ချစ်လှစွာသော💛💚 (အပိုင်း-၁၀)

450 57 9
                                    

Unicode

အိမ်မက်ထဲမှာအစုံအဆန်ကိုပြေးနေခဲ့တာ။ တစ်စုံတစ်ခုကိုလိုက်ရှာနေခဲ့တာ ဘာလဲ ဘယ်လိုမျိုးလဲ ကျွန်တော်အနာဂတ်တစ်ခုမှာအရာတစ်ခုကိုဆုံးရှုံးရမဲ့အိမ်မက်မှန်းသိရင် အဲ့နေ့ကမမက်ခဲ့ပါဘူးဗျာ။

^^^^^^^^^^

"ဟင် ကိုကိုငယ်"

ကျွန်တော်ဖြင့်ယောင်ယမ်းစွာပါးစပ်ကထွက်လာသောအခါ ပြူးကြောင်စွာ

အိမ်မက်တွေကဆိုးဝါးလွန်းတယ် ကျွန်တော်ကပျောက်နေတဲ့အနာဂတ်ကိုရှာနေတာတဲ့ ဘာကိုလဲ အနာဂတ်ဆိုတာကျွန်တော်မှမဟုတ်ဘူး လူတိုင်းမသိရဘူးလေ ရှာစရာမလိုဘူး ကိုယ်တိုင်ပဲအဲ့အနာဂတ်ကိုဖန်တီးရမှာ။

"ဘယ်လိုခေါ်လိုက်တာ"

"ကို...ကိုကိုငယ်"

ဂျီမင်ဆက်ဟန်မဆောင်ချင်တော့ပါ။ အိမ်မက်ထဲမယ်တစ်ယောက်ယောက်က မင်းသူ့ကိုဟန်ဆောင်မနေပဲပြောလိုက်ပါတော့လို့ပြောနေသလိုမျိုး ကျွန်တော်လည်းပြောခဲ့ပါပြီ ကိုကိုငယ်လို့။

"ဂျီလုံး..."

"အင်း!"

အင့်!

ကုတင်ပေါ်ကနေထကာ ကိုကိုငယ်ကိုတင်းကျပ်နေအောင်ဖက်လိုက်သည်။ ပြောချင်နေတာ လွမ်းတဲ့အကြောင်းတွေပြောချင်နေတာ မမြင်နိုင်အောင်ကိုယ့်ဟာကိုစည်းလေးတွေချထားရင်း ဘယ်သူအရင်စခေါ်မလဲမျှော်ခဲ့ကြတာ။ ခုကျတော့ရော ဘယ်သူကစခေါ်လို့ခေါ်မှန်းလည်းမသိတော့ပါဘူး။

အဲ့ညက ကျွန်တော်က အိမ်မက်ဆိုးကြောင့်စိတ်ညစ်ရင်း ကိုကိုငယ်ကြောင့်နွေးထွေးသွားရတာ ဆေးပဲ ကိုကိုငယ်ကဆေးလေး မမြင်ချင်ယောင်ထပ်ဆောင်လို့မရမဲ့သူ့အားဆေးလေး။

ကိုကိုငယ်အဲ့နေ့က ပြဿနာတွေတက်ပြီး စိတ်တွေအရမ်းပျက်နေခဲ့တာ။ ဂျီလုံးကသူ့ရင်ခွင်ထဲ ကိုကိုငယ်လို့ခေါ်ပြီးပြန်လာတာနဲ့တင် ပျော်ပြီးစိတ်ထဲဘာမှမရှိတော့တာ။ ကံကြမ္မာ ဘာတွေဘယ်လိုလုပ်နေလဲမသိပါဘူး။ လွယ်လွယ်လေးပြန်တွေ့ရပြီးလွယ်လွယ်လေးပြန်သိကြရပြန်ပြီ။ ကျွန်တော်သူ့ကိုချစ်မဲ့အကြောင်းပြောမဲ့အချိန်ကျရင်တော့မခက်လောက်ဘူးမလား။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now