ချစ်လှစွာသော💛💚(အပိုင်း-၁၁)

401 50 7
                                    

Unicode

"ဖြေးဖြေး မောင်း ဖြေးဖြေးမောင်းပါဆို!"

နောက်ကနေခါးကိုအသေဖက်ထားကာ အကြောက်အလန့်အော်နေသူအား ဆိုင်ကယ်မှန်ကကြည့်ကာရယ်ချင်လာသည်။

ဆိုင်ကယ်ဦးထုတ်ကကြိုးတပ်ထားတာမို့ပါးကိုညစ်ထားသလိုဖြစ်ကာ နဂိုထပ်ပိုဖောင်းနေသလို။ အကြောက်အလန့်ကြီးနေသောကောင်လေးမှာ သူဝတ်ပေးထားသော သရေဂျက်ကတ်အနက်နဲ့လည်းဘယ်လိုလေးလည်းပင်မသိ။ ကလေးဂိုဏ်းခေါင်းဆောင်ပေါက်စနဲ့တူနေသည်။

"ပျော်လား!!"

တဝူးဝူးနဲ့အမြန်မောင်းနေတာမို့ လေတွေကအရမ်းတိုးနေပြီးနားတွေအူနေမှာမို့အကျယ်ကြီးအော်ပြောလိုက်သည်။ အဝေးပြေးလမ်းမမှာဘယ်သူမှမရှိ ကားတွေတစ်စီးစ နှစ်စီးစ ဖြတ်သွားရုံကလွဲ သူတို့သာရှိသည်။

"ပျော်တယ် ကြောက်လည်းကြောက်တယ် အရှိန်လျှော့ပါအုံး"

တိုက်သောလေသည် မျက်နှာရောလက်တွေရောအေးစက်စေကာ သရေဂျက်ကတ်တောင်အအေးဒဏ်ကိုမခံနိုင်တော့။

ခဏအကြာတော့အိမ်ပြန်ရောက်လာသည်။ ဆိုင်ကယ်ပတ်စီးပြီးနောက် ဂျီမင်သည် တခိုက်ခိုက်တုန်ကာ အိမ်ထဲဝင်သွားသည်။

"ဂျီလုံးရေ ရေချိုးအုံးမလို့လား"

"ဘယ်လိုလုပ်ချိုးနိုင်တော့မှာလဲ အဲ့လောက်အေးစက်နေပြီကို"

သူလည်းရယ်လျက်သာ ဆိုင်ကယ်ကိုနေရာတကျရပ်ကာ ရေပိုက်ယူလိုက်သည်။ ထို့နောက်ဆိုင်ကယ်ကိုရေဆေးနေလိုက်သည်။ မြို့အဝင်နားက ရွှံ့လမ်းမို့ရွှံ့တွေပေကျန်နေရောလေ။

အိမ်ထဲဝင်လာတော့ စောင်ကြီးခြုံကာ စတော်ဘယ်ရီတွေစားရင်း တီဘီကြည့်နေသည်။

"အဲ့လောက်တော့မချမ်းတော့ပါဘူးကွာ"

"ကိုကိုငယ်ကစီးနေကြလေ ဒီမှာကချမ်းလို့သေတော့မယ် စောင်ခြုံပြီးတီဘီကြည့်နေလို့သာနွေးလာတာ"

စောင်ကိုခေါင်းထိခြုံပြီးမျက်နှာလေးသာဖော်ထားတာမို့ဘယ်လိုလေးလဲပင်မသိ စတော်ဘယ်ရီလေးနဲ့ပင်တူလာသည်။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now