Unicode.....
သွေးအိုင်ထဲလှဲနေတဲ့မိဘနှစ်ပါးကိုမှ...တကြော်ကြော်ခေါ်နေတဲ့ကလေး....
"ဖေဖေမသေရဘူး....ဖေဖေပြန်ထ....မေမေ မသေရဘူး...မေမေပြန်ထ...သားသားဆီပြန်လာ...အီးဟီးးး.ဖေဖေ....ဟင့်...မေမေ"
"ဖေဖေ!!!!!!!မေမေ!!!!!"
နေ့လယ်ဘက်ထမင်းစားပြီးအခန်းထဲတရေးတမောအိပ်ဖို့စဥ်းစားရင်းအခန်းထဲဝင်အိပ်နေလိုက်သည်.....ခုမက်တဲ့အိမ်မက်ကဟိုးအရင်ကအတိတ်ဆိုးတစ်ခု....အမြဲခြောက်လှန့်နေခဲ့တာ....လူသေတာကိုခဏခဏမက်ပြီးငိုနေခဲ့ရတာ.....ကိုယ်တိုင်လူသတ်မှခြောက်ခြားရတာမဟုတ်ဘူး...ကိုယ့်မျက်စိရှေ့တင်ရက်ရက်စက်စက်သတ်ခံရတာကြည့်ပြီးဘာမှလုပ်မပေးနိုင်ခဲ့တာကလည်းပြန်တွေးတိုင်းရင်နာဖို့ကောင်းလှသည်....စိတ်ချပါအဖေနဲ့အမေ....သားသေချာပေါက်သူတို့ကိုပြန်ခံစားစေမှာပါ....
ကျနေတဲ့မျက်ရည်စတွေကိုသာသုတ်လိုက်ပြီးရေချိုးခန်းထဲဝင်လိုက်သည်....မျက်နှာသစ်ပြီးပြန်ထွက်လာတော့....
ဒေါက်...ဒေါက်...
"ကင်ထယ်ယောင်းရှီ...ကင်ထယ်ယောင်း"
"ဘာလဲ....ပြော"
ကျွီခနဲပွင့်သွားတဲ့တံခါးနောက်ကပေါ်လာတဲ့မျက်နှာလေးဟာ..ရေစက်တွေမျက်နှာအပြည့်...နိရဲနေတဲ့မျက်လုံးတွေကအိပ်ယာနိုးစမို့လို့လား...ငိုထားလို့လားဆိုတာသူသေချာမသိပါ....
"ဘာဖြစ်တာလဲဟင်..အသံကြားလိုက်လို့..အဆင်ပြေရဲ့လား"
"ရပါတယ်.....ငါအဆင်ပြေတယ်"
"အင်း....ဒါဆိုခြံနောက်ဆင်းမယ်ဆို...သွားမယ်လေ"
"အင်း...ဆင်းနှင့်....ငါလိုက်လာခဲ့မယ်"
"အင်း"
^^^^^^^^^^^^^
ဂျီမင်တစ်ယောက်ခြံထဲဆင်းရမယ်ဆိုလို့စိတ်လှုပ်ရှားရသေး...ဒါမျိုးသူမလုပ်ဖူးဘူးလေ....မြင်းစာကျွေးရမယ်ဆိုလို့စိတ်တိုရပြန်သည်.....ဟူးးးးး
ရောက်တတ်ရာရာတွေးနေရင်းနဲ့မှဘေးအခန်းကအော်သံလိုလိုကြားလိုက်တာမို့လှဲနေရာကချက်ချင်းထထိုင်မိသွားသည်.....
သွားမေးလိုက်ချင်ပေမဲ့အော်ခံရမှာလည်းကြောက်ရပြန်သည်....တွေးရင်းမဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့မေးဖို့အခန်းပြင်ထွက်လိုက်သည်.....နောက်ဆုံးတော့ဘာမှမဖြစ်ပါဘူးတဲ့....ဂျီမင်လည်းခြံထဲဆင်းဖို့အကျီလက်ရှည်အကွက်ကိုဝတ်လိုက်သည်.....ပြီးတော့ဘောင်းဘီချည်သားပွပွနဲ့ဦးထုပ်အကြီးကြီးကိုလည်းဆောင်းလိုက်သည်...ဦးထုပ်သည်အုပ်ဆောင်းလိုမျက်နှာနေကာမည့်အဝိုင်းဖြစ်ပြီး...အနှီးယှက်ဦးထုပ်ဖြစ်သည်...။
YOU ARE READING
° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }
FanfictionWarning * ဤထဲမှ ဖြစ်ရပ်အားလုံးသည် စာရေးသူ၏ပုံဖော်ခြင်းသပ်သပ်သာဖြစ်သည်။ထိုခေတ်ထိုအခါက ပုံစံအားယူ၍ရေးသားထားခြင်းမျိုးမဟုတ်တာကြောင့်မတူညီနိုင်ပါ။ START-10/5/2021 END - ✓Mostersue_Ei✓