Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
ချန်ကောသည် ပုခက်အောက်ရှိ 'တစ္ဆေ' အဖြစ်သရုပ်ဆောင်သူကို ရှာဖွေတွေ့ရှိခဲ့သော်လည်း 'တစ္ဆေ' သည် ထိုအရာကို မသိခဲ့ပေ။
"ထွက်လာပါ အစ်ကိုရာ"
ချန်ကောက ပုခက်ကို တွန်းဖယ်လိုက်ပြီး ကလေးရဲ့အောက်မှာ ဝှက်ထားတဲ့ ဝိုင်ယာကြိုးက တင်းခနဲဖြစ်သွားသည်။ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် ပုခက်အောက်တွင် ပုန်းနေပြီး သူ့လက်ထဲတွင် အဝေးထိန်းခလုတ်ကို ကိုင်ထားသည်။ သူသည် ကြောက်စရာကောင်းသော မိတ်ကပ်ကို လိမ်းခြယ်ထားပြီး သူ၏ ခန္ဓာကိုယ်သည် သွေးအတုများဖြင့် ရွှဲနစ်နေသည်။
"မေးပါရစေ၊ ငါ ဒီမှာရှာရမဲ့ပစ္စည်းက ဘာလဲ"
ချန်ကောက သူ နည်းနည်း စည်းကျော်နေတယ်လို့ ခံစားမိတဲ့အတွက် "ကျွန်တော်ဝင်လာတုန်းက လုံခြုံရေးက ဘာမှမပြောဘူးဆိုတော့ ခင်ဗျားက ပြောပေးနိုင်လောက်တယ် မဟုတ်လား " လို့ ထပ်ပြောခဲ့ပါတယ်။
ပုခက်အောက်က 'သရဲ' က ဘာမှ မပြောဘဲ အခန်းထဲက ပြေးထွက်သွားတော့သည်။ ဤသို့ ရုတ်တရက် လုပ်ရပ်က ချန်ကောကို အံ့အားသင့်စေခဲ့သည်။
"သူ ဘာလို့ ထွက်ပြေးသွားတာလဲ"
သူ့နှလုံးခုန်နှုန်းကိုထိန်းထားရန် ချန်ကောသည် ထိုကောင်လေးနောက်သို့မလိုက်သွားခဲ့ပေ။ သရဲခြောက်တဲ့အိမ်ထဲကို ဝင်ကတည်းက သူ လုပ်နေကျတဲ့အတိုင်း အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
"ကလေးက မင်းရဲ့အဝတ်အစားတွေကို ဆုပ်ကိုင်လိုက်တတယ်၊ ဒါက ကြောက်စရာကောင်းလွန်းတယ်။ ဒီဟာထက် ပိုကြောက်စရာကောင်းတာ တစ်ခု ရှိလောက်တယ်။ အများစုကတော့ ငါ ထွက်လာတဲ့အခါ သရုပ်ဆောင်မင်းသားက ခုန်ထွက်ပြီး ခြောက်တာ ဖြစ်လောက်တယ်။"
ကလေးကို အိပ်ယာပေါ်ကနေ ကောက်ယူပြီး အနီးကပ်ကြည့်စဉ် မိတ်ကပ်လိမ်းခြယ်မှုစွမ်းရည်က သူ့လောက်မတော်သေးတာကို ချန်ကောက သဘောပေါက်သွားသည်။
ရွှီကျန်းကျန်းလား? ကလေးရဲ့အောက်က စောင်မှာ ဒီနာမည်ပါနေတယ်။ ဘာကြောင့် သူမကို ထပ်တွေ့တာလဲ။
ချန်ကောသည် အနီးနားရှိ ကလေးငယ်များ အားလုံးကို ကောက်ယူခဲ့ပြီး ဝတ်စုံများအောက်တွင် ထိုအမည်ပါနေသည်ကို တွေ့လိုက်ရသည်။
သရဲခြောက်တဲ့အိမ်ထဲကို ဝင်ကတည်းက ဒီနာမည်ကို မြင်ဖူးခဲ့တယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တစ်မျိုးလား။ သူသည် ကလေးထားသည့် အခန်းတစ်ခုလုံးကို လှမ်းကြည့်လိုက်ရာ နောက်ဆုံးတွင် ပုခက်တစ်ခုအတွင်း၌ သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည်။ သော့ပုံသဏ္ဍာန်ရှိသော ဆွဲသီးတစ်ခုဖြစ်သည်။ ဆွဲသီးက စာရွက်တစ်ရွက်ပေါ်မှာ ထားရှိထားသည်။
စာထဲမှာရေးထားတာက....ငါ့ သမီး ရွှီကျန်းကျန်းအတွက်။
သားကောင်နှင့်ဆိုင်သော တစ်စုံတစ်ခုကို ယူဆောင်ခြင်းသည် သေသူ၏ ဝိဉာဉ် အခြောက်ခြင်းခံရကြောင်း တစ်စုံတစ်ဦးအား ထင်မြင်လာစေမည်ဖြစ်သည်။ ဤမှတ်စုသည် ရွှီကျန်းကျန်းအပေါ် ဧည့်သည်များ၏ ကြောက်ရွံ့မှုကို တိုးလာစေသည်ဟု ယူဆနိုင်သည်။
ဆွဲသီးက ချန်ကော ကောက်ယူပြီးရှေ့ဆက်လုပ်ဖို့ လိုအပ်တဲ့အရာတစ်ခုပါ။ ဒီဆွဲသီးကို မယူခြင်းက ရှေ့မတိုးနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဒါက သရဲခြောက်တဲ့အိမ်ရဲ့ နောက်ထပ်လှည့်ကွက်တစ်ခုပါ။
ဆွဲသီးကို ကောက်ယူပြီးနောက် ချန်ကောသည် စာရွက်ကို ကြည့်လိုက်သည်။ သူသည် ဘောပင်ဝိဉာဉ် ၏ ဘောပင်ကို ထုတ်ယူခဲ့ပြီး၊ ရေးထားသော လက်ရေးကို တုပရင်း၊ မှတ်စု၏ နောက်ကျောတွင် စကားလုံးအချို့ကို ထည့်သွင်းခဲ့သည်။
သူတို့တွေက နည်းနည်း အံ့သြဖို့ကောင်းတယ်။
ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာတွေကို ချန်ကောက ဖော်ထုတ်ပြခဲ့သည်။ သူသည် တံခါးဆီသို့ လျှောက်သွားကာ အမှောင်ထဲတွင် တစ်စုံတစ်ခု လှုပ်ခတ်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ဆံခြည်များ ပွယောင်းကာ သွေးများဖြင့် ဖုံးလွှမ်းနေသော မျက်နှာနှင့် ဗိုက်ဖောင်းနေသော အမျိုးသမီးတစ်ဦးသည် ကလေးများနှင့် ပြည့်နေသော လှည်းကို တွန်းတွန်းရင်း ချန်ကောဆီသို့ ပြေးသွားခဲ့သည်။ ကြောက်ဖို့ အကောင်းဆုံးကတော့ အမျိုးသမီးမှာ ခြေထောက်မရှိတာပါပဲ။
ဒါကိုမြင်လိုက်တဲ့အခါ ချန်ကောရဲ့ နှလုံးခုန်နှုန်းက အနည်းငယ်ခုန်သွားပေမယ့် မကြာခင်မှာ ငြိမ်သက်သွားခဲ့သည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ဘယ်ဘက်နံရံတွင် တင်းတင်းကြပ်ကြပ် ကပ်နေပြီး ကလေးထားသည့် အခန်းထဲသို့ မဝင်မီ ဘယ်ဘက်နံရံက သံသယဖြစ်ဖွယ်ရှိကြောင်း အတည်ပြုနိုင် ခဲ့သည်။
အမျိုးသမီးက တွန်းလှည်းကို တွန်းနေတယ်လို့ ပြောမယ့်အစား အမျိုးသမီးက လှည်းထဲမှာ ထိုင်နေပြီး ရှေ့ကို ရွှေ့နေတာ ဖြစ်သည်။ စင်္ကြံက ကျဉ်းတယ်၊ လှည်းက မြန်တယ်။ 'ကိုယ်ဝန်ဆောင်သရဲ' သည် ချန်ကော ဆီကို လာသည့် လမ်းတစ်လျှောက်တွင် လက်တွေ့ကျကျ ထင်ရှားစွာ ကြောက်မက်ဖွယ်ကောင်းနေသည်။
သူ့အကြည့်တွေက ချန်ကောကိုပဲ စွဲမြဲနေသည်။ သူတို့၏ မျက်နှာများသည် စင်တီမီတာ နှစ်ဆယ်မျှသာ ကွာဝေးတော့သည်။
ဒီတော့ ကြောက်စရာအကောင်းဆုံးက အခန်းအပြင်အဆင် ဖြစ်သည့်အပြင် အခု အကွက်လေးက တော်တော်လေး ကျွမ်းကျင်တဲ့ ဒီဇိုင်းရေးဆရာက ရေးဆွဲထားတဲ့ ဟန်ပန်အမူယာတွေပဲ။
ကလေးထားသည့်အခန်းအတွင်း သော့ကို ဧည့်သည်များ ရှာသောအခါ ကြောက်လန့်သွားကြမှာ သေချာသည်။ နောက်ဆုံး ကိုယ်ဝန်ဆောင် သရဲနှင့် ပက်ပင်း တွေ့လိုက်သောအခါတွင် ချန်ကော စိတ်သက်သာရာရသွားကြသည်။ ကလေးထိန်းခန်းမှ ထွက်လာစဉ် သူ့ကို စောင့်မျှော်နေသော သရဲတစ္ဆေ အဖြစ် သရုပ်ဆောင်သည့် အမျိုးသမီးကတော့ ချန်ကော မျှော်လင့်မထားသည့် အချက်ဖြစ်သည်။
ကြမ်းပြင်မှာ သံလမ်းမရှိဘူး၊ ဒါကြောင့် လှည်းတွန်းလာတဲ့ နံရံတလျှောက်မှာ စက်ရှိနေသလား။
ချန်ကောသည် လှည်းကို အနောက်သို့ တွန်းလိုက်စဉ် 'ကိုယ်ဝန်ဆောင် သရဲ' နောက်ကို လိုက်သွားခဲ့သည်။ သူ့ခြေရာတွေက ပေါ့ပါးသွားတယ်။ ချန်ကောက သူ့နောက်ကို လိုက်နေတယ်ဆိုတာကို 'ကိုယ်ဝန်ဆောင်သရဲမ' က မသိခဲ့ပေ။ သူမသည် ဤလူများကို ခြောက်လှန့်ရသည့် ဖြစ်ရပ်ကို နှစ်သက်သည်။ ချန်ကောကို ထပ်ခြောက်ဖို့ မျှော်လင့်ရင်း သူမခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သည်။
သို့သော်လည်း သူမ လှည့်ကြည့်လိုက်တော့ ချန်ကော၏ အလွန်စူးစမ်းလိုသော မျက်နှာကို တွေ့လိုက်ရာ သူမ အံ့အားသင့်သွားကာ သူမ၏ မျက်နှာပေါ်တွင် အမူအရာ အေးခဲသွားသည်။
"ဒါဆို မင်း လှည်းထဲမှာ ထိုင်နေတာပဲ၊ အဲဒါ တော်တော် တီထွင်ဖန်တီးနိုင်တာပဲ"
လှည်းသည် မော်တော်ဆိုင်ကယ်လိုဖြစ်ပြီး အမျိုးသမီးမှာ အခြေခံအားဖြင့် ယာဉ်မောင်းသာဖြစ်သည်။ ဧည့်သည်များ၏ ဘေးကင်းမှုကို ကာကွယ်ရန်၊ လှည်း၏အောက်ခြေတစ်ဝက်ကို နံရံအတွင်းရှိ စက်နှင့်ချိတ်ဆက်ထားပြီး လှည်းသွားလာနိုင်သည့်အကွာအဝေးမှာ တစ်မီတာသာရှိသည်။
"ဒီ ဒီဇိုင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး စောစောက မင်းရဲ့အကြည့်တွေက ငါ့ကို ခံစားချက်တွေ ပေးနိုင်ခဲ့တယ်။ နာကြည်းမှုတွေနဲ့ အမုန်းတွေ ရောထွေးနေတယ်၊ အဲဒါက တကယ့် သရဲတစ္ဆေလိုပါပဲ။"
ချန်ကောသည် သူတပါးကို ချီးမွမ်းဖို့ ဘယ်သောအခါမှ မတွန့်တိုခဲ့ပေ။ ချန်ကော၏ ချီးမွမ်းသံကိုကြားပြီးနောက် 'ကိုယ်ဝန်ဆောင်တစ္ဆေ' သည် မည်သို့ပြန်ဖြေရမည်ကို မသိခဲ့ပေ။ သူမသည် ဤလုပ်ငန်းတွင် နှစ်အတော်ကြာ လုပ်ကိုင်လာခဲ့ပြီး သရဲအိမ်တစ်လုံးတွင် သူမ၏ သရုပ်ဆောင်မှုကို တစ်စုံတစ်ဦးမှ ချီးကျူးခြင်းခံရတာက အခုက ပထမဆုံးအကြိမ်ဖြစ်သည်။
ပုံမှန်အားဖြင့်တော့ ဧည့်သည်တွေက ဒီလိုအသေးစိတ်အချက်အလက်တွေကို ဂရုမစိုက်ကြဘူး။ သူတို့သည် အမှောင်ထဲတွင် ကချေသည်များကဲ့သို့၊ သူတို့၏အလုပ်ကို အာရုံစိုက်သော်လည်း မည်သည့်အခါမျှ တန်ဖိုးထားမှု မရှိခဲ့ပေ။ တခါတရံတွင် ဧည့်သည်များက သူတို့ကို ရန်လိုလာတာမျိုးပင်ရှိသည်။ သရုပ်ဆောင်တွေက ဒါကို ဘယ်တော့မှ ဝန်မခံပေမယ့် သူတို့ သရုပ်ဆောင်ပြောင်မြောက်မှုကို ချီးမွမ်းသည့်အချက်ကို အတော်လေး နှစ်သက်သည်။
"ဒါက ဘာမှ မဟုတ်ပါဘူး..."
သူမသည် သရဲတစ္ဆေအဖြစ် သရုပ်ဆောင်လာတာ ကြာခဲ့ပြီဖြစ်လို့ သူမ၏အသံမှာ အတော်လေးကို အက်ရှကြမ်းတမ်းနေသည်။
"နောက်နေတာမဟုတ်ပါဘူး၊ မင်းအကြည့်တွေက တကယ့် သရဲတစ္ဆေနဲ့ ဆင်တူတယ်။ မင်းဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။"
ချန်ကောသည် သူ၏သော့ဖြင့် နောက် ဆက်တင်တစ်ခုကို ဆက်သွားခဲ့သည်။ သူ ထွက်သွားတော့ အမျိုးသမီးက ရုတ်တရက် တစ်ခုခုကို ရိပ်မိသွားတယ်။
"တကယ့်တစ္ဆေနဲ့တူတယ်" လို့ သူက ဘာလို့ ပြောတာလဲ။ သူအရင်က တကယ့်တစ္ဆေတစ်ကောင်ကို မြင်ဖူးသလိုပဲ။
ကလေးထိန်းခန်းက ထွက်လာပြီးတော့ ရေချိုးခန်းထဲကိုရောက်လာသည်။
အထဲတွင် ဇောက်ထိုးတွဲလောင်း ချိတ်ဆွဲထားသည့် အရုပ်များစွာရှိသည်။ ထျန်ထန်ဆေးကျောင်းရှိ ကြောက်စရာအကောင်းဆုံးတွေက အများအားဖြင့် ထိုကဲ့သို့သော ကြောက်စရာမြင်ကွင်းများ ဖြစ်သည်။ ပထမတစ်ချက်တည်းနှင့် ထိုမြင်ကွင်းက သရဲခြောက်သော အိမ်သို့ လာရောက်လည်ပတ်သူများကို အဆုံးမရှိ ကြောက်လန့်တကြားု အော်ဟစ်နေစေမည်ဖြစ်သည်။
ထိုအခြေအနေများမှလွဲ၍ ချန်ကော၏ သရဲခြောက်သောအိမ်တွင် မတူညီသော မြင်ကွင်းတစ်ခုရှိသည်။ ထိုသို့သော ပတ်ဝန်းကျင်က ဧည့်သည်တွေကို စဉ်ဆက်မပြတ် လွှမ်းမိုးနေပြီး လူများ၏ နှလုံးသားအတွင်း အကြောက်တရားများကို တစ်ချက်တည်း မပေါက်ကွဲမီ ဖြည်းဖြည်းချင်း စုလာစေသည့် အကွက်ဖြစ်သည်။ နောက်ဆုံး ဧည့်သည်များရဲ့ စိတ်နှလုံးထဲသို့ ပဲ့တင်ထပ်ကာ ပိုပို ကြောက်လန့်လာစေခဲ့သည်။
ရေချိုးခန်း၊ ရောဂါရှာဖွေရေး အခန်းနှင့် ဆရာဝန်၏အနားယူခန်းတွင် သရုပ်ဆောင်များမရှိသောကြောင့် င့် သူတို့သည် လူများကို ကြောက်လန့်စေသော ယန္တရားများပေါ်တွင် မူတည်နေတာ ဖြစ်လောက်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤအခန်းများသည် ထျန်ထန်ဆေးကျောင်းမှ ဧည့်သည်များအား မိမိဖာသာ ပြန်လည် အကြောက်ပြေလာစေရန် လုပ်ဆောင်ပေးသည့် အခန်းများဖြစ်သည်။
သာမာန်လှည့်ကွက်များနှင့် အမိုက်စားဇာတ်ဝင်ခန်းများသည် ချန်ကောအတွက် ဘာမှ မဖြစ်စေပေ။ သူသည် အခန်းသုံးခန်းလုံးကို လွယ်လွယ်ကူကူ ဖြတ်ကျော်သွားပြီးနောက် အခန်းသုံးခန်း၏ ဘောင်များ အတွင်းတွင် မတူညီသော ရောင်စုံဆွဲသီး သော့သုံးလုံးကို တွေ့ရှိခဲ့သည်။ နှလုံးသားနှင့် ကလေးခန်းအတွင်း တွေ့ရှိသော နှစ်ခုအပါအဝင် ချန်ကောသည် ယခုအခါတွင် သော့ငါးခု ရှိနေပြီဖြစ်သည်။
သော့အားလုံးတွင် အရောင်အမျိုးမျိုးရှိသောကြောင့် တကယ့်သော့တစ်ခုသာ ရှိလောက်သည်။
ချန်ကော သော့အားလုံးကို အိတ်ထဲထည့်လိုက်ပြီး စတုတ္ထအခန်းသို့ ဝင်လိုက်သည်။ အခန်းသည် သေးငယ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အလှဆင်ထားသည့်ပုံစံဖြစ်သည်။
နံရံများပေါ်ရှိ ဆေးရောင်များသည် အဝါရောင်ပြောင်နေပြီး မီးပဒေသာပန်းဆိုင်းသည် လေထဲတွင် လှုပ်ယမ်းနေသည်။ ရုံးခန်း စားပွဲပေါ်တွင် အလောင်းတစ်လောင်း လဲလျောင်းနေပြီး ကြမ်းပြင်ပေါ်တွင် ပလပ်စတစ်ဓား တစ်ချောင်းနှင့် သွေးစွန်းနေသော လူနာ၏ မှတ်တမ်းများ ရှိနေသည်။
မျက်နှာကျက်တွင် သွေးစွန်းနေသော လက်ဖဝါးပုံများ ပါရှိပြီး ကြမ်းပြင်တွင် ရှုပ်ပွနေသော ခြေရာများဖြင့် ဖုံးအုပ်ထားသည်။ တစ္ဆေတွေ လာရောက်လည်ပတ်ဖူးသလိုပဲ အဲဒီနေရာက ရှုပ်ပွနေတယ်။
ဒါက စိတ်ဝင်စားစရာပါ။ လူသေအလောင်း၏ပုံစံသည် စောစောက ပုခက်အောက်တွင် ပုန်းနေသော လူငယ်နှင့် အဘယ်ကြောင့် အလွန်ဆင်တူနေရသနည်း။
ချန်ကောရုံးခန်းစားပွဲဆီသို့ လျှောက်သွားကာ စိတ်ဝင်စားစရာတစ်ခုကို တွေ့လိုက်ရသည်။ စားပွဲနောက်ကွယ်ရှိ စာအုပ်စင်ပေါ်တွင် ခေတ်မမီတော့သော အသံဖမ်းစက်တစ်ခု တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
******-********

BẠN ĐANG ĐỌC
သရဲအိမ္ထဲမွ ဖူးစာရွင္
Kinh dịGenre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy