ချစ်လှစွာသော 💛💚(အပိုင်း၁)

4K 138 3
                                    

Unicode ~

A(1985 နိုင်ငံအရေးတော်ပုံ)

"အကိုလေးရေ သတင်းစာမှာတော့A(1985နိုင်ငံအရေးတော်ပုံ)ဆိုပြီးပါလာပြီ...ဒါသက်သက်ကျွန်တော်တို့နိုင်ငံရေးသမားတွေကိုစစ်ကြေညာလိုက်တာပဲစစ်တပ်က"

သောက်နေတဲ့ကော်ဖီခွက်ကိုခဏချလိုက်ပြီး
ဂန်မင်ယောင်းပေးတဲ့သတင်းစာကိုဆွဲယူလိုက်သည်..ထို့နောက်ဖတ်ကြည့်ပြီး

"ငါတို့အသက်အရွယ်နဲ့နိုင်ငံရေးသမားခေါ်မထိုက်ဖူးမလား?21နှစ်ဆိုတော့လေ...ဘာပဲဖြစ်ဖြစ်ငါတို့ကရှေ့ကနေဦးဆောင်ပြီးတိုက်ထုတ်မှနောင်လာနောင်သားတွေဖို့ကောင်းမှာမဟုတ်လား?အင်းးးငါတို့လူမှန်းသိတတ်စအရွယ်ထဲကဖြစ်ခဲ့တဲ့အာဏာပိုင်တွေနဲ့ပြည်သူတွေရဲ့တိုက်ပွဲကပြီးမှမပြီးသေးဘဲ...ခုငါတို့ကဦးဆောင်တာပေါ့..ငါမြို့ထဲခဏသွားမယ်ဆိုင်ကယ်ထုတ်ထားပေး"

ကင်မ်ထယ်ယောင်းသည်အသက်အရွယ်နဲ့မလိုက်ဖက်စွာရင့်ကျက်တည်ငြိမ်သူဖြစ်သည်..။သူ့အတွက်ဘာမှမလို...သူ့နေတဲ့တိုင်းပြည်ရဲ့လွတ်လပ်ရေးကိုစစ်တပ်နဲ့ခရိုနီတွေဆီကပြန်ရဖို့ရယ်...သူ့တစ်ဦးတည်းသောကိုပြန်ရှာဖို့ရယ်...ကျန်တာစိတ်မကူးသူ..။

"ဟုတ်ကဲ့အကိုလေး"

အကိုလေးထယ်ဟျောင်းကဒီနယ်မြို့ရဲ့သူဠေး...နယ်မြို့တစ်မြို့လုံးရဲ့အရှင်သခင်ပဲ...ခရိုနီတွေဥိးဆောင်ထားတဲ့အယုတ်တမာစစ်တပ်ရဲ့ရက်စက်ညှင်းပန်းမှုတွေကဆယ်စုနှစ်ကျော်ကျော်ထိ...နယ်မြို့လေးကမြို့ကအစားအသောက်တွေစားနိုင်ဖို့အလုံအလောက်ပိုက်ဆံမရှိဘူး အဲ့အပြင်ခရိုနီတွေကနိုင်ထက်စီးနင်းလုပ်တတ်သေးတယ်..ဒါကိုအကိုလေးထယ်ဟျောင်းကသာကူညီဖြေရှင်းပေးတတ်တယ်..ပိုက်ဆံကိုရှိတဲ့အချိန်ပေး ဆိုပြီးချေးငွေတွေထုတ်ပေးတတ်တယ်...တစ်လတစ်ခါလည်းစားဖို့ဆန်တွေ၊ဆီတွေ၊သိုလှောင်စရာအစားအသောက်တွေလှူပေးနေကြ၊ခရိုနီတွေနဲ့အကိုလေးထယ်ဟျောင်းကမဟာမိတ်ဖွဲ့ထားတယ်...ဒါပေမဲ့အကိုလေးထယ်ဟျောင်းကခရိုနျိတွေနဲ့စစ်တပ်ရဲ့ပူးပေါင်းမှုကိုတိတ်တဆိတ်ဖြိုခွဲဖို့ကြိုးစားနေတယ်.ခရိုနီတွေနဲ့စစ်တပ်နဲ့လမ်းကွဲရင်တိုင်းပြည်လွတ်လပ်ရေးပြန်ရဖို့ပိုအဆင်ပြေသွားပြီ....ခုဖြစ်နေတဲ့ပြည်သူတွေနဲ့စစ်တပ်ရဲ့တိုက်ပွဲတွေကြားမှာလည်းအကိုထယ်ဟျောင်းကပြည်သူတွေဘက်ကတိတ်တစိတ်ကူညီပေးနေတယ်..တကယ်တော့အကိုထယ်ဟျောင်းသူဠေးသားလေးကဒီနယ်မြို့လေးရဲ့အာဏာပိုင်စစ်တပ်ကခန့်ပေးထားတဲ့အသက်အငယ်ဆုံးသောမြို့တော်ဝန်ကြီး..စစ်တပ်ဘက်ကလူယုံမဟုတ်သောလူယုံ

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Donde viven las historias. Descúbrelo ahora