Unicode
မနေ့ကတစ်နေ့လုံးဂန်မင်ယောင်းအိမ်သို့မလာတာကြောင့်ဖုန်းဆက်ရန်သာပြင်လိုက်သည်.....။ဧည့်ခန်းကကြိုးဖုန်းလေးဆီသွားရင်ရီသံခပ်လွင့်လွင့်လေးကိုကြားလိုက်ရသည်.....အေးချမ်းလိုက်တာ... ~
"ဟုတ်....သားကလည်းဖေဖေ့ကိုရောမေမေ့ကိုရောသတိရပါတယ်....သားနောက်လကျရင်လာလည်ပါ့မယ်....ဟုတ်ကဲ့ပါဖေဖေရဲ့....အရမ်းချစ်တယ်နော်...အာ....အဆင်ပြေပါတယ်....ဖေဖေရောမေမေရောကျန်းမာရေးဂရုစိုက်နော်...ကိုကိုငယ်ကိုသားရှာတွေ့တော့မယ်ထင်တယ်"
-ကိုကိုငယ်ကိုသားရှာတွေ့တော့မယ်ထင်တယ်-ဆိုတဲ့နေရာရောက်တော့သူ့ဘက်လှည့်ကြည့်တာမို့မဆီမဆိုင်မလုံမလဲဖြစ်ရသေးသည်......။
"ဟုတ်ဒါပဲနော်...Nae.....အာဘွား...မွမွ"
ဖုန်းကြီးကိုပါတမွမွလုပ်နေသေးသည်.....
ဖုန်းချလိုက်ပြီးနောက်...."သူများဖုန်းကိုများပိုင်ဆိုးပိုင်နက်နဲ့...."
"ဘာဖြစ်လဲမကျေနပ်ဘူးလား...ဖုန်းကဒါပဲရှိတာလေ...မကျေနပ်လည်းဆက်တယ်..ဘာလာဘာလာ"
လျှာပါထုတ်ပြသွားသေးသည်.....ဆေးခန်းကဆောက်လို့မပြီးနိုင်မဆီးနိုင်....အခန်းအကျဥ်းလိုနေရာဆောက်တာဘာတွေများကြာနေရသည်နည်း....?
"ဟေ့...!ပြီးရင်စတော်ဘယ်ရီတွေကိုသွားခူးရမှာနော်...လိုက်ခဲ့အုံး....ဟေ့ကြားလား"
"ကြားတယ်..ကြားတယ်!"
အပေါ်ထပ်ကခပ်စွာစွာအသံလေးကိုမြတ်နိုးရပြန်သည်....ဂျီလုံးကငယ်ငယ်ကနဲ့ဘာတစ်ခုမှမပြောင်းလဲဘူး.....ငယ်ငယ်ကလည်းကိုကိုငယ်ကိုရင်ခုန်စေခဲ့သလို....ခုလည်းရင်ဘတ်ကိုဆွဲလှုပ်ခတ်နိုင်သည်....။
ဂျီလုံးကိုရှာတွေ့ပြီဆိုပြီးဘာလို့မခေါ်တာလည်းမေးရင်....ဂျီလုံးကိုသူ့ဘာသာသိစေချင်တာကြောင့်ဖြစ်သည်....ဂျီလုံးသည်ပဟေဠိတစ်ပုဒ်ကိုမြန်ဆန်စွာအဖြေရှာတတ်သူ.....ခုလိုဝေးမနေပဲနီးနေတဲ့နှစ်ဦးကြားဂျီလုံးသည်သူဟာကိုကိုငယ်ဆိုတာအနှေးအမြန်သိမည်ဆိုတာယုံကြည်သည်....ကိုကိုငယ်ရဲ့ဂျီလုံးမို့....ယုံတာမို့....ကိုကိုငယ်မပြောလည်းဂျီလုံးသိမယ်ဆိုတာယုံပါသည်....။
YOU ARE READING
° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }
FanfictionWarning * ဤထဲမှ ဖြစ်ရပ်အားလုံးသည် စာရေးသူ၏ပုံဖော်ခြင်းသပ်သပ်သာဖြစ်သည်။ထိုခေတ်ထိုအခါက ပုံစံအားယူ၍ရေးသားထားခြင်းမျိုးမဟုတ်တာကြောင့်မတူညီနိုင်ပါ။ START-10/5/2021 END - ✓Mostersue_Ei✓