွေဆီက ကြားရတယ်။"

အမျိုးသမီးက ခွက်ကိုချလိုက်ပြီး သက်ပြင်းချလိုက်တယ်။

 "ကျွန်မ ဒီနေရာကို အရစ်ကျစနစ်နဲ့ဝယ်ပြီး ကျွန်မဘဝရဲ့ စုဆောင်းငွေအားလုံးကို ဒီနေရာလေးဝယ်ဖို့ သုံးခဲ့ရလို့ ပေါ့၊ မဟုတ်ရင် ကျွန်မက နေရာပြောင်းသွားပြိးပြီ"

"အဝေးကနေ အဖြူရောင်အရိပ်ကို ခင်ဗျား မြင်ဖူးလား။"

ချန်ကောသည် သက်လတ်ပိုင်းအမျိုးသမီးပြောသည်ကို တွေးတောနေမိသည်။ သူ့မျက်လုံးတွေက သူ့အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အမျိုးသမီးရဲ့ မျက်နှာနဲ့ အဖြူနဲ့ အနက်ရောင် ဘောင်းဘီတိုကို ကြည့်လိုက်တယ်။

ချန်ကောက ဝမ့်ရှင်းရဲ့ မွေးစားမိခင်ကို မယုံတာ မဟုတ်ပေမယ့် မိန်းမက အဖြူအမည်းကို ဘာကြောင့် သဘောကျပုံရလဲဆိုတာ သိချင်နေမိသည်။  သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကတော့ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီကို ဝတ်ထားခဲ့သည်။

*******-*******

Chapter (204)   - ဓာတ်လှေကားကနေ မတက်ပါနဲ့

 

Tape သရဲ၏ မေတ္တာမစ်ရှင်အတွက် အနက်ရောင်ဖုန်းမှပေးသော အရိပ်အမြွက်မှာ ပျားရည်၊ အနက်ရောင်၊ အဖြူနှင့် အနီ၊ ဘယ်အရောင်ကို သင်ပိုကြိုက်လဲ။

ထို့အတွက်ကြောင့် ချန်ကောသည် ဤအရောင်သုံးမျိုးအပေါ် အလွန်အကဲဆတ်သည်။ ဝမ့်ရှင်း၏ မွေးစားမိခင်သည် အဖြူ အမည်းအဝတ်အစားများကို နှစ်သက်ပြီး ဓာတ်လှေကားတွင်တွေ့သော အမျိုးသမီးမှာ အနီရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်လုံးက ချန်ကောရဲ့မျက်လုံးထဲမှာ သံသယဖြစ်စရာပင်။

ချန်ကောသည် ဝမ့်ရှင်း၏မိခင်အား ပိုမိုနီးကပ်စွာလေ့လာခဲ့ပြီး ချန်ကောသည် ထိုအမျိုးသမီးက  ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်၊ သူ့ရဲ့ တည်ရှိမှု  သို့မဟုတ် ရုပ်ရည်ကြောင့်ဖြစ်စေ - သူမ၏အသက်အရွယ်ထက် ငယ်ကြောင်း ချန်ကော သဘောပေါက်ခဲ့သည်။ သူမကို ငယ်ငယ်တုန်းက အလှမယ်တစ်ယောက်လို့ပင် ယူဆနိုင်သေးသည်။

လူနာနံပါတ် 2 က အသက်ကြီးလာမှာကို အရမ်းကြောက်တယ်... ချန်ကောက မိန်းမကို ပိုသတိထားလာတယ်။ အမျိုးသမီး ကိုင်ဆောင်ထားသော လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီး စောစောက မသောက်လိုက်ရသည့်အတွက် ကျေးဇူးတင်မိသည်။

"ဒေါက်တာ ချန်"

 အမျိုးသမီးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ချန်ကောအပြောင်းအလဲကို သူမ သတိပြုမိပုံရသည်။

"ရှင် ကျွန်မ ပြောပြတဲ့  ဇာတ်လမ်းကြောက်နေတာလား"

"နည်းနည်းပေါ့။" ချန်ကောက သူမနဲ့ အလိုက်ထိုက် ပြောလိုက်သည်။
 

"ဘယ်အခန်းက သရဲခြောက်တယ်လို့ ခင်ဗျား ပြောခဲ့တာလဲ...."

"၁၃ လွှာက အခန်း ၃၁၃၃ မှာ အရိပ်ဖြူက ဒီအခန်းထဲကို ပြေးသွားပေမယ့် အဲဒီအချိန်မှာ ပိုင်ရှင်က အိမ်မှာ မရှိသေးဘူးလို့ ပြောပြီး သိပ်မကြာခင်မှာပဲ သူ ထွက်သွားတာကို ကြားလိုက်ရတယ်။ အဲ့ဒီနောက် ကျွန်မလည်း အဲ့ဒီ အဖြစ်အပျက်ကို မေ့သွားခဲ့တယ်။ နောက်ဆုံးတော့ ထိခိုက်ဒဏ်ရာရတာ ဒါမှ မဟုတ် စီးပွားရေး တခုခုဆုံးရှုံးတာတော့  မရှိခဲ့ပါဘူး၊ ကျွန်မတို့  အိမ်ငှားတွေ လုပ်နိုင်ခဲ့တာ ဘာမှ မရှိဘူး။"

ချန်ကောက သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။  "သူမ အဝေးကို မထွက်သေးတာ ဖြစ်နိုင်တယ်။"

"ရှင် ဘာပြောလိုက်တာလဲ?"

"ဘာမှမဟုတ်ပါဘူး၊ သူ့အခန်းနံပါတ်မှာ ဘာလို့ သုံးဂဏာန်းတွေ ဒီလောက်များနေတာလဲဆိုတာ  သိချင်လာမိပြီ"

တတိယဖျားနာဆောင်ခန်းမမှ ထွက်သွားကတည်းက ချန်ကောသည် သူ့ဘဝတွင် နံပါတ် (၃) တွေ မကြာခဏ ပေါ်လာသည်ကို သဘောပေါက်ခဲ့သည်။ အမှန်မှာ၊ သူသည် မှန်တစ္ဆေကို ဆင့်ခေါ်သောအခါ၊ နှစ်သစ်ကို သုံးယောက်ဖြင့် စတင်ခဲ့သည်။

"3133 က တတိယ အဆောက်အဦး၊ 13 လွှာ၊ Room 3 ကို ကိုယ်စားပြုတယ်" ဟု အမျိုးသမီးက ချန်ကောကို ရှင်းပြသည်။

"၁၃ လွှာမှာ အိမ်ငှားတွေ အများစုက အဝေးကို ပြောင်းရွှေ့သွားကြပြီလို့  လုံခြုံရေးဆီက ကျွန်တော် ကြားခဲ့တယ်၊ ဒါက တစ်နှစ် နှစ်နှစ်အတွင်းမှာ တခြား တစ်ခုခု ဖြစ်ခဲ့လို့လား။"

"အဲလို မထင်ပါဘူး၊ ကျွန်မတို့ အများစုက ညဘက် အပြင်မထွက်ကြဘူး" အမျိုးသမီးက ဆက်ပြောခဲ့သည်။

 "ဒါပေမယ့် တစ်ခု သတိပေးစရာရှိတယ်။ ရှင် ထွက်သွားတဲ့အခါ ဓာတ်လှေကားကနေ မသွားနဲ့။ လွန်ခဲ့တဲ့လအတော်ကြာတုန်းက အရက်မူးနေတဲ့ လူတစ်ယောက် စီးလာချိန် ဓာတ်လှေကားက ၁၃ ထပ်မှာ ရပ်သွားတယ်။ အဖြူရောင်အရိပ်တစ်ခု၊ အဲဒီအထပ်ကနေ ဓာတ်လှေကားထဲကို ဝင်သွားခဲ့တယ်တဲ့။ "

"ပုံမှန်အားဖြင့်၊ ဓာတ်လှေကားမှာ စောင့်ကြည့်ရေးကိရိယာတွေ တပ်ဆင်ထားပြီး၊ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားတာ ဖြစ်သင့်တယ်။  ဒါနဲ့  ပတ်သတ်ပြီး မြေပိုင်ရှင်က အိမ်ငှားတွေကို ရှင်းလင်းချက်မပေးဘူးလား"
ချန်ကောသည် ထိုအမျိုးသမီး၏ စကားကို သေချာမှတ်သားကာ မေးလိုက်သည်။

"အရက်မူးသမားက ကြောက်လွန်းလို့ နောက်နေ့ မြေပိုင်ရှင်ကို လိုက်ရှာတယ်။ အဲဒီတုန်းက ပြဿနာ တော်တော်ကြီးသွားတာ မှတ်မိသေးတယ်။"

ဝမ့်ရှင်း၏မိခင်သည် ထိုအဖြစ်အပျက်ကို ပြန်တွေးနေမိသည်။

"မြေပိုင်ရှင်က ဗီဒီယိုကို ဆွဲထုတ်ပေမယ့် စခရင်မှာ အဖြူရောင် အရိပ်တစ်ခုမှ မရှိဘူး။ အရက်မူးသမားက ခလုတ်တွေ အားလုံးကို ရည်ရွယ်ချက်မဲ့  နှိပ်နေတာကိုသာ တွေ့ရတယ်။ ပထမထပ်ကနေ အပေါ်ထပ်ကို ဓါတ်လှေကားကို ခေါ်ပြီးတော့ ပြန်ဆင်းလာခဲ့တယ်။ ဓာတ်လှေကားက ခဏခဏ ရပ်သွားတယ်။ အလယ်မှာ အချိန်တွေကုန်ပေမယ့် ဓာတ်လှေကားထဲကို ဘယ်သူဝင်လာတာမှ ဖမ်းမမိဘူး။"

"တံခါးတွေ အကြိမ်ပေါင်းများစွာ ဖွင့်သွားသေးလား"

"ဒါပေမယ့် အကြိမ်တိုင်း အရမ်းမြန်တယ်။ ၁၃ ထပ်မှာ ဖွင့်လိုက်တာက ပုံမှန်ထက် ပိုကြာသွားတယ်။ မြေပိုင်ရှင်ရဲ့ ရှင်းပြချက်က ဓာတ်လှေကားကို သုံးချင်သူတစ်ယောက် ဖြစ်နိုင်ပေမယ့် အထဲမှာ အရက်မူးသမားကို တွေ့တဲ့အခါ မဝင်ဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်တယ်တဲ့."

"အဲဒါက  အတင်းအကြပ်ရှင်းပြနေပုံရတယ်။"

"ရှင် ပြောတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒီကတည်းက ကျွန်မတို့ ညဘက်တွေမှာ ဓာတ်လှေကားကို သုံးခဲတယ်။"

သူ ခေါင်းညိတ်ရင်း ချန်ကောက "စောင့်ကြည့်ရေးကင်မရာကို ခင်ဗျား တောင်းပေးနိုင်မလား " လို့ မျှော်လင့်ချက်တစ်ချို့နဲ့ မေးလိုက်တယ်။

"ပိုင်ရှင်မှာ မိတ္တူ ရှိလောက်သေးတယ်။  မနက်ကျမှ ရှင့်အတွက် တောင်းပေးလို့ရမယ်။"

"ကောင်းပြီ ကျေးဇူးပါ။"

ချန်ကောသည် ရဲအရာရှိမဟုတ်သောကြောင့် အဆောက်အဦတစ်ခု၏ စောင့်ကြည့်မှတ်တမ်းကို တောင်းကြည့်ဖို့ အခွင့်အရေးမရှိပေ။ အမျိုးသမီးနှင့် စကားပြောပြီးနောက် သူထွက်သွားသည်။ တံခါးပိတ်ပြီးနောက် ချန်ကောသည် မီတာအနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် ပြန်လှည့်သွားသည်။ ကျောပိုးအိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ တံခါးကြားထဲ မညှပ်မီ အကြိမ်များစွာ စာရွက်ကို ခေါက်လိုက်သည်။

အမျိုးသမီးက ညဘက် အပြင်ထွက်တာ ရှားတယ် လို့ ကိုယ်တိုင်ကိုယ်ကျ ပြောဖူးတယ်။ ညဘက် တံခါးဖွင့်ထားရင်၊ သံသယဖြစ်စရာက သူမ ဖြစ်လိမ့်မယ်။ အားလုံးပြီးတာနဲ့ ချန်ကောက လှေကားကိုသုံးပြီး 13 ထပ်ကို လျှောက်သွားခဲ့တယ်။

အဆောက်အဦတစ်ခုလုံး၏ ၁၃ လွှာတွင်သာ အသံဖြင့်လုပ်ဆောင်သော မီးလုံး မရှိလို့  အမှောင်စင်္ကြံရှိ တစ်ခုတည်းသော အလင်းရင်းမြစ်မှာ လုံခြုံရေးထွက်ပေါက်အထက် အစိမ်းရောင် ဆိုင်းဘုတ်မှ ဖြစ်သည်။ မီးစိမ်းမှိန်မှိန်မှိန်က ထိုနေရာကို ပိုကြည့်ကောင်းစေသည်။ ချန်ကောသည် စင်္ကြံထဲသို့ ဝင်သွားစဉ် သူ့လက်ထဲတွင် ဘောပင်ကို ကိုင်ထားသည်။ ထိုနေရာသည် စွန့်ပစ်ထားပုံရသည်။ တံခါးနှစ်ဘက်စလုံးမှာ ဖုန်မှုန့်များဖြင့် ထူထပ်နေသည်။

အခန်း ၃၁၃၃။

ချန်ကောသည် တစ်ချိန်က အရူးမိန်းမ တည်းခိုခဲ့သည့် အခန်းကို တွေ့ရှိခဲ့သည်။ ထူးဆန်းသည်မှာ အခန်းတံခါးသည် တစ်စုံတစ်ယောက် တည်းခိုနေသကဲ့သို့ အလွန်သန့်ရှင်းနေသည်။ သူသည် တံခါးကို လက်နှိပ်ဓာတ်မီးကို ချိန်ရွယ်လိုက်ပြီး ချန်ကောသည် အသစ်အဆန်းတစ်ခုကို တွေ့ရှိခဲ့သည်။ တံခါးကို cellophane တိပ်အကြည်ဖြင့် ကပ်ထားသော စာရွက်ဖြူတစ်ရွက်ရှိသည်။ ပိုင်ရှင်က အခန်းကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းလိုသည် ၊ ငှားချင်သည်ဟု ဆိုကာ  ဖုန်းနံပါတ်တစ်ခုချန်ထားသည်။

အရူးမိန်းမ ထွက်သွားပြီးနောက် ဒီနေရာကို တစ်စုံတစ်ယောက်က ဝယ်ခဲ့တာလား။

စာရွက်သည် မကြာသေးမီက ကပ်ထားသကဲ့သို့ အသစ်ဖြစ်နေသည်။ ချန်ကောသည် တံခါးအပြင်ဘက်တွင် ခဏရပ်လိုက်ပြီး အခန်းတွင်းမှ ဘာသံမှ မကြားရတော့သည်ကို သိပြီးနောက် သူ ထွက်လာသည်။ ထို့နောက် ဖုန်းနံပါတ်ကို ခေါ်ရန် သူ့ဖုန်းကို အသုံးပြုခဲ့သည်။ ဖုန်းခေါ်သံက မိနစ်ဝက်နီးပါးကြာသွားတယ်။ ချန်ကောက လက်လျှော့လိုက်တော့မည့်အချိန် ဖုန်းကိုင်လာခဲ့တယ်။

"ဟဲလို၊ ဖုန်းဟွာ တိုက်ခန်း မှာ ကြော်ငြာတွေ့လို့ပါ။ ဈေးနှုန်းကလည်း အရမ်းတန်လို့  စိတ်ဝင်စားလို့ ဆက်လိုက်တာပါ။"

ချန်ကောက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ဒီလိုအချိန်မျိုးမှာ ဖုန်းခေါ်ဆိုခြင်းက  သူ့ရည်ရွယ်ချက်ကို ထိခိုက်စေနိုင်ပါတယ်။

ဖုန်း၏ အခြားတစ်ဖက်တွင် အသံတိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် အမျိုးသမီးတစ်ဦး၏ အသံက ပေါ်လာသည်။

"ကျွန်မ ပြင်းထန်တဲ့ ရောဂါတစ်ခု ခံစားနေရပြီး ဆေးဖိုးငွေတွေ လိုအပ်နေတာကြောင့် ဈေးက အရမ်းလျှော့ထားပေးတာပါ။ ရှင်က ဒီနေရာကို ဝယ်ဖို့ အလေးအနက်ထားတယ်ဆိုရင် ကျွန်မ ထပ်လျှော့ ပေးပါဦးမယ်။ ရှင်စိတ်ဝင်စားရင် မြို့ဟောင်းက ရှင်းခုန်းတိုက်ခန်း မှာ တွေ့ကြမယ်လေ။"

"ရှင်းခုန်းတိုက်ခန်း?"

"ကျွန်မ ရောဂါက မကြာခင် အချိန်မရွေး ပိုဆိုးလာနိုင်တယ်၊ ဒါကြောင့် ဆေးရုံနဲ့ ပိုနီးတဲ့နေရာကို ရွှေ့လိုက်တယ်။ အခု တတိယထပ်မှာ နေနေတယ်။"

"ကောင်းပြီ ကျွန်တော်  အခု သွားလိုက်မယ်။"

"အခုလား?" ဖုန်းထဲက   အသံက ပိုကျယ်လောင်လာသည်။ "ကောင်းပြီ ဒါဆို လာခဲ့ပါ"

ဖုန်းချလိုက်ပြီးနောက် ချန်ကော၏ သံသယများ နက်ရှိုင်းလာသည်။ မြို့ဟောင်းမှာ ဆေးရုံကြီးတွေ မရှိဘူး၊ ဒီတော့ အမျိုးသမီးက ဘာကြောင့် ဖုန်းထဲကနေ ပြောနေရတာလဲ။

တတိယ အဆောက်အဦးမှ ထွက်သွားပြီးနောက် ချန်ကောသည် လူကိုယ်တိုင် သွားခဲ့သည်။ သူက ရှင်းခုန်းတိုက်ခန်း ကိုရောက်ဖို့ တက္ကစီခေါ်လိုက်တယ်။ ချန်ကောသည် တတိယထပ်သို့ ပြေးသွားပြီး ထိုလူကို ထပ်ခေါ်လိုက်သည်။

"ကျွန်တော် ဒီကိုရောက်နေပြီ။ တတိယထပ်မှာ အခန်းသုံးခန်းရှိတယ်၊ ခင်ဗျားက ဘယ်အခန်းလဲ။"

"ခဏစောင့်ပါဦး။" ဖုန်းချသွားပြီးနောက် သူ့ဘယ်ဘက်ခြမ်းက တံခါးပွင့်လာသည်။

 "လာပါ။ အခန်းက နည်းနည်းရှုပ်ပေမယ့် သန့်ရှင်းရေးလုပ်ဖို့ ကျွန်မလည်း စိတ်မဝင်စားနိုင်တော့ဘူး"

ချန်ကောတံခါးကို တွန်းဖွင့်ပြီး ထိုအမျိုးသမီးကို တွေ့လိုက်ရသောအခါတွင် သူ့နှလုံးခုန်သံ တုန်ခါသွားသည်။ အမျိုးသမီးသည် ဆံပင်နှင့် မျက်ခုံးမရှိပေ။ သူ့မျက်နှာက ဖြူဖွေးနေပြီး ကြောက်စရာကောင်းတဲ့ပုံပေါက်နေတယ်။


*********-************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now