Chapter (211) _ ကြောက်စရာကောင်းသော အရုပ်များ
အရုပ်လုပ်သည့် နေရာကို လာသည့် လမ်းတစ်လျှောက်မှာ ချန်ကော က အလုပ်ရုံသူဌေးကို ဖုန်းခေါ်လိုက်တော့ ချန်ကော က စိတ်ပြောင်းသွားပြီး ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးတဲ့ သူကို ကူညီဖို့ ဆန္ဒရှိနေတယ်လို့ သူဌေးက ထင်နေတယ်။ ချန်ကော ရှင်းပြတာကို နားမထောင်ပဲ သူ့အိမ်ကနေ အလုပ်ရုံကို အမြန်ထွက်လာခဲ့တယ်။ ချန်ကော က မနက်စာစားရင်း အလုပ်ရုံရှေ့တံခါးမှာ စောင့်နေတယ်။ မိနစ်နှစ်ဆယ်အတွင်းမှာပဲ သူဌေးရောက်လာတယ်။"ချန်လောင်ပန်....၊ ငါမင်းရဲ့အလုပ်ရုံကိုထပ်ချေးရမှာ။ ပိုက်ဆံက ကိစ္စမရှိဘူး"
(ချန်လောင်ပန် - သူဌေးချန်)
ချန်ကော က အရုပ်လုပ်ငန်း၏သူဌေးကို မလိမ်ပေ။ လောလောဆယ် သူ့ဆီမှာ ပိုက်ဆံမရှိကြောင်း အတိအလင်းပြောပြလိုက်သည်။
"ပထမဆုံးတွေ့ဆုံမှုမှာ ငါတို့က ဘာလို့ပိုက်ဆံတွေ အကြောင်းပြောနေမှာလဲ။ ငါတို့က သိဟောင်း ကျွမ်းဟောင်းတွေဖြစ်နေပြီ။ ပိုက်ဆံစကားပြောတာက ခင်မင်တဲ့ ဆက်ဆံရေးကိုထိခိုက်စေတယ်"အနည်းငယ် အဝလွန်သော သူဌေးသည် ချန်ကော ၏ ဘေးတွင် ထိုင်ကာ ရင်းနှီးစွာ ပြောလိုက်သည်။
"မင်းရဲ့ အရုပ်လေးတစ်ခုကို လုပ်ပြီး ငါ့အတွက် ထားပေးရင်ကို အဆင်ပြေပါပြီ "
"သေချာလား? ငါ့ရဲ့ ပုံတူအရုပ်တွေက လူသားတွေအတွက် မဟုတ်ဘူး။"
ချန်ကော က သူ့ကို ကြင်နာမှုသက်သက်နဲ့ သူ လုပ်မည့် အရုပ်တွေနဲ့ ပတ်သတ်ပြီး သူဌေးကို မလိမ်ချင်ဘူး။
"ဒီနေ့ ပုံတူပုံစံအသစ်လေးတွေ ဒီဇိုင်းဆွဲမယ်။ ပြီးတာနဲ့ ထား၊မထားဆိုတာ မင်းဆုံးဖြတ်လို့ရတယ်။"
သူဌေးက မှန်တံခါးကိုဖွင့်ပေမယ့် မဝင်ခင်မှာ သုံးကြိမ် ဦးညွှတ်လိုက်သည်။ ဒါကိုမြင်တော့ ချန်ကော မေးလိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ။ ခင်ဗျား ကြောက်နေတာလား"
ချန်ကော က သူဌေးနဲ့ ပထမဆုံးစတွေ့တုန်းက ဒီအလေ့အထမရှိတာကို သတိရသွားတယ်။
![](https://img.wattpad.com/cover/222469974-288-k666862.jpg)
VOCÊ ESTÁ LENDO
သရဲအိမ္ထဲမွ ဖူးစာရွင္
TerrorGenre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy