Chapter (154) - ခွေးလှောင်ချိုင့်လား..?
စိတ်ကျန်းမာရေးဆေးရုံနဲ့ ရိုးရိုးဆေးရုံကြားက လူနာကိုဆက်ဆံပုံနဲ့ ကုသပုံကွာဟချက်က တကယ်ကို ကြီးပါတယ်။ စိတ်ရောဂါကုဆေးရုံမှာ နာမည်ပျက်ပိုများလေ့ရှိသည်။ ဒါကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး။ ဒီဆေးရုံမှာ တက်ရောက်ကုသတဲ့သူတွေက မှားသလား၊ ဒါမှမဟုတ် ကျွန်တော်တို့ကပဲ မှားနေသလားဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။
Chen Ge က ဆေးရုံဝင်းထဲကို ခြေချမိသည်နှင့် ကင်မရာကိုကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ရှေ့ကဆေးရုံကတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ချောက်ချားဖွယ်ရာဆေးရုံပဲဖြစ်ပါတယ်.. ညသန်းခေါင်ယံမှာ ပေါ်လာတတ်တဲ့ အော်သံစူးစူးတွေ၊ လူမရှိတဲ့စင်္ကြန်နံရံမှာ ပေါ်လာတတ်တဲ့ သွေးနဲ့ရေးထားတဲ့ စာလုံးတွေနဲ့ ပျောက်ဆုံးနေတဲ့ ဆေးရုံဒါရိုက်တာရယ်တို့က လူသိများပါတယ်.. တချို့ကတော့ ဒီဆေးရုံရဲ့အမှောင်ထောင့်မှာ ဆေးရုံဒါရိုက်တာရှိနေတုန်းလို့ သံသယရှိကြပါတယ်.."
Chen Ge က စကားပြောသည့်နေရာကို ကြည့်လိုက်တော့ ကြည့်ရှုသူတွေက သူပြောတာကို စိတ်မဝင်စားတာ သိရတော့ ချင်ကွမ်းတို့ Livestream နဲ့ နှိုင်းယှဉ်ပြောလိုက်သည်။
"သဘာဝလွန် livestream တွေထဲက တခြားတင်ဆက်သူတွေက ကျွန်တော်တို့ကို လိမ်ညာနေတယ်.. screen မှပြသတဲ့ပုံအရ အဲ့ဒီ host တွေက ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာ စွဲထင်ဖို့ ပုံပြင်တွေကို ဖန်တီးပြောကြတယ်.."
"မင်းဘာကိုပြောနေသလဲဆိုတာ ငါသိတယ်.. မင်းလက်ထဲကကြက်က ဘာလုပ်ဖို့လဲ.. စိတ်မရှိဘူးဆိုရင် ငါတို့ကို ပြောပြပါလား.. မင်းက သဘာဝလွန် livestream နဲ့ ဟင်းချက်တဲ့ show ကို ပေါင်းပြဖို့ ကြိုးစားနေတာလား.. မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ.."
"ညအချိန်မှာ စိတ်ရောဂါကုဆေးရုံထဲသွားတယ် ဟုတ်လား.. မင်းက ငါ့အကြိုက်နဲ့ တကယ်ကိုက်ညီတယ်.."
ကြည့်ရှုသူတွေက Chen Ge ပြောပြီးတာနဲ့ အပြန်အလှန်စနောက်ကာ ဝင်ပြောလာပေမယ့် ကြောက်လန့်တဲ့ပုံ မပေါ်ကြပေ။
"အသက်ရှင်နေတဲ့ကြက်က ညအချိန် မကောင်းတဲ့စွမ်းအင်ကို ကာကွယ်ပေးနိုင်တယ်.. ဒီည တကယ်ကြောက်ရွံ့စရာ ခံစားချက်ကို မင်းတို့ကို ခံစားခွင့်ပေးလိုက်မယ်.. ဒီနေရာကိုရောက်ဖို့ ကျွန်တော်တို့က ၂နာရီလောက် မောင်းခဲ့ရတယ်.. ခင်ဗျားတို့ ကြောက်နေပြီလား.."
Chen Ge ကပြောနေပေမယ့် ကြည့်ရှုသူတွေက စိတ်မဝင်စားကြသေးပေ။
"အဲ့ဒီမှာ ဘာကြောက်စရာ ရှိနေလို့လဲ။ ပထမ Host က သူ့ကားကို ပြင်နေပြီလို့တော့ ပြောတယ်.."
"ဝိုး.. အဲ့ဒီကြောင်က ချစ်စရာလေး.."
ကြည့်ရှုသူတွေနဲ့ စကားပြောပြီးတော့ Chen Ge က စိတ်ငြိမ်သွားပြီး ဆေးရုံကို သေချာ လှည့်ပတ်ကြည့်လိုက်သည်။ ဆေးရုံဧရိယာက အတော်ကျယ်ပြီး ဝင်ဝင်ချင်း လူနာတွေ လွတ်လပ်စွာသွားလာဖို့ ဘိလပ်မြေခင်းထားသည့် ကွက်လပ်တစ်ခုရှိကာ ထိုနေရာကလွဲရင် ကျန်နေရာတွေက ဒူးလောက်ထိပေါင်းမြက်တွေ ထူနေသည်။ ဆေးရုံတစ်ခုလုံး အုတ်နံရံမြင့်မြင့်နှင့် ကာရံထားသည်။
သူရှေ့ဆက်လာတော့ အဆောက်အဦး၃ခုကို '品' ပုံစံနဲ့ တည်ဆောက်ထားတာ တွေ့လိုက်ရသည်။ ဒုတိယအဆောက်အဦးက မြောက်ဘက်မှာရှိပြီး အဆောက်အဦး၃ခုကို စင်္ကြန်ဖြင့် ဆက်သွယ်ထားသည်။
"ပထမနဲ့ ဒုတိယအဆောက်အဦးက နေကိုမျက်နှာမူ တည်ဆောက်ထားလို့ သူတို့နဲ့ဝေးတဲ့တစ်ခုက တတိယအဆောက်အဦး ဖြစ်မယ်.. တတိယအဆောက်အဦးက လူနာတွေက နေရောင်ကို လုံးဝမရနိုင်ဘူးပေါ့.."
ဒီအဆောက်အဦး တည်နေရာနဲ့တင် သူ့ကို ကျောချမ်းစရာခံစားချက်ကို ပေးနေပြီ။ ဒါပေမယ့် မစ်ရှင်ပြီးဖို့နဲ့ သူ့မိဘတွေရဲ့သဲလွန်စကို ရှာဖို့ သူ ဒီည တတိယဖျားနာဆောင်ထဲကို ဝင်ဖို့လိုသည်။
Chen Ge လျှောက်လာတော့ သူ့နောက်ကနေ ကြောင်ဖြူလေးက လိုက်လာသည်။ သူက ပထမအဆောက်အဦးထဲ ဝင်ကြည့်ဖို့ အဝင်ဝကစတီးတံခါးကို တွန်းလိုက်တော့ အလွယ်တကူ ပွင့်သွားသည်။
"သော့ကပျက်နေတယ်.. စပရိန်က ပျက်နေတာဆိုတော့.. အတင်းဖျက်ခံထားရပုံပေါ်တယ်.."
အရင်မစ်ရှင် အတွေ့အကြုံတွေအရ သူက သော့ကိုမီးထိုးပြီး စစ်ဆေးရင်း ပြောလိုက်သည်။ Chen Ge က မှောင်နေတဲ့ကော်ရစ်ဒါကို မီးထိုးကြည့်ကာ စိတ်ထဲကတွေးလိုက်သည်။
"ဘယ်သူက သော့ဖျက်သွားတာလဲ.."
ဆေးရုံပိတ်သွားပြီးနောက် လူနာတစ်ယောက် ဒါမှမဟုတ် သူ့မိဘတွေက ပြန်လာခဲ့လို့ သော့ကိုဖျက်ခဲ့တာလား။
ပန်းခြံဒါရိုက်တာရဲ့ ပြောပြချက်အရ သူ့မိဘတွေက တတိယဖျားနာဆောင်ထဲကို ဝင်သွားပြီး ပျောက်သွားခဲ့တယ်။ ဒါ့အပြင် ချန်ထားခဲ့တဲ့ စာရွက်တွေအရ ဒီနေရာကို ညွှန်ပြနေတယ်။ ဒီနေရာက ဘယ်လိုထူးခြားမှုများ ရှိနေသလဲ Chen Ge လည်း မသိတော့ပေ။
သူ့မိဘတွေ ပျောက်ကွယ်သွားတော့ သွေးစွန်းတဲ့စာရွက်က ပေါ်လာခဲ့တယ်လို့ ဒါရိုက်တာလျှိုက ပြောခဲ့သည်။ သူ့မိဘတွေ တတိယဖျားနာဆောင်ထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ..။
Chen Ge က သံမဏိတံခါးကို ကျယ်ကျယ်ဖွင့်ကာ ဝင်လိုက်တော့ စင်္ကြန်လမ်းတလျှောက် စွန့်ပစ်အမှိုက်များနှင့် ခုတင်များစုပုံနေသည်။ ဒီနေရာက တချိန်က အတော်စည်ကားပြီး ကော်ရစ်ဒါတလျှောက်မှာ လူနာများစွာ အနားယူခဲ့ပုံရသည်။ ဒီဆေးရုံက ပုံမှန်ဆေးရုံနဲ့မတူဘဲ အထူး special ခန်းရယ်လို့မရှိဘဲ ကော်ရစ်ဒါတလျှောက်က အခန်းတွေက ဘာကိုကုသတဲ့အခန်းလဲဆိုတာ မသိနိုင်ပေ။ Chen Ge က ဒီထဲဝင်လာတော့ ဟိုင်မင်တိုက်ခန်းမှာရခဲ့သည့် ပုပ်အဲ့အဲ့အနံ့ကို ရလိုက်သည်။
"ဒီနေရာကို ဝင်လာခဲ့တာနဲ့ မကောင်းတဲ့ခံစားချက်က ပိုတိုးလာတယ်.."
ဒါက Chen Ge ရဲ့ ပထမဆုံး စိတ်ရောဂါကုဆေးရုံကို ရောက်ဖူးတာဖြစ်သည်။ သူ့မှာ အရင်လူနာက ရေးဆွဲခဲ့သည့် မြေပုံကြမ်းတစ်ခုသာ လမ်းညွှန်ချက်အနေနဲ့ ရှိနေသည်။
"ဒီအဆောက်အဦး၃ခုကို ဒီဇိုင်းဆွဲထားပုံက အတူတူဖြစ်လောက်တယ်.. ပထမအဆောင်က အန္တရာယ်အနည်းဆုံး ဖြစ်လောက်တယ်.. ဒါကြောင့် ငါ့ဘာသာလျှောက်ကြည့်ပြီး နေရာအနေအထားကို ရင်းနှီးအောင်လုပ်ထားရမယ်.."
သူခြေလှမ်းလိုက်တာနဲ့ ကြောင်ဖြူက သူ့ပုခုံးပေါ်ခုန်တက်လိုက်ပြီး သူ့ကို တစ်ခုခုပြောချင်ပုံရပေမယ့် Chen Ge က သဘောမပေါက်ပေ။
"ကြောင်ဖြူက သူ့သဘောနဲ့သူ ငါ့နားကို နီးနီးကပ်ကပ်လာတာ ပထမဆုံးပဲ.. သူက ဘာကိုသတိထားမိလို့လဲ.. ကြောက်လို့လား.. ဒါမှမဟုတ် တခြားဟာများလား.."
Chen Ge ဟောခန်းထဲလျှောက်ဝင်သွားတော့ သူ့ခြေထောက်အောက်မှာ နင်းမိလို့ တဂျွတ်ဂျွတ်သံကြားရလို့ ငုံ့ကြည့်တော့ ပိုးကောင်အသေတွေကို တွေ့လိုက်ရသည်။ ဒီ hall က လူမလာတာကြာနေပြီ။ ဘယ်သူက spray သုံးပြီး ပိုးကောင်တွေကို သတ်ထားတာလဲ။
ခန်းမထဲက အခန်းအားလုံးက ပွင့်နေပြီး အခန်းဒီဇိုင်းတွေက အကုန် တစ်ပုံစံတည်းဖြစ်သည်။ အခန်းကျဉ်းတွေထဲမှာ တစ်ယောက်အိပ်ခုတင်တွေကလွဲပြီး ဘာမှမရှိပေ။
"ဒီဆေးရုံလည်ပတ်ချိန်က လူနာဘယ်လောက်တောင် တက်ရောက်ကုသခဲ့တာလဲ.."
အခန်းတစ်ခုထဲဝင်လိုက်တော့ တစ်ယောက်အိပ် သစ်သားခုတင် ၄လုံး ထည့်ထားတာတွေ့ရပြီး ဟိုဟိုသည်သည် လှည့်ပတ်ကြည့်လိုက်သည်။ သူမတ်တပ်ရပ်သည့် နေရာကလွဲပြီး နေရာလွတ်မရှိပေ။
"ဒီလိုအခန်းကျဉ်းလေးမှာ နေဝင်နေထွက် နေရသ၍ ဘယ်လိုလုပ် ပုံမှန်လူလို ပြန်ဖြစ်လာနိုင်တော့မှာလဲ.."
Chen Ge က ထွက်လာပြီး ရှေ့ဆက်လာစဉ် လမ်းဆုံးတစ်ခုကို ရောက်လာသည်။ သူနာပြုကောင်တာနဲ့တူသော နေရာတစ်ခုရှိပြီး ကောင်တာပေါ်မှာ လူနာ,နာမည်ပါတဲ့ ဆေးပုလင်းနဲ့ ကဒ်တွေကို တွေ့လိုက်ရသည်။
"ဆေးထုတ်ဖို့ လူနာတွေက နေ့တိုင်း ဒီကိုလာရပုံပေါ်တယ်.."
Chen Ge က ထိုကောင်တာကို ကြည့်လိုက်စဉ် မရှိသင့်သောပစ္စည်းနှစ်ခုကို တွေ့လိုက်ရသည်။ ထိုကောင်တာထဲမှာ ခွေးအလတ်ဆိုဒ် ဆန့်နိုင်သည့် သံလှောင်ချိုင့်၂ခုကို တွေ့လိုက်ရသည်။
"ဒီလှောင်ချိုင့်တွေက ဘာကြောင့်ရောက်နေတာလဲ.."
Chen Ge က ကောင်တာထဲကို ဓာတ်မီးထိုးကြည့်တော့ လှောင်ချိုင့်ထဲမှာ တစ်ဝက်ကျက်နေသည့် အမွှေးပါသောဘဲတစ်ကောင်ကို တွေ့လိုက်ရသည်။
"ပျက်စီးနေတဲ့ လက္ခဏာမရှိဘူးဆိုတော့ ဒီဘဲကို လှောင်ချိုင့်ထဲထည့်ထားတာ မကြာသေးဘူးဆိုတဲ့သဘောပဲ.. ငါ့အပြင် ဒီဆေးရုံထဲမှာ တခြားလူတွေ ရှိနေတာပေါ့.."
Chen Ge က လက်ထဲကတူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နံရံကိုမှီကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
***-***
Chapter (154) - ေခြးေလွာင္ခ်ိဳင့္လား..?
စိတ္က်န္းမာေရးေဆး႐ုံနဲ႔ ႐ိုး႐ိုးေဆး႐ုံၾကားက လူနာကိုဆက္ဆံပုံနဲ႔ ကုသပုံကြာဟခ်က္က တကယ္ကို ႀကီးပါတယ္။ စိတ္ေရာဂါကုေဆး႐ုံမွာ နာမည္ပ်က္ပိုမ်ားေလ့ရွိသည္။ ဒါကိုေတာ့ ဘယ္သူမွ ျငင္းမရပါဘူး။ ဒီေဆး႐ုံမွာ တက္ေရာက္ကုသတဲ့သူေတြက မွားသလား၊ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ကပဲ မွားေနသလားဆိုတာ ဘယ္သူမွ မသိႏိုင္ၾကပါဘူး။
Chen Ge က ေဆး႐ုံဝင္းထဲကို ေျခခ်မိသည္ႏွင့္ ကင္မရာကိုၾကည့္ကာ ေျပာလိုက္သည္။
"ကြၽန္ေတာ့္ေရွ႕ကေဆး႐ုံကေတာ့ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ေခ်ာက္ခ်ားဖြယ္ရာေဆး႐ုံပဲျဖစ္ပါတယ္.. ညသန္းေခါင္ယံမွာ ေပၚလာတတ္တဲ့ ေအာ္သံစူးစူးေတြ၊ လူမရွိတဲ့စၾကၤန္နံရံမွာ ေပၚလာတတ္တဲ့ ေသြးနဲ႔ေရးထားတဲ့ စာလုံးေတြနဲ႔ ေပ်ာက္ဆုံးေနတဲ့ ေဆး႐ုံဒါ႐ိုက္တာရယ္တို႔က လူသိမ်ားပါတယ္.. တခ်ိဳ႕ကေတာ့ ဒီေဆး႐ုံရဲ႕အေမွာင္ေထာင့္မွာ ေဆး႐ုံဒါ႐ိုက္တာရွိေနတုန္းလို႔ သံသယရွိၾကပါတယ္.."
Chen Ge က စကားေျပာသည့္ေနရာကို ၾကည့္လိုက္ေတာ့ ၾကည့္ရႈသူေတြက သူေျပာတာကို စိတ္မဝင္စားတာ သိရေတာ့ ခ်င္ကြမ္းတို႔ Livestream နဲ႔ ႏႈိင္းယွဥ္ေျပာလိုက္သည္။
"သဘာဝလြန္ livestream ေတြထဲက တျခားတင္ဆက္သူေတြက ကြၽန္ေတာ္တို႔ကို လိမ္ညာေနတယ္.. screen မွျပသတဲ့ပုံအရ အဲ့ဒီ host ေတြက ၾကည့္ရႈသူေတြရဲ႕စိတ္ထဲမွာ စြဲထင္ဖို႔ ပုံျပင္ေတြကို ဖန္တီးေျပာၾကတယ္.."
"မင္းဘာကိုေျပာေနသလဲဆိုတာ ငါသိတယ္.. မင္းလက္ထဲကၾကက္က ဘာလုပ္ဖို႔လဲ.. စိတ္မရွိဘူးဆိုရင္ ငါတို႔ကို ေျပာျပပါလား.. မင္းက သဘာဝလြန္ livestream နဲ႔ ဟင္းခ်က္တဲ့ show ကို ေပါင္းျပဖို႔ ႀကိဳးစားေနတာလား.. မင္းရဲ႕ရည္႐ြယ္ခ်က္က ဘာလဲ.."
"ညအခ်ိန္မွာ စိတ္ေရာဂါကုေဆး႐ုံထဲသြားတယ္ ဟုတ္လား.. မင္းက ငါ့အႀကိဳက္နဲ႔ တကယ္ကိုက္ညီတယ္.."
ၾကည့္ရႈသူေတြက Chen Ge ေျပာၿပီးတာနဲ႔ အျပန္အလွန္စေနာက္ကာ ဝင္ေျပာလာေပမယ့္ ေၾကာက္လန႔္တဲ့ပုံ မေပၚၾကေပ။
"အသက္ရွင္ေနတဲ့ၾကက္က ညအခ်ိန္ မေကာင္းတဲ့စြမ္းအင္ကို ကာကြယ္ေပးႏိုင္တယ္.. ဒီည တကယ္ေၾကာက္႐ြံ႕စရာ ခံစားခ်က္ကို မင္းတို႔ကို ခံစားခြင့္ေပးလိုက္မယ္.. ဒီေနရာကိုေရာက္ဖို႔ ကြၽန္ေတာ္တို႔က ၂နာရီေလာက္ ေမာင္းခဲ့ရတယ္.. ခင္ဗ်ားတို႔ ေၾကာက္ေနၿပီလား.."
Chen Ge ကေျပာေနေပမယ့္ ၾကည့္ရႈသူေတြက စိတ္မဝင္စားၾကေသးေပ။
"အဲ့ဒီမွာ ဘာေၾကာက္စရာ ရွိေနလို႔လဲ။ ပထမ Host က သူ႔ကားကို ျပင္ေနၿပီလို႔ေတာ့ ေျပာတယ္.."
"ဝိုး.. အဲ့ဒီေၾကာင္က ခ်စ္စရာေလး.."
ၾကည့္ရႈသူေတြနဲ႔ စကားေျပာၿပီးေတာ့ Chen Ge က စိတ္ၿငိမ္သြားၿပီး ေဆး႐ုံကို ေသခ်ာ လွည့္ပတ္ၾကည့္လိုက္သည္။ ေဆး႐ုံဧရိယာက အေတာ္က်ယ္ၿပီး ဝင္ဝင္ခ်င္း လူနာေတြ လြတ္လပ္စြာသြားလာဖို႔ ဘိလပ္ေျမခင္းထားသည့္ ကြက္လပ္တစ္ခုရွိကာ ထိုေနရာကလြဲရင္ က်န္ေနရာေတြက ဒူးေလာက္ထိေပါင္းျမက္ေတြ ထူေနသည္။ ေဆး႐ုံတစ္ခုလုံး အုတ္နံရံျမင့္ျမင့္ႏွင့္ ကာရံထားသည္။
သူေရွ႕ဆက္လာေတာ့ အေဆာက္အဦး၃ခုကို '品' ပုံစံနဲ႔ တည္ေဆာက္ထားတာ ေတြ႕လိုက္ရသည္။ ဒုတိယအေဆာက္အဦးက ေျမာက္ဘက္မွာရွိၿပီး အေဆာက္အဦး၃ခုကို စၾကၤန္ျဖင့္ ဆက္သြယ္ထားသည္။
"ပထမနဲ႔ ဒုတိယအေဆာက္အဦးက ေနကိုမ်က္ႏွာမူ တည္ေဆာက္ထားလို႔ သူတို႔နဲ႔ေဝးတဲ့တစ္ခုက တတိယအေဆာက္အဦး ျဖစ္မယ္.. တတိယအေဆာက္အဦးက လူနာေတြက ေနေရာင္ကို လုံးဝမရႏိုင္ဘူးေပါ့.."
ဒီအေဆာက္အဦး တည္ေနရာနဲ႔တင္ သူ႔ကို ေက်ာခ်မ္းစရာခံစားခ်က္ကို ေပးေနၿပီ။ ဒါေပမယ့္ မစ္ရွင္ၿပီးဖို႔နဲ႔ သူ႔မိဘေတြရဲ႕သဲလြန္စကို ရွာဖို႔ သူ ဒီည တတိယဖ်ားနာေဆာင္ထဲကို ဝင္ဖို႔လိုသည္။
Chen Ge ေလွ်ာက္လာေတာ့ သူ႔ေနာက္ကေန ေၾကာင္ျဖဴေလးက လိုက္လာသည္။ သူက ပထမအေဆာက္အဦးထဲ ဝင္ၾကည့္ဖို႔ အဝင္ဝကစတီးတံခါးကို တြန္းလိုက္ေတာ့ အလြယ္တကူ ပြင့္သြားသည္။
"ေသာ့ကပ်က္ေနတယ္.. စပရိန္က ပ်က္ေနတာဆိုေတာ့.. အတင္းဖ်က္ခံထားရပုံေပၚတယ္.."
အရင္မစ္ရွင္ အေတြ႕အႀကဳံေတြအရ သူက ေသာ့ကိုမီးထိုးၿပီး စစ္ေဆးရင္း ေျပာလိုက္သည္။ Chen Ge က ေမွာင္ေနတဲ့ေကာ္ရစ္ဒါကို မီးထိုးၾကည့္ကာ စိတ္ထဲကေတြးလိုက္သည္။
"ဘယ္သူက ေသာ့ဖ်က္သြားတာလဲ.."
ေဆး႐ုံပိတ္သြားၿပီးေနာက္ လူနာတစ္ေယာက္ ဒါမွမဟုတ္ သူ႔မိဘေတြက ျပန္လာခဲ့လို႔ ေသာ့ကိုဖ်က္ခဲ့တာလား။
ပန္းၿခံဒါ႐ိုက္တာရဲ႕ ေျပာျပခ်က္အရ သူ႔မိဘေတြက တတိယဖ်ားနာေဆာင္ထဲကို ဝင္သြားၿပီး ေပ်ာက္သြားခဲ့တယ္။ ဒါ့အျပင္ ခ်န္ထားခဲ့တဲ့ စာ႐ြက္ေတြအရ ဒီေနရာကို ၫႊန္ျပေနတယ္။ ဒီေနရာက ဘယ္လိုထူးျခားမႈမ်ား ရွိေနသလဲ Chen Ge လည္း မသိေတာ့ေပ။
သူ႔မိဘေတြ ေပ်ာက္ကြယ္သြားေတာ့ ေသြးစြန္းတဲ့စာ႐ြက္က ေပၚလာခဲ့တယ္လို႔ ဒါ႐ိုက္တာလွ်ိဳက ေျပာခဲ့သည္။ သူ႔မိဘေတြ တတိယဖ်ားနာေဆာင္ထဲမွာ ဘာေတြျဖစ္ခဲ့တာလဲ..။
Chen Ge က သံမဏိတံခါးကို က်ယ္က်ယ္ဖြင့္ကာ ဝင္လိုက္ေတာ့ စၾကၤန္လမ္းတေလွ်ာက္ စြန႔္ပစ္အမႈိက္မ်ားႏွင့္ ခုတင္မ်ားစုပုံေနသည္။ ဒီေနရာက တခ်ိန္က အေတာ္စည္ကားၿပီး ေကာ္ရစ္ဒါတေလွ်ာက္မွာ လူနာမ်ားစြာ အနားယူခဲ့ပုံရသည္။ ဒီေဆး႐ုံက ပုံမွန္ေဆး႐ုံနဲ႔မတူဘဲ အထူး special ခန္းရယ္လို႔မရွိဘဲ ေကာ္ရစ္ဒါတေလွ်ာက္က အခန္းေတြက ဘာကိုကုသတဲ့အခန္းလဲဆိုတာ မသိႏိုင္ေပ။ Chen Ge က ဒီထဲဝင္လာေတာ့ ဟိုင္မင္တိုက္ခန္းမွာရခဲ့သည့္ ပုပ္အဲ့အဲ့အနံ႔ကို ရလိုက္သည္။
"ဒီေနရာကို ဝင္လာခဲ့တာနဲ႔ မေကာင္းတဲ့ခံစားခ်က္က ပိုတိုးလာတယ္.."
ဒါက Chen Ge ရဲ႕ ပထမဆုံး စိတ္ေရာဂါကုေဆး႐ုံကို ေရာက္ဖူးတာျဖစ္သည္။ သူ႔မွာ အရင္လူနာက ေရးဆြဲခဲ့သည့္ ေျမပုံၾကမ္းတစ္ခုသာ လမ္းၫႊန္ခ်က္အေနနဲ႔ ရွိေနသည္။
"ဒီအေဆာက္အဦး၃ခုကို ဒီဇိုင္းဆြဲထားပုံက အတူတူျဖစ္ေလာက္တယ္.. ပထမအေဆာင္က အႏၲရာယ္အနည္းဆုံး ျဖစ္ေလာက္တယ္.. ဒါေၾကာင့္ ငါ့ဘာသာေလွ်ာက္ၾကည့္ၿပီး ေနရာအေနအထားကို ရင္းႏွီးေအာင္လုပ္ထားရမယ္.."
သူေျခလွမ္းလိုက္တာနဲ႔ ေၾကာင္ျဖဴက သူ႔ပုခုံးေပၚခုန္တက္လိုက္ၿပီး သူ႔ကို တစ္ခုခုေျပာခ်င္ပုံရေပမယ့္ Chen Ge က သေဘာမေပါက္ေပ။
"ေၾကာင္ျဖဴက သူ႔သေဘာနဲ႔သူ ငါ့နားကို နီးနီးကပ္ကပ္လာတာ ပထမဆုံးပဲ.. သူက ဘာကိုသတိထားမိလို႔လဲ.. ေၾကာက္လို႔လား.. ဒါမွမဟုတ္ တျခားဟာမ်ားလား.."
Chen Ge ေဟာခန္းထဲေလွ်ာက္ဝင္သြားေတာ့ သူ႔ေျခေထာက္ေအာက္မွာ နင္းမိလို႔ တဂြၽတ္ဂြၽတ္သံၾကားရလို႔ ငုံ႔ၾကည့္ေတာ့ ပိုးေကာင္အေသေတြကို ေတြ႕လိုက္ရသည္။ ဒီ hall က လူမလာတာၾကာေနၿပီ။ ဘယ္သူက spray သုံးၿပီး ပိုးေကာင္ေတြကို သတ္ထားတာလဲ။
ခန္းမထဲက အခန္းအားလုံးက ပြင့္ေနၿပီး အခန္းဒီဇိုင္းေတြက အကုန္ တစ္ပုံစံတည္းျဖစ္သည္။ အခန္းက်ဥ္းေတြထဲမွာ တစ္ေယာက္အိပ္ခုတင္ေတြကလြဲၿပီး ဘာမွမရွိေပ။
"ဒီေဆး႐ုံလည္ပတ္ခ်ိန္က လူနာဘယ္ေလာက္ေတာင္ တက္ေရာက္ကုသခဲ့တာလဲ.."
အခန္းတစ္ခုထဲဝင္လိုက္ေတာ့ တစ္ေယာက္အိပ္ သစ္သားခုတင္ ၄လုံး ထည့္ထားတာေတြ႕ရၿပီး ဟိုဟိုသည္သည္ လွည့္ပတ္ၾကည့္လိုက္သည္။ သူမတ္တပ္ရပ္သည့္ ေနရာကလြဲၿပီး ေနရာလြတ္မရွိေပ။
"ဒီလိုအခန္းက်ဥ္းေလးမွာ ေနဝင္ေနထြက္ ေနရသ၍ ဘယ္လိုလုပ္ ပုံမွန္လူလို ျပန္ျဖစ္လာႏိုင္ေတာ့မွာလဲ.."
Chen Ge က ထြက္လာၿပီး ေရွ႕ဆက္လာစဥ္ လမ္းဆုံးတစ္ခုကို ေရာက္လာသည္။ သူနာျပဳေကာင္တာနဲ႔တူေသာ ေနရာတစ္ခုရွိၿပီး ေကာင္တာေပၚမွာ လူနာ,နာမည္ပါတဲ့ ေဆးပုလင္းနဲ႔ ကဒ္ေတြကို ေတြ႕လိုက္ရသည္။
"ေဆးထုတ္ဖို႔ လူနာေတြက ေန႔တိုင္း ဒီကိုလာရပုံေပၚတယ္.."
Chen Ge က ထိုေကာင္တာကို ၾကည့္လိုက္စဥ္ မရွိသင့္ေသာပစၥည္းႏွစ္ခုကို ေတြ႕လိုက္ရသည္။ ထိုေကာင္တာထဲမွာ ေခြးအလတ္ဆိုဒ္ ဆန႔္ႏိုင္သည့္ သံေလွာင္ခ်ိဳင့္၂ခုကို ေတြ႕လိုက္ရသည္။
"ဒီေလွာင္ခ်ိဳင့္ေတြက ဘာေၾကာင့္ေရာက္ေနတာလဲ.."
Chen Ge က ေကာင္တာထဲကို ဓာတ္မီးထိုးၾကည့္ေတာ့ ေလွာင္ခ်ိဳင့္ထဲမွာ တစ္ဝက္က်က္ေနသည့္ အေမႊးပါေသာဘဲတစ္ေကာင္ကို ေတြ႕လိုက္ရသည္။
"ပ်က္စီးေနတဲ့ လကၡဏာမရွိဘူးဆိုေတာ့ ဒီဘဲကို ေလွာင္ခ်ိဳင့္ထဲထည့္ထားတာ မၾကာေသးဘူးဆိုတဲ့သေဘာပဲ.. ငါ့အျပင္ ဒီေဆး႐ုံထဲမွာ တျခားလူေတြ ရွိေနတာေပါ့.."
Chen Ge က လက္ထဲကတူကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း နံရံကိုမွီကာ တစ္ေယာက္တည္း ေရ႐ြတ္လိုက္သည္။
***-***
YOU ARE READING
သရဲအိမ္ထဲမွ ဖူးစာရွင္
HorrorGenre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy